ဒုတိယမြောက် ကပ်ဘေး၊ အဖြေ
Vol. 40 Ch. 557
ဝေ့ဝူယင်၏ စိတ်အစဥ်မှာ အလွန်တရာ လှပလှသည့် မျက်နှာမဲ့ အမျိုးသမီးများ ကြားတွင် နစ်မြုပ်နေ၏။ သူမတို့၏ ထိတွေ့မှု၊ အသံနှင့် အနံ့အသက် အားလုံးတို့က သူ ဘဝ တစ်လျှောက်လုံး လိုချင်တပ်မက်ခဲ့သည့် အနက်ရှိုင်းဆုံးသော ဆန္ဒများကို ပုံဖော်ထားသည်။
ဝေ့ဝူယင် သူ့ညာဘက် လက်မောင်းထက်ရှိ အလှပဂေး တစ်ယောက်ကို ကြည့်လိုက်၏။ သူမ၏ ကြီးထွား လုံးဝန်းလှသော ရင်သားများမှာ သူ့လက်မောင်းကို လာရောက် ပွတ်သပ်နေကာ ဆွဲဆောင်မှု ရှိစွာ လှုပ်ရှား နေသည်။ ဝေ့ဝူယင် ထိုအထိအတွေ့ကို ခံစားရင်း ချင်ချူးမူ၏ စနေနှစ်ခိုင်ကို ပြန်လည် အမှတ်ရ လာစေခဲ့၏။
“စိတ်ဝင်စားစရာပဲ...”
ဝေ့ဝူယင် သူ့အကြည့်များကို ခုတင် ထောင့်စွန်းတွင် ကခုန်နေသည့် အလှပဂေးလေးထံ ပို့လွှတ်လိုက်၏။ သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများက အလွန်တရာ လှပလှကာ သင်းပျံ့ ချိုအီသော ချွေးရနံ့များမှာ ဝေ့ဝူယင်၏ နှာသီးဝသို့ ကလူကျီစယ်စွာ တိုးဝင်နေ၏။
“နာ့ရှင်းရီ...”
သည်တစ်ယောက်က ပို၍ပင် စိတ်ဝင်စားစရာ ကောင်းသည်ဟု သူ တွေးလိုက်မိသည်။ သူ ကြည့်နေစဥ်မှာပင် သူမ၏ အော်ရာနှင့် ခန္ဓာကိုယ် ပုံသဏ္ဌာန်က ပြောင်းလဲသွား၏။ ထိုအပြောင်းအလဲက အလွန် ညင်သာလှကာ ခွဲခြားရန် ခက်ခဲလှသည်။
“သူက နာ့ရှင်းရီ မဟုတ်တော့ဘူး... ကျန်းဖေးလန်လား ဒါမှမဟုတ် လျဲ့ယုလား... ယင်ခန္ဓာကိုယ်နဲ့ နဂါး သွေးမျိုးဆက် အော်ရာ... ဟဟ... ခန္ဓာကိုယ်တောင်မှ ငါ့အကြိုက်တွေကို ပေါင်းထားတာပဲ”
ဝေ့ဝူယင် အလှပဂေး ဆယ်ယောက်လုံးကို သေချာစွာ အကဲခတ်လိုက်၏။ သူမတို့က သူ့ကို အာရုံငါးပါး စလုံးဖြင့် ဆွဲဆောင်နေကြကာ နူးညံ့ ညင်သာသော အစိတ်အပိုင်းများဖြင့် သူ့ခန္ဓာကိုယ် တစ်ခုလုံးကို တစ်လက်မမျှ မလွတ်အောင် ထိတွေ့ ပွတ်သပ်နေကြသည်။ သူတို့၏ မျက်နှာများက တည်ငြိမ်မှု မရှိသည့်တိုင် ဆွဲဆောင်မှု အရှိဆုံး အယ်ဗန်၊ နတ်ဆိုး၊ ရှို့ရန်နှင့် လူသား မိန်းမများ ဖြစ်သည်ကတော့ သေချာလှသည်။ ၎င်းက မည်သည့် ယောက်ျားမှ မလွတ်ချင်သည့် ကောင်းကင်ဘုံမျိုးပင် ဖြစ်သည်။
ဝေ့ဝူယင်၏ စိတ်ဝင်စားမှုများက လျှင်မြန်စွာပင် ကျဆင်းသွား၏။ သူတို့က အစစ်အမှန် မိန်းမများ မဟုတ်ကြချေ။ သူ့စိတ်ကူးထဲမှ စံပြ မိန်းမများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများဖြင့် ပုံဖော်ထားသည့် ပုံရိပ်ယောင် များသာ ဖြစ်သည်။ ထိုထက် ပို၍ ရှင်းရှင်း ပြောရလျှင် ၎င်းတို့က အတုများ ဖြစ်သည်။
“မင်းတို့ကောင်တွေ ငါ့အသံကို ကြားရလား...”
