← Chapters

ကနဦး နတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်း

Vol. 64 Ch. 891

ကနဦး နတ်ဘုရားအဆင့်သို့ တက်လှမ်းခြင်း

Vol. 64 Ch. 891

“ သူတို့ကို သွားခေါ်လိုက် ..” ရှီစုက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ ” စုရှားက ဦးညွှတ်ကာ ခန်းမထဲမှ ထွက်သွားလေ၏။

ထိုင်နေသည့် ဝေကျဲက ဤကိစ္စနှင့် ပတ်သတ်၍ မသက်မသာ ခံစားမိနေသည်။ သူက နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာခြင်းနှင့် ပတ်သတ်နေမှန်း သိထား၏။

နတ်ဘုရားနယ်မြေက ကျယ်ပြောပြီး အဆုံးမဲ့လှသော်လည်း ဤနေရာရှိ စည်းမျည်းများမှာ အလွန်တည်ငြိမ်လှပေသည်။ နယ်မြေအတွင်း စည်းမျည်းများ မငြိမ်မသက် ဖြစ်ခြင်းမျိုး တစ်ခါမှ မရှိခဲ့ဘဲ ဆက်တိုက် ကျယ်ပြန့်နေခြင်း ဖြစ်၏။

နတ်ဘုရားနယ်မြေမှ ကျယ်ပြန့်လာသော နယ်ပယ်အား  နတ်ဘုရားသိုက်မြုံဟု ခေါ်ဆိုကြ၏။ ထိုနယ်ပယ် ပိုမို ကျယ်ပြန့်လာသည်နှင့် နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာခြင်းဟု ထူးထူးဆန်းဆန်း အမည်လည်း တွဲလျက် ဖြစ်လာသည်။

နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာသည်နှင့် မြောက်များစွာသော ထိပ်တန်းအဆင့် ရတနာများက ပေါ်လာလိမ့်မည်။ သတ္တုများ၊ ထိပ်တန်းအဆင့် နတ်ဝိညာဉ် ဆေးပင်များလည်း တောင်ပုံရာပုံ ပေါ်ပေါက်လာကာ ကောင်းကင်ဘုံကိုပင် ထပ်ခြမ်း ခွဲနိုင်သည့် ရတနာများလည်း ပါလာနိုင်သည်။

နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာသည်နှင့် နတ်ဘုရားနယ်မြေအတွင်း သွေးသံရဲရဲ ဖြစ်မည့် တိုက်ပွဲများလည်း ဖြစ်ပေါ်လာလိမ့်မည်။ ဤသည်မှာ ဤနေရာရှိ အဆင့်မြင့် ကျင့်ကြံသူများ၏ ပျော်ပွဲရွှင်ပွဲဟုပင် ယူဆ၍ ရပေသည်။

နတ်ဘုရားသိုက်မြုံ ဆက်တိုက် ပေါ်ထွက်လာသောကြောင့် နတ်ဘုရားနယ်မြေ မျက်နှာပြင် ဧရိယာမှာ ဆက်တိုက် ကျယ်ပြန့်လာရသည်။ နတ်ဘုရားနယ်မြေမှ အဆင့်မြင့်  ပညာရှင်များက နတ်ဘုရားနယ်မြေသည် မပြီးပြည့်စုံသည့် နယ်မြေ ဖြစ်ကြောင်း ယုံကြည်ထားကြ၏။ လောကနယ်မြေတစ်ခုလုံး ပြည့်ပြည့်စုံစုံ ဖြစ်တည်လာသည်နှင့် နတ်ဘုရားနယ်မြေက ပိုပြီး တည်ငြိမ်လာပြီး စည်းမျည်းများကလည်း ပို၍ အားကောင်းလာလိမ့်မည်။

နတ်ဘုရားနယ်မြေ ထပ်မံ ပေါ်ထွက်လာသည့် အချိန်တိုင်း ကြုံတွေ့ရသည့် တစ်ခုတည်းသော ပြဿနာမှာ ထိပ်တန်းအဆင့်မြင့် ပညာရှင်များ ကွယ်ပျောက်သွားရခြင်း ဖြစ်၏။ ထို့အပြင် အားကောင်းသူများက ပိုပြီး အားကောင်းလာကာ အားနည်းသူများက ပို၍ အားနည်းသွားရသည်။ ဤသည်မှာ နတ်ဘုရားနယ်မြေအတွက် အကျိုးမရှိပေ။ နောက်ပိုင်း၌ နတ်ဘုရားနယ်မြေ၏ မဟာနတ်ဘုရားဘုရင် ဆယ်ယောက်က စုစည်း၍ အများဆန္ဒ ကောက်ခံခဲ့ကြသည်။

