← Chapters

မွဲပြာကျစေမည့် ကောင်းကင်လက်များ

Vol. 24 Ch. 334

မွဲပြာကျစေမည့် ကောင်းကင်လက်များ

Vol. 24 Ch. 334

“ဒါ ဘာကျင့်စဉ်လဲ”

ဤရွှေရောင်စာအုပ်သည် အလွန်ဖွင့်ရခက်ခဲ့၏။ အထဲတွင် စာသားများများစားစား မရှိ။ အလွန်တိုတောင်းသော စာအတိုအစများသာ ရှိသည်။ ဥပမာ ‘ချီချယ့်တံတား’ ၊ ‘ဆန်းကြယ်လမ်းညွှန်’ ၊ ‘ကောင်းကင်ဖြတ်သန်းခြင်း’ ဆိုသည့် အဓိပ္ပါယ်မသိသော စာလုံးများဖြစ်သည်။

ပန်းကုန်စုန်၏အကြည့် ပထမစာရွက်အပေါ် ရောက်သွားသည်။ ပထမစာရွက်တွင် ပြိုးပြိုးပြက်ပြက် တောက်ပလျက် တင့်တယ်ခမ်းနားနေသော ကောင်းကင်နတ်ဘုံကို ပန်းချီရေးဆွဲထား၏။ ခန်းမတစ်ခုလုံး ထိန်ထိန်လင်းနေသော ရွှေရောင်အလင်းတန်းများက ဤပန်းချီမှ လာခြင်းဖြစ်သည်။

ပန်းချီသာ ဖြစ်သော်လည်း စာအုပ်ထဲရှိ ကောင်းကင်နတ်ဘုံမှာ အစစ်နှင့် မခြားသည့်အလား အလွန်အသက်ဝင်လှ၏။

ကောင်းကင်နတ်ဘုံ၏အ‌ရှေ့ရှိ တံတားက ကျိုးနေသည်။ ကျိုးနေသော တံတား၏ အဆုံးတစ်ဖက်၌ နတ်ဘုရားသဖွယ် ပုဂ္ဂိုလ်တစ်ဦး ရပ်နေသည်။

ပန်ကုန်းစုန် အတန်ငယ် မှင်သက်မိသွားသည်။ ဤမြင်ကွင်းသည် ရင်းနှီးနေသလို ရှိသည်။ ပန်းချီ၏ ပတ်ပတ်လည်ကို ကြည့်လိုက်သည့်အခါ နေ၊ လနှင့် ဓာတ်ကြီးငါးပါးအား သတိထားမိလိုက်၏။ “ဒါ ကောင်းကင်တံတား ကောင်းကင်ရတနာပဲ။ နတ်ဘုရားပုံရိပ်အသွင်က မူလဝိညာဉ် ဖြစ်လိမ့်မယ်။ ဒီပန်းချီက ရွှေရောင်စာအုပ်ထဲမှာ ဘာလုပ်နေတာလဲ။ ရွှင်ပျော်ပျော်ကျေးရွာရဲ့ ကောင်းကင်တံတားက အပြည့်အစုံ မဟုတ်ဘူးလား။ ဘာလို့ ဒီပန်းချီထဲမှာ ကျိုးနေတာလဲ”

ကျန်စာရွက်များတွင် မတူညီသောစွမ်းအင်လမ်းကြောင်းများကို ရေးဆွဲထားသည့် မတူညီသောရုပ်ပုံများ ရှိသည်။ ဝိညာဉ်သန္ဓေသားထဲရှိ ချီစွမ်းအင်ကို လှည့်ပတ်ပုံ၊ ဓာတ်ငါးပါးကောင်းကင်ရတနာ၏ ချီစွမ်းအင်ငါးသွယ်ကို ထိန်းချုပ်ပုံ၊ အရပ်ခြောက်မျက်နှာကို တွက်ချက်၍ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကြီးအား တည်ငြိမ်အောင်လုပ်ပုံ၊ ခုနစ်စဉ်ကြယ်ကို ချိတ်ဆက်ပုံ၊ ယင်ဝိညာဉ်နှင့် ချီစွမ်းအင်ကို ပေါင်းစည်း၍ မူလဝိညာဉ်သန်စွမ်းအောင် လုပ်ပုံ၊ သေခြင်းရှင်ခြင်းလောကစည်းကို ဖွင့်၍ ယိုတုကမ္ဘာကို ရှုမြင်ပုံအစရှိသဖြင့် ရေးဆွဲထား၏။

