← Chapters

: အိမ်တော်အတွင်း အပြောင်းအလဲ

Vol. 64 Ch. 886

: အိမ်တော်အတွင်း အပြောင်းအလဲ

Vol. 64 Ch. 886

ရှီနန်မော့က သူမ ဖခင်သည် မိုဝူကျိကို သတ်ချင်နေလိမ့်မည်ဟု မထင်ထားသည့်အတွက် မိုဝူကျိအား ကမန်းကတန်း ဆွဲလိုက်ရ၏။ ရှီကျင်းက မိုဝူကျိအား သတ်ဖို့ရာ လက်ဝါးတစ်ချက်မျှသာ လိုအပ်သော်လည်း သူ့သမီးဖြစ်သူက ဝင်ပါလာ၍ လက်ဝါးချက်မှ စွမ်းအားပမာဏအား ပြောင်းလဲလိုက်ရသည်။

“ ဝုန်း ” လက်ဝါးချက်မှ ဖိအားပြင်းသည့် သဘာဝစွမ်းအားများက မိုဝူကျိ ခန္ဓာကိုယ်အား ရှောင်ဖယ်သွားကာ မိုဝူကျိနောက်မှ ကျောက်တိုင်အား တစစီ ဖြစ်သွားစေသည်။ ရှီနန်မော့က သူ့အား ဆွဲခေါ်လိုက်သော်လည်း မိုဝူကျိက တိုက်ခိုက်မှုအတွင်း ကြားညှပ်ကာ သွေးတစ်ပွက် အန်ထုတ်လိုက်ရသေး၏။ ရှီကျင်းနှင့် ယှဉ်လျှင် မိုဝူကျိက ပုရွတ်ဆိတ်တစ်ကောင်မျှပင် မယူဆနိုင်ပေ။

မိုဝူကျိက ဒေါသထွက်ကာ စိတ်ပျက်လာမိ၏။ ရှီကျင်းသည် သူ့အား တိုက်ခိုက်မည်မှန်း သိထားသော်လည်း သူ့အနေနှင့် လုံးဝ ရှောင်ရှားနိုင်စွမ်း မရှိချေ။ ရှီနန်မော့သာ ဝင်မပါလျှင် သူ့အနေနှင့် တစစီ ဖြစ်နေလောက်လေပြီ။

“ ဖေဖေ မသတ်ပါနဲ့ … မိုဝူကျိက အပြစ်ကင်းပါတယ်။ သူက သမီးကို လျှပ်စီးဓားအိမ်တော် သခင် ဖြစ်လာအောင် ကူညီပေးခဲ့တာပါ။ တကယ်လို့ အဖေသာ မိုဝူကျိကို သတ်လိုက်ရင် သမီးတော့ ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်ဘဲနဲ့ တာအိုနှလုံးသားအပေါ် သက်ရောက်မှု ဖြစ်လာလိမ့်မယ် …” ရှီနန်မော့က ရှီကျင်းကို မစောင့်ဘဲ မြန်မြန် ရှင်းပြလိုက်သည်။

ရှီကျင်းက မိုဝူကျိအား ခြုံငုံကြည့်ကာ  “ ဒီလိုဆိုမှတော့ ရိပေါ်ရေ … မိုဝူကျိကို ကျေးဇူးဆပ်ဖို့  အင်မော်တယ်ဂူတစ်ခုဆီ ခေါ်သွားပေးလိုက်ပါဦး ”

ရှီကျင်းက ပြောပြီးသည်နှင့် ရှီရီပေါ်အား အမှတ်အသားပြား တစ်ခု ထုတ်ပေးလိုက်သည်။

တစ်ပြိုင်နက်ဆိုသလို ရှီရိပေါ်က ရှီကျင်း၏ စိတ်ဖြင့်ဆက်သွယ်ကာ ပြောသည့် စကားကိုလည်း ကြားလိုက်ရ၏  “ မိုဝူကျိကို ငါ ကျင့်ကြံတဲ့နေရာကို ခေါ်သွားပြီးတော့ သတ်ပစ်လိုက် … ပြီးရင် အဲဒီနေရာကို ပိတ်ထားလိုက်။ မော့အာကို လုံးဝ မသိစေနဲ့။ ပြီးတော့ ငါတို့တွေလည်း မကြာခင် ထွက်သွားရမယ်ဆိုတော့ ဒီနေရာက ပျက်သုန်းသွားမှာပဲ ”