သူတို့၏ ဆုံးဖြတ်ချက်မှာ နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာသည်နှင့် နတ်ဘုရားနယ်မြေရှိ အားလုံးက ရတနာများ ခွဲဝေယူရန် အခွင့်အရေးကို အသီးသီး ရယူရန် ဖြစ်၏။ ဤသည်မှာ တစ်ဦးချင်းစီ ယှဉ်ပြိုင်မှုမျိုး မဟုတ်ဘဲ ဂိုဏ်းအလိုက် ဖြစ်၏။

အရည်အချင်း ယှဉ်ပြိုင်ပွဲကို ဂိုဏ်းအသီးသီးမှ တပည့်များ၏ တိုက်ပွဲများဖြင့် ဆုံးဖြတ်ထားလေ၏။ ဆိုရမည်ဆိုလျှင် အဆင့်မြင့် ကျင့်ကြံသူများ တိုက်ပွဲများက ဂိုဏ်းများကြား ပြင်းထန်မှုနှင့် ဒဏ်ရာများသာ ရလာစေလိမ့်မည်။ ထို့ကြောင့် မဟာနတ်ဘုရားဘုရင် ဆယ်ယောက်က ဂိုဏ်းသားများကို ပြိုင်ဆိုင်ခိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။ တိုက်ပွဲများအတွင်း ပါဝင်ကြသူများက ကောင်းကင်နတ်ဘုရားအဆင့် အထက် မဖြစ်နေရပေ။ ကောင်းကင်နတ်ဘုရားအဆင့်ကို ကျော်လွန်သွားပြီး နတ်ဘုရားအုပ်စိုးသူအဆင့် ရောက်ရှိသွားသည်နှင့် အောင်နိုင်သူအဖြစ် ယူဆထားလို့ ရလေပြီ။ ဤသို့မျိုး လူကို ဂိုဏ်းသားများ ပြိုင်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်ခွင့် မပြုတော့ပေ။

နယ်မြေ ကျယ်ပြန့်မှု ဖြစ်လာသည့်အခါတိုင်း သတိပေးသည့် အချိန်နှင့် လက္ခဏာရပ်များ ရှိတတ်သည်။ ဤတစ်ကြိမ်၌ ဂိုဏ်းအားလုံးက ကြိုတင်သိရှိထားကြ၏။ အကြောင်းမှာ လွန်ခဲ့သည့် လအနည်းငယ်ခန့်က ဂိုဏ်းများစွာ တပည့်များ ရွေးချယ်နေကြစဉ်အချိန်တုန်းက ဖြစ်သည်။ သူတို့က သူတို့ဘာသာ နတ်ဘုရားနယ်မြေသိုက်မြုံအတွက် တိုက်ပွဲအဆင့်သင့် ပြင်ထားလို၍ ဖြစ်သည်။

ကောင်းကင်လူသားဂိုဏ်းက ထိုသို့တိုက်ပွဲများတွင် ပါဝင်ဖို့ မရည်ရွယ်ထားပေ။ ဂိုဏ်းချုပ် ဖြစ်စေ၊ တပည့်များ ဖြစ်စေ မည်သူကမှ ထိုသို့တိုက်ပွဲမျိုး၌ ပါဝင်သင့်ကြောင်း မခံစားမိကြပေ။

သို့သော် ဤတစ်ကြိမ်၌ မဟာနတ်ဘုရားဘုရင် ဆယ်ယောက်က အပို စည်းမျည်းတစ်ခု ထုတ်ထားလေ၏။ နတ်ဘုရားနယ်မြေမှ ဂိုဏ်းတိုင်းမှာ နတ်ဘုရားနယ်မြေသိုက်မြုံအတွက် ပါဝင်ယှဉ်ပြိုင်ပေးရမည်ဟု ပြောထားသည်။ အကြောင်းအရင်းကိုတော့ ကောင်းကင်လူသားဂိုဏ်းအနေနှင့် သိဖို့ရာ အရည်အချင်း မပြည့်မှီပေ။