ရှစ်ပုံမြောက်က ကောင်းကင်တံတား ကောင်းကင်ရတနာပင် ဖြစ်ပြန်သည်။ ပန်ကုန်းစုန် ရင်တဒိန်းဒိန်း ခုန်သွားသည်။ ရှစ်ပုံမြောက်ရုပ်ပုံထဲတွင် ဖြန့်ခင်းထားသော အိပ်ရာခင်းစပမာ ချီစွမ်းအင်ဖြန့်ကျက်နေသည့် အရှေ့မှရုပ်ပုံခုနစ်ခုအား တွေ့လိုက်ရ၏။ မဖော်ပြနိုင်သော အားတစ်ရပ်က ချီစွမ်းအင်အများစုကို ဆွဲငင်နေသယောင် ရှိရာ တံတားကျိုး၏အဆုံးမှ ချီချယ့်ငှက်ကလေးများက  (သပိတ်လွယ်ငှက်) စီတန်းလမ်းခင်းပေးထားသကဲ့သို့ ဖြစ်နေသည်။

“ချီချယ့်တံတား”

ပန်ကုန်းစုန် ရင်ခုန်လာသည်။ ဤသည်မှာ ကျိုးနေသော တံတားကို ပြန်ဆက်ပေးနိုင်သည့် ချီချယ့်တံတားကျင့်စဉ် ဖြစ်၏။

သူ နောက်တစ်မျက်နှာ မြန်မြန် လှန်လိုက်သည့်အခါ တံတားအဆုံးတစ်ဖက်ရှိ မူလဝိညာဉ်က ချီချယ့်တံတားကို နင်းလျှောက်ကာ တစ်ဖက်အဆုံးရောက်သွားကြောင်း မြင်တွေ့လိုက်ရ၏။ သို့သော် ကောင်းကင်နတ်ဘုံအရှေ့တွင် ဖြတ်သွားမရသော အကွာအဝေးတစ်ခု ရှိနေသေးသည်။

ဤအခိုက်အတန့်တွင် ချီစွမ်းအင်လမ်းကြောင်းက အံ့ဖွယ်ထူးကဲစွာ ပြောင်းလဲသွားပြီး ကောင်းကင်နတ်ဘုံနှင့် ဆက်စပ်သွားသကဲ့သို့ ကောင်းကင်နတ်ဘုံရှိရာအရပ်သို့ စီးမျောသွားကာ ထိုနေရာမှ တံတားတစ်စင်း ဖြည်းဖြည်းချင်း ပေါ်လာသည်။

“ဆန်းကြယ်လမ်းညွှန်တံတား”

စိတ်လှုပ်ရှားလွန်း၍ ပန်ကုန်းစုန်၏မျက်လုံးများ အရောင်တောက်လာသော်လည်း သူက တမုဟုတ်ချင်း စိတ်ပြန်ထိန်းလိုက်သည်။ ထို့နောက် အော်ဟစ်ကြွေးကြော်လိုစိတ်များကို မြိုသိပ်ပြီး နောက်တစ်မျက်နှာ လှန်လိုက်၏။

ရွှေရောင်စာအုပ်ထဲရှိ နည်းလမ်းများမှာ အလွန်ရှုပ်ထွေးလွန်းသည်။ သူသာဆိုလျှင် ကောင်းကင်တံတားကို ပြန်ဆက်ဖို့ ထိုမျှရှုပ်ထွေးဆန်းပြားသော ကျင့်စဉ်အတွက် ပထမအဆင့်ကိုပင် တွေးမိမည်မဟုတ်ပေ။ သို့တိုင်အောင် ရွှင်ပျော်ပျော်ကျေးရွာသားများက အမှန်တကယ် ဖန်တီးနိုင်ခဲ့ရာ မယုံနိုင်ဖွယ်ကောင်းလွန်းလေသည်။