ဝေ့ဝူယင်က ကြယ်တာရာ ဝိညာဥ်များကို ခေါ်လိုက်၏။ သို့သော်လည်း ဘာတုန့်ပြန်သံမှ ထွက်ပေါ်မလာခဲ့ချေ။ သူက မျက်မှောင်တစ်ချက် ကြုတ်လိုက်ရင်း မတ်တပ်ထရပ်လိုက်၏။
မိန်းမများမှာ သူ့ထံသို့ တွားသွား ရောက်ရှိလာခဲ့ကာ သာယာမှု မျိုးစုံကို ရှာဖွေရန် ကြိုးပမ်းလိုက်ကြသည်။ အလှပဂေး တစ်ယောက်ကဆိုလျှင် လေးဖက်ထောက် ထိုင်ကာ သူ့ဖွားဖက်တော်ကို ပါးစပ် အပြည့် ငုံ၍ စုပ်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်က ထိုအရာကို လုံးဝ လျစ်လျူထားည်။
“ဘုရင်...”
ဝေ့ဝူယင်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ဗုံးတစ်လုံး ပေါက်ကွဲသလို အသံမျိုးဖြင့် အော်ဟစ်လိုက်၏။ သူက ဘုရင်ကိုသာ ခေါ်လိုက်ခြင်း ဖြစ်သည်။ ဒြပ်စင်ကို မခေါ်ချေ။
ဝှစ်... ဝှစ်...
ချက်ချင်းပင် အလင်းရောင်စဥ်တန်းများမှာ သူ့လက်ဖဝါးထက်တွင် စုစည်းလာကာ ဆေဘာဓား တစ်လက် ပုံစံဖြင့် အေးခဲသွားသည်။ ထိုဓားတွင် အသွားတစ်ဖက်သာ ရှိကာ နောက်ကြောဘက်တွင် ဆေဘာဒဏ်ရာ အမှတ်အသားများ ပြန့်ကြဲနေ၏။ ဝေ့ဝူယင် ဓားရိုးကို ဆုပ်ကိုင်လိုက်သည်နှင့် ဆေဘာတွန်သံ တစ်ခု ထွက်ပေါ်လာသည်။
“ကလန့်...”
၎င်းက ဘုရင်၏ အမှတ် သင်္ကေတ အသံပင် ဖြစ်ကာ စိတ်ရှုပ်ထွေးခြင်းနှင့် အံ့သြခြင်းများမှာ ထိုအထဲတွင် ပဲ့တင်ထပ်ကာ ပါဝင်နေ၏။
ဝေ့ဝူယင် ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ သူ့ဆေဘာဓားသွားက အလွန်လျှင်မြန်စွာပင် အလင်းတန်း တစ်ခု အသွင်ဖြင့် ရွေ့လျား သွားကာ သူ့ခြေထောက်ကြားရှိ အလှပဂေးကို ဖြတ်ကျော်သွားသည်။ ချက်ချင်းပင် ဦးခေါင်း တစ်ခုမှာ ခုတင်ပေါ် ပြုတ်ကျသွား၏။
“ငါ့အတွက် သေလိုက်”
ဝေ့ဝူယင်က ခုတင်ပေါ်တွင် လိပ်ပြာ တစ်ကောင်နှယ် ရွေ့လျားရင်း အလှပဂေး တစ်ယောက်ချင်းစီကို ဇိမ်ပြေနပြေ သတ်ဖြတ်နေခဲ့သည်။
သို့သော်လည်း သူတို့မှာ အော်ဟစ်ခြင်း မရှိသလို ကြောက်လန့်ခြင်းလည်း ရှိပုံ မပေါ်ချေ။ ထိုအရာက ဝေ့ဝူယင် အလိုရှိသည့် ဆန္ဒ ဖြစ်လေရာ သူ့တို့ကို သတ်ဖြတ်ပေးရန်ပင် တောင်းပန်နေကြ၏။
“တို့ကို သတ်ပေးပါ အရှင်ဝေ့...”