သူတိုက ကြိုသိထားသောကြောင့် ဝေကျဲက စိတ်မသက်မသာ ဖြစ်နေမိသည်။ သူကိုယ်တိုင်သာ  တပည့်ခြောက်ယောက်ကို မည်သို့ ခေါ်ယူနိုင်ခဲ့မှန်း သိထား၏။ “ခေါ်ယူသည်” ဟု သုံးရမည့်အစား “လိမ်လည်လှည့်ဖျားလိုက်သည်” ဟု သုံးလျှင် ပိုမို သင့်တော်ပေမည်။

ယခု ဂိုဏ်းချုပ်က စုရှားအား တပည့်အသစ်လေးများကို သွားခေါ်ခိုင်းနေပြီ ဖြစ်ရာ သူတို့၏ ပင်ကိုယ်ပါရမီနှင့် စွမ်းရည်ကို စမ်းသပ်လို၍ ဖြစ်ပေလိမ့်မည်။ သူတို့ကို စမ်းသပ်ပြီးသည်နှင့် အရာအားလုံးမှာ ဘူးပေါ်သလို သိသွားကြပေလိမ့်မည်။

တချို့တပည့်အသစ်များတွင် အတော်လေး ကောင်းသည့် ကျင့်ကြံဆင့် ရှိပြီး မိုဝူကျိ၏ ကျင့်ကြံဆင့်မှာမူ ကြာရှည်ခံဖို့ရာ အရမ်းဆိုးရွားနေလေ၏။

………..…

နှစ်ဝက်တာ ကျင့်ကြံပြီးနောက် မိုဝူကျိက သူ တံခါးပိတ် ကျင့်ကြံနေသည်မှာ မည်မျှ ကြာမြင့်သွားကြောင်း အတိအကျ မသိတော့ပေ။ သူက ပိုမို ကျင့်ကြံလေလေ ပိုမို ယုံကြည်ချက် ရှိလာလေလေ ဖြစ်၏။ လွန်ခဲ့သည့် လေးလခန့်က သူက အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့်ထဲ ဝင်နိုင်ခဲ့ပြီးပြီ ဖြစ်သည်။ အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့် ဖြစ်နေလျက်နှင့်ပင် သူ့ကျင့်ကြံရေးမှာ အမြန်အဆန် တိုးတက်နေဆဲ ဖြစ်၏။

ဤသို့အချိန်အခါမျိုး၌ မိုဝူကျိက တစ်ယောက်ယောက် သူ့ဆီ လာ၍ မတိုက်မခိုက်မချင်း တံခါးပိတ်ကျင့်ကြံရာမှ မထွက်လိုပေ။

မိုဝူကျိက သူ့လျို့ဝှက်တိုက်ကွက်များအပေါ်တွင် ဆက်တိုက် နက်နက်ရှိုင်းရှိုင်း နားလည်မှု တိုးလာနေဆဲ ဖြစ်သည်။ မိုဝူကျိက  အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့် ရောက်သည်မှာ ခုနှစ်လတာ ကြာမြင့်သွားပြီ ဖြစ်၏။ မိုဝူကျိက သူ့ကျင့်ကြံဆင့် တိုးမြင့်ဖို့ရာ နတ်ဝိညာဉ်စွမ်းအားများကို စုပ်ယူနေရင်း သူ့လျို့ဝှက်တိုက်ကွက်များ၏ စည်းမျည်းများကိုလည်း ပြီးပြည့်စုံအောင် ကြိုးစားနေသည်။

“ ဝုန်း ” မိုဝူကျိ၏ စိတ်ဆန္ဒအတွင်း ပေါက်ကွဲသံတစ်ခု ဖြစ်ပွားသွားလေ၏။ လက်ရှိ မိုဝူကျိက သူ့တစ်ကိုယ်လုံးမှာ ဗလာကျင်းသွားသလို ကွဲကွဲပြားပြား  ခံစားလိုက်ရသည်။

