← Chapters

ငရဲ၏ ဒုတိယမြောက် ကပ်ဘေး အမှောင်ထုဖုံးလွှမ်းခြင်း

Vol. 40 Ch. 550

ငရဲ၏ ဒုတိယမြောက် ကပ်ဘေး အမှောင်ထုဖုံးလွှမ်းခြင်း

Vol. 40 Ch. 550

“ရှင်က တော်တော် ဆိုးတာပဲ...”

ညုတုတု ရယ်မောသံ တစ်ခုမှာ ဝေ့ဝူယင်၏ ဝိညာဥ်တွင် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ ၎င်း၏ နောက်၌ အမျိုးသမီးပေါင်း မြောက်များစွာ၏ ရယ်မောသံများက သံယောင်လိုက်လာကာ ချိုသာသော ဂီတသံ တစ်ခုလို ဝေ့ဝူယင်၏ နားစည်ကို ရိုက်ခတ်သွားသည်။ ရယ်မောသံများကို နားထောင်ရုံဖြင့်ပင် ထိုအတွင်း၌ အသက်အရွယ် ပေါင်းစုံ၏ အချောအလှဆုံး မိန်းကလေးများ ပါဝင်နေကြောင်း ခန့်မှန်းနိုင်ပေသည်။

“ငါက ဆိုးတယ်ပေါ့...  ဟဲဟဲ... ဘယ်လောက် ဆိုးလဲ မင်းတို့ကို ပြမယ်”

စိတ်လှုပ်ရှားကာ မာန ကြီးမားလှသည့် ယောက်ျားတစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။ ထို့နောက် ခန္ဓာကိုယ် အစိတ်အပိုင်းချင်း နှီးနှော ဖလှယ်သံများနှင့် နှုတ်ခမ်းချင်း စုပ်သံများက စိတ်ကြွဖွယ် ကောင်းလောက်အောင် ထွက်ပေါ်လာသည်။ ယောက်ျား၏ စိတ်ပါနေသည့် အသံများနှင့် မိန်းမတို့၏ တခစ်ခစ် ညုသံများက ကြားရသူ၏ စိတ်နှလုံးကို ရိုင်းစိုင်းသော အတွေးများနှင့် ချက်ချင်း ပြည့်နှက် သွားအောင် စွမ်းဆောင် နိုင်စွမ်း ရှိ၏။

ရွှေ‌ငွေ ကျောက်မျက် ရတနာများနှင့် မွမ်းမံ၍ လူအယောက် သုံးဆယ်စာမျှ ကာအောင် ကြီးမားလှသည့် ခုတင်ကြီး တစ်ခုထက်၌ ဝေ့ဝူယင်မှာ မိန်းမလှ များစွာနှင့် အတူ ထင်တိုင်းကြဲနေခဲ့၏။ သူမတို့ထံမှ ရနံ့များက စွဲမက်ဖွယ် ကောင်းလွန်းလှသည်။

လက်နှစ်ဖက်ကို အဆက်မပြတ် ရွေ့လျားရင်း စွဲဆောင်မှု ရှိလှသော အသားစိုင်များနှင့် ကောက်ကြောင်းများ၏ အရသာကို ဝေ့ဝူယင် အပြည့်အဝ ခံစားနေခဲ့၏။ မိန်းမကျမ်းကြေသူသည့် မည်သည့် ယောက်ျား အတွက် မဆို ၎င်းက သွားရည်ကျစေရန် လုံလောက်သည့် အတွေ့အကြုံမျိုး ဖြစ်သည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ လှပသည့် ခေါင်းသုံးခေါင်းမှာ သူ့ဖွားဖက်တော်ကို စုပ်ယူခွင့် ရရှိရန် အသည်းအသန် ကြိုးပမ်းနေသည်ကို တွေ့မြင်ရ၏။ နောက်ဆုံး တစ်ယောက်က အနိုင်ရရှိသွားသော အချိန်၌ လက်ကျန် နှစ်ယောက်မှာ အခြားနေရာများသို့ ရွေ့လျားသွားကာ ပြင်းထန်သော တိုက်ပွဲကို ပြန်လည် စတင် ကြပြန်သည်။