"ဝေ့ဝူယင်... ကျွန်မ ရှင့်ဓားသွားရဲ့ အရသာကို ခံစားချင်တယ်... လည်ပင်းတည့်တည့်ကို မြန်မြန်နဲ့ လွယ်လွယ်လေး... ကျေးဇူးပြုပြီးတော့”
ထိုအရာက ဝေ့ဝူယင်၏ သီအိုရီကို ပိုမို၍ပင် အတည်ပြုပေးသွား၏။ ထိုမိန်းမအားလုံးမှာ သူ့ဆန္ဒ၏ ထုတ်ကုန်များ သက်သက်သာ ဖြစ်သည်။ အားလုံးကို သတ်ဖြတ်ပြီးနောက်တွင် ဝေ့ဝူယင်မှာ အာသာ မပြေသေးဟန်ဖြင့် လျှာကို သပ်လိုက်သည်။
“ဒီမိန်းမတွေ နောက်ထပ် ထပ်ရောက်လာရင် ကောင်းမယ်... အဲဒါဆို သူတို့ကို ငါ ထပ်သတ်လို့ ရမှာ”
စက္ကန့်ပိုင်း အတွင်းမှာပင် အလှအဂေး ဆယ်ယောက်မှာ တံခါးဝင်များတွင် ပြန်ပေါ်လာကာ အလောင်းများကို ဖြတ်ကျော်၍ သူ့ထံသို့ ရောက်ရှိလာ၏။ သူတို့က သူ့ရှေ့တွင် ဒူးထောက်၊ လည်စင်းလိုက်ကြကာ အသတ်ဖြတ်ခံရန် အဆင်သင့် ဖြစ်နေကြပုံ ပေါ်သည်။ သူမတို့၏ နှုတ်မှ ထွက်ပေါ်လာသည့် စကားလုံးများမှာ စိတ်လှုပ်ရှားခြင်း၊ ဆာလောင်ခြင်းများနှင့် ပြည့်နှက်နေ၏။
“အဲဒီဓားနဲ့ ကျွန်မ အသက်ကို နှုတ်ပေးပါလား ရှင်ရယ်... အဲဒါကို ကျွန်မ အရမ်း လိုချင်နေလို့ပါ”
"ရှင့်ရဲ့ ဆေဘာနဲ့ ကျွန်မ ရင်ဘတ်ကို ခွဲပြီး အသည်းကို ထက်ပိုင်းပိုင်း ပေးပါလား ဝေ့ဝူယင်... အဲဒီ နာကျင်မှု အရသာကို ကျွန်မ ခံစားကြည့်ချင်လို့”
သေခြင်းတရားကို ရှာဖွေလိုသည့် သူတို့၏ စိတ်အားထက်သန်မှုများမှာ ဝေ့ဝူယင်၏ အမြဲတမ်း ပြောင်းလဲနေသည့် ဆန္ဒများကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် အကြောင်းအရာ အနည်းငယ်ကို ထပ်မံ စမ်းသပ်ပြီးနောက် ဝေ့ဝူယင်မှာ ပိုမို၍ စိတ်ဝင်စားလာခဲ့၏။ ထိုအသက်မဲ့ ဖြစ်တည်မှုများကို သတ်ဖြတ်လိုသည်က သူ၏ တစ်ခုတည်းသော ဆန္ဒ မဟုတ်ပါချေ။
မကြာခင်မှာပင် အခန်းအတွင်း အသားတစ်စမှ မရှိသည့် အနက်ရောင် အရိုးစု အပြင် နေသွေးနီနီဂိုဏ်းမှ ကျူးလင်ပင် ရောက်ရှိလာခဲ့၏။ သူတို့က သူ အလိုရှိသမျှ အရာအားလုံးကို ဆောင်ကျဥ်းပေးကြပေသည်။ ပြောရလျှင် သူတို့က သူ့ဆန္ဒစေညွှန်ရာ နာခံရန် ကြိုတင် သတ်မှတ်ထားသည့် အမိန့်များနှင့် အုပ်ချုပ်ခံ တည်ရှိမှုများလိုပင် ဖြစ်သည်။
မကြာခင်မှာပင် ဝေ့ဝူယင်မှာ ပျင်းရိသွားခဲ့ကာ အနည်းငယ် စိတ်လွတ်သွားခဲ့ကြောင်း သဘောပေါက် သွား၏။ အချိန်ကို စစ်ဆေးကြည့်လိုက်ပြီးနောက် ထိုလုပ်ဆောင်ချက်များကို ပြုလုပ်ရုံဖြင့် ရက်အနည်းငယ်ခန့် ကုန်ဆုံး သွားခဲ့ကြောင်း ခံစားလိုက်ရသည်။
“ငါ့ရဲ့ အချိန်ခံစားမှု အာရုံက ဒီနေရာမှာ ထူးဆန်းနေတယ်... အယောက် ရှစ်ဆယ်လောက်ကိုပဲ သတ်ရသေးတာတောင် ရက်ပိုင်းလောက် အချိန်ကုန်သွားသလိုပဲ... တကယ်ဆို စက္ကန့်ပိုင်းလောက် မဟုတ်တောင် မိနစ် အနည်းငယ်လောက်ပဲ ရှိသင့်သေးတာ... အချိန် ကုန်လွန်မှုကရော ငါ့အတွင်းပိုင်း ဆန္ဒကို ကိုယ်စားပြု နေတာလား”
ဝေ့ဝူယင်မှာ ဤပတ်ဝန်းကျင်ရှိ အချိန်ခံစားမှု အာရုံနှင့် ပတ်သက်သည့် အဓိက အချက်တစ်ချက်ကို လျှင်မြန်စွာပင် ရှာဖွေ တွေ့ရှိသွား၏။
ထိုနေရာ၌ ဆယ်စုနှစ် တစ်ခုကျော်စာ အချိန်အထိ နေထိုင်ခဲ့သည်ဟု သူ ခံစားခဲ့မိတာ မထူးဆန်းတော့ချေ။ ကြည့်ရသည်က လုံချန်၏ လက်နှင့် အရာအားလုံး ပြီးဆုံး မသွားခင် လောကကြီးမှာ သူ့အား အကောင်းဆုံးတိုင်းကို ပေးထားဟန် ရသည်။ လက်ရှိ အချိန်၌ သူက အမှန်တရား နောက်ကွယ်ရှိ နေ့အိပ်မက် တစ်ခုထဲတွင် ပုန်းအောင်း နေခြင်းသာ ဖြစ်သည်။
“ဘုရင်... ငါ့အသံကို ကြားရလား...”