အကယ်၍ အပြင်ဘက်မှ တစ်ယောက်ယောက်သာ မိုဝူကျိအား မြင်မိလျှင် မိုဝူကျိ ခန္ဓာကိုယ် ပတ်လည်၌ တာအိုစည်းမျည်းများ လှည့်ပတ်နေသည်ကို မြင်တွေ့နိုင်ပေလိမ့်မည်။ လက်ရှိ မိုဝူကျိ ပတ်လည်၌ စွမ်းအားများ ဆက်တိုက် လှည့်ပတ်နေပြီး ကြီးကျယ်ခမ်းနားသည့် အရှိန်အဝါများ ထုတ်လွှင့်နေသည်။

ထိုတာအိုစည်းမျည်းများက မိုဝူကျိ ခန္ဓာကိုယ်အတွင်း ဆက်တိုက် ဝင်နေကြပြီး သူ့အရှိန်အဝါများမှာ ထိုတာအိုစည်းမျည်းနှင့်အတူ ပျောက်ကွယ်သွားလေ၏။ တခြားနည်းဖြင့်ဆိုရလျှင် သူက အချိန်ကြာလာသည်နှင့်အမျှ ပို၍ သာမာန်ဖြစ်လာသည်။

“ ဝုန်း ” မိုဝူကျိ၏ လျို့ဝှက်တိုက်ကွက်များမှ မူလစည်းမျည်းများက တစစီ ပျက်စီးသွားပြီး သူ့တာအိုစည်းမျည်းအသစ်များက စတင် ဖြစ်တည်လာသည်။ မိုဝူကျိ စိတ်အတွင်း နှိုင်းယှဉ်မရနိုင်သည့် ခမ်းနားထည်ဝါမှုများ ဝင်ရောက်လာပြီး ရုတ်တရက် မျက်လုံးကို စိတ်လှုပ်ရှားစွာ ဖွင့်လိုက်သည်။

အစပိုင်းတွင် သူက အင်မော်တယ် ဧကရာဇ် ပြီးပြည့်စုံခြင်းအဆင့် ရောက်ရှိပြီးသည့်နောက်တွင် ကနဦး နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်မည့် နည်းလမ်းကို ရှာရန် ရည်ရွယ်ထားပေ၏။

သူ မျှော်လင့်မထားသည်က နတ်ဘုရားနယ်မြေ၏ စည်းမျည်းများအောက်တွင် သူက မိုးမြေစည်းမျည်းအသစ်ကို ဉာဏ်ကွန့်မြူးကာ အသိအလင်း ထပ်ရသွားခြင်း ဖြစ်၏။ ထိုစည်းမျည်းအသစ်များက သူ့အား လက်လျော့ဖို့ရာ ဝန်လေးလာစေသောကြောင့် သူ့မဟာတာအိုစည်းမျည်းများကို ပြီးပြည့်စုံအောင် ဆက်လက် ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်သည်။

ခုနှစ်လမြောက်တွင် သူက အင်မော်တယ် ဧကရာဇ် အတားအဆီးများအား အပြည့်အဝ ဖယ်ရှားနိုင်ခဲ့ပြီ ကနဦး နတ်ဘုရားအဆင့်၏ ပထမအဆင့်သို့ တက်လှမ်းသွားတော့သည်။ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်တွင် ကနဦး နတ်ဘုရားအဆင့်ဟူသည်မှာ အခေါ်အဝေါ်တစ်ခုမျှသာ ဖြစ်၏။ ကနဦး နတ်ဘုရားဖြစ်စေ၊ တခြားနာမည် ဖြစ်စေ သူက အဆုံးအစွန်အထိ ရောက်ရှိသွားသည်နှင့် နောက်တဆင့် ရောက်ရှိသွားမည် ဖြစ်၏။

မိုဝူကျိက စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ချေ။ အကြောင်းမှာ သူက ကနဦး နတ်ဘုရားအဆင့်သည် သူ့အတွက် မည်သို့ အဓိပ္ပါယ်ရှိကြောင်း ကောင်းကောင်း သိနေ၍ ဖြစ်သည်။

မဟာ ဧကရာဇ်အဆင့်ဆိုတာ ဘာလဲ …. တာအိုဧကရာဇ်ဆိုတာ ဘာလဲ ….