ပြင်းပြသော စိတ်ဆန္ဒများနှင့် လောင်ကြွမ်းနေသည့် မိန်းမလှလေးများကို ကြည့်ရင်း ဝေ့ဝူယင်မှာ ပိုမို၍ တက်ကြွလာခဲ့၏။ ခေါင်းကို လှည့်ကြည့်လိုက်တော့ ညာဘက်တွင် မိန်းမလှ လေးယောက်နှင့် ဘယ်ဘက်တွင် မိန်းမလှ သုံးယောက်ကို တွေ့မြင်ရသည်။ အောက်ရှိ သုံးယောက်ပါ ပေါင်းရလျှင် စုစုပေါင်း ဆယ်ယောက် တိတိ ဖြစ်၏။

ဝေ့ဝူယင် သူမတို့နှင့် အချိန် စီးဆင်းမှုကိုပင် မေ့သည် အထိ ပျော်ပါးခဲ့သည်။ သေချာ မသိသော်လည်း ရက်သတ္တပတ်ပေါင်းများစွာ သို့မဟုတ် နှစ်ချီသည် အထိပင် ကြာမြင့်သွားတာမျိုးပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ နောက်ဆုံး၌ တစ်ကိုယ်လုံး ပူနွေးလာမှုနှင့် အတူ အလုံးစုံသော ကျေနပ်မှုမှာ သူ့ တစ်ကိုယ်လုံးကို ပျံ့နှံ့သွား၏။

ဝေ့ဝူယင် ခုတင်ထက်၌ ပက်လက်လှန် လှဲလျောင်းနေကာ မိန်းကလေးများ၏ နွေးထွေး‌သော ခန္ဓာကိုယ်များက သူ့ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံမှ သိမ်းပိုက်စိုးမိုးထား၏။ ထိုအခိုက်၌ ထူးဆန်းသော ငြိမ်းချမ်းမှု တစ်ခုက သူ့စိတ်တစ်ခုလုံးကို သိမ်းပိုက် စိုးမိုးထားသည်။ အတိတ်အဖြစ်အပျက်များမှာ သူ့စိတ်အတွင်း မှတ်ဉာဏ် တစ်ခု သဖွယ် တဖွားဖွား ပြန်လည် ပေါ်လာခဲ့၏။

လုံချန်အား သတ်ဖြတ်ပြီးနောက် သူ လင်းမင်ကိုပါ အဆုံးသတ် ပေးရန် သွားရောက်ခဲ့သည်။ ထို့နောက် လောကီ ပြန်လည် မွေးဖွားသူကိုပါ တွေ့ရှိခဲ့သည်။ ထိုပုဂ္ဂိုလ်ကို တွေ့ရှိပြီးနောက် သူ သူတို့၏ ကောင်းကင်တာအို အပိုင်းအစများကို ထုတ်ယူကာ လောင်စာသဖွယ် အသုံးပြုပြီး ထန်ဂူကို ချိတ်ပိတ်ခဲ့သည်။ ကြယ်တာရာ နယ်မြေကို ကာကွယ်ခဲ့သည်။

ထိုမျှ ကြီးမားလှသည့် ပြဿနာကြီး တစ်ခုကို ဖြေရှင်းပြီးနောက်တွင် သူ အောင်ပွဲခံသည့် အနေဖြင့် မိန်းမများနှင့် ပျော်ပါးနေခဲ့ခြင်း ဖြစ်သည်။