“ ဟုတ်ကဲ့ ” လူလတ်အရွယ် အကြီးအကဲ ရှီရိပေါ်က ထရပ်ကာ မိုဝူကျိအား ဆွဲခေါ်သွားပြီး မျိုးနွယ်စုဝေးခန်းမမှ မြန်မြန် ထွက်သွားတော့သည်။

“ ဖေဖေ .. သူ့ကမ္ဘာဦး စိတ်ဝိညာဉ်နဲ့ ဝိညာဉ်ကြောက ဖျက်စီးခံထားရတာဆိုတော့ လုံးဝ မကျင့်ကြံနိုင်လောက်ဘူး …” ရှီရိပေါ်က မိုဝူကျိကို ခေါ်သွားပြီးနောက် ရှီနန်မော့က အသိပြန်ဝင်လာကာ ပြောလိုက်လေ၏။

ရှီကျင်းက သက်ပြင်းချကာ  “ ဒီအဖေရဲ့ ကျင့်ကြံရေးဂူထဲမှာ နတ်ဝိညာဉ်စွမ်းအားလည်း သိပ်သည်းတယ်။ အဖေရဲ့ အမွေအနှစ်လည်း ရှိတယ်ဆိုတော့ သူ့ကို အဲဒီနေရာ ခေါ်သွားလိုက်တာ …သူ  ပြန်ကောင်းပြီး ကျင့်ကြံနိုင်မလား ဆိုတာက သူ့ကံကြမ္မာပေါ် မူတည်နေပြီ … ”

“ ဒါပေမဲ့ … ”

ရှီနန်မော့က ဆက်ပြောတော့မည့်ဆဲဆဲတွင် ရှီကျင်းက လက်ကာပြလိုက်ပြီး ရပ်တန့်စေလိုက်သည်။ ထို့နောက် ရှီကျင်းက မျိုးနွယ်စုဝေးခန်းမအတွင်းရှိ ကျန်လူအားလုံးကို ပြောလိုက်သည်

“ ကျုပ် ပြန်ရောက်လာတဲ့ အမွေးတိုင်ဝက်စာလောက်အတွင်းမှ ကျုပ် မကြားချင်တဲ့ စကားတွေကို ကြားလိုက်ရတယ်။ မျိုးနွယ်စုက မဟုတ်တဲ့သူတွေက အမြဲမကောင်းကြံစည်နေတတ်ကြတယ်ဆိုတာ တကယ် မှန်နေတာပဲ …. ရှီပါ့ရန်၊ ရှီကျန်း၊ ရှီတီတို့ကို ကျုပ်ကိုယ်တိုင် ခေါ်လာခဲ့ပြီး ရှီမျိုးနွယ်ကို  ပေးအပ်ခဲ့တာ … ကျုပ် မရှိတုန်း သူတို့က အခွင့်အရေးယူဖို့ တန်းထွက်လာကြတာပဲ …. ဟူး  ဒီနေရာမှာ ရှိနေတဲ့ အားလုံးက ကျုပ်တို့ ရှီမျိုးနွယ်ရဲ့ တိုက်ရိုက်မျိုးဆက်တွေနဲ့ တိုက်ရိုက် တပည့်တွေ ဖြစ်နေလို့ တော်သေးတာပေါ့ …. ”

ခန်းမအတွင်းရှိ လူများမှာ ဆွံ့အနေကြဆဲ ဖြစ်၏။ ယခင်ကတည်းက  သူတို့သခင်ကြီးသည်  အရမ်းကို အားကောင်းပြီးသား ဖြစ်၏။ ဤနှစ်များအတွင်း သူ့အင်အားမှာ နောက်တဆင့်သို့ တိုးတက်လာဟန် ပေါ်၏။ အသတ်ခံလိုက်ရသည့်သူများမှာ ရှီမျိုးနွယ်မှ မဟုတ်ကြပေ။

