← Chapters

ဒုတိယ ကပ်ဘေး စတင်ခြင်း

Vol. 40 Ch. 549

ဒုတိယ ကပ်ဘေး စတင်ခြင်း

Vol. 40 Ch. 549

လုံချန်၏ ဦးနှောက်မှ ပဲ့ထွက်လာသည့် အပိုင်းအစများ အတွင်းတွင် ဝိညာဥ်အော်ရာ တစ်ခုမှာ မှိန်ဖျော့စွာ တောက်ပနေ၏။ ထိုဝိညာဥ်အော်ရာမှာ သတိမထားနိုင်မိလောက်အောင် အလွန်အမင်း အားနည်းလွန်းလှသော်လည်း အသက်ရှင်နေသည့် နှလုံး တစ်ခု အလား ဖြည်းညင်းစွာ ခုန်နေခဲ့သည်။

“အဲဒါက ဘာလဲ...”

ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဥ်းမြောင်း သွား၏။ ၎င်းက ဝိညာဥ်အော်ရာ တစ်ခုထက် ရည်ရွယ်ချက် တစ်ခု၊ ဆန္ဒ တစ်ခုနှင့်ပင် ပိုမို၍ တူပေသည်။ သို့သော်လည်း သေချာတာ တစ်ခုက ၎င်းမှာ လုံချန်၏ ဝိညာဥ်နှင့် နက်နက်ရှိုင်းရှိုင်း ဆက်စပ် နေပေသည်။

“ဒီလို ဆန်းကြယ်တဲ့ ရည်ရွယ်ချက်မျိုးကို ငါ တစ်ခါမှ မမြင်ဖူးဘူး... ငါ့ရဲ ဒြပ်စင် နှလုံးသား ရည်ရွယ်ချက်မှာတောင် အဲဒီလို ဝိညာဥ်နှင့် ချိတ်ဆက်နိုင်တဲ့ စွမ်းရည် မရှိဘူး”

လုံချန်မှာ သေမျိုး အဆင့်ကို ကျော်လွန်နေသည့် တစ်စုံတစ်ရာကို ပိုင်ဆိုင်ထားရမည်ဟု ဝေ့ဝူယင် စိတ်ထဲမှ မှတ်ချက်ချလိုက်မိသည်။ ထိုတစ်စုံတစ်ရာက မည်သည့်အရာပင် ဖြစ်စေ... အလွန်အမင်း ထူးခြားရပေမည်။

မည်သို့ပင် ဆိုစေ လုံချန်မှာ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဝိညာဥ်အော်ရာကသာလျှင် သူ အသက်ရှင်နေသည်ဟု ညွှန်ပြနေခြင်း ဖြစ်သည်။

သို့သော်လည်း ၎င်းက ဟုန်ရု၏ အသက်ကို ပြန်လည် ရှင်သန်လာစေခဲ့သည့် ဝိညာဥ်အပိုင်းအစ ကဲ့သို့ ပြီးပြည့်စုံသည့် ဝိညာဥ် မဟုတ်ပါပဲ သည်အတိုင်း ဝိညာဥ်အော်ရာ သက်သက်မျှသာ ဖြစ်သည်။  ၎င်းမှတစ်ဆင့် လုံချန် တိုက်ရိုက် ပြန်လည် ရှင်သန်လာဖို့ လုံးဝ မဖြစ်နိုင်ပါချေ။

“ဒါပေမဲ့ အဲဒါက လုံချန့်ရဲ့ ဝိညာဥ်ကို ခြေရာခံပြီး ပြန်ဆင့်ခေါ်တာ ဒါမှမဟုတ် ပြန်ဖန်တီးတာမျိုးတော့ လုပ်ကောင်း လုပ်ပေးနိုင်တယ်”

ဝေ့ဝူယင် မှတ်ချက်ချလိုက်မိ၏။ အကယ်၍ လုံချန် ပြန်လည် ရှင်သန်လာခဲ့လျှင်လည်း သူ နောက်တစ်ကြိမ် ထပ်မံ သတ်ဖြတ်ပစ်ခဲ့ဦးမည် ဖြစ်သည်။

ငရဲ၏ ဒုတိယမြောက် ကပ်ဘေးကိုပင် အမှုမထားအားပဲ လုံချန်အား သတ်ဖြတ်ခဲ့ခြင်း အတွက် ဝေ့ဝူယင်တွင် အကြောင်းရင်း နှစ်ခု ရှိပေသည်။ ပထမတစ်ချက်... ဝူပိုင်ကျိုး၊ လင်းကျိရန်နှင့် နာ့ရှင်းရီတို့ အပေါ်လုံချန်၏ အငြိုးမှာ ကြီးမားလွန်းလှသည်။ အကယ်၍ သူသာ မစားရသည့် အမဲ သဲသင့်ပက်ရန် ကြိုးပမ်းခဲ့ပါက ဗာကီရီ အဖွဲ့ အတွက် မလိုလားအပ်သည့် အဖြစ်အပျက်များ ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။

