← Chapters

အပိုင်း(၄၈၇)

Vol. 33 Ch. 487

အပိုင်း(၄၈၇)

Vol. 33 Ch. 487

ရှစ်ဖုန့်မှာ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်အား ထိန်းချုပ်နိုင်ဖို့ကိုအသာထား ၎င်း၏ လျှို့ဝှက်ချက်များကိုပင်

ဖြေရှင်းနိုင်စွမ်းမရှိပေ။  သို့သော် ကောင်းကင်းမီးတောက်က သူ့အား ရှေးခေတ်အချိန်ကာလက ကောင်းကင်ဘုံရေခဲမိစ္ဆာအပြစ်

ပေးအစီအရင်းအတွင်းဆီးလ်ခတ်ပြီး ကောင်းကင်ဘုံ ရေခဲဝိညာဉ်တောင်ထွတ်၌ ဖိနှိပ်ခံထားခြင်းခဲ့ရသည့်အကြောင်းပြချက်မှာ   အရာခပ်သိမ်းမရဲ့မူလဇစ်မြစ်နှင့်ရှေးခေတ်ကျွမ်းကျင်သူတစ်ဦးကြောင့်ဖြစ်သည်ဟုပြောခဲ့၏။

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ရှစ်ဖုန့်၏ကိုယ်အတွင်း၌ရှိနေစဉ်တွင် ၎င်းမှာ ဘိုးဘေးကြီးတစ်ဦးကဲ့သို့ပင်ဖြစ်သည်။  အချိန်မရွှေးထွက်ချင်သလိုထွက်ဝင်ချင်သလိုဝင် ၎င်းသဘောအတိုင်းပြုမူနေ၏။ ၎င်းက ရှစ်ဖုန့်၏ ခန္ဓာကိုယ်အားလည်း အကြိမ်ပေါင်းများစွာ ပြုပြင်မွမ်းမံခဲ့ပြီးဖြစ်သည်။

၎င်းထွက်မလာချင်လျှင်   ရှစ်ဖုန့်မည်မျှပင် ခေါ်ထုတ်ပါစေ   ၎င်းမှာ သေနေသကဲ့သို့ပင်ဖြစ်သည်။

သို့သော်  ကောင်းကင်မီးတောက်အားဖိနှိပ်ခဲ့သော ရှေးခေတ်ကျွမ်းကျင်သူက  နတ်ဘုရားဖြစ်လာနိုင်မည့်လျှို့ဝှက်

ချက်အားကိုင်ဆောင်ထားသော အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကို  အသက်သွင်းနိုးထစေနိုင်စွမ်းရှိ၏။  ယင်းကရှစ်ဖုန့်အတွက် ကြီးမားသော သဲလွန်စကြီးတစ်ခုဖြစ်သည်မှာ

သံသယဝင်စရာမလိုပေ။

“အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နဲ့ပက်သက်ပြီး ခင်ဗျားဘယ်လောက်များများသိလဲ”

ရှစ်ဖုန့်က ကောင်းကင်မီးတောက်အားသူ၏ ဝိညာဉ်စွမ်းအားဖြင့်ချက်ချင်းပဲမေးလိုက်သည်။

“ဟမ့်”

ကောင်းကင်မီးတောက်ကရှစ်ဖုန့်၏ စကားအားကြားရသောအခါတွင် ထပ်မံနှာခေါင်းရှုံ့လိုက်ပြီး  ဘောက်ဆက်ဆက်ပြောလိုက်သည်။

“ဘာလဲ. မင်းကငါ့ကိုဖျက်ဆီးပစ်ဖို့အတွက် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကို အသုံးပြုချင်လို့လား”

“ဘယ်လိုလုပ်အဲ့လိုဖြစ်နိုင်မှာလဲ…

ခင်ဗျားနဲ့ကျုပ်က အခုတစ်သားတည်းဖြစ်နေပြီ.. ခင်ဗျားကိုဖျက်ဆီးပစ်ရင် ကျုပ်ကိုကျုပ် ဖျက်ဆီးပစ်သလိုရောဖြစ်မနေဘူးလား”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဟမ့်”