ရှီကျင်း၏ လေသံမှာ လေးနက်လာပြီး  “ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ကျုပ် လျှပ်စီးဓားအိမ်တော်ကို ပြန်မလာချင်ခဲ့ဘူး။ ဒါပေမဲ့လည်း ကျုပ် ပြန်လာရတယ်။ ကျုပ်သာ ပြန်မလာရင် ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်လို့ပဲ။ ကျုပ်တို့ လျှပ်စီးဓားအိမ်တော်ရဲ့ အမွေအနှစ်တွေ၊ မျိုးနွယ်စုဝင်တွေနဲ့ မိသားစုဝင်တွေလည်း ရှိနေသေးတယ်။ ကျုပ် ပစ်မထားနိုင်ဘူး  ”

လူအုပ်အတွင်း ဆွေးနွေးသံများ ထွက်ပေါ်လာကာ ရှီကျင်းက အားလုံးကို နားထောင်ဖို့ရာ အချက်ပြလိုက်ပြီး

“ ကျုပ်တို့ ဂိုဏ်း ပျက်သုန်းစေမဲ့ လမ်းစအတွက် ကျုပ်က တာဝန်ရှိတာမလို့ အားလုံး ဒီအိမ်တော်ကနေ ချက်ချင်း ထွက်သွားရမယ်။ ဒီနေရာမှာ လူအများကြီး ရှိနေပေမဲ့ ကျုပ်တို့တွေ ထွက်သွားပြီးရင် အားလုံးက ကိုယ်နဲ့ သင့်တော်တဲ့ ဂိုဏ်းကို  ရှာဖွေကြပါ။ နောင်မှာ ဘယ်လိုပဲ ဖြစ်လာဖြစ်လာ မင်းတို့မျိုးရိုးက ရှီ ဆိုတာကို သတိရပေးပြီးတော့ လျှပ်စီးဓားအိမ်တော်က ဆိုတာလည်း သတိရပေးပါ …. တစ်ရက်ကျ ကျုပ်တို့ လျှပ်စီးဓားအိမ်တော်က တဖန် မြင့်တက်လာလိမ့်မယ် …. ”

“ဖေဖေ … ” ရှီနန်မော့က  ဖခင်ဖြစ်သူ၏ စကားကို ကြားလိုက်ရသည့်အခါ အတော်လေး ကြောင်အမ်းနေမိသည်။ အကယ်၍ မည်သူကမှ အသက်မရှင်နိုင်၍ အားလုံးကို ခေါ်ထုတ်သွားလိုလျှင် မိုဝူကျိအား သူ့ကျင့်ကြံရေးဂူ၌ ကျင့်ကြံဖို့ အဘယ်ကြောင့် ပို့လွှတ်လိုက်ရသနည်း။

“ ဝုန်း ” ရှီနန်မော့က သူမ ဖခင်ကို ခေါ်လိုက်သည်နှင့် လျှပ်စီးဓားအိမ်တော် တစ်ခုလုံးမှာ ဧရာမ တူကြီးနှင့် အထုခံလိုက်ရသည့်အလား တုန်ခါလာသည်။ ထိုတုန်ခါမှုက အတော်လေး ပြင်းထန်လှလေ၏။

ရှီကျင်း၏ အမူအယာမှာ ပြောင်းလဲသွားပြီး ထိုလူများက မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အစပိုင်းတွင် သူက နေ့တစ်ဝက်လောက် အချိန်ရမည်ဟု ယုံကြည်ခဲ့၍ အားလုံးကို ခေါ်ထုတ်သွားဖို့ရာ ကြံစည်ထားခြင်း ဖြစ်၏။

ဤသို့အချိန်မျိုး၌ သူ လုပ်နိုင်သည့်အရာ မရှိတော့၍ စိုးရိမ်တကြီး ပြောလိုက်ရသည်  “ ရှီကျွင့် … အားလုံးကို လျှပ်စီးဓားအိမ်တော်ကို ကာကွယ်ပေးထားတဲ့  ကာကွယ်ရေး အစီအရင်ဆီ ခေါ်သွားလိုက် … ငါက ကာကွယ်ရေး အစီအရင်ကို အားဖြည့်ပေးထားမယ် ….  ”

…………….....