“ဒါက ငါ တစ်သက်လုံး စုဆောင်းလာတဲ့ အသိအမြင်တွေထက် သာလွန်တဲ့ ရွှေစာအုပ်တစ်အုပ်ပဲ။ ခွေးသူတောင်းစားချင် ငါ့ပစ္စည်းတွေ လုသွားလဲ ဘာဖြစ်လဲ ဒီရွှေစာအုပ်နဲ့ဆို ကောင်းကင်တံတားကို ပြန်ဆက်ပြီး နတ်ဘုရားဖြစ်လာနိုင်ပြီ”

ပန်ကုန်းစုန် ငိုက်ခနဲ မူးဝေသွားသည်။ စိတ်လှုပ်ရှားလွန်း၍ သူ၏တာအိုနှလုံးသား မငြိမ်မသက်ဖြစ်သွားကြောင်း သူ သိလိုက်သည်။ သူသည် နှစ်ပေါင်းတစ်‌သောင်းကျော် နေထိုင်လာခဲ့သော မကောင်းဆိုးဝါအိုကြီး ဖြစ်ပါသော်လည်း ပျော်လွန်း၍ သွေးက ခေါင်းထဲ တရှိန်ထိုး တိုးဝင်လာသဖြင့် တာအိုနှလုံးသား မငြိမ်မသက်ဖြစ်သွားသေး၏။

“ငါ ကောင်းကင်တံတားအဆင့်အထိ ကျင့်ကြံပြီး ကောင်းကင်တံတား ကောင်းကင်ရတနာကို နှိုးလိုက်တာနဲ့ နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်ပြီ။ သိုင်းအဆင့်တက်အောင် မြန်မြန်လုပ်မှပဲ”

ထိုအခိုက်အတန့်တွင် လိုလန်ရွှေနန်းတော်၏ ဥသျှောင်မှော်ဆရာက သတင်းလာပို့သည်။ “ဆရာသခင်၊ ရှေ့တန်း အခြေအနေမကောင်းပါဘူး။ လွမ်သီခန်က စကားပါးလိုက်တယ်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရှေ့တန်းကို ရောက်လာပြီး ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ကိုလည်း ခေါ်လာပါတယ်တဲ့။ အဲဒီဂိုဏ်းသခင်က ဓားရောင်တွေ ပင်လယ်လိုဝေသွားတဲ့ ဓားကွက်ကို ထုတ်ဖော်ပြီး စစ်မြေပြင်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပါတယ်တဲ့”

ပန်ကုန်းစုန် အံ့ဩသွားပြီး ဟားတိုက်ရယ်လိုက်သည်။ “လွမ်သီခန် ရူးများနေလား။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ခွေးသူတောင်းစားချင်လေ၊ ဘယ်လိုလုပ် အဲဒီလောက်အစွမ်းအစရှိမှာလဲ။ ဓားရောင်တွေ ပင်လယ်လို ဝေသွားတယ်ဟုတ်စ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံတောင် အဲဒီလိုလုပ်နိုင်ဖို့ မသေချာဘူး။ သူက ဒဏ်ရာလည်း ရထားသေးတာ။ ပေါက်ကရတွေ ပြောနေတာ၊ ပေါက်ကရပြောနေတာ”

“လွမ်သီခန်ရဲ့ ရည်ရွယ်ချက်က ဆရာသခင်ကို ဖိတ်ခေါ်ပြီး ရွှေနန်းတော်ရဲ့သိုင်းပညာရှင်တွေကို စုစည်းဖို့ပါ” ဥသျှောင်မှော်ဆရာက ပြောသည်။