ကောင်းကင်မီးတောက်က နှာခေါင်းရှုံ့လိုက်ပြီး   ရှစ်ဖုန့်အားစကားပြောချင်းကိုရပ်လိုက်ကာ တိတ်ဆိတ်ခြင်းအခြေအနေသို့ စိုက်ရောက်သွားသည်။

“အရာခပ်သိမ်းရဲ့မူလဇ်မြစ်က ဘာလျှို့ဝှက်ချက်တွေကိုကိုင်ထားတာလဲ.. ငါဒါကို အပြည့်အဝဘယ်လိုမျိုးထိန်းချုပ်ရမလဲ”

သူအန္တရာယ်ကျရောက်သောအချိန်များတွင် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကပေါ်လာပြီး အန္တရာယ်များအားအလွယ်တကူ ဖြေရှင်းခဲ့သည်တို့အားတွေးမိကာရှစ်ဖုန့်တီးတိုးရေရွတ်လိုက်သည်။  အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ စွမ်းအားအားမြင်တွေ့ရခြင်းက ရှစ်ဖုန့်အားမည်ကဲ့သို့ မဆွဲဆောင်စေဘဲနေပါမည်နည်း။ သူအနေဖြင့်၎င်းအား မည်ကဲ့သို့ အပြည့်အဝထိန်းချုပ်နိုင်မှုကို မလိုချင်ဘဲနေပါမည်နည်း။

သို့သော် သူ့အနေဖြင့်  ဆန်းကြယ်သောပစ္စည်းဖြင့် ကူကယ်ရာမဲ့စွာရင်ဆိုင်နေရသည်ဖြစ်သည်။

“ဝုန်း..ဝုန်း.ဝုန်း.ဝုန်း”

ရှေ့ရှိဧရိယာထဲတွင်  ပေါက်ကွဲသံများက အဆက်မပြတ်ထွက်ပေါ်နေပြီး  လျှပ်စီးများကလင်းလက်ကာ မိုးများကထစ်ချုန်းနေသည်။ ကြီးမားသောလှိုင်းလုံးကြီးများ၊ဆူနာမီများက အဆက်မပြတ်တလိပ်လိပ်တက်နေ၏။

စွမ်းအားကြီးမားသော စွမ်းအင်တို့နှင့် ဧရာမလှိုင်းလုံးကြီးများ၊ဆူနာမီတို့၏  ဖျက်ဆီးခြင်းတို့အား အဆက်မပြတ်ထိုးနှက်ခံရသည့်အောက်၌ တစ္ဆေသင်္ဘောအနေဖြင့်နောက်ဆုံး၌

၎င်း၏အကန့်အသတ်သို့ရောက်ရှိလာသည်ကို ရှစ်ဖုန့်တွေ့လိုက်ရသည်။  ၎င်းက အပိုင်းပိုင်းကျိုးပဲ့ပျက်စီးသွားပြီး   ပင်လယ်အတွင်းနစ်မြုပ်သွားသည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..”

သို့သော်   ပင်လယ်ပြင်ပေါ်ရှိ ဧရာမလှိုင်းလုံးကြီးများ ၊ဆူနာမီရေလှိုင်းတို့နှင့်  ညကောင်းကင်ယံထက်ရှိ မိုးကြိုးလျှပ်စီးများက  တစ္ဆေသင်္ဘောပင်လယ်အတွင်း

နစ်မြုပ်သွားရသောကြောင့်ရပ်တန့်

သွားသည်ဟူ၍မရှိပေ။

လှိုင်းလေထန်နေသော ပင်လယ်ပြင်ထက်တွင်   တစ်ခုက ရွှေရောင်နှင့် တစ်ခုက အဖြူဖြစ်သော အရာဝတ္ထုနှစ်ခုတို့က တစ်ခုနှင့်တစ်ခု တရစပ်  တိုက်ခိုက်နေကြဆဲဖြစ်သည်။  အားကောင်းသော အသံလှိုင်းများက ဦးတည်ချက်အနှံ့သို့ ဆက်လက်ပျံ့နှံ့နေကြဆဲဖြစ်၏။