ဝေ့ဝူယင်က ဆေဘာကို လက်က ကိုင်ရင်း အော်ဟစ်လိုက်၏။ သို့သော်လည်း စောစောပိုင်းက စိတ်ရှုပ်ထွေးခြင်းနှင့် အံ့အားသင့်ခြင်းများ ပါဝင်နေသည့် အသံတစ်ခုမှ လွဲ၍ ဘုရင်မှာ တိတ်ဆိတ်နေဆဲ ဖြစ်သည်။
“ငါသဘောပေါက်ပြီ... ဝိညာဥ်ရဲ့ အစိတ်အပိုင်းတွေကို ဒီနေရာကို ခေါ်လာနိုင်တယ် ဆိုပေမဲ့ ခုချိန်မှာ ငါက အကျဥ်းကျနေတုန်းပဲ... မင်းတို့ထဲက ဘယ်သူနဲ့မှ ဆက်သွယ်လို့ မရဘူး... မင်းတို့ ဘာမှ ဝင်မစွက်ဖက်တာ မထူးဆန်းတော့ဘူး”
“ဒီကိစ္စမှာ လုံချန်ရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး စီးဆင်းနေတဲ့ နိယာမ စည်းမျဥ်းကို ငါ ရှာဖွေဖို့ လိုအပ်တယ်... ဒါပေမဲ့ အဲဒါက ကပ်ဘေးကို အောင်မြင်နိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးလို့ ငါ ဘာလို့ ခံစားနေရတာလဲ... ငါ့ကိုယ်ငါနဲ့ အဲဒီ နောင်တတွေကို ရှင်းထုတ်ဖို့ အခြား အခွင့်အရေး တစ်ခု မရှိနိုင်တော့ဘူးလား”
ထိုခံစားချက်များက သူ့စိတ်အတွေး အတွင်းမှ တိုက်ရိုက် ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ မူလဇစ်မြစ်ကိုတော့ သူ ခန့်မှန်းနိုင်စွမ်း မရှိချေ။ တစ်စုံတစ်ယောက်က သူ့အနားသို့ လာကာ ထိုကဲ့သို့ ပြုလုပ်ရန် သတိပေးနေသလိုပင်။
“လုံချန်က ကလဲ့စားချေတဲ့ လုပ်ရပ်ကို လုပ်ဆောင်ရမှာလား... လျစ်လျူထားမှာလား... ဒါမှမဟုတ် နောင်တကို ဗဟိုပြုနေမှာလား... မဟုတ်သေးဘူး... အဲဒါတွေက တစ်ခုမှ မှန်တဲ့ပုံ မပေါ်ဘူး... စဥ်းစားစမ်း ဝေ့ဝူယင် စဥ်းစားစမ်း... မင်း မသိသေးတာ တစ်ခုခုတော့ ရှိရမယ်”
အတွေးကမ္ဘာအတွင်း နစ်မြုပ်သွားချိန်၌ ဝေ့ဝူယင်၏ ခံစားချက်များမှာ တဖြည်းဖြည်း မြင့်တက်လာ၏။ အဆုံးမဲ့ အမှောင်ထု လောကထဲတွင်တော့ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ အဆုံးမဲ့ နောင်တ သန့်စင်ခြင်း မြူနှင်းများ၏ ဝန်းရံမှု အလယ်သို့ နောက်တစ်ကြိမ် ကျရောက်သွားသည်။ ၎င်းတို့က သူ့ကို မြွေတစ်ကောင်နှယ် ရစ်ပတ်သွားကာ ဝိညာဥ်အပေါ်ယံလွှာကို တိုက်စားသွားလေ၏။
***