ရှီရိပေါ် ကိုယ်တိုင်က အားကောင်းသည့် အဆင့်မြင့် ကျင့်ကြံသူ ဖြစ်သည့်အတွက် မိုဝူကျိကို ခေါ်သွားပြီးနောက် အောက်မဆင်းခင် နေရာဆယ်ခုကျော်လောက် ခုန်ပျံကျော်လွား သွားလိုက်သည်။

အမွေးတိုင်ဝက်စာအချိန်လေးအတွင်း ရှီရိပေါ်က ရပ်တန့်လိုက်ပြီးနောက် အမှတ်အသားပြားဖြင့် လက်ဟန်သင်္ကေတများ လုပ်လိုက်သည်။ ထို့နောက် အရိပ်အယောင်ပေါ်မနေသည့် တံခါးကြီးတစ်ခုက ဖြည်းဖြည်းချင်း ပွင့်လာလေ၏။

ရှီရိပေါ်က မိုဝူကျိ ပါးစပ်ထဲ ဆေးတစ်လုံး တိုက်ကာ “ ဟူး …. မင်းက မမလေးကို ကူညီပေးခဲ့လို့ မင်းကို အကြံတစ်ခုတော့ ပေးလိုက်မယ်။ မင်းရဲ့ နောက်ဘဝကျ ပိုကံကောင်းဖို့ ဆုတောင်းထားလိုက်တော့ … ဒါက အိမ်တော်သခင် ကျင့်ကြံတဲ့နေရာဆိုတော့ နတ်ဝိညာဉ်စွမ်းအား သိပ်သိပ်သည်းသည်း ရှိတယ်။ မင်းရဲ့ နောက်ဆုံးခြေလှမ်းက ဒီနေရာမှာ ဆိုတော့ ဆိုးတော့ မဆိုးပါဘူး။ ဒါက မမလေးကို ကူညီပေးလိုက်လို့ လျော်ကြေးအဖြစ် မှတ်လိုက်ပေါ့ ”

ထိုသို့ပြောပြီးနောက် ရှီရိပေါ်က မိုဝူကျိအား ဂူထဲ ထည့်ကာ မြန်မြန် ထွက်သွားတော့သည်။

တံခါးက ဖြည်းဖြည်းချင်း ပြန်ပိတ်သွားပြီး အပြင်ဘက်တွင် ဘာအရိပ်အယောင်မှ မရှိတော့ချေ။

မိုဝူကျိက မြေပြင်ပေါ် လဲကျသွားပြီး မလှုပ်နိုင်တော့ပေ။ ရှီရိပေါ် တိုက်လိုက်သည့် ဆေးလုံးမှာ အင်မတန် အဆိပ်ပြင်းသော ဆေးလုံး ဖြစ်ပြီး ဆေးလုံး ပါးစပ်ထဲ ရောက်သွားသည်နှင့် အဆိပ်ကို အဆိပ်ဖြေလမ်းကြောင်းက တန်းအာရုံခံမိလိုက်ပြီး ချက်ချင်း ဖယ်ရှားလိုက်လေသည်။

မိုဝူကျိက အဆိပ်အကြောင်း အာရုံမစိုက်သော်လည်း ဤနေရာမှ မည်သို့ ထွက်သွားနိုင်မည်ကိုတော့ တွေးနေမိသည်။

မိုဝူကျိက စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည့်အခါ မည်သည့်နေရာ ရောက်နေကြောင်း မြင်လိုက်ရသည်။ သူက ပိတ်လှောင်ထားသည့် တည်နေရာတစ်ခုအတွင်း ဖြစ်ပြီး ဤနေရာရှိ နတ်ဝိညာဉ်စွမ်းအားများက အင်မတန် သိပ်သည်းသော်လည်း အခန်းထဲတွင် ဘာမှရှိမနေချေ။

မိုဝူကျိက အန္တရာယ်မရှိတော့ကြောင်း ခံစားမိ၍ ထရပ်ကာ ထွက်ပေါက်ကို စစ်ဆေးကြည့်လိုက်သည်။

မိုဝူကျိက စိတ်စွမ်းအားဖြင့် မည်မျှ စစ်ဆေးကြည့်စေကာမူ ထွက်လမ်းကို ရှာမတွေ့သေးပေ။ ဤကာကွယ်ရေး အစီအရင်က သဘာဝအတိုင်း ပိတ်လှောင်ထားဟန် ပေါ်သည်။ မိုဝူကျိက စောင့်ကြည့်ရေး အစီအရင်ကိုလည်း မတွေ့သည့်အတွက် အစီအရင်အလံတချို့ကို ထုတ်ကာ ဖုံးကွယ်ရေး အစီအရင်နှင့်အတူ ဖုံးကွယ်ရေး  စိတ်ဝိညာဉ် အစီအရင်ကို ခင်းကျင်းလိုက်သည်။