ဒုတိယ တစ်ချက်... လုံချန်၏ ကိုယ်ပေါ်တွင် အာဏာရှင် အော်ရာ တစ်ခု ရှိနေသည်။ ထိုအချက်က လုံချန်မှာ အာဏာရှင် အဖွဲ့သား တစ်ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း ညွှန်ပြနေသည်။ လုံချန် သတ်ဖြတ်ခဲ့သည့် လူက မည်သူမှန်း မသိရသေးသည့်တိုင် ဘာပဲဖြစ်ဖြစ် သူ အာဏာရှင် အဖွဲ့သား တစ်ယောက် ဖြစ်သည်။ လက်အောက်ငယ်သား တစ်ယောက် အတွက် တရားမျှတမှုကို ယူဆောင်ပေးရန် ခေါင်းဆောင် အပေါ်တွင် တာဝန် အပြည့်ရှိပေသည်။

ဝေ့ဝူယင် အကြည့်များက လုံချန်၏ ဝိညာဥ်အော်ရာ အပေါ်သို့ ကျရောက်နေကာ အတွေးနက်နေဟန် ရသည်။ တစ်ချိန်တည်း၌ ငွေရောင် မျက်လုံးများမှာ မတူကွဲပြားသည့် ကြယ်တာရာများနှင့် ဆက်လက် တောက်ပနေဆဲ ဖြစ်သည်။

“အဲဒါက အတိအကျ ဘာလဲ... အဂ္ဂိရတ် တာအို တစ်ခုကပဲ အာရုံကပဲ အာရုံခံနိုင်တယ် ဆိုတော့ အဲဒါကို သန့်စင်လို့ ရနိုင်လောက်လား”

ဝေ့ဝူယင် အဂ္ဂိရတ် အင်အားတစ်စကို ထုတ်လွှတ်ကာ ထိုအပိုင်းအစထံသို့ ပို့လွှတ်လိုက်၏။ ထို့နောက် ဖြည်းညင်းစွာပင် ဝိညာဥ်အော်ရာကို ထိတွေ့လိုက်သည်။ ၎င်းက ငြင်းဆန်ခြင်း မရှိပါချေ။

ဟူး... ဟူး...

ဝေ့ဝူယင်က ဖြည်းညင်းစွာပင် ဝိညာဥ် အော်ရာကို ဦးနှောက် အပိုင်းအစထဲမှ ထုတ်ယူကာ အနားသို့ ဆွဲယူလိုက်၏။ ၎င်းက အပြည့်အဝ မဖွဲ့စည်းရသေးသည့် စကျင်ကျောက်ငယ် တစ်ခု ကဲ့သို့ အရောင်အဆင်းရှိကာ အလင်း မှိန်ဖျော့ဖျော့ တစ်ခုကို ထုတ်လွှတ်နေသည်။ ဝိညာဥ်အော်ရာနှင့် လုံချန်၏ ဦးနှောက် အပိုင်းအစတို့ လုံးဝ အဆက်အသွယ် ပြတ်တောက် သွားသည့် အချိန်မှာပင် ၎င်းမှာ ဖြစ်ပေါ် လာခဲ့တော့၏။

ခရက်...

မျက်တောင်တစ်ခပ်စာမျှ အတွင်းမှာပင် လောကကြီးမှာ ရုတ်တရက် အေးခဲ ရပ်တန့်သွား၏။ ရင်းနှီးနေပြီးသား ဖြစ်သည့် ကောင်းကင်တာအို၏ အမျက်ဒေါသ အော်ရာက ဝေ့ဝူယင်၏ နှလုံးသား အတွင်း ဝင်ရောက်လာသည်။ သို့သော်လည်း ပထမ တစ်ကြိမ်ကနှင့် ခြားနားစွာပင် ယခုတစ်ကြိမ်၌ သူ၏ ခန္ဓာနှင့် ဝိညာဥ်တို့မှာ ကြယ်တာရာ နယ်မြေအတွင်းရှိ အခြားဖြစ်တည်မှုများနှင့် အတူ လိုက်လံ ရပ်တန့်သွားခြင်း မရှိပါချေ။ ဧဒင်နှင့် ခရာတိုတို့မှာ အစောကြီးကတည်းက ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်လေရာ ကျူးကျော်လာသည့် အေးခဲခြင်း စွမ်းအားကို အတူတကွ ပူးပေါင်းကာ ဆွဲထုတ်ခဲ့ကြပြီး ဖြစ်သည်.