ထိုအရာအားလုံးမှာ စိတ်ကူးယှဉ်မှုများသာ ဖြစ်၏။ ဆက်လက် အဆင့်မတက်လှမ်းနိုင်တော့သည့် ကျင့်ကြံသူများက သူတို့ဘာသာ သူတို့ နှစ်သိမ့်ပေးရန် ပြုလုပ်ထားသော အခေါ်အဝေါ်များသာ ဖြစ်၏။

သူ့လက်ရှိ ကနဦး နတ်ဘုရားအဆင့်မှာ သေချာပေါက် တည်ရှိနေသည့် အဆင့်တစ်ခု ဖြစ်ပြီး ချဲ့ကားကာ ဟန်လုပ်ထားခြင်း မဟုတ်ပေ။

ကနဦး နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးနောက် မိုဝူကျိက ကျင့်ကြံခြင်းကို ရပ်တန့်ပြီး အပြင်ဘက် တစ်ခေါက်လောက် ထွက်ကြည့်ချင်မိသွားသည်။ သို့သော်လည်း သူက ကနဦး နတ်ဘုရားအဆင့် ရောက်ခါစ ဖြစ်သောကြောင့် နတ်ဝိညာဉ်စွမ်းအားများက သိပ်သည်းလာလေရာ သူ့အနေနှင့် မထွက်သွားနိုင်တော့ပေ။

အင်မော်တယ် မော်တယ်ကျင့်စဉ်ကို အားအပြည့်ဖြင့် လှည့်ပတ်လိုက်သည့်အခါ မိုးမြေကြားရှိ စွမ်းအားများက သူ့ကို လွှမ်းခြုံသွားလေသည်။ မိုဝူကျိက မှော်သေတ္တာတစ်လုံးကို ဖွင့်မိလိုက်သည့်အလား ခံစားလိုက်ရပြီး ကျင့်ကြံခြင်း ရပ်တန့်ဖို့ရာ အတော်လေး ခက်ခဲသွားတော့သည်။

………………

ကောင်းကင်လူသားဂိုဏ်းရှိ တခြားတောင်တွင် ပိန်ပါးပါး လူလတ်အရွယ် အမျိုးသားက မျက်လုံးပိတ်လျက် ရှိနေသည်။ အကယ်၍ သူ့ဘေးပတ်လည်ရှိ စွမ်းအား မတည်မငြိမ် ဖြစ်သွားမှုကြောင့်သာ မဟုတ်လျှင် တခြားသူများက သူ့အား သေလူဟုသာ ထင်မှတ်မိကြလိမ့်မည်။

မိုဝူကျိက အင်မော်တယ် ဧကရာဇ်အဆင့်ကို ကျော်ပြီး ကနဦး နတ်ဘုရားအဆင့် ရောက်လာသည့်အချိန်လေး၌ ထိုပိန်ပါးပါး အမျိုးသားက မျက်လုံးကို ရုတ်တရက် ဖွင့်ကြည့်လိုက်သည်။ သူက တုန်လှုပ်အံ့ဩစွာ ခေါင်းမော့ပြီးနောက် မျက်လုံးကို တဖန် ပိတ်ထားလိုက်ပြန်သည်။

ထိုစဉ် သူက နတ်ဝိညာဉ်စွမ်းအားများ နှစ်များစွာ ခြောက်ကပ်နေခဲ့သည့် ကောင်းကင်လူသားဂိုဏ်း ဝန်းကျင်၌ သိပ်သည်းသော နတ်ဝိညာဉ်စွမ်းအားများ ရုတ်တရက် ပေါ်ထွက်လာမှုကို ခံစားမိလိုက်၏။ နတ်ဝိညာဉ်စွမ်းအားများက သန့်စင်ရုံသာမက မိုးမြေ၏ ပြီးပြည့်စုံသော စည်းမျည်းများလည်း ပါဝင်နေသည်။

သူ့အနေနှင့် ကောင်းကင်လူသားဂိုဏ်း၏ နတ် ဝိညာဉ်သွေးကြောများနှင့် တောင်များကို တခြားသူများ ယူသွားကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ဤနေရာရှိ နတ်ဝိညာဉ်စွမ်းအား နည်းပါးသည့် အကြောင်းအရင်းကို ကောင်းစွာ သိထား၏။ သူက ကောင်းကင်လူသားဂိုဏ်းမှ ထွက်မသွားသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ဤနေရာမှာ သူ့အရင်းခံ ဖြစ်၍ ဖြစ်သည်။ သူ ပျောက်ကွယ်သွားလျှင်ပင် သူ့ဂိုဏ်းကို ကာကွယ်ရင်းဖြင့်သာ ပျောက်ကွယ်ခံလိုက်မည်။