ယခု၌ သုံးလွှာ ကြယ်တာရာ နယ်မြေမှာ ဘေးကင်းသွားပြီ ဖြစ်သလို သူ့ မွေးရပ်မြေမှာလည်း လုံခြုံသွားပြီ ဖြစ်သည်။ သူက အနားယူဖို့ ထိုက်တန်ပေသည်။ အရာအားလုံးမှာ အကောင်းဘက်သို့ ဦးတည်နေကာ သုံးလွှာ ကြယ်တာရာ နယ်မြေ၏ အမည်ပင်လျှင် အာရုဏ်ဦး ဧကရာဇ် ကြယ်တာရာ နယ်မြေ အဖြစ် ပြောင်းလဲ သွားခဲ့ပြီ ဖြစ်သည်။ သူ အလိုရှိတာ အားလုံးကို ရရှိ ပိုင်ဆိုင်နိုင်ခဲ့ပြီ ဖြစ်သည်။ ဖန်ဆင်းရှင်ပင်လျှင် သူ့ဘဝကို ထိုထက် ပိုကောင်းအောင် စီစဥ်နိုင်လိမ့်မည် မဟုတ်ပါချေ။

“ ... “

ဝေ့ဝူယင် မောပန်းနွမ်းနယ်စွာ အိပ်မောကျနေသည့် မိန်းမလှလေးများကို ငုံ့ကြည့်လိုက်၏။ ထို့နောက် သူ ကိုယ်တိုင်လည်း အိပ်ချင်လာသလို ခံစားလိုက်ရသည်။

“ကြည့်ရတာ ထန်ဂုကို ချိတ်ပိတ်ဖို့ အတော်လေး ကြိုးစားလိုက်ရတဲ့ အတွက် ငါ မောပန်းနေတာ ဖြစ်မယ်... နည်းနည်းလောက် အနားယူသင့်တယ်”

သူက မိန်းမလှလေးများ၏ နွေးထွေးသည့် အထိအတွေ့ကို ခံစားရင်း မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ ဖြည်းညင်းစွာပင် သူ့စိတ်များက ဝေဝါးလာကာ အိပ်မောကျသည့် အခြေအနေ တစ်ခုသို့ ချည်းနင်း ဝင်ရောက်သွားသည်။

ဘုန်း...

ရုတ်တရက် ပေါက်ကွဲသံ တစ်ခုမှာ အခန်းတံခါးဆီမှ ထွက်ပေါ်လာ၏။ ဝေ့ဝူယင်မှာ အိပ်ပျော်နေရာမှ လန့်နိုးလာကာ သူ့ မိန်းမများမှာလည်း ပြူးပြူးပြာပြာ ဖြစ်သွားကြသည်။ အခန်းတံခါး ပျက်စီးနေကြောင်း သတိထားမိသည်နှင့် ချက်ချင်းပင် ဝေ့ဝူယင်၏ မျက်လုံးများမှာ ဒေါသများနှင့် ပြည့်နှက်သွား၏။

“ဘယ်သူက ဒီလောက် အတင့်ရဲတာလဲ...”

ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရင်း ဝေ့ဝူယင် ခုတင်ထက်မှ မတ်တပ် ထရပ်လိုက်၏။ ကြမ်းတမ်း ခက်ထန်သော ကိုယ်ရောင်ကိုယ်ဝါ တစ်ခုက သူ့ခန္ဓာကိုယ်တွင် တောက်လောင်နေသည်။ မကြာခင်မှာပင် ပုံရိပ်တစ်ခုမှာ အခန်း တံခါးဝနားတွင် ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့၏။

မဟူရာဓား၊ အနက်ရောင် မျက်ဝန်းတို့နှင့် ရှည်လျားသည့် ဆံပင်များ...

ရုတ်တရက် ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ နားမလည်နိုင်ခြင်းများနှင့် ပြည့်နှက်သွား၏။

လုံချန်...

ထိုလူငယ်၏ ခန္ဓာကိုယ်က တစ်ခါမှ မမြင်ဖူးလောက်အောင် တောက်ပြောင်သည့် အရှိန်အဝါတို့နှင့် ပြည့်နှက် နေသည်။ ၎င်းက သေမျိုး အကန့်အသတ်ထက် ကျော်လွန်နေကာ သူ တွေ့ဖူးသည့် လျှို့ဝှက် အာဏာရှင် အဆင့်များပင် နှိုင်းယှဥ်၍ မရနိုင်ပုံ ပေါ်သည်။