သို့သော်လည်း ကောင်းကင်တွင်တော့ မည်သည့် အမှောင် မိုးကြိုးနှင့် တိမ်တိုက်များမှ ဖွဲ့စည်းလာခြင်း မရှိပါချေ။ လေအေးများမှာ ဝူယုဂြိုဟ်ကြီး တစ်ခုလုံးကို ဖြတ်သန်း၍ ပြင်းထန်စွာ တိုက်ခတ်နေသလို ဝေ့ဝူယင် ခံစားလိုက်ရ၏။ သို့သော်လည်း ၎င်းတို့က ‌အေးခဲနေသည့် မည်သည့် ဖြစ်တည်မှုကိုမှ တစ်စုံတစ်ရာ အကျိုး သက်ရောက်ခြင်း မရှိပါချေ။ ယုတ်စွအဆုံး မီးခိုးရောင် သဲများပင် တစ်မှုန်တစ်စမှ လှုပ်ခတ်ခြင်း မရှိချေ။

ဝေ့ဝူယင် ခေါင်းကို မော့ကြည့်ကာ ကောင်းကင်ကို ကြည့်လိုက်၏။ ထိုအခါ သူ့အပေါ် တည့်တည့်တွင် လေအေးများကို ထုတ်လွှတ်ပေးနေသည့် လေဆင်နှာမောင်း တစ်ခုကို တွေ့မြင်လိုက်ရသည်။ ထိုလေဆင်နှာမောင်း၏ ထိပ်ဖျားမှာ သူ့အပေါ် တည့်တည့်ကို တိုက်ရိုက် ကျဆင်းလာနေခဲ့၏။

ဝေ့ဝူယင်၏ ပထမဆုံး အတွေးက လေဆင်နှာမောင်းကို ရှောင်တိမ်းဖို့ ဖြစ်သည်။ သို့သော်လည်း ထိုအခိုက်တွင်ပင် ညာဘက်လက်ရှိ အပြစ်သား တက်တူးမှာ အနီရောင် အလင်းတန်းများနှင့် တောက်ပကာ တဖျစ်ဖျစ် မြည်လာသည်ကို သူ သတိထားမိလိုက်၏။

“အိုး...”

နောက်ဆုံး၌ ကမ္မတန်ဖိုးများမှာ ကောင်းကင်တာအို၏ သက်ရောက်မှုကို စတင် ခံနေရပြီ ဖြစ်ပုံ ပေါ်သည်။

ဝေ့ဝူယင် စိတ်ပြောင်းသွားကာ လေဆင်နှာ‌မောင်းအား မရှောင်တိမ်းတော့ပဲ ကျဆင်းလာချိန်ကိုသာ တည်ငြိမ်စွာ စောင့်ဆိုင်းနေလိုက်၏။ တစ်ချိန်တည်း၌ သူ၏ စိတ်မှာ လျှင်မြန်စွာပင် ပြေးလွှားနေကာ မင်ရှုဖုန်း ပြောပြခဲ့သည့် ငရဲကြီး ဆယ့်ရှစ်ထပ်၏ အကြောင်းအရာများကို ပြန်လည် ဖော်ထုတ်နေခဲ့၏။

“အမှောင်ထုအတွင်း လွတ်မြောက်ခြင်း... အသက်ဖြတ်ကျော်ခြင်း”

၎င်းက အဓိပ္ပာယ် မရှိသည့် စာကြောင်း တစ်ခု ဖြစ်သည့်တိုင် ဒုတိယမြောက် ကပ်ဘေး၏ အမည် ဖြစ်ကြောင်း ဝေ့ဝူယင် သိပေသည်။

ငရဲ၏ ကပ်ဘေး ဆယ့်ရှစ်ခုတွင် “အစစ်အမှန် ဆုံးရှုံးခြင်း” ကပ်ဘေးမှာ အပြစ်သားများ ရင်ဆိုင်ရသည့် အနိမ့်ပါးဆုံး ကပ်ဘေး ဖြစ်သည်။ ၎င်းမှာ အပြစ်သားတို့၏ နာကျင်စရာ အကောင်းဆုံး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အဖြစ်အပျက်များကို ပြန်လည် ပြသကာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်သည့် ဖြစ်စဥ် တစ်မျိုး ဖြစ်သည်။ အကယ်၍ ထိုနှိပ်စက်မှုဒဏ်ကို မခံနိုင်ပဲ ဝိညာဥ်ကွဲကြေသွားပါက ပြန်လည် ဝင်စားခွင့် အခွင့်အရေးမှာ ထာဝရ ဆုံးရှုံးသွားလိမ့်မည် ဖြစ်သည်။

ဝမ်... ဝမ်...