သူက ကောင်းကင်လူသားဂိုဏ်း၏ ယခင် ဂိုဏ်းချုပ်  ဖန်းကျဲ ဖြစ်၏။

မိုးမြေကြားရှိ နတ်ဝိညာဉ်စွမ်းအားများက စတင်၍ သိပ်သည်းလာကာ မိုးမြေစည်းမျည်းများမှာလည်း စက္ကန်နှင့်အမျှ ပို၍ ကြည်လင်ပြတ်သားလာသည်။ ဖန်းကျဲက စိတ်လှုပ်ရှားလာမိ၏။ သူက လောကနတ်ဘုရားအဆင့် ၉ ၌ ရပ်တန့်နေသည်မှာ နှစ်များစွာ ကြာမြင့်လှပြီ ဖြစ်၏။ သူက နတ်ဘုရားဘုရင်အဆင့် မတက်လှမ်းနိုင်ခြင်းမှာ သိပ်သည်းလွန်းသော နတ်ဝိညာဉ်စွမ်းအားများနှင့် ကျင့်ကြံရေး နေရာနှင့်အတူ မိုးမြေ၏ ပြီးပြည့်စုံသော စည်းမျည်းများ  မရှိ၍ ဖြစ်သည်။

ထိုစဉ် သူ နှစ်များစွာ လိုအပ်နေသည့်အရာက မျက်စိရှေ့မှောက် ရောက်လာသည်။

ထိုစွမ်းအားများက မည်သည့်နေရာမှ ရောက်လာစေကာမူ ဖန်းကျဲက မနေနိုင်တော့ဘဲ စတင်ကျင့်ကြံလိုက်တော့သည်။ သူက ကောင်းကင်လူသား ကျင့်စဉ်ကို ကျင့်ကြံလိုက်သည်နှင့် ထိုသိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအားများက သူ့ခန္ဓာပတ်လည်၌ လှည့်ပတ်လာကြသည်။ သူ့မဟာတာအိုမှာလည်း သူ့အား ကိုယ်စားပြုသည့် မိုးမြေ စည်းမျည်းများကို အသုံးပြုရင်း သူဘာသာ ပြီးပြည့်စုံလာ၏။

“ဝုန်း ဝုန်း ဝုန်း ….” ဖန်းကျဲ ခေါင်းထဲ၌ ပေါက်ကွဲသံဆက်တိုက်ကို ကြားလိုက်ရပြီးနောက် ဖန်းကျဲက စိတ်ဓာတ်ကျခြင်းလည်း မရှိသလို ပျော်ရွှင်ခြင်းလည်း မရှိပေ။ သူက သူ့ယိုယွင်းပျက်စီးနေသည့် စွမ်းအားများကို သန့်စင်ပစ်လိုက်ခြင်း ဖြစ်၏။ သူ့အသက်ဓာတ်မှာ သိသိသာသာ အားကောင်းလာပြီး လျို့ဝှက်တိုက်ကွက် စည်းမျည်းများကလည်း ပို၍ ထင်ရှားပြတ်သားလာကာ သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာလည်း ပို၍ ထူးကဲလာသည်။

………………

ကောင်းကင်လူသားဂိုဏ်း၏ ခန်းမ၌ စုရှားက တပည့်သုံးယောက်ကို ခေါ်လာလေ၏။

ခန်းမအလယ်တွင် ရပ်နေရင်း စုရှားက ဦးညွှတ်ကာ  “ ဂိုဏ်းချုပ် … တံခါးပိတ် ကျင့်ကြံနေတုန်း  ဖြစ်တဲ့ ဂျုနီယာမောင်လေး မိုဝူကျိကလွဲရင် ယင်လင်း၊ တိပုထုံနဲ့ ကူချိုက်တို့ကို  ခေါ်လာပါတယ် … ”

“ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်။ အကြီးအကဲများကို ဂါရဝပြုပါတယ် …” ယင်လင်းတို့က ခန်းမအတွင်းရှိ လူများကို ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။

ရှီစုက စုရှားအား နားမလည်စွာ ကြည့်လိုက်ရင်း  “ ဒီနေရာက နတ်ဝိညာဉ်စွမ်းအားတွေက အရမ်းကို နည်းပါးတယ်လေ။ မိုဝူကျိက ဘယ်လိုများ အကြာကြီး ကျင့်ကြံနိုင်တာလဲ … ”

စုရှားက မြန်မြန် ဖြေပေးလိုက်၏  “ အဲဒါက ဂျုနီယာမောင်လေး မိုဝူကျိမှာ အစကတည်းက ကျင့်ကြံဆင့် နိမ့်နေလို့ပါ။ အဲဒါကြောင့် ဒီနေရာက နတ်ဝိညာဉ်စွမ်းအား ရှားပါးတယ်ဆိုပေမဲ့ သူ့အတွက်တော့ အကျိုးရှိပုံပါပဲ … ”

“ ဟုတ်တယ်။ မိုဝူကျိရဲ့ ပါရမီက သာမာန်ဆိုတော့ သူ့ကို အတွင်းစည်းတပည့် အဖြစ် ခေါ်ထားလိုက်တာ ” ဝေကျဲက တစ်ခါတည်း ဖြေရှင်းရန် ဆုံးဖြတ်လိုက်သည်။ သူက ကျန်သူများအနက် အရင်ဦးစွာ  မိုဝူကျိအား အဆိုးရွားဆုံး ပါရမီရှိကြောင်း အကြောင်းပြချက် သုံးလိုက်မည်။ နောက်ပိုင်း၌ သူက တခြားတပည့်များအတွက်လည်း အကြောင်းပြချက်ကို ရှာလိုက်မည်။

ရှီစုက စုရှား စကားများကို စိတ်ထဲ မထားပေ။ သူက ဝေကျဲအနေနှင့် အင်မတန် အရည်အချင်းရှိသည့် ကျင့်ကြံသူများကို ခေါ်ဆောင်မလာနိုင်သည့် အကြောင်းအရင်းကိုလည်း သိပေသည်။ သူက တခြားတပည့်သုံးယောက်ကို ကြည့်ကာ  “ မင်းတို့အားလုံးက ကောင်းကင်လူသားဂိုဏ်းသားတွေပဲ။ အဲဒါကြောင့်မလို့ မင်းတို့တွေ ယုံကြည်ချက် ရှိရမယ်။ ဘာမှစိုးရိမ်နေစရာ မလိုဘူး။ လာလာ …. မင်းတိုရဲ့ ပင်ကိုယ်ပါရမီကို စစ်ဆေးကြည့်ရအောင် … ”

စစ်ဆေးမှုအတွက် ကျောက်စိမ်းဖြူ မှော်ရတနာအား ခန်းမအလယ်တွင် တပ်ဆင်ထားလေ၏။ နတ်ဘုရားလောက၌ ပင်ကိုယ်ပါရမီ  စစ်ဆေးခြင်းမှာ လူတစ်ယောက်က အားအပြည့် မကျင့်ကြံခင် ထိုအပေါ် ထိုင်ရုံမျှသာ လိုအပ်လေသည်။

တိပုထုံနှင့် ကူချိုက်တို့ အနည်းငယ် အံ့ဩနေသညက်ကို သတိပြုမိပြီး အမြဲ အကောင်းမြင် တက်ကြွနေတတ်သည့် ယင်လင်းက ဦးစွာ နေရာယူလိုက်သည်  “ ကျွန်မ အရင်ဆုံး သွားပါ့မယ်  ”

ထိုသို့ပြောပြီးနောက် သူမက ကျောက်စိမ်းဖြူ မှော်ရတနာပေါ်၌ ထိုင်ကာ ကျင့်ကြံလိုက်တော့သည်။