ကုန်သည်သင်္ဘောပေါ်ရှိ ကျင့်ကြံသူများက  အပြင်းအထန် ရိုက်ခတ်နေသော ဧရာမလှိုင်းလုံးကြီးများနှင့်   အဆက်မပြတ်တစ်ခုနှင့်တစ်ခု ပစ်ဆောင့်နေကြသော တစ်ခုကရွှေရောင် တစ်ခုက အဖြူဖြစ်သည့်အရာ ဝတ္ထုနှစ်ခုတို့အား တုန်လှုပ်အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေကြသည်။

“ဘာ..အဲ့တာကဘာလဲ… ဒီလိုမျိုးစွမ်းအားကြီးတဲ့ စွမ်းအင်တွေ.. အဲ့အဖြူနဲ့တစ်ခုက ခေါင်းတလားတစ်ခုဖြစ်ပုံရတယ်”

“ဒီခေါင်းတလား.. စွမ်းအားကြီးမားလိုက်တဲ့ခေါင်းတလာ.. အဲ့ခေါင်းတလားထဲက အရာကဘာများလဲ”

“အဲ့ရွှေရောင်နဲ့တစ်ခုကရော . အဲ့တာကဘာလဲ”

ဤအချိန်တွင်  တစ်ခုကအဖြူ တစ်ခုကရွှေရောင်နှင့် အရာဝတ္ထုနှစ်ခုမှာ ပင်လယ်ပြင်ပေါ်ရှိ အဓိကဇတ်ဆောင်များဖြစ်လာကြသည်။

အရှေ့ပင်လယ်ပြင်၏ အောက်ခြေတွင် စွမ်းအားကြီး စွမ်းအင်နှစ်ခုက ပင်လယ်မျက်နှာပြင်ထက်၌   ပစ်ဆောင့်သကဲ့သို့ဖြစ်နေသည်။  အောက်တွင်ရှိနေသော ပင်လယ်ရေကလည်း  အဆက်မပြတ်ဆူပွက် လည်ပတ်ကာ တလိပ်လိပ်ထနေ၏။

အရှေ့ပင်လယ်၏ ဤအပိုင်းမှာ ဖရိုဖရဲအခြေအနေသို့စိုက်ရောက်နေပြီးဖြစ်သည်။  ဖရိုဖရဲပရမ်းပတဖြစ်နေသော အော်သံများ   ကို ပင်လယ်အောက်ခြေမှနေ၍ ကြားရနိုင်၏။

“ဘာတွေဖြစ်နေတာလဲ..ဘာတွေဖြစ်နေတာလဲ. ဘယ်လိုတောင်စွမ်းအားကြီးတဲ့စွမ်းအင်တွေလဲ. ငါတို့အရှေ့ပင်လယ်ပြင်မှာ ဘယ်လိုမျိုးကျွမ်းကျင်သူတွေ တိုက်ခိုက်နေတာလဲ. “

အနီရောင်ငါးဦးခေါင်းနှင့် ပင်လယ်မျိုးနွယ်စုဝင်အထီးတစ်ကောင်က   အသွားသုံးချောင်းပါ ခရင်းခွကိုကိုင်တောင်ပြီးပင်လယ်ပြင်

အတွင်းယိမ်းထိုးနေသည်။  သူက ပင်လယ်ပြင်အားကြည့်၍ ထိတ်လန့်စွာအော်ဟစ်နေ၏။

“လူသားမျိုးနွယ်စုမှာ ဒီလိုမျိုးကျွမ်းကျင်သူတစ်ယောက်ရှိနေတယ်.. မြန်မြန်.. မြန်မြန်လေး ဘုရင်ကြီးကို သတင်းပို့ကြ”

ဧရာမအနီရောင်ဂဏ်န်းကြီးတစ်ကောင်က  ဖရိုဖရဲဖြစ်နေသော ပင်လယ်ရေအား ဖြတ်သန်းကူးခတ်၍ အော်ဟစ်လိုက်၏။