အကယ်၍ သူ သတိမထားမိသည့် စောင့်ကြည့်ရေး အစီအရင် ရှိနေခြင်း၊ မရှိနေခြင်းကို မိုဝူကျိက စိတ်မပူတော့ပေ။ သူက အဆိပ်သောက်ပြီးနောက် မသေသည်က အဓိက ပြဿနာ ဖြစ်ပေသည်။ ဖုံးကွယ်နေ၍ အကျိုးမရှိပေ။ ပို၍ အရေးကြီးသည်က သူက အချိန်ကို အသုံးချကာ ကောင်းကောင်း ကျင့်ကြံရမည် ဖြစ်၏။

မိုဝူကျိအနေနှင့် စည်းမျည်းများ ပြီးပြည့်စုံသည့် နေရာမျိုးတွင် ကျင့်ကြံဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပြီး ဤနေရာရှိ နတ်ဝိညာဉ်စွမ်းအားများကလည်း သိပ်သည်းလှပေသည်။ သူက အားကုန်သုံး၍ အင်မော်တယ် မော်တယ်ကျင့်စဉ်ကို လှည့်ပတ်၍ နတ်ဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်တော့သည်။ သူ့တစ်ကိုယ်လုံးမှာ မိုးမြေစည်းမျည်းအတွင်း နစ်မျှောသွားပြီး  နတ်ဝိညာဉ်စွမ်းအားများက မိုဝူကျိ၏ လှည့်ပတ်မှုအား ထောက်ပံ့ပေးထားသည့်အတွက် ကျင့်ကြံဆင့်မှာ သိသိသာသာ တိုးတက်လာတော့သည်။

ထို့အပြင် သူ့လျို့ဝှက်တိုက်ကွက်များ၏ စည်းမျည်းများမှာလည်း ဆက်တိုက်ဆိုသလို ပြီးပြည့်စုံလာ၏။

အစပိုင်းတွင် မိုဝူကျိက နည်းလမ်းတစ်ခုကို စဉ်းစား၍ နှစ်ရက်အတွင်း ထွက်သွားရန် ကြံထားသော်လည်း ယခုအခါ ကျင့်ကြံရေး၌ စိတ်နှစ်မျှောသွားလေရာ သူ့အနေနှင့် ထွက်သွားရမည့် အကြောင်းကိုပင် မေ့လျော့သွားလေ၏။

……………..…

မိုဝူကျိက နတ်ဝိညာဉ်စွမ်းအားများ စုပ်ယူနေပြီး သူ့ကျင့်ကြံဆင့် သိသိသာသာ တိုးတက်လာနေစဉ် လျှပ်စီးဓားအိမ်တော်မှာ အကြိမ်ကြိမ်အခါအခါ ပေါက်ကွဲနေကြောင်း အာရုံမရှိပေ။ အကယ်၍ ရှီကျင်း၏ ကြောက်မက်ဖွယ် အင်အားနှင့် အစီအရင်တာအို ကျွမ်းကျင်မှုတို့ကြောင့် မဟုတ်လျှင် လျှပ်စီးဓားအိမ်တော်မှာ လုံးဝ ပျက်စီးနေလောက်ပြီ ဖြစ်၏။

ထိုသို့ဆိုလျှင်ပင် လျှပ်စီးဓားအိမ်တော် တစ်ခုလုံးမှာ ပေါက်ကွဲမှုများကြောင့် တုန်ခါနေလေ၏။

“ ဘုန်း ” ရက်နှစ်ဆယ်ကျော်ကြာပြီးနောက် လျှပ်စီးဓားအိမ်တော်လည်း အစီအရင်ကို ဆက်မထိန်းထားနိုင်တော့ဘဲ တိုက်ရိုက် ခြေမွဖျက်စီးခံလိုက်ရတော့သည်။