ပန်းကုန်စုန် စိတ်ကြည်နေသည့်အတွက် ပြုံးလိုက်သည်။ “လွမ်သီခန်က ကြောက်တတ်လွန်းအားကြီးတယ်။ ငါ မြက်ခင်းလွင်ပြင်တစ်ခုလုံးကို အမိန့်ထုတ်ပြန်ထားပြီးပြီ။ သူ့ကို အားဖြည့်ပေးမယ့် လူရိုင်းမျိုးနွယ်တစ်ရာကျော်၊ ခန်တစ်ရာကျော် ရှိတယ်။ ဒီခန်တွေရဲ့ သိုင်းအဆင့်နဲ့ ကျင့်စဉ်စွမ်းအင်က မနိမ့်ကျကြဘူး။ ဒါ့အပြင် ဝံပုလွေအသိုက်နယ်မြေက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ စစ်တပ်အင်အား တကွဲတပြားဖြစ်အောင် မြောက်ပိုင်းမှာရှိတဲ့ ဆောင်းသံမဏိတံခါးကိုလည်း တိုက်ခိုက်နေတယ်။ ဒါတောင် သူက ငါတို့လိုလန်ရွှေနန်းတော်ကို စစ်ကူခေါ်နေသေးတယ်လား”

ဥသျှောင်မှော်ဆရာက ရုတ်ခြည်း လျှောက်တင်သည်။ “ဆရာသခင်၊ လွမ်သီခန်ကို ဘယ်လိုအကြောင်းပြန်ရမလဲ။ ဓားရောင်ပင်လယ်က ‌ပေါက်ကရပြောတာတော့ ဟုတ်ပုံမရဘူး”

ပန်ကုန်းစုန် ထ၍ ဟိုမှသည် လျှောက်နေရင်း ရေရွတ်နေသည်။ “ဓားရောင်ပင်လယ် ဓားရောင်ပင်လယ် ... ငါ ဒီလိုဓားသိုင်းမျိုးကို မြင်ခဲ့ဖူးတယ်။ ဟီးဟီး ကြည့်ရတာ ဟိုတစ်ယောက် ရောက်လာတဲ့ပုံပဲ။ လူသားဧကရာဇ်အဘိုးကြီး မသေခင် ငြိမ်ငြိမ်မထိုင်နိုင်ဘူးထင်တယ်”

ဥသျှောင်မှော်ဆရာ တုန်လှုပ်သွားသည်။ “မျိုးဆက်ဟောင်း လူသားဧကရာဇ်လား”

“လူသားဧကရာဇ်အဘိုးကြီး လူလုံးထွက်ပြပြီဆိုတော့ ပိုလွယ်ကူသွားတာပေါ့” ပန်ကုန်းစုန် ပြုံးလိုက်သည်။ “ဒါ ငါတို့ လိုလန်ရွှေနန်းတော် မျက်နှာထွက်ပြဖို့ အခွင့်အရေးပဲ။ အနောက်ကမ္ဘာမြေက နတ်တောင်ထွတ်ကို သွား၊ အမွှေးတိုင်ထွန်းပူဇော်ပြီး အထက်ကောင်းကင်ဘုံက လူတွေကို ဆင့်ခေါ်လိုက်ချည်။  လူသားဧကရာဇ် မဟာမြို့ပျက်အပြင် ထွက်လာပြီလို့ ပြောလိုက်။ လောလောဆယ် ငါ လိုလန်ရွှေနန်းတော်ရဲ့ သိုင်းပညာရှင်တွေကို ‌ခေါ်ပြီး လွမ်သီခန်ကို အားဖြည့်ပေးထားမယ်”

ဥသျှောင်မှော်ဆရာ၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူက ကျယ်လောင်စွာ လျှောက်တင်သည်။ “သုံးကြိမ်သုံးခါ စဉ်းစားပါဦး ဆရာသခင်၊ လူသားဧကရာဇ်ရဲ့ ဓားသိုင်းက ပြီးပြည့်စုံတဲ့အဆင့် ရောက်နေပါပြီ။ ကျွန်တော်တို့ လိုလန်ရွှေနန်းတော် ကျရှုံးရမှာ စိုးရိမ်မိပါတယ်...”