“ငါ့ရဲ့အမိန့်ကိုနားထောင်ကြ .. အရှေပင်လယ်က ဟိုင်ယွဲ့ ကလန်က ကလေးတို့ အရမ်းကာရော မပြုမူကြနဲ့ …ပင်လယ်ကြမ်းပြင်ကနေခွာပြီးတော့ မျက်နှာပြင်ပေါ်ကိုမကူးခတ်သွားကြနဲ့ စွမ်းအားကြီးစွမ်းအင်တွေရဲ့ ရိုက်ခတ်တဲ့ကပ်ဘေးကို မင်းတို့ခံစားကြရလိမ့်မယ်.”

ကျယ်လောင်ပြီး ဩဇာရှိသော အော်သံတစ်ခုက  ပရမ်းပတာဖြစ်နေသာ ပင်လယ်ကြမ်းပြင်မှ ပဲ့တင်ထွက်ပေါ်လာသည်။

“ဟုတ်ကဲ့”

“ဟုတ်ကဲ့ အကြီးအကဲ”

“အား…ဟုတ်ကဲ့အကြီးအကဲ”

ပရမ်းပတာဖြစ်နေသောပင်လယ်ကြမ်းပြင်

အလယ်တွင်  ပင်လယ်မျိုးနွယ်စုက လျှင်မြန်စွာ ဖြေကြားလိုက်ကြသည်။

ပင်လယ်မျက်နှာပြင်ထက်တွင်ဖြစ်သည်။

“ဝုန်း”

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နှင့် အဖြူရောင်ခေါင်းတလားတို့က   အကြမ်းကြုတ်အခက်ထန်ဆုံးသော

အသွင်အပြင်ဖြင့် ပစ်ဆောင့်ကြပြီး  မြည်ဟိန်းသံများကပိုမိုပြင်းထန် ပေါက်ကွဲလာသည်။

တိုက်ဆောင့်မိသည့်တစ်ချက်တွင်  မှောင်မိုက်သော နေရာလွတ်တစ်ခုပေါ်လာပြီး  ဦးတည်ချက်အနှံ့သို့အရှိန်အဟုန်ဖြင့်

ပျံ့နှံ့သွားသည်။

လှိုင်းလုံးများနှင့်ဆူနာမီများမှာ ပို၍ ထိန်းမနိုင်သိမ်းမရဖြစ်လာသည်။ အမှောင်ထုနယ်ဝန်းတွင်းနက်တွင်းကြီးထံမှ စွမ်းအားကြီး စုပ်ယူအားတစ်ခုပေါ်လာပြီး   ပင်လယ်ရေတို့က အမှောင်ထုနယ်ဝန်းတွင်းနက်ကြီးထံသို့ အဆက်မပြတ်တလိပ်လိပ် ဦးတည်နေသည်။

ဤသည်မှာ စွမ်းအားကြီးမားသော နတ်ဘုရားလက်နက်နှစ်ခုဖြစ်သည်။   ပြင်းထန်သော တိုက်ဆောင့်မှုတို့အောက်၌  ဟင်းလင်းပြင်မှာ ပြိုကွဲသွားပြီး အမှေင်ထုနယ်ဝန်း တွင်းနက်ကြီးတစ်ခုပေါ်လာခြင်းဖြစ်သည်။

“သင်္ဘော  ..ငါတို့သင်္ဘောက”

ကုန်သည်သင်္ဘောပေါ်တွင်   ရုတ်တရက် အလန့်တကြားအော်ဟစ်သံများပေါက်ကွဲထွက်ပေါ်လာသည်။  အမှောင်ထုနယ်ဝန်းတွင်းနက်ကြီး၏  စွမ်းအားကြီးစုပ်ယူအားအောက်တွင်   ကုန်သည်သင်္ဘောမှာ   ပင်လယ်မျက်နှာပြင်မှ