ကျင့်ကြံရေးလောက၊ အင်မော်တယ်လောကနှင့် နတ်ဘုရားလောကများ၌ ကျင့်ကြံသူများက ဝိညာဉ်ကြောဟု ခေါ်ဆိုကြသော်လည်း သဘောတရားအရ ကွဲပြားပေသည်။ ကျင့်ကြံရေး လောကမှ ကျင့်ကြံသူများ အင်မော်တယ်လောကသို့ တက်လှမ်းလာသည့်အခါ သူတို့၏ ဝိညာဉ်ကြောမှာ အင်မော်တယ် ဝိညာဉ်ကြောအဖြစ် ပြောင်းလဲသွားလေ၏။ နတ်ဘုရားနယ်မြေသို့ ရောက်ပြီးသည့်နောက်တွင် ဝိညာဉ်ကြောမှာ နတ်ဝိညာဉ်ကြောအဖြစ် ပြောင်းလဲသွားတော့သည်။

ကျင့်ကြံရေး လောကရှိ ကျင့်ကြံသူများစွာတွင် ထိပ်တန်းအဆင့် ဝိညာဉ်ကြောများ ရှိလျှင်ပင် အားလုံးက ထိပ်တန်းအဆင့် အင်မော်တယ် ဝိညာဉ်ကြော ပိုင်ဆိုင်ကြမည် မဟုတ်ပေ။ အကယ်၍ ဝိညာဉ်ကြောမှ အင်မော်တယ် ဝိညာဉ်ကြောအဖြစ် ကူးပြောင်းခြင်းမှာ မပြီးပြည့်စုံခဲ့လျှင် သူတို့အနေနှင့် သာမာန် အင်မော်တယ် ဝိညာဉ်ကြောနှင့် ကျင့်ကြံသူများသာ ဖြစ်သွားပေမည်။ ပုံမှန်အားဖြင့် ကောင်းကောင်း အသွင်ပြောင်းနိုင်သည့် ဝိညာဉ်ကြောပိုင်ရှင်များမှာမူ နောက်လောက၌ ပိုမို ပါရမီကောင်းလာနိုင်သည်။

လက်ရှိ  ထိုကျောက်စိမ်းဖြူ မှော်ရတနာ ဝန်းကျင်၌ ကလေးလောက်သာ အရွယ်အစားရှိသည့် တိုင်ကိုးလုံး ရှိနေလေ၏။ အလယ်တိုင်မှာ အနက်ရောင် ဖြစ်နေပြီး ကျန်တိုင်ရှစ်လုံးမှာ ကြည်လင်နေ၏။ အလယ်ရှိ အနက်ရောင်တိုင်လုံးမှာ ဝိညာဉ်ကြော စစ်ဆေးဖို့ ဖြစ်ပြီး ဝိညာဉ်ကြော ကူးပြောင်းအဆင့်က ပိုမို ပြည့်စုံလေလေ အရောင်က ကြည်လင်သော အဖြူရောင် ပြောင်းလဲသွားမည် ဖြစ်၏။ အကယ်၍ ကူးပြောင်းခြင်း ဖြစ်စဉ်က မပြီးပြည့်စုံခဲ့လျှင် အဖြူရောင်တွင် မီးခိုးရောင်တချို့ ရှိနေနိုင်ပြီး မီးခိုးရောင်က များလေလေ ကူးပြောင်းခြင်း မပြီးပြည့်စုံလေလေ ဖြစ်၏။ ဘေးရှိ တိုင်လုံးရှစ်လုံးမှာ ထိုဝိညာဉ်ကြောများ၏ ပါရမီကို စမ်းသပ်ဖို့ ဖြစ်၏။

ယင်လင်းက စတင်ကျင့်ကြံလိုက်ပြီးသည့်နောက်တွင် အလယ်ရှိ အနက်ရောင်တိုင်လုံးမှာ အဖြူရောင် ပြောင်းသွားလေ၏။ မကြာခင် ထိုအဖြူရောင်ထဲ၌ မီးခိုးရောင်က ရောနှောကာ များလာသည်။

ရှီစုက သက်ပြင်းချကာ ဘာမှမပြောပေ။ ယင်လင်း၏ ဝိညာဉ်ကြော ကူးပြောင်းမှု ဖြစ်စဉ်က မပြီးပြည့်စုံသည်မှာ သိသာလှသည်။ သူမ ပါရမီမျိုးဖြင့် ကောင်းကင်လူသားဂိုဏ်း၌ ဝင်ဖို့ ရွေးချယ်လိုက်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

All Chapters