← Chapters

အပိုင်း( ၄၈၆)

Vol. 33 Ch. 486

အပိုင်း( ၄၈၆)

Vol. 33 Ch. 486

“ဝုန်း”

“ဝုန်း”

“ဝုန်း”

“ဝုန်း”

အရှေ့ပင်လယ်၏ ညကောင်းကင်ယံထက်တွင် လျှပ်ပန်းလျှပ်နွယ်များက လင်းလက်နေပြီး မိုးချုန်းသံများမြည်ဟိန်းနေသည်။ ဧရာမ မိုးကြိုးလျှပ်စီးကြောင်းများက

ကောင်းကင်ထဲ၌ အဆက်မပြတ်ပေါက်ကွဲနေ၏။

ပင်လယ်ပြင်၏တည်ငြိမ်သော

မျက်နှာပြင်ပေါ်၌ ဧရာမလှိုင်းလုံးကြီးများ တလိပ်လိပ်တက်လာပြီး ဆူနာမီလှိုင်းကြီးများက အဆက်မပြတ်ဖြစ်ပေါ်နေသည်။ ဤအချိန်တွင် သိပ်သည်းသောမြူများအား

ရှောင်ရှားပြီးဖြစ်သောကုန်သည်ရွက်သင်္ဘောမှာလည်း ဧရာမလှိုင်းလုံးကြီးများ၏ အဆက်မပြတ်ရိုက်ခတ်မှုကိုခံနေရသည်။

သို့သော် ကုန်သည်ရွက်သင်္ဘောရှိရာဧရိယာရှိ တလိပ်လိပ်ထနေသောလှိုင်းများက ၎င်းတို့၏ရှေ့ကလှိုင်းများနှင့် ဆိုပါက နှိုင်းယှဉ်မရနိုင်သေးပေ။

ကုန်သည်သင်္ဘော၏ကုန်းပတ်

ပေါ်၌ရပ်နေကြသောလူများမှာသင်္ဘာနှင့်အတူ ယိမ်းထိုးနေကြသည်။ သို့သော်ဤအခိုက်အတန့်တွင် ကျင့်ကြံသူတစ်ယောက်စီတိုင်းက မှင်တက်လျှက် တုန်လှုပ်အံ့အားသင့်စွာဖြင့်

ရှေ့သို့ကြည့်နေကြ၏။

သိပ်သည်းထူထပ်နေသောမြူများက ပျောက်ကွယ်သွားပြီဖြစ်ပြီး သူတို့ကုန်သည်သင်္ဘောထက်

နှစ်ဆပိုမိုကြီးမားကြာ ကျိုးပဲပျက်စီးစုတ်ပြတ်နေသော ပိန်းပေါက်အောင်နက်မှောင်သည့် သင်္ဘောတစ်စီးထွက်ပေါ်လာသည်။

ဤအချိန်တွင် သင်္ဘောနက်ရှိရာ ပင်လယ်ပြင်မှာ ဆူပွက်နေပုံရ၏။ ၎င်းကပြင်းပြင်းထန်ထန် တလိပ်လိပ်လူးလွန့်နေပြီး ပင်လယ်နတ်ဘုရားတစ်ပါးကဒေါသထွက်နေသကဲ့သို့ပင်ဖြစ်သည်။ ဧရာမလှိုင်းလုံးကြီးများက ဦးတည်ချက်အနှံ့သို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့နေသည်။

အနက်ရောင်သင်္ဘောရှိရာနေရာ၌ရှိနေသော လှိုင်းလုံးကများ က ဆူနာမီလှိုင်းများပေါ်ပေါက်လာသောနေရာဖြစ်သည်ကို ကုန်သည်သင်္ဘောပေါ်မှလူများ မြင်တွေ့ကြရသည်။ ပင်လယ်မျက်နှာပြင်ထက်မှဖြစ်ပေါ်နေသော လှိုင်းလုံးများမှာ ထိုနေရာမှလာနေခြင်းဖြစ်သည်။

သူတို့၏ဘက်ခြမ်းတွင် ကုန်သည်သင်္ဘောမှာ ပင်လယ်ပြင်ပေါ်၌ ပြင်းပြင်းထန်ထန်လှုပ်ရမ်းနေပြီး ကျိုးပဲ့စုတ်ပျက်နေသော ပိန်းပေါက်အောင်နက်မှောင်သည့်သင်္ဘောမှာ ပို၍ပြင်းထန်စွာလှုပ်ယမ်းနေသည်။ ၎င်းက ဧရာမလှိုင်းလုံးကြီးများနှင့်အတူ နိမ့်ချည်မြင့်ချည် ယိမ်းထိုးနေ၏။ ၎င်းမှာ မုန်တိုင်းအတွင်းမှ သစ်သားလှေငယ်လေးကဲ့သို့ဖြစ်ပြီး ဧရာမလှိုင်းလုံးကြီးများကအချိန်မရွှေးပင်လယ်အတွင်းဆွဲချသွားနိုင်သကဲ့သို့ဖြစ်နေသည်။

“ဂျိန်း..ဂျိန်း..ဂျိန်း..ဂျိန်း..ဂျိန်း”

ညကောင်းကင်ယံထက်၌ မိုးချုန်းသံများက အဆက်မပြတ်ဖြစ်ပေါ်နေပြီး ကြီးမားသော ခရမ်းရောင်လျှပ်စီးများကလည်း

ဆက်မပြတ်လင်းလက်ကာ ပင်လယ်ပြင်အတွင်းရှိဆိုးဝါး

သောရာသီဥတုအား ပို၍ ကြည့်ရဆိုးအောင်ပြုလုပ်နေသည်။

မိုးကြိုးလျှပ်စီးများက တစ္ဆေသင်္ဘောအထက်ကောင်းကင်ယံ၌ ပေါက်ကွဲနေခြင်းဖြစ်ပုံရသည်ကို ကုန်သည်သင်္ဘာပေါ်မှလူများ သတိပြုမိကြသည်။

မူလက တည်ငြိမ်နေသော ပင်လယ်ပြင်မှာ ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။ ဆိုးဝါးသောရာသီဥတုအားလုံးက ဤထူးဆန်းသော တစ္ဆေသင်္ဘောထံမှ လာပုံရသည်။

တစ္ဆေသင်္ဘော၏ အခန်းအလယ်တွင် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နှင့် ဖြူဖျော့သော ခေါင်းတလားဖြူတို့က ဆက်တိုက်ပစ်ဆောင့်နေကြသည်။ ဟင်းလင်းပြင်မှာအဆက်မပြတ်လှုပ်ခါ၍လှိုင်းတွန့်များဖြစ်နေပြီး ၎င်းတို့ပစ်ဆောင့်မှုကြောင့်ထုတ်လွှတ်သော ကျယ်လောင်သည့်အသံများက ပင်လယ်ပြင်အထက်ကောင်းကင်ထဲရှိ မိုးချုန်းသံများနှင့်အတူ ဟိန်းနေသည်။

၎င်းတို့ပစ်ဆောင့်လိုက်သည့်အကြိမ်တိုင်းတွင် တစ္ဆေသင်္ဘောပေါ်မှ ပေါက်ကွဲသံများအပြင် မိုးချုန်းသံများကလည်းဖြစ်ပေါ်သည်။

၎င်းတို့၏ ထိပ်တိုက်ရင်ဆိုင်ပစ်ဆောင့်မှုစွမ်းအားက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားအားလှုံ့ဆော်သကဲ့သို့ပင်ဖြစ်သည်။ ၎င်းကဆူနာမီနှင့်တလိပ်လိပ်ထနေသော ဧရာမလှိုင်းလုံးကြီးများကိုဖြစ်ပေါ်စေသည်။

တစ္ဆေသင်္ဘောသည်လည်း ၎င်းတို့၏ ရိုက်ခတ်ထိမှန်မှုကိုခံစားရသည်။

“ဖန်း..ဖန်း..ဖန်း..ဖန်း..”

အက်ကွဲသံများ ပေါက်ကွဲသံများအားကြားရနိုင်သည်ဖြစ်၏။ သင်္ဘောမှာ အချိန်မရွေး ပျက်ဆီးသွားနိုင်သကဲ့သို့ အဆက်မပြတ်ဖျက်ဆီးခံနေရသည်။

ပို၍ပို၍ပြင်းထန်လာသေ နတ်ဘုရားအဆင့် လက်နက်နှစ်ခုကြားက ထိပ်တိုက်ရင်ဆိုင်ပစ်ဆောင့်မှု

ကြောင့်ဖြစ်ပေါ်လာသည့် မမြင်နိုင်သောအားကြောင့် ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့အတင်းအကျပ်နောက်သို့ဆုတ်နေရသည်။ တစ္ဆေသင်္ဘောက ပြင်းထန်စွာယိမ်းထိုးလှုပ်ယမ်းနေသကဲ့သို့ သူတို့နှစ်ဦးမှာလည်းလွန်စွာမတည်မငြိမ်ဖြစ်လာသည်။ “ဘန်း”ဟူသောအသံနှင့်အတူ ရှစ်ကျင်းရွှိုက် တစ်ယောက်မျှချေညီမှုအားဆုံးရှုံးသွားရပြီး မမြင်နိုင်သောအားကြောင့် သူ၏နောက်မှ နံရံအတွင်းပစ်ဆောင့်သွားသည်။

“အူး”

ရှစ်ကျင်းရွှိုက် နာကျင်မှုဖြင့်ညည်းတွားလိုက်သည်။

ရှစ်ဖုန့်က ယိမ်းထိုးနေသောသူ၏ကိုယ်အားထိန်းထားပြီး ရှစ်ကျင်းရွှိုက်နံဘေးသို့ဆုတ်လာသည်။ သူ၏ရှေ့တွင်ရှိသော အရာဝတ္ထုနှစ်ခုအား ကြည့်၍ ပြောလိုက်သည်။

“သွားစို့..ဒီလိုသာဆက်သွားရင် တို့တွေတကယ် အန္တရာယ်ထဲကျလိမ့်မယ်”

ရှစ်ဖုန့်ကစကားပြောရင်း သူ၏လက်ထဲမှလပြည့်ဓားအား

အသက်သွင်းလိုက်ကာ အပေါ်သို့လွှဲယမ်းလိုက်သည်။

“ဘန်း.ဖန်း..ဖန်း..ဖန်း”

လပြည့်ဓားအောက်တွင် ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့၏ ခေါင်းထက်၌ ကြီးမားသောအပေါက်တစ်ခုပြီး

တစ်ခုပေါ်လာသည်။

“အင်းသွားစို့”

ရှစ်ဖုန့်ဖောက်ခွဲဖွင့်လိုက်သော အပေါက်ကြီးအားကြည့်၍ ရှစ်ကျင်းရွှိုက် ချက်ချင်းခေါင်းညိမ့်လိုက်သည်။

ထို့နောက်သူနှင့်ရှစ်ဖုန့်တို့ အတူတကွလှုပ်ရှားလိုက်သည်။သူတို့နှစ်ဦး အထက်တွင်ရှိနေသော အပေါက်ကြီးထံသို့ လျှင်မြန်စွာ ပျံသန်းလိုက်ကြပြီး တစ္ဆေသင်္ဘောပေါ်မှထွက်ပြေးလိုက်သည်။

“ဘန်း..ဘန်း..ဘန်း..ဘန်း..”

တစ္ဆေသင်္ဘောမှာ ဆက်လက်ဖျက်ဆီး ခံနေရပြီး ပေါက်ကွဲနေသည်။ အရူးအမူးတလိပ်တလိပ်ထနေသော လှိုင်းလုံးများက သားရဲရိုင်းတစ်ကောင်ကဲ့သို့ တစ္ဆေသင်္ဘောထဲသို့တစ်ဟုန်ထိုးဝင်လာပြီး အော်ဘက်မှ အပေါ်သို့ အရှိန်ဖြင့်ထိုးတက်နေသော ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့အား

ပြင်းထန်စွာ တိုက်ခိုက်ကြ၏။

“ချိုးဖျက်စမ်း”

ပြင်းထန်သော ရေစီးကြောင်းအားကြည့်၍ ရှစ်ဖုန့်ကအော်လိုက်ပြီး လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။ သူ၏လက်သီးစွမ်းအားနှင့်အတူ ပြင်းထန်သောရေစီးကြောင်းအတွင်း၌ ရေလမ်းကြောင်းတစ်ခုကိုချိုး

ဖျက်ပွင့်ဟသွားစေလိုက်သည်။ ထို့နောက် သူ၏ ပုံရိပ်က ကောင်းကင်ထဲသို့ဆက်လက်၍ အရှိန်အဟုန်ဖြင့်ထိုးတက်နေသည်။ “ဘန်း” ဆိုသောအသံနှင့်အတူ ပြင်းထန်သော တလိပ်တလိပ်ရိုက်ခတ်နေသည့် လှိုင်းလုံးများကြားမှ ရှစ်ဖုန့်ရွှတ်ခနဲထွက်လာသည်။ ပျက်စီးနေပြီး လှိုင်းလုံးများ၏ ဆွဲချနစ်မြုပ်ခြင်းကိုခံနေရသော တစ္ဆေသင်္ဘောထံမှ ပျံသန်းထွက်လာပြီးနောက် ကောင်းကင်ထဲသို့ ဆက်လက်တည့်တည့်ပျံသန်းသွားလိုက်သည်။

ရှစ်ဖုန့်ထွက်လာပြီး သိပ်မကြာခင်တွင် နောက်ထက် “ဘန်း”ဟူသောအသံကိုကြားလိုက်ရသည်။ ရှစ်ကျင်းရွှိုက်သည်လည်း တစ္ဆေသင်္ဘော ထံမှ ပျံသန်းထွက်လာပြီး ရှစ်ဖုန့်ရှိရာဘက်လို့ လျှင်မြန်စွာလိုက်လာသည်။ အကွာအဝေးတစ်ခုအထိပျံသန်းပြီးနောက် ဤအပြင်းအထန်ဖြစ်နေသော ဧရိယာနှင့်အကွာအဝေးတစ်ခု

ထိန်းထားနိုင်ရန် နောက်ပြန်ပျံသန်းသွားလိုက်သည်။

“သခင်လေး.. အဲ့တာ သခင်လေးနဲ့ ညီလေးရှစ်တို့ပဲ. သူတို့မသေကြဘူး. သူတို့တွေတစ္ဆေသင်္ဘောကနေ အသက်ရှင်လျှက်ထွက်လာနိုင်ကြတယ်”

ကုန်သည်သင်္ဘောပေါ်တွင် တစ်စုံတစ်ယောက်က ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့အား

မြင်တွေ့လိုက်ပြီး အလျှင်အမြန်အော်ပြောလိုက်သည်။

“သခင်လေးက ငါတို့ ရတနာတစ်ထောင်စံအိမ်တော်ရဲ့ အမွေဆက်ခံသူပဲ.. ကောင်းကင်ဘုံက အကူအညီပေးတာပဲ. ငါမင်းကိုပြောပါတယ်. သူအဆင်ပြေမှာပါလို့”

ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့ ကုန်သည်သင်္ဘောအထက်ဟင်းလင်းပြင်သို့ ပြန်လည်ပျံသန်းလာကြသည်။ သူတို့က ဝင့်ကြွားစွာရပ်လိုက်ပြီး အကွာအဝေးတစ်ခုအတွင်းရှိ သူတို့ထွက်ပြေးလွတ်မြောက်လာခဲ့သော ပရမ်းပတာ ဧရိယာအား ကြည့်လိုက်ကြသည်။

ထို့နောက် ရှစ်ကျင်းရွှိုက်က ပြောလိုက်သည်။

“ညီလေးရှစ် ..မင်းဆီက အဲ့ရွှေရောင်အလင်းလုံးက ဘယ်လိုရတနာအမျိုးအစားလဲ..ဘယ်လိုဖြစ်ပြီးအဲ့တာက အရမ်းစွမ်းအားကြီးမားရတာလဲ. ပြီးတော့ ဒီခေါင်းတလား..ဒီရတနာနှစ်ခုက သူတို့မှာကိုယ်ပိုင်အသက်ရှိပုံရတယ်.. သူတို့က ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကိုတောင် စွဲဆောင်ပြီး တော့ ပင်လယ်ပြင်ဧရိယာကို ပရမ်းပတာဖြစ်အောင်ပြုလုပ်ကြတယ်…

ဒါက ဒဏ္ဍာရီလာ နတ်ဘုရားလက်နက်တွေကလွဲပြီး တစ်ခြားဘာမှမဖြစ်နိုင်ဘူးလို့ငါယူဆတယ်”

“ဒီသခင်လေး စွန့်စားသွားလာရင်းနဲ့ အဲ့ထဲကတစ်ခုမှာအခွင့်အရေးရတုံးဒါကို ရခဲ့တာ. ..ဒီသခင်လေးလဲ အဲ့တာကဘာလဲဆိုတာကို အတိအကျမသိဘူး”

ရှစ်ဖုန့်ကပြောလိုက်သည်။တကယ်တော့ ဤအရာက ကမ္ဘာပေါ်ရှိကျွမ်းကျင်သူအားလုံးအားစွဲဆောင်နိုင်သော အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ဖြစ်သည်ကို ရှစ်ကျင်းရွှိုက်အား သူပြောမည်မဟုတ်ပေ။ ထိုသို့မဟုတ်ပါက အကယ်၍ ရှစ်ကျင်းရွှိုက်ကထိုအရာအားထုတ်ဖော်ခဲ့လျှင် ကမ္ဘာပေါ်ရှိကျွမ်းကျင်သူအားလုံး အား သေချာပေါက်ကို စွဲဆောင်လိမ့်မည်ဖြစ်သည်။

“အရာခပ်သိမ်းရဲ့မူလဇစ်မြစ်. ကောင်လေး. မင်းမှာ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်လို့ ဆိုးယုတ်တဲ့ပစ္စည်းတစ်ခုရှိနေတာပဲ”

ဤအချိန်တွင် ရှစ်ဖုန့်၏ ကိုယ်အတွင်းမှ ကောင်းကင်မီးတောက် က အံ့အားသင့်စွာဖြင့်ပြောလိုက်သည်။

ဤတစ်ကြိမ်တွင် ခေါင်းတလားကြောင့် အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က တိုက်ရိုက်ပေါ်လာခဲ့ခြင်းဖြစ်

ကောင်းဖြစ်နိုင်သည်။ ၎င်းက နယ်နိမိတ်စည်းအား တိုက်ရိုက်လွှမ်းမိုးချိုးဖျက်ခဲ့ပြီး ခေါင်းတလားကို တိုက်ရိုက်ပင်တိုက်ခိုက်ခဲ့သည်။ ၎င်းကရှစ်ဖုန့်အား ချုပ်နှောင်ခြင်းသို့မဟုတ် ကောင်းကင်မီးတောက်အား နက်ရှိုင်းစွာအိပ်မောကျစေခြင်း

အခြေအနေတို့ဖြစ်အောင်မပြုလုပ်ခဲ့ပေ။

“ခင်ဗျား အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကို သိနေမယ်လို့ မထင်ထားဘူး”

ရှစ်ဖုန့်က ကောင်းကင်မီးတောက်အား

သူ၏ဝိညာဉ်စွမ်းအားဖြင့် ဆက်သွယ်ပြီး ပြောလိုက်သည်။

“ဟမ့်..ဟမ့်.အရာခပ်သိမ်းရဲ့မူလဇစ်မြစ်. ငါပြာအဖြစ်ပြောင်းသွားရင်တောင် ငါအဲ့တာကိုမမေ့ဘူး.. အဲ့သူတောင်းစားက အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကိုကိုင်ပြီးတော့ ကောင်းကင်ဘုံရေခဲမိစ္ဆာအပြစ်ပေးအစီအရင်ထဲ ငါ့ကိုဆီးလ်ခတ်ခဲ့တာ.. သူက ငါ့ရဲ့လွတ်လပ်ခွင့်ကိုအချိန်အ

ကြာကြီးဆုံးရှုံးစေပြီးအဖော်မဲ့အထီးကျန်စေတဲ့အထိ ညှင်းပင်းနှိပ်စက်ဒုက္ခပေးခဲ့တယ်.. ဒီသောက်မကောင်းဆိုးဝါး အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကြောင့်သာ မဟုတ်ခဲ့ရင် တိုက်ပွဲမှာဘယ်သူနိုင်မလဲ ဘယ်သူကသေမလဲဆိုတာပြောရခက်တယ်.. အရာခပ်သိမ်းရဲ့မူလဇစ်မြစ်. .အဲ့အချိန်တုံးက တစ်နေ့ကြရင် အဲ့တာကို ငါ့လက်တွေနဲ့ကိုယ်တိုင်

ဖျက်ဆီးပစ်မယ်လို့ကျိန်ဆိုခဲ့တယ်”

အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နှင့်ပက်သက်၍ အတိတ်အကြောင်းများအားပြောသောအခါတွင် ကောင်းကင်မီးတောက်၏အသံ၌ မုန်းတီးမှုခါးသီးမှုများဖြင့်ပြည့်နှက်နေသည်။

“ဘာ.. ခင်ဗျားကိုဆီးလ်ခတ်ခဲ့တဲ့သူလား. အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကလား”

ကောင်းကင်မီးတောက်၏ စကားတို့အားကြားလိုက်ရသော

အခါတွင်ရှစ်ဖုန့်တစ်ယောက် အံ့အားသင့်သွားရသည်။

ဆက်ရန်………….

ဘာသာပြန်သူ-ARISE

All Chapters