“ငါတို့လိုလန်ရွှေနန်းတော်က အထွတ်အမြတ်မြေတစ်ခုလေ ဘာကြောင့် ဒီလိုအဘိုးကြီးကို ကြောက်ရမှာလဲ။ အခု ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းတို့နှစ်ယောက်လုံးက သုံးစားမရတော့ဘူး။ တာအိုသခင်နဲ့ တထာဂတကလည်း အိုနေပြီ။ တာအိုဂိုဏ်းနဲ့ မဟာမိုးခြိမ်းသံကျောင်းတော်မှာ အုပ်ချုပ်နေတဲ့သူရှိတော့တာ မဟုတ်ဘူး။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ခွေးသူတောင်းစားချင်ကလည်း ငယ်သေးတဲ့အပြင် ရည်မှန်းချက်လည်း မရှိဘူး။ ဒါကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ဖယ်ရှားသင့်တယ်” ပန်ကုန်းစုန်က အပန်းမကြီးသောကိစ္စတစ်ရပ်ကို ပြောနေသည့်အလား အေးဆေးနေသည်။

ဥသျှောင်မှော်ဆရာ အတန်ငယ် မှင်သက်သွားပြီး ကပျာကယာ ပြောလိုက်သည်။ “ဆရာသခင်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို လျှော့မတွက်ပါနဲ့”

ပန်ကုန်းစုန်က ရွှေရောင်စာအုပ်ကို သူ့ဝတ်ရုံထဲတွင် သိမ်းလိုက်ပြီး ပြုံးလျက် လျှောက်လာသည်။ “မင်းကသာ သူတို့ အထင်ကြီးနေတာကွ။ ငါတို့ လိုလန်ရွှေနန်းတော်ဆိုတာ ပေါက်လို့ပဲစားမဟုတ်ဘူး။ ဂိုဏ်းသခင်အဆင့် သိုင်းပညာရှင်တွေ တစ်ဒါဇင်ကျော် ရှိတယ်။ မြက်ခင်းလွင်ပြင်မှာ ခန်တစ်ရာကျော်လည်း နေရာယူထားတယ်။ ဒါကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကြောက်စရာမလိုဘူး။ တကယ်တော့ အခု လူသားဧကရာဇ်အဘိုးကြီး ပေါ်လာပြီဆိုတော့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကံကြမ္မာက ဆုံးဖြတ်ပြီးသားတောင် ဖြစ်နေပြီ။ အထက်ကောင်းကင်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို အမြစ်ဖြုတ်သုတ်သင်ဖို့ ငါတို့ကို သေချာပေါက် လိုလိုလားလား ကူညီလိမ့်မယ်။ လူသားဧကရာဇ်တော့ ဒီတစ်ခေါက် ပြဿနာအကြီးကြီးရှာလိုက်တာပဲ”

ပန်ကုန်းစုန် တဟားဟား ရယ်ရင်း အထွတ်အမြတ်ခန်းမအပြင် ထွက်လာသည်။ ရွှေနန်းတော်၏ ကောင်းကင်နတ်အသွင်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်နှင့် ကောင်းကင်တံတားအဆင့် သိုင်းပညာရှင်များကို စုရုံးပြီးနောက် နယ်စပ်ခံတပ်သို့ ချီတက်သွား၏။

ဥသျှောင်မှော်ဆရာလည်း အချိန်မဆွဲဝံ့ဘဲ အနောက်ကမ္ဘာမြေဆီ သုတ်ခြေတင် ထွက်သွားသည်။

ပန်ကုန်းစုန်က မူလဝိညာဉ်ဖွဲ့တည်ပြီးထားသော သိုင်းပညာရှင်အားလုံးကို ခေါ်ဆောင်လာ၏။ သူတို့က သင်္ဘောတစ်စင်းပေါ် တက်လိုက်ကြပြီး ကောင်းကင်နတ်အသွင်အဆင့် မှော်ဆရာဘုရင်တချို့က ငှက်တောင်ပံများဖွဲ့တည်ကာ သင်္ဘောကို ဆွဲသွားသည်။ သူတို့၏အမြန်နှုန်းက လျှပ်စီးသဖွယ် မြန်၏။

သို့တိုင်အောင် နယ်စပ်ခံတပ်သို့ ရောက်ရန် ခြောက်ရက်နီးပါး အချိန်ယူလိုက်ရသေးသည်။

နယ်စပ်ခံတပ်၏အနောက်ရှိ တောင်တန်းများအပေါ်တွင် နွားများ၊ ဆိတ်များ ကျက်စားနေကြ၏။ မြက်ခင်းလွင်ပြင်အနှံ့အပြားမှ ခန်များက အသားရိက္ခာအတွက် နွားဆိတ်များကို လာသတ်ကြသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ အားနည်းနေသည့်အတွက် ပန်ကုန်းစုန်ကိုယ်တိုင် မြက်ခင်းလွင်ပြင်၏ အင်အားကို စုစည်းစေခဲ့ခြင်းဖြစ်သည်။ လွမ်သီခန်က ဦးဆောင်၍ ကျူးကျော်စစ်ဆင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် မြောက်ပိုင်းမှ ထိုးစစ်ဆင်ရန် ဝံပုလွေအသိုက်နယ်မြေနှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သိမ်းပိုက်ပြီးလျှင် နယ်မြေများကို ညီတူညီမျှ ခွဲယူမည်ဟု သူတို့ သဘောတူခဲ့ကြ၏။

မြက်ခင်းလွင်ပြင်စစ်တပ် ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်သည့်အတွက် အင်အားဖြည့်တင်းရန် စစ်သည်များစွာ ရောက်လာခဲ့ကြသည်။ သိုင်းပညာရှင်များစွာ ပေါ်လာခဲ့သော်လည်း ချင်းမန်တံခါးတွင်လည်း တပ်ကူများ ရောက်နေခဲ့၏။ ဤအခြင်းအရာက စစ်ရေးအခြေအနေကို ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်စေခဲ့ပြန်သည်။

ချင်မူတို့ ရောက်လာသည့်အချိန်က ဘဲလျှာရပ်ဝန်းကို လုနေကြသည့် အရေးကြီးသောအခိုက်အတန့် ဖြစ်သည်။ သို့သော် ရွာလူကြီးက ခိုင်ဧကရာဇ်၏ဓားတွင် သွေးပင်လယ်ဖြာသည် ဓားကွက်ဖြင့် စစ်မြေပြင်ကို ထိန်းချုပ်ခဲ့၏။

လိုလန်ရွှေနန်းတော်၏ အဆင့်မြင့်သိုင်းသမားများဖြင့် ပန်ကုန်းစုန် လာနေသည့်အကြောင်း ကြားလျှင် လွမ်သီခန်က မြက်ခင်းလွင်ပြင်၏ ခန်အများစုကို ဦးဆောင်၍ သွားကြိုသည်။ ပန်ကုန်းစုန်က သူ့သားအမည်ခံထားသော်လည်း သူ၏သရုပ်မှန်က မှော်ဆရာသခင်ဖြစ်၏။ လွမ်သီခန် သားဖြစ်သူအတွက် စိတ်မ‌ကောင်းသော်လည်း မှော်ဆရာသခင်ကြောင့် ဝမ်းသာခြင်းလည်း ဖြစ်မိသည်။

ပန်ကုန်းစုန် သူ့သားခန္ဓာကိုယ်ကို ဝင်ပူးပြီးနောက် လိုလန်ရွှေနန်းတော်၏ သူ့အပေါ် သဘောထားက အကောင်းဘက်သို့ ပြောင်းလဲလာသည်။ မြက်ခင်းလွင်ပြင်၏ ဘုရင်အဖြစ် သူ့အား အပြည့်အဝ ထောက်ခံပေးကြ၏။

“ဆရာသခင်ကို ဂါဝရပြုပါတယ်” လွမ်သီခန်က ခန်အားလုံးကို ဦးဆောင်လျက် အော်လိုက်သည်။

ပန်ကုန်းစုန်က ကပျာကယာ ရှေ့ထွက်ပြီး ပြုံးပြုံးရယ်ရယ်ဖြင့် သူ့အား ကူထူပေးလိုက်သည်။ “မင်းကက ဒီမျိုးဆက်မှာ ငါ့အဖေပါ၊ ထုံးစံတွေ မလိုပါဘူး။ မင်းပြောတဲ့ ဓားရောင်ပင်လယ်နဲ့ပတ်သက်ပြီး ဘယ်သူကြောင့်ဖြစ်တာလဲ တွေးမိပြီးပြီ။ မင်း စိတ်အေးအေးထားနိုင်အောင် ငါ လာခဲ့တာပဲ”

လွမ်သီခန်မှာ ဂါဝရပြုနေရင်းမှ ပင်လယ်တစ်စင်းပမာ မိုးမြေတစ်ခွင် လွှမ်းခြုံသွားသော ဓားရောင်များကို ပြန်မြင်ယောင်မိလိုက်သဖြင့် တုန်ရီသွားသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ရဲ့ အစွမ်းအစတွေက လက်ဖျားခါလောက်ပါပေတယ်။ ဓားကွက်က အံ့မခန်းပဲ။ ချင်းမန်တံခါးမှာ သူ ရှိနေသရွေ့ ကျွန်တော်တို့ မြက်ခင်းလွင်ပြင်ရဲ့ သူရဲကောင်းတွေ ရှေ့ဆက်တိုးရခက်ပါလိမ့်မယ် ဆရာသခင်....”

“ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်တဲ့လား” ပန်ကုန်းစုန် တဟားဟား အော်ရယ်၍ ခြေဆောင့်နင်းလိုက်ပြီးမှ အရယ်ရပ်လိုက်နိုင်သည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က ဆယ့်‌ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ပဲ။ သူ့အစွမ်းအစက ထူးခြားပေမယ့် ဒီလောက်လည်း အရေးထားစရာမလိုပါဘူး။ သူ့ကို ထည့်တွက်မနေနဲ့။ ငါ သူနဲ့ တွေ့လိုက်မယ်၊ စိတ်အေးအေးသာထား”

လွမ်သီခန် စိတ်သက်သာရာ ရသွားသည်။ “ဆရာသခင်နဲ့ မှော်ဆရာဘုရင်တွေရဲ့ အကူအညီသာ ရလို့ကတော့ အလံတလူလူ လွင့်ထူရင်း အလယ်ကမ္ဘာမြေကို သိမ်းပိုက်နိုင်မှာ သေချာတယ်”

ပန်ကုန်းစုန် အကုန်လုံးကို တံခါးဆီ ဦးဆောင်ခေါ်သွားသည့်အခါ သူ့အရှေ့ရှိ မြို့တံခါးပွင့်သွား၏။ သူက မှော်ဆရာများကို ဦးဆောင်၍ တောင်ကြောနှစ်ခုအကြားရှိ ဘဲလျှာရပ်ဝန်း၏အလယ်သို့ သွားလိုက်သည်။ ထို့နောက် မှော်ဆရာတစ်ယောက်ကို အော်ခိုင်းလိုက်၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ချင်မူ၊ ဆရာသခင် မင်းနဲ့စကားပြောဖို့ လာတယ်။ သတ္တိရှိရင် မြို့အပြင် ထွက်လာပါ”

အော်လိုက်သူက ဂိုဏ်းသခင်အဆင့် မှော်ဆရာဘုရင်တစ်ဦးဖြစ်သည်။ သူ့အသံသည် ချင်းမန်တံခါးအထိ ဟိန်းထွက်သွား၏။

ချင်မူက အားလုံးနှင့်အတူတူ ကောင်းကင်စက်ကွင်းများ သွန်းလုပ်နေ၍ အော်ခေါ်သံကြောင့် မှင်သက်သွားသည်။ ‘မကောင်းဆိုးဝါးအိုကြီး ပန်ကုန်းစုန် ထွက်လာရဲသေးတယ်လား။ ငါ သူ့ကို သတ်လိုက်တာနဲ့ သူ့ရဲ့အောက်လမ်းအစီအရင်လည်း ပျောက်ကွယ်သွားလိမ့်မယ်။ ဘိုးဘိုးသားသတ်သမား ဒီမှာမရှိတာ ဆိုးတာပဲ။ မဟုတ်ရင် ပန်ကုန်းစုန်ကို သူ့ထက်ပို သတ်ချင်တဲ့လူ ရှိမှာမဟုတ်ဘူး”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ချင်မူ့ဘေး ရောက်လာသည်။ ထော့ကျိုး၊ ရွာလူကြီးနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တပ်မှူးများလည်း ပါ၏။ ချင်မူ ပန်ကုန်းစုန်၏ ဝိညာဉ်ဂါဝရပြုသောအစီအရင်မှ မိစ္ဆာနတ်ဘုရား၏ပုံတူကို ထုတ်ကုလိုက်သည်။

“တစ်ခါမှ မမြင်ဖူးဘူး” ရွာလူကြီးက ခေါင်းယမ်းသည်။

ထော့ကျိုးလည်း ခေါင်းယမ်းပြီး တပ်မှူးများလည်း အလားတူပင်။ “ဒီမိစ္ဆာက ထူးဆန်းတယ်။ ဒီလိုအမျိုးအစားကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး”

ချင်မူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံကို လှမ်းကြည့်လိုက်ရာ သူက တခဏစဉ်းစားပြီး ပြောသည်။ “ငါနဲ့ ငါ့ဇနီး ကျောက်စိမ်းမြို့တော်ငယ်ဆီ သွားတုန်းက ခပ်ဆင်ဆင် ရုပ်တုကို မြင်ခဲ့ဖူးသလိုပဲ။ ဒါပေမဲ့ မမေးခဲ့မိဘူး”

သူတို့ စကားပြောနေကြစဉ် အပြင်မှ အော်သံများက မရပ်ပေ။

ချင်မူ ပန်းချီကို ပြန်သိမ်းပြီး မတ်တပ်ထရပ်ကာ ပြုံးလိုက်သည်။ “ကျွန်တော်တို့ ပန်ကုန်းစုန်ကို သတ်နိုင်ရင် ကျောက်စိမ်းမြို့တော်ငယ်ဆီ သွားစရာမလိုတော့ဘူး။ ဘိုးဘိုးရွာလူကြီး၊ အဲဒီကောင်ကို သုတ်သင်ဖို့ ကျွန်တော်နဲ့ လိုက်ခဲ့”

ရွာလူကြီးက ခေါင်းခါသည်။ “ငါက လူသားဧကရာဇ်၊ သေမျိုးလူ့ပြည်ရဲ့ အရေးကိစ္စတွေ ဝင်မစွက်ဖက်ရဘူး။ မဟုတ်ရင် ဘယ်သူက လူသားဧကရာဇ်ရဲ့ စကားကို နားထောင်တော့မှာလဲ”

“ဒါဆို လူသားဧကရာဇ်တံဆိပ်တုံးက ဘယ်နေရာမှာ သွားသုံးရမှာတုံး”

ချင်မူ လူသားဧကရာဇ်တံဆိပ်တုံးကို မုန်းလွန်း၍ လွှင့်ပင် လွှင့်ပစ်ချင်သည်။ ဤသံတုံးကြီးက အသုံးမဝင်သည့်တိုင် ကန့်သတ်ချက်များ များပြားလွန်းနေသေး၏။ လွှင့်ပစ်လိုက်လျှင် ရွာလူကြီး စိတ်ထိခိုက်မှာစိုးသည့်အပြင် ရွာလူကြီးကို အဆင့်တူတွင် အနိုင်မယူနိုင်ခဲ့သောကြောင့် ကတိမဖျက်ဘဲ သိမ်းထားခြင်းသာ ဖြစ်သည်။

‘ပန်ကုန်းစုန် မကောင်းဆိုးဝါးအိုကြီး ငါတို့ ချင်မိသားစုပိုင် ပစ္စည်းတွေကို ခိုးရဲတဲ့အပြင် ငါ့အရှေ့မှာတောင် မျက်နှာလာပြနေသေးတယ်။ ဒီလုပ်ရပ်က ငါ့ဘိုးဘေးတွေရဲ့ အုတ်ဂူပေါ်မှာ ကပြနေသလို မဖြစ်ဘူးလား’

ချင်မူ ဒေါသထွက်လာပြီး ခပ်ပြတ်ပြတ် ပြောလိုက်သည်။ “ဘိုးဘိုးထော့ကျိုး၊ ကျွန်တော်နဲ့ လိုက်ခဲ့။ သူ မွဲပြာကျသွားအောင် ခိုးကြမယ်”

ထော့ကျိုး၏မျက်လုံးများ အရောင်တောက်လာပြီး တခွီးခွီး ရယ်လိုက်သည်။ “ဘယ်သူက ကောင်းကင်လက် စောရနတ်ဘုရားလည်း ကြည့်ရတာပေါ့”

All Chapters