အစီအရင် ပျက်ခါနီးတွင် အပြင်ဘက်မှ အမှောင်တန်းတစ်ခု  ဝင်လာကာ လေထုအား ဖြတ်ကျော်၍ ရှီကျင်း၏  ရင်ဘတ်ဆီ ထိုးဖောက်သွားသည်။ ထို့နောက် အရိပ်များစွာ ဝင်ရောက်လာကြပြီး ရှီကျင်း မသတ်ဘဲ ထားခဲ့သည့် တပည့်များစွာမှာ သွေးမြူများအဖြစ် ဆက်တိုက် ပြောင်းလဲသွားတော့သည်။

“ ရှီကျွင့် … မော့အာကို ခေါ်ထုတ်သွားတော့ …မော့အာ နောင်ကျ အဖေအတွက် လက်စားချေပေးဖို့ လုံးဝ မတွေးနဲ့။ အမြဲမှတ်ထား …” ရှီကျင်းက ပြောနေရင်း ဝင်လာသည် လူအုပ်ထံ ပြေးဝင်လိုက်သည်။

……………...

“ ဝုန်း ” မိုဝူကျိက သူ့တစ်ကိုယ်လုံး အတွင်းမှ ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရပြီး တုနှိုင်းမဲ့စွမ်းအားများက သူ့ခန္ဓာဆီ စီးဝင်လာသည်။

အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် တက်လှမ်းသွားလေပြီ။ မိုဝူကျိက အရမ်းပျော်မိ၍ အဆုတ်များ ကွဲလုမတတ် အော်ဟစ်၍ အောင်ပွဲခံလိုက်ချင်မိသည်။ အကယ်၍ သူသာ အင်မော်တယ်လောကတွင် ရှိနေပါက  နှစ်များစွာ ကျင့်ကြံပြီးမှသာ အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် တက်လှမ်းနိုင်လိမ့်မည်။ ဤနေရာတွင် တစ်လတာမျှဖြင့် ရောက်ရှိသွားပြီ ဖြစ်၏။

မိုဝူကျိအား ပို၍ ပျော်ရွှင်စေသည်က သူ့အင်မော်တယ် စွမ်းအားများက နတ်စွမ်းအားအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်၏။ အစစ်အမှန် နတ်ဘုရားကျောက်ကို မမြင်ဖူးလိုက်သော်လည်း မိုဝူကျိက ယခင် သူ ရရှိထားသော အစိမ်းရောင်ကျောက်များမှာ နတ်ဘုရားကျောက် အချပ် ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။

အစိမ်းရောင်ကျောက်များတွင် စည်းမျည်းများ အပြည့်အစုံ မပါသည့်အတွက် ထိုအရာများက မိုဝူကျိအား သူ့သဘာဝစွမ်းအားများကို နတ်စွမ်းအားအဖြစ် ပြောင်းလဲဖို့ မကူညီပေးနိုင်ပေ။  ဤနေရာမှာ မိုးမြေစည်းမျည်းများ ပြည့်စုံနေသည့် နတ်ဘုရားနယ်မြေ ဖြစ်သောကြောင့် သူ့အနေနှင့် နတ်စွမ်းအားအဖြစ် အလွယ်လေး ကူးပြောင်းနိုင်ခြင်း ဖြစ်သည်။ ဆက်တိုက်ဆိုသလို သူ့လျို့ဝှက်တိုက်ကွက်များအပေါ်တွင်လည်း ဉာဏ်အလင်းကွန့်မြူးလာခဲ့သည်။

မိုဝူကျိက တစ်လတာလောက် နေခဲ့သော်လည်း မည်သူကမှ သူ့အား လာမတွေ့ကြပေ။ သူက အမေ့ခံလိုက်ရပြီလားဟု တွေးမိသွားစေသည်။ မည်သို့ပင်ဆိုစေကာမူ သူက ဤနေရာမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားဖို့ လိုအပ်နေသေး၏။

မိုဝူကျိက အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့် တက်လှမ်းပြီးနောက် တိုးတက်မှုအသေးလေးသာ လုပ်နိုင်ခဲ့သည်ဟု ထင်ရသော်လည်း မိုဝူကျိက သူ့အနေနှင့် အကြီးကြီး တိုးတက်လာကြောင်း ခံစားနေရသည်။ အဓိက အကြောင်းအရင်းမှာ သူက သူ့သဘာဝစွမ်းအားများကို ပိုမိုအဆင့်မြင့်သည့် နတ်စွမ်းအားအဖြစ် ပြောင်းလဲနိုင်ခဲ့သည် မဟုတ်ပါလော။