မထိန်းချုပ်နိုင်ဘဲ၎င်းထံသို့ ဦးတည်မောင်းနှင်နေသည်။

“အိုး.မဟုတ်ဖူး”

ဟင်းလင်းပြင်ထဲ၌ရှိနေသော ရှစ်ကျင်းရွှိုက်မှာ  အောက်ရှိကုန်သည်သင်္ဘော၏ ရွှေ့လျားမှုအား မြင်လိုက်ရသောအခါတွင်  အလန့်တကြားဖြစ်သွားသည်။ ချက်ချင်းပဲ အောက်သို့ ပျံသန်း၍ဆင်းလိုက်၏။

ရှစ်ဖုန့်သည်လည်း ကုန်သည်သင်္ဘောအား သတိပြုမိသည်ဖြစ်သည်။  ချက်ချင်းရှစ်ကျင်းရွှိုက်နောက်

သို့လိုက်လိုက်ပြီး   ကုန်သည်သင်္ဘောထံသို့ပျံသန်းလိုက်သည်။

“ဟိုင်းယား”

ရှစ်ကျင်းရွှုက်က ကုန်သည်သင်္ဘောဦးပိုင်းတွင်ရပ်လိုက်သည်။

ကျယ်လောင်သော ညှာသံနှင့်အတူ   သူ၏ စွမ်းအားအကုန်အသုံးပြု၍  လက်ဖဝါးနှစ်ဖက်ဖြင့် ကုန်သည်သင်္ဘောအားရိုက်လိုက်၏။ ကုန်သည်သင်္ဘောအား ရပ်တန့်ရန်သူ၏ ကိုယ်ပိုင်စွမ်းအားအားအသုံးပြုခဲ့ခြင်းဖြစ်သည်။

“အား”

ရုတ်တရက် ရှစ်ကျင်းရွှိုက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။   ကုန်သည်သင်္ဘောအားသူရပ်တန့်နိုင်ခြင်းမရှိရုံသာမက အမှောင်ထုနယ်ဝန်းတွင်းနက်ကြီး၏  စွမ်းအားကြီး စုပ်ယူအားအောက်တွင်  သူ၏ခန္ဓာကိုယ်သည်လည်းထိန်းချုပ်နိုင်ခြင်းမရှိဘဲ   သူ့နောက်ရှိ အမှောင်ထုနယ်ဝန်းတွင်းနက်ကြီးထံသို့   မြင့်မားသော အဟုန်ဖြင့် ဦးတည်သွားရသည်။

“ကယ်..ငါ့ကိုကယ်ပါ”

ထိန်းချုပ်နိုင်ခြင်းမရှိဘဲလွင့်ပျံနေသော ရှစ်ကျင်းရွှိုက်က  အလျှင်အမြန်အော်ဟစ်အကူအညီတောင်းခံလိုက်သည်။ အကယ်၍သူသာတကယ်ကြီး အမှောင်ထုနယ်ဝန်းတွင်းနက်ကြီးအတွင်းသို့ ဝင်ခဲ့လျှင် အာကာသဓာတ်တို့၏ ရှုပ်ထွေးမှုကြောင့် ပြာအဖြစ်သို့သက်ဆင်းရနိုင်ချေများသည်။

သို့သော် ဤအချိန်တွင်  လက်တစ်ဖက်ကရှစ်ကျင်းရွှိုက်၏  ကော်လံကိုရုတ်တက်ဆွဲလိုက်သည်။ ၎င်းက ရှစ်ဖုန့်ဖြစ်ပြီး အလျှင်အမြန်ရောက်လာကာ ရှစ်ကျင်းရွှိုက်အား အပေါ်သို့ဆွဲခေါ်သွားသည်။  မကြာခင် အမှောင်ထုနယ်ဝန်းတွင်းနက်ကြီး၏ စုပ်ယူအားလွတ်ကင်းသော  အကွာအဝေးသို့ရှစ်ကျင်းရွှိုက်အားခေါ်ဆောင်လာခဲ့သည်။

“ဟောဟဲ..ဟောဟဲ..ဟောဟဲ.ဟောဟဲ”