ဝေ့ဝူယင် နောက်ကို လှည့်ကြည့်လိုက်တော့ သူ့မိန်းမများမှာ ကြောက်ရွံ့ တုန်လှုပ်မှုဖြင့် တစ်ကိုယ်လုံး တုန်ရီနေကြ၏။ လုံချန်မှာ တစ်စုံတစ်ခုကို သူတို့အား ပြောလိုက်ကာ ကိုယ့်ကိုယ်ကို သဘောကျဟန်နှင့် ရယ်မောလိုက်၏။ သို့သော်လည်း ဝေ့ဝူယင်ကတော့ အကြောင်းပြချက် အချို့ကြောင့် သူ့အသံကို ကြားနိုင်စွမ်း မရှိပါချေ။  ကြည့်ရသည်က လုံချန်မှာ သူ့ အကြားအာရုံကို ပိတ်ဆို့ထားပုံ ရသည်။

ဝှစ်...

လုံချန်က အလွန် လျှင်မြန်စွာ ရွေ့လျားလိုက်ကာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် အလင်း၏ အမြန်နှုန်းမျိုးဖြင့် ကိုင်ပေါက်ပစ်လိုက်သည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်မှာ နံရံနှင့် ပြင်းထန်စွာ ဝင်တိုက်ကာ ထုတ်ချင်း ပေါက်ထွက်သွားသည်။

“ဘာလဲ...”

ဝေ့ဝူယင်မှာ ပြင်းထန်သော နာကျင်မှုနှင့် အတူ မယုံကြည်နိုင်မှု၊ အံ့သြမှုတို့ကို ခံစားနေရ၏။ လုံချန်က သေဆုံးသွားခဲ့ပြီ မဟုတ်ပါလော။ သူက မည်ကဲ့သို့ အသက်ရှင်နေသေးသနည်း။ ထို့အပြင် သူ၏ ခွန်အားက မယုံကြည်နိုင်လောက်သည့် အဆင့်တစ်ခု အထိပင် ရောက်ရှိနေပုံ ပေါ်သည်။

လုံချန်က ဝေ့ဝူယင်၏ အမူအရာကို ကြည့်ကာ ရယ်မောလိုက်၏။

“ဝေ့ဝူယင်... ဝေ့ဝူယင်... လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်တုန်းက ငါ့ကို သတ်နိုင်ပြီ လို့ မင်း တကယ်ကြီး ထင်နေတာလား... အရူးပဲ... ငါ့ကို သတ်ရတာက အဲဒီလောက် မလွယ်ဘူး... လွန်ခဲ့တဲ့ နှစ်တွေအတွင်း ငါ ချက်ချင်း ပြန်မလာခဲ့တာ ကလည်း တံခါးပိတ် ကျင့်ကြံနေခဲ့လို့ပဲ... ဘာပဲဖြစ်ဖြစ် အခု ပေးထားခဲ့တဲ့ ကတိကို ဖြည့်ဆည်းဖို့ ငါ ပြန်လာပြီ... ဒီနေ့ မင်းသေရမယ်”

လုံချန်၏ အသံက အရိုးများထဲ စိမ့်ဝင်လောက်အောင် အေးစက်မှုများနှင့် ပြည့်နှက်နေ၏။

“ ... “

ဝေ့ဝူယင်မှာ တိတ်ဆိတ် ငြိမ်သက်နေသော်လည်း သူ့စိတ်ကတော့ အမျိုးမျိုးသော မေးခွန်းများနှင့် ပြည့်နှက် နေခဲ့၏။ ဆယ့်သုံးနှစ်... အချိန်များက ထိုမျှ ကြာမြင့်သွားခဲ့ပြီလား။ ထိုနေ့က လုံချန်အား သတ်ဖြတ်ရာ၌ သူ အမှားတစ်ခုခု လုပ်ခဲ့သည်လား။ လုံချန် ပြန်လည် ရှင်သန်လာခဲ့သည်က သူ့ ပေါ့ဆမှုကြောင့်လား။

“ဒါပေမဲ့ မင်း မသေ‌သေးခင် ဒီသစ္စာဖောက်မတွေကို ငါ ဘယ်လို နှိပ်စက်ပြီး သတ်ပြမလဲ ဆိုတာ ကြည့်ခွင့်ပေးမယ်... သူတို့က ဘယ်လောက် ရွံစရာ ကောင်းသလဲ ဆိုတာ မင်းမြင်ရလိမ့်မယ်... သူတို့ မင်းကို ရွေးချယ်မိတာ နောင်တရပါပြီ ဆိုပြီး အော်နေမယ့် အသံတွေ မင်းကြားရလိမ့်မယ်...”

လုံချန်က အဆုံးမဲ့စွာ အော်ဟစ်ရယ်မောလိုက်ရင်း နတ်မိမယ်များ သဖွယ် လှပသည့် မိန်းကလေး ဆယ်ယောက်ကို ကြည့်လိုက်၏။

ဝေ့ဝူယင်၏ မျက်လုံးများက သွေးရောင် အလင်းတန်းများဖြင့် တောက်ပလာကာ သူ့ဘဝ တစ်လျှောက် အပြင်းထန်ဆုံးသော တိုက်ခိုက်မှုကို ဖော်ထုတ်လိုက်၏။ ချက်ချင်းပင် ကောင်းကင်နန်းတော်မှာ ငလျင်လှုပ်သလို သွက်သွက်ခါသွားကာ ဂြိုဟ်ကြီး တစ်ခုလုံးပင် ယိမ်းယိုင်သွား၏။

“အားနည်းလိုက်တာ...”

လုံချန်ကတော့ အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း လက်ထဲရှိ ဓားကို ဝှေ့ယမ်းလိုက်သည်။  ချက်ချင်းပင် ဝေ့ဝူယင်၏ ခြေထောက်နှင့် လက်များမှာ ခန္ဓာကိုယ်မှ ကင်းကွာသွားကာ သူ့ဖွားဖက်တော် ပင်လျှင် အရင်းမှ ဖြတ်တောက်ခံလိုက်ရ၏။

တစ်ချိန်တည်း၌ ဓားအတွင်းမှ စွမ်းအင် တစ်ခုမှာ သူ့ခန္ဓာကိုယ် အတွင်း ချည်းနင်း ဝင်ရောက်သွားကာ ထျန်းတျန်ကို ကျူးကျော်၍ ကြယ်တာရာ ဝိညာဥ်များကို ဖျက်ဆီးပစ်လိုက်သည်။ တစ်ခဏ အတွင်းမှာပင် ဝေ့ဝူယင်မှာ ကျင့်ကြံသူ တစ်ယောက် အနေဖြင့် လည်းကောင်း၊ ယောက်ျား တစ်ယောက် အနေဖြင့် လည်းကောင်း ဒုက္ခိတ ဘဝကို ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုထက် ပိုဆိုးသည့် ကံကြမ္မာ မရှိတော့ချေ။

လုံချန်က နတ်ဆိုး ဆန်ဆန် ပြုံးလိုက်ရင်း မိန်းကလေးများကို လှမ်းကြည့်လိုက်သည်။

“ခုမှ ငါ စဥ်းစားမိတယ်... ဒီမိန်းမတွေက တကယ်တော့ ငါ လက်စားချေဖို့တောင် မထိုက်တန်ဘူး... သူတို့က အိပ်မက်ဆိုးထဲမှာပဲ တစ်သက်လုံး နေသင့်တာ... ဒါပေမဲ့ မင်းကတော့ မြန်မြန် ဆန်ဆန်နဲ့ သေသင့်တယ်”

လုံချန်က စိတ်ပြောင်းသွားဟန်နှင့် ဝေ့ဝူယင်ဘက်သို့ ပြန်လည့်လိုက်ရင်း ဓားကို မြှောက်လိုက်၏။ ထို့နောက် သူက ၎င်းကို ကိုင်ဆောင်ရင်း လွန်ခဲ့သည့် ဆယ့်သုံးနှစ်က ဝေ့ဝူယင် ရပ်သည့် အတိုင်း ရပ်လိုက်၏။ ဝေ့ဝူယင် အံကို တင်းတင်းကြိတ်ကာ လုံချန်၏ မျက်လုံးများကို ကြည့်နေခဲ့သည်။ သတ်ဖြတ်ချင်စိတ်များက သူ့နှလုံးသား တစ်ခုလုံးကို လွှမ်းခြုံထားသည့်တိုင် သူ ဘာကိုမှ လုပ်နိုင်စွမ်း မရှိပါချေ။

“နှုတ်ဆက်ပါတယ်... အမှိုက်ကောင်...”

ဝေ့ဝူယင်မှာ လည်ပင်းဆီသို့ ဆင်းသက်လာသည့် အေးစက်စက် သံမဏိ အရသာ တစ်မျိုးကို ရရှိလိုက်၏။ ဓားက လျှင်မြန်စွာပင် သူ့ကို ဖြတ်ကျော်သွားကာ အခြားတစ်ဖက်မှ ဖောက်ထွက်သွားသည်။

ဘုတ်...

ဦးခေါင်းမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။ သို့သော်လည်း သူ၏ အသိစိတ်မှာ ဝေဝေဝါးဝါးဖြင့် ဆက်လက် ရှင်သန်နေသေးဆဲ ဖြစ်သည်။ လုံချန်က ခေါင်းပြတ်ကို ဓားဖြင့် ကလော်ကာ ခုတင်ထက်ရှိ မိန်းကလေးများထံသို့ ပစ်ပေးလိုက်၏။ မိန်းကလေးများ၏ ထိတ်လန့်တကြား အော်ဟစ်သံ ခပ်ဖျော့ဖျော့နှင့် အတူ ဝေ့ဝူယင်၏ အမြင်အာရုံမှာ တဖြည်းဖြည်း ဝေဝါးလာ၏။ မကြာခင်မှာပင် အဆုံးမဲ့ အမှောင်ထု တစ်ခုထဲ ကျရောက်သွားသလို သူ ခံစားလိုက်ရသည်။

“ငါ သေသွားတာလား... ငါ ခေါင်းဖြတ်ခံလိုက်ရတာလား... အဆုံးသတ်မှာ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ခဲ့တာလား...”

နောင်တတစ်ခုမှာ သူ့နှလုံးသားအတွင်း ဖြည်းညင်းစွာ သန္ဓေတည် လာခဲ့၏။ အကယ်၍ သူသာ လွန်ခဲ့သည့် နှစ်များ အတွင်း ကာမဂုဏ် အာရုံတွင် နစ်မြုပ် မနေခဲ့ပဲ ဆက်လက် ကျင့်ကြံနေခဲ့မည် ဆိုပါက လုံချန်ကို ယှဥ်နိုင်ခဲ့လောက်သည်။

ကံမကောင်းစွာပင် နောင်တအတွက် ဆေးမရှိချေ။ ၎င်းကို ပြောင်းလဲနိုင်သည့် ဒုတိယမြောက် အခွင့်အရေး မရှိချေ။

နောက်ဆုံးသော မီးစာလေး ငြိမ်းလုငြိမ်းဆဲ အခြေအနေမှာပင် လုံချန်၏ နောက်ဆုံး အသံကို သူ ကြားလိုက်ရ၏။

“အဲဒီအရူးကို ငါလိမ်ခဲ့တာ... ငါ့ မိတ်ဆွေ‌တွေနဲ့ ပျော်ပါးခွင့် မပေးခင် မင်းတို့ အားလုံးကို ပျော်ရွှင်ရအောင် ငါ လုပ်ပေးမှာပါ... မကြောက်နဲ့... အဲဒါက ပျော်စရာ ကောင်းမှာ... ငါ မင်းတို့...”

လုံချန်၏ အသံက တဖြည်းဖြည်း တိုးလျလာ၏။ နောက်ဆုံး၌ အသံက လုံးဝ ပျောက်ကွယ်သွားကာ ဝေ့ဝူယင်မှာ အဆုံးမဲ့ အမှောင်ထု အတွင်း ကျရောက်သွားခဲ့တော့သည်။

***

All Chapters