လေဆင်နှာ‌မောင်းမှာ ဝေ့ဝူယင်၏ နဖူးတည့်တည့်သို့ ဦးတည်ကာ ကျဆင်းလာ၏။ လေဆင်နှာမောင်း ပိုမို နီးကပ်လာသည်နှင့် အမျှ ရှုပ်ထွေး ပွေလီလွန်းလှသည့် စိတ်ခံစားချက်များမှာ သူ့မျက်ခုံး နှစ်ခုကြားမှ နေ၍ ဦးခေါင်း အတွင်း ရေတံခွန် တစ်ခုနှယ် တိုးဝင်လာခဲ့တော့သည်။

ထိုအခိုက်၌ အပြစ်သား တက်တူးမှ တဖျစ်ဖျစ် မြည်သံများကို ဝေ့ဝူယင် အဆက်မပြတ် ကြားနေရ၏။ သူ့လက်မောင်းရှိ အနီရင့်ရောင် မျဥ်းကြောင်းများမှာ ပိုမို၍ တောက်လောင်လာကာ မျက်ခုံးနှစ်ခုကြားတွင် သေးငယ်သည့် အနီရင့်ရောင် ရုပ်ဝတ္ထု တစ်ခု ထွက်ပေါ်လာခဲ့၏။ ၎င်းမှာ  အလွန် ထူးဆန်းသည့် သင်္ကေတ အမှတ်အသားများနှင့် ပြည့်နှက်နေကာ အလွန် ကြောက်စရာ ကောင်းလှည့် နတ်ဆိုးတစ်ကောင်၏ မျက်လုံးနှင့်ပင် တူညီနေ၏။

ထိုအခိုက်တွင်ပင် လေဆင်နှာမောင်းမှာ ငွေရောင်အလင်း ခပ်ဖျော့ဖျော့ လင်းလက်နေသည့် ဝေ့ဝူယင်၏ နဖူးကို ထိတွေ့သွား၏။ ထို့နောက် ရေထဲတွင် ကူးခပ်နေသည့် ငါးတစ်ကောင် အလား အရေပြားနှင့် ဦးခေါင်းခွံကို ဖောက်ကာ လေပြည်တစ်ခု အသွင်ဖြင့် ဦးခေါင်းအတွင်း ဝင်ရောက်သွားသည်။ သို့သော်လည်း ထိုလေပြည်မှာ လျှင်မြန်စွာပင် အပြစ်သား သင်္ကေတများ၏ လွှမ်းမိုးခြင်းကို ခံရကာ အနီရင့်ရောင် အဆင်းသို့ ပြောင်းလဲသွား၏။

ထို့နောက် မျက်တောင်တစ်ခပ်စာ အတွင်းမှာပင် အပြစ်သား အလင်းနှင့် တတိယ မျက်လုံး အပါအဝင် သင်္ကေတများ၊ အမှတ်အသားများ အားလုံးမှာ ရုတ်ချည်း ပျောက်ကွယ်သွား၏။ ၎င်းတို့အားလုံးမှာ နောက်သို့ ပြန်ဆုတ်ကာ အပြစ်သား တက်တူးများ အတွင်းသို့ ဝင်ရောက်သွားကြသည့်ပုံ ရသည်။

ကမ္မတန်ဖိုး... ၉၄၄.၆

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း ... ၇/၇

ဒုတိယ ကပ်ဘေး တားဆီးခြင်း ... ၄ နှစ်

...

ကမ္မတန်ဖိုး... ၉၄၄.၆ → ၉၆၇.၆

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း ... ၇/၇

ဒုတိယ ကပ်ဘေး တားဆီးခြင်း ... ၄ နှစ်

...

ကမ္မတန်ဖိုး... ၉၄၄.၆ → ၉၆၇.၆

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း ... ၇/၇

ဒုတိယ ကပ်ဘေး တားဆီးခြင်း ... ၄ နှစ်→ ၃ နှစ်

...

ကမ္မတန်ဖိုး... ၉၄၄.၆ → ၉၆၇.၆

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း ... ၇/၇

ဒုတိယ ကပ်ဘေး တားဆီးခြင်း ... ၃ နှစ်→ ၀ နှစ်

...

ကမ္မတန်ဖိုး... ၉၄၄.၆ → ၉၆၇.၆

ပထမ ကပ်ဘေး လွတ်မြောက်ခြင်း ... ၇/၇

ဒုတိယ ကပ်ဘေး စတင်ခြင်း

***

All Chapters