ရှစ်ကျင်းရွှိုက်မှာ ထိတ်လန့်နေခြင်းမှ ပြန်လည်မကောင်းမွန်သေးပဲ   အသက်ကို ခပ်ပြင်းပြင်းရှူနေရသည်။  ရုတ်ခြည်းတစ်စုံတစ်ခုအား ရှစ်ကျင်းရွှိုက်ချက်ချင်းသဘောပေါက်သွားသည်။သူ၏ခေါင်းကိုငုံ့၍ ပင်လယ်မျက်နှာပြင်ပေါ်သို့ကြည့်လိုက်သည်။ အမှောင်ထုနယ်ဝန်းတွင်းနက်ကြီးထံသို့ ဆက်လက်မျောပါနေသော ကုန်သည်သင်္ဘောထံသို့ကြည့်လိုက်သည်။

“မဟုတ်ဖူး”

ရှစ်ကျင်းရွှိုက်ရုတ်တရက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ၏ပုံရိပ်က ချက်ချင်းပဲ ထပ်မံ လှုပ်ရှားသွားပြီးပျံသန်းရန်ပြင်ဆင်လိုက်သည်။

“အလျှင်စလိုမလုပ်နဲ့”

ရှစ်ဖုန့်ကသူ၏လက်ကိုဆန့်ထုတ်၍ အောက်သို့ထိုးဆင်းရန်ပြင်ကာ အော်နေသော ရှစ်ကျင်းရွှိုက်အား ဖမ်းဆွဲလိုက်သည်။

“ဒါပေမဲ့.ရတနာတစ်ထောင် ကုန်သည်စံအိမ်ရဲ့ သင်္ဘောပေါ်မှာ ငါ့ရဲညီအကိုတွေအများကြီးနဲ့ ဒီတစ်ကြိမ် ကူးသန်းရောင်းဝယ်ပို့ဆောင်ပေးရမဲ့  ပစ္စည်းတွေလဲရှိသေးတယ်.. ဒီပစ္စည်းတွေက ငါတို့ ရတနာတစ်ထောင်စံအိမ်အတွ်က တော်တော်လေးကိုအရေးကြီးတယ်”

ရှစ်ကျင်းရွှိုက်မှာစိုးရိမ်မှုဖြင့် အော်ပြောနေသေးသည်။ သင်္ဘောပေါ်ရှိ အရေးကြီးပစ္စည်းများကဘာဆိုသည်းအား သူမသိရသော်လည်း သူတို့က ၎င်းတို့အားသိုလှောင်လက်စွပ်သုံးရ

မည်အစား ကုန်သည်သင်္ဘောကိုအသုံးပြု၍ ပို့ဆောင်ရသည်ဖြစ်သည်။

“ခင်ဗျားရူးနေလား”

ရှစ်ဖုန့်က  ရှစ်ကျင်းရွှိုက်အား ပြောလိုက်သည်။

“သင်္ဘောရဲ့ဦးပိုင်းက  အမှောင်ထုနယ်ဝန်းတွင်းနက်ဆီကိုဦးတည်နေတာ.. ဒီစုပ်ယူအားက အရမ်းကိုအားကောင်းလွန်းတယ်..ခင်ဗျားကိုယ်က လုံးဝတောင့်ခံနိုင်မှာမဟုတ်ဖူး..  ခင်ဗျားလုပ်ရမှာက ပဲ့ပိုင်းကိုသွားပြီးတော့ ခင်ဗျားရဲ့ ညီအကိုတွေထဲကပျံသန်းနိုင်တဲ့သူတွေနဲ့ အတူတူလုပ်ဆောင်ပြီး  သင်္ဘောကို ပြန်ဆွဲရမှာ..အကယ်၍အဲ့လိုမလုပ်နိုင်ခဲ့ရင်

တောင် ခင်ဗျား မှာ သင်္ဘောကို စွန့်ခွာထွက်ပေးနိုင်တဲ့ အခွင့်အရေးရှိတယ်”

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters