အပိုင်း(၄၈၈)
Vol. 33 Ch. 488
သင်္ဘော၏ ဦးပိုင်းက မှောင်မိုက်နေသော ဟင်းလင်းပြင်အတွင်းဦးတည်နေသည်။ အမှောင်နယ်ဝန်းတွင်းနက်ကြီးနှင့် နီးကပ်လာလေ ၎င်း၏ စုပ်ယူအား ပိုမိုအားကောင်းလာလေဖြစ်သည်။ ရှစ်ကျင်းရွှိုက်က သင်္ဘောဦးဘက်ခြမ်းသို့မျက်နှာမူ၍ အမှောင်နယ်ဝန်းတွင်းနက်ကြီးအား
ကျောပေးခဲ့ခြင်းဖြစ်သည်။ သင်္ဘောအားသူမရပ်တန့်နိုင်ခင် သူ၏ကိုယ်က အမှောင်နယ်ဝန်းတွင်းနက်ကြီး၏ စုပ်ယူခြင်းကိုခံခဲ့ရ၏။
အစောကရှစ်ဖုန့်ပြောသကဲ့သို့ပင် ယခုအချိန်သူ့အတွက်အကောင်းဆုံးသောရွေးချယ်မှုမှာ သင်္ဘော၏ပဲ့ပိုင်းသို့သွားပြီး အမှောင်နယ်ဝန်းတွင်းနက်ကြီးနှင့်ဖြစ်နိုင်သမျှ ခပ်ဝေးဝေးနေရန်ဖြစ်သည်။
အကယ်၍သူ့၌အခြားနည်းလမ်းမရှိတော့လျှင်
သူ့အနေဖြင့် သင်္ဘောအား စွန့်ခွာထွက်ပြေး၍ရနိုင်သေးသည်ဖြစ်၏။
ပြောရလျှင် ဤသည်က အရမ်းရိုးရှင်းသော အကြောင်းပြချက်ဖြစ်သည်။ ရှစ်ကျင်းရွှိုက်မှာရုတ်တရက် ကြောက်စိတ်ဝင်သွားခြင်းကြောင့် အမြင်ကန်းသွားရခြင်းဖြစ်သည်။ ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ရှစ်ကျင်းရွှိုက်မှာ တုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်း သင်္ဘောပဲ့ပိုင်းဆီသို့ပျံသန်းသွားလိုက်သည်။
ထို့နောက်ချက်ချင်း ရှစ်ကျင်းရွှိုက်၏ ကျယ်လောင်သော အော်သံက ညကောင်းကင်ယံ၌ထွက်ပေါ်လာသည်။
“အားလုံး . သင်္ဘောပဲ့ပိုင်းမှစုစည်းကြ.မြန်မြန်လုပ်”
ရှစ်ဖုန့်မှာအစကတည်းက ရှစ်ကျင်းရွှိုက်၏ ကိစ္စများအား ဂရုမစိုက်ပေ။ သူ၏မျက်လုံးတို့အားရွှေ့လိုက်ပြီး အကွာအဝေးတစ်ခုရှိပင်လယ်မျက်နှာပြင်ပေါ်သို့ အကြည့်တို့ကို ထပ်မံစူးစိုက်လိုက်သည်။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နှင့် အဖြူရောင်ခေါင်းတလားတို့ အပြင်းအထန်ရင်ဆိုင်တိုက်ခိုက်ခဲ့ကြပြီး နတ်ဘုရားလက်နက်နှစ်ခုမှာ ယခုအခါ၌ တစ်ခုနှင့်တစ်ခုခွာလျှက်ရှိနေပြီးဖြစ်သည်။ ၎င်းတို့မှာ စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ဦးက တစ်ယောက်ကိုယ်တစ်ယောက် အဝေးမှကြည့်နေသကဲ့သို့ဖြစ်၏။
နတ်ဘုရားအဆင့် ကိရိယာနှစ်ခုက ရပ်တန့်သွားသကဲ့သို့ ညကောင်းကင်ယံအတွင်းရှိမိုးချုန်းသံများမြည်ဟိန်းနေခြင်းမှာလည်းရပ်တန့်သွားပြီး လျှပ်ပန်းလျှပ်နွယ်များမှာလည်း
ပျောက်ကွယ်သွားသည်။ ပြင်းထန်စွာ လူးလှိမ့်နေသောဆူနာမီနှင့်လှိုင်းလုံး
များမှာလည်း ဖြည်းဖြည်းချင်း တည်ငြိမ်မည့် လက္ခဏာတို့ပြသလာ၏။
အချိန်များဖြည်းဖြည်းချင်းကုန်ဆုံးနေပြီး ညကောင်းကင်ယံမှာလည်း ဖြည်းဖြည်းချင်းတောက်ပလာသည်။ ပင်လယ်ပြင်မှ ဝိုးတိုးဝါးတာမြူတို့မြင့်တက်လာသည်။ သို့သော် နတ်ဘုရားအဆင့်ကိရိယာနှစ်ခုကတော့ အစောပိုင်းကတည်းကလှုပ်ရှားခြင်းမရှိဘဲ တစ်ခုနှင့်တစ်ခုအဝေးမှကြည့်နေကြသည်။
ရုတ်တရက်နောက်ဆုံး၌ ခေါင်းတလားဖြူမှာ လှုပ်ရှားလာသည်။ ၎င်းဖြူဖျော့သော အဖြူရောင်လင်းတစ်ခုအဖြစ်ပြောင်းသွားပြီး အမှောင်ထုနယ်ဝန်းတွင်းနက်ကြီးအတွင်းသို့ပျံသန်းသွားသည်။ မျက်စိတ်တစ်မှိတ်အတွင်း ၎င်းက အမှောင်ထုနယ်ဝန်းဟင်းလင်းပြင်အတွင်းသို့ဝင်သွားပြီး အမှောင်ထုအတွင်း၌ပျောက်ကွယ်သွားသည်။
ဤအချိန်တွင် ပင်လယ်မျက်နှာပြင်ပေါ်ရှိဧရာမ အမှောင်ထုနယ်ဝန်းတွင်းနက်ကြီးမှာ ဖြူဖျော့သောအဖြူရောင်ခေါင်းတလား ဝင်သွားခြင်းနောက်သို့လိုက်ပါ၍ လျှင်မြန်စွာနစ်ဝင်ကာ အလယ်ဗဟိုသို့အရောက်၌ပိတ်သွားသည်။
အဖြူရောင်ခေါင်းတလားကလှုပ်ရှားသွားသော်လည်း အရာခပ်သိမ်းရဲ့မူလဇစ်မြစ်ကတော့ မလှုပ်ရှားသေးပေ။၎င်း၌ အဖြူရောင်ခေါင်းတလားအား တားဆီးရန် ရည်ရွယ်ချက်အနည်းငယ်ပင်မရှိချေ။ သို့သော် ဤအချိန်တွင် အမှောင်ထုနယ်ဝန်းတွင်းနက်ကြီးမှာ အဖြူရောင်ခေါင်းတလားနှင့်အတူ ပင်လယ်ပြင်အတွင်းလုံးဝပျေက်ကွယ်သွားပြီဖြစ်သည်။
ပင်လယ်ပြင်မှာနောက်တစ်ကြိမ်၎င်း၏တည်ငြိမ်မှုအားပြန်လည်ရရှိလိုက်သည်။ အမှောင်ထုနယ်ဝန်းတွင်းနက်ကြီးပျောက်ကွယ်သွားခြင်းကြောင့် ရတနာတစ်ထောင်စံအိမ်၏ ကုန်သည်သင်္ဘောမှာလည်း နောက်ဆုံး၌စွမ်းအားကြီးစွမ်းအား၏ စုပ်ယူမှုအောက်မှလွတ်မြောက်သွားသည်။
မူလက ရတနာတစ်ထောင်စံအိမ်မှလူများ၏ ပူပေါင်းအားထုတ်မှုအောက်တွင်ပင် သင်္ဘောက အမှောင်ထုနယ်ဝန်းဟင်းလင်းပြင်အတွင်းသို့ မျောပါနေဆဲဖြစ်သည်။အရှိန်ကယခင်ကထက် များစွာနှေးသွားသော်လည်း ၎င်းအားထိန်းချုပ်နိုင်ခြင်းမရှိမျောပါနေဆဲဖြစ်သည်။ အကယ်၍ဤသို့သာဆက်သွားလျှင် မကြာခင်သို့မဟုတ် နောက်ပိုင်း၌ ကုန်သည်သင်္ဘောမှာ အမှောင်ထုနယ်ဝန်းတွင်းနက်ကြီးအတွင်း စုပ်ယူခံရလိမ့်မည်ဖြစ်သည်။
ဤအချိန်တွင် ၎င်းအားနောက်ဆုံး၌ ထိန်းညှိနိုင်သွားသည်။ ကုန်သည်သင်္ဘောအား ထိန်းညှိသွားနိုင်ရုံမက ပင်လယ်ပြင်မျက်နှာပြင်ပင် တည်ငြိမ်ပြီးငြိမ်းချမ်းလာသည်။
ဤအချိန်၌ ရှစ်ဖုန့် မရပ်တန့်နိုင်ခင်မှာပင် ပင်လယ်ပြင်ထက်၌ ရပ်တန့်နေသော အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ရွှေရောင်အလင်းတန်းအဖြစ်ပြောင်းလဲပြီး ရှစ်ဖုန့်၏ ရင်ဘက်သို့ဝင်ရောက်လာကာ ခန္ဓာကိုယ်အတွင်း၌ ပျောက်ကွယ်သွားသည်။
သူ၏ခန္ဓာကိုယ်အား မည်မျှပင်ရှစ်ဖုန့် ရှာဖွေပါစေ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်နှင့်ပက်သက်သောဘာသဲလွန်စကိုမှ ရှစ်ဖုန့်ရှာမတွေ့ချေ။ အရာခပ်သိမ်းရဲ့မူလဇစ်မြစ်က ကောလဟာရများအရ နတ်ဘုရားဖြစ်နည်းလျှို့ဝှက်ချက်အားပိုင်ဆိုင်ထားသည်ဖြစ်ပြီး ၎င်းက ဘိုးဘေးကြီးကဲ့သို့ ရုတ်တရက်ပျောက်ကွယ်သွားပြန်သည်။
အရာခပ်သိမ်းရဲ့မူလဇစ်မြစ်၏ အခြေအနေနှင့်ပက်သက်ပြီးရှစ်ဖုန့်
သိထားပြီးဖြစ်သည်။
“ညီလေးရှစ်”
ဤအချိန်တွင် အောက်ဘက်ရှိ ကုန်သည်သင်္ဘောထံမှ ရှစ်ကျင်းရွှိုက်၏ အသံထွက်ပေါ်လာသည်။
ရှစ်ဖုန့်က ငုံကြည့်လိုက်ပြီး သင်္ဘောပဲ့ပိုင်း၌ ရပ်နေကြသော ရှစ်ကျင်းရွှိုက်နှင့် ရတနာ တစ်ထောင်စံအိမ်မှ ကျင့်ကြံသူများကိုတွေ့လိုက်ရသည်။ ထို့နောက် ရှစ်ကျင်းရွှိုက်က သူ၏လက်သီးနှစ်ဖက်အားဆုပ်၍ ရှစ်ဖုန့်ကို စိတ်ရင်းအတိုင်းပြောဆိုလိုက်သည်။
“ညီလေးရှစ်.. ကျေးဇူးအများကြီးတင်ပါတယ်”
ရှစ်ကျင်းရွှိုက်မှာရှစ်ဖုန့်အားတကယ်ကို စိတ်ရောကိုယ်ပါ ကျေးဇူးတင်ခြင်းဖြစ်သည်။ရှစ်ဖုန့်ကသူ့အား တစ္ဆေသင်္ဘောအတွင်း အကြိမ်များစွာ ကယ်တင်ခဲ့ရုံမက ယခုအခါတွင်လည်းကယ်တင်ခဲ့သည်ဖြစ်သည်။ ရှစ်ဖုန့်ကြောင့်သာမဟုတ်ခဲ့လျှင် သူ့အနေဖြင့်အမှောင်ထုနယ်ဝန်းတွင်းနက်ကြီးအတွင်းသို့စုပ်ယူခြင်းကိုခံရလိမ့်မည်ဖြစ်သည်။ သူကိုယ်တိုင်သာမဟုတ်ဘဲ သူ ၏ကုန်သည်သင်္ဘောပင် လွတ်မြောက်လိမ့်မည်မဟုတ်ပေ။
ရှစ်ဖုန့်က ရွေ့လျားလိုက်ပြီး ကုန်သည်သင်္ဘောကုန်းပတ်ပေါ်ရှိ ကျင့်ကြံသူများကြားဆင်းသက်လိုက်သည်။ သူကရှစ်ကျင်းရွှိုက်၏ရှေ့တွင်ဆင်း
သက်လိုက်ပြီးပြောလိုက်သည်။
“ခင်ဗျားအရမ်းယဉ်ကျေးနေစရာမလိုပါဘူး.. ဒီသခင်လေးက လွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက ခင်ဗျားရဲ့အလင်းအောက်မှာနေခဲ့တာ.. ဒါ့အပြင် ခင်ဗျားကိုကယ်တင်တဲ့ကိစ္စက သက်သက်သာသာပါပဲ. အများကြီးအားထုတ်စရာတောင်မလိုဘူး”
“အာ..”
ရှစ်ကျင်းရွှိုက်မှာ “အာ”ဟု အသံထွက်သွားရသည်။ အစက ရှစ်ဖုန့်၏စကားများအားများစွာသူမတွေးသော်လည်း နားထောင်ပြီးနောက်၌ယင်းကထူးဆန်းသလိုခံစားရသည်။ သူ့အားကယ်တင်ရသည့်အလုပ်က သက်သက်သာသာသာဖြစ်ပြီး အများကြီးအားမထုတ်ခဲ့ရဟုဆို၏။
………………….
ပင်လယ်ပြင်ပြန်လည်တည်ငြိမ်သွားပြီးနောက်တွင် ကုန်သည်သင်္ဘာပေါ်မှ လူများက ကျောက်ဆူးအားစတင် ဆွဲတင်လိုက်သည်။ မကြာခင်တွင် ကုန်သည်သင်္ဘောက အရှေ့ပင်လယ်ပြင်ထပ်မံစတင်
ရွက်လွှင့်လိုက်သည်။
ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်သူ့အတွက်ပြင်ဆင်ပေးထားသောအခန်းဆီသို့ပြန်သွားခဲ့ပြီး ဆက်လက်ကျင့်ကြံလိုက်သည်။
ချယ်ရီပန်းပွင့်များဖြင့်ပေါ်လာခဲ့သော အမျိုးသမီးမှာမူ ရှစ်ဖုန့်၏ နောက်ဆုံးတစ်ခေါက်က သွေးကျောက်ပြားအားအသက်သွင်းရန်ရည်ရွယ်မှုကို ကြောက်သွားခြင်းသို့မဟုတ် အခြားသောအကြောင်းပြချက်များ
ရှိနေခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင်ဆိုစေကာမူ သူမအနေဖြင့် ကုန်သည်သင်္ဘောပေါ်၌ အချိန်တော်တော်ကြာ ပေါ်မလာတော့ပေ။
ထိုမိန်းကလေးကမည်သူနည်း။ သူမဘယ်ကနေလာသနည်း။သူမကျင့်ကြံသည်ကာ ဘာဆိုသည်တို့အား မည်သူကမျှမသိကြချေ။
အရှေ့ပင်လယ် ကုန်သည်သင်္ဘောပေါ်တွင် အရာအားလုံးကမူလအေးဆေးတည်ငြိမ်သောအခြေအနေပြန်ဖြစ်သွားသည်။
တစ္ဆေသင်္ဘော၏အကြောင်ကလည်းရှိသေးသည်။ တစ္ဆေသင်္ဘာက နစ်မြုပ်သွားပြီး နတ်ဘုရားအဆင့်ခေါင်းတလားက အမှောင်နယ်ဝန်းတွင်းနက်ကြီးအတွင်းသို့ ဝင်ရောက်သွားပြီးနောက် တစ္ဆေသင်္ဘောမှာ နောက်တစ်ကြိမ်ဆန်းကြယ်မှုတစ်ခုဖြစ်လာပြန်သည်။
ထျန်းလျန်အင်ပါယာညအချိန်အခါသမယ ထျန်းလျန်အင်ပါယာ၏ နန်းမြို့တော်ရှိ တော်ဝင်နန်းတော်တွင်ဖြစ်သည်။
ရုတ်တရက် ထျန်းလျန်အင်ပါယာ၏ နန်းမြို့တော် တော်ဝင်နန်းတော်၌ မိုးကောင်းကင်ကြီးပြိုကျလာသည့်အလား ကျယ်လောင်သော အော်ဟစ်သံများထွက်ပေါ်လာသည်။
“မကောင်းတော့ဘူး. မင်းသမီးလင်လုံပျောက်နေတယ်.. မင်းသမီးလင်လုံပျောက်နေတယ်.. အရှင်မင်းကြးကို မြန်မြန်သတင်းပို့ကြ.. အရှင်မင်းကြီးကိုမြန်မြန်သတင်းပို့ကြစမ်း”
“မြန်မြန်..မြန်မြန်လေး.သူမကိုရှာဖို့အတွက် ငါတို့လူတွေစေလွှတ်မှရမယ်.. တော်ဝင်နန်းတော်ရဲ့ထွက်ပေါက်အားလုံး၊ထျန်းလျန်အင်ပါယာရဲ့ နန်းမြို့တော်ဂိတ်တွေနဲ့ ဟင်းလင်းပြင်ကိုဆီးလ်ခတ်ကြစမ်း. ငါတို့တွေ မင်းသမီးလင်လုံကို ရှာရမယ်”
တော်ဝင်နန်းတော်တစ်ခုလုံး ဖရိုဖရဲအခြေအနေဖြစ်နေသည်။ ကြီးမားသော တစ်စုံတစ်ခုဖြစ်ပျက်နေသကဲ့သို့ ရှုပ်ထွေးပွေလီနေ၏။
သူတို့၏မင်းသမီးဖြစ်သူ မင်းသမီးလင်လုံက ထိမ်းမြားလက်ထပ်ရန်မှထွက်ပြေးသွားခဲ့သည်။
လဝက်ကြာပြီးနောက် အရှေ့ပိုင်းဒေသကြီး၏ အင်ပါယာကြီးသုံးခုထဲကတစ်ခုဖြစ်သော ထျန်းလျန်အင်ပါယာက ပြိုင်ပွဲကွင်းတစ်ခုဆောက်လုပ်ပြီး ကမ္ဘာအနှံ့က ကျွမ်းကျင်သူအားလုံးအား ဖိတ်ခေါ်ကာ သတို့သားလောင်းရှာဖွေရန်အတွက် သိုင်းပြိုင်ပွဲတစ်ခုကျင်းပလိမ့်မည်ဖြစ်သည်။ ပြိုင်ပွဲ ၏အဓိကဇတ်ဆောင်က ထျန်းလျန်အင်ပါယာ၏ နမည်ကျော် အလှပဂေးလေး မင်းသမီးလင်လုံပင်ဖြစ်သည်။
သို့သော် မင်းသမီးလင်လုံမှာပျောက်ဆုံးနေ၏။
အရှေ့ပင်လယ်ပြင်အတွင်း ရတနာတစ်ထောင်စံအိမ်၏ ကုန်သည်သင်္ဘောမှာ သုံးလကြာမြင့်ပြီးနောက်၌ နောက်ဆုံးတွင် ထျန်းလျန်အင်ပါယာရေပိုင်
နက်သို့ရောက်ရှိလာပြီး ထျန်းလျန်အင်ပါယာ၏ဆိပ်ကမ်းသို့ဆိုက်ကပ်လာသည်။
အလွန်လျှင်မြန်စွာပင် ကုန်သည်သင်္ဘောက ထျန်းလျန်အင်ပါယာ၏ဆိပ်ကမ်းထံကမ်းကပ်လိုက်သည်။ လွန်ခဲ့သောသုံးလမြောက်တွင် ရှစ်ဖုန့်က ကျင့်ကြံနေခဲ့သည်။ ဒုတိယလတွင် သူသည် ကျင့်ကြံရင်း ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်သို့ဝင်ရောက်ခဲ့သည်။
ထိုမှစ၍ ယခုချိန်ထိတိုင် ရှစ်ဖုန့်ကျင့်ကြံနေခဲ့သည်။ သို့သော် ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်
အဆင့်သို့ဝင်ရောက်ပြီးနောက်တွင် ရှစ်ဖုန့်အဆင့်တက်ရန်အတွက်လိုအပ်သော စွမ်းအင်ပမာဏက အဆများစွာတိုးလာသည်။ နောက်နှစ်လအတွင်းသူ၏ ဒန်တန်အတွင်းမှစွမ်းအင်က ကြယ်ခြောက်ပွင့်သူတော်စင်နယ်ပယ်သို့တက်လှမ်းရန်လိုအပ်သော စွမ်းအင်ပမာဏ၏ လေးပုံတစ်ပုံကိုသာ စုဆောင်းနိုင်ခဲ့သည်။
သိုင်းပညာကျင့်ကြံမှုလမ်းစဉ်က ရှည်လျားပြီး ပို၍ခပ်ဝေးဝေးသွားလေ ပို၍ ခက်ခဲလေဖြစ်လိမ့်မည်သာဖြစ်သည်။
ဆက်ရန်……..
ဘာသာပြန်သူ-ARISE