မိုဝူကျိက စိတ်ဝိညာဉ်လမ်းကြောင်းမှ စိတ်စွမ်းအားကို အသုံးပြုပြီး အပြင်ဘက်ကို စစ်ဆေးကြည့်လိုက်သည့်အခါ ဤနေရာတွင် ကာကွယ်ရေး အစီအရင် ရှိနေကြောင်း ကောက်ချက်ချလိုက်နိုင်သည်။

မိုဝူကျိ၏ အစီအရင်တာအိုမှာ အဆင့် ၉ အစီအရင်ဆရာအဆင့်ကို ကျော်လွန်နေပြီ ဖြစ်ရာ ဖင်းဖန်တွင် သူ ခင်းကျင်းပေးခဲ့သည့် ကာကွယ်ရေး အစီအရင်မှာ အဆင့် ၁ နတ်ဘုရားအစီအရင်ဟု ယူဆ၍ ရပေသည်။ မိုဝူကျိက သူ့အတွက် ဤအစီအရင်အား ဖျက်စီးပစ်ဖို့ မလိုဘဲ ထွက်လမ်းရှာဖို့သာ လိုကြောင်း ခံစားမိလိုက်၏။ သဘောတရားအရ ပြောရလျှင် ဤသည်က ပြဿနာ မဟုတ်ပေ။

ထို့အစား မိုဝူကျိက ငါးရက်တာ လေ့လာပြီးသည့်နောက်တွင် အစီအရင်ကို နားလည်နိုင်စွမ်း မရှိကြောင်း သိသွား၍ ဖိအားဖြစ်လာတော့သည်။

ရက်တချို့ ထပ်မံကုန်ဆုံးသွားရာ မိုဝူကျိက ဆက်လက် လုပ်ဆောင်ရမည်လား တွေးတောနေစဉ် ကာကွယ်ရေး အစီအရင်က အရိပ်အခြည် မပြဘဲ ရုတ်တရက် ကောက်ပွင့်သွားသည်။ မိုဝူကျိက မည်သူ ဖွင်သည် ဖြစ်စေ၊ မည်သည့်အကြောင်းအရင်းကြောင့် ဖွင့်သည် ဖြစ်စေ ဤသည်က သူ့အတွက် လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကြောင်း သိလိုက်သည်။ အကယ်၍ သူသာ ရှီကျင်းဆီ ခေါ်ဆောင်သွားခံရလျှင် သူ့အနေနှင့် သေချာပေါက် အသက်ရှင်မည် မဟုတ်ပေ။

ကာကွယ်ရေး အစီအရင် ပွင့်လာသည်နှင့် မိုဝူကျိက ပြေးထွက်ကာ ရွေ့ပြောင်းစွမ်းရည် သုံးဖို့ ပြင်လိုက်သည်။

သို့သော်လည်း မိုဝူကျိက ကာကွယ်ရေး အစီအရင်အပြင်ဘက်မှ အမျိုးသမီးကို မြင်လိုက်သည့်အခါ ရပ်တန့်လိုက်လေ၏။ ထိုအမျိုးသမီးက လျှပ်စီးဓားအိမ်တော် မျိုးနွယ်စုဝေးခန်းမတွင်းတွင် ရှိနေခဲ့သော ကိုယ်ဝန်ဆောင် အမျိုးသမီး ဖြစ်ပေသည်။ မိုဝူကျိ၏ ကောက်ချက်အရ သူမက ဖန်စွေ့၏ ဇနီး ဖြစ်ပေမည်။

“ ခင်ဗျားက ကျုပ်ကို ကယ်လိုက်တာလား ” မိုဝူကျိ ရပ်တန့်လိုက်သည့် အကြောင်းအရင်းမှာ ထိုအမျိုးသမီးက အမှတ်အသားပြားကိုင်ဆောင်ထား၍ ဖြစ်သည်။ ထိုအမှတ်အသားပြားမှာ ဤအစီအရင်အား ဖွင့်ခဲ့သော အမှတ်အသားပြားသာ ဖြစ်နေ၏။

***

All Chapters