← Chapters

မနှစ်မြို့ဖွယ် ဧည့်သည်များ

Vol. 65 Ch. 898

မနှစ်မြို့ဖွယ် ဧည့်သည်များ

Vol. 65 Ch. 898

အမှန်အတိုင်းဆိုရလျှင် ကောင်းကင်အင်မော်တယ်ဂိုဏ်းက အမြဲ တည်ရှိနေခဲ့သော်လည်း မည်သူကမှ ဂိုဏ်းကို ဂရုမစိုက်ခဲ့ချေ။ အခြားသူများ၏ မျက်လုံးထဲ၌ ဤဂိုဏ်း တည်ရှိသည် ဖြစ်စေ မရှိသည် ဖြစ်စေ အရေးမပါပေ။

ဤအကြောင်းအရင်းကြောင့် ဖန်းကျဲသည် ဂိုဏ်းပြန်လည် ဖွင့်လှစ်ခြင်းကို လုပ်ချင်ခဲ့သည်။ တစ်လပင် မရှိသေးခင် ကောင်းကင်လူသားဂိုဏ်း၏ ပြန်လည်ဖွင့်လှစ်ခြင်း သတင်းသည် နတ်ဘုရားနယ်မြေ တစ်ဝက်ထိ ပျံ့နှံ့သွားပေသည်။

သတင်းများ လျင်လျင်မြန်မြန် ပျံ့နှံ့သွားရသည့် အဓိကအကြောင်းအရင်းမှာ နတ်ဘုရားနယ်မြေ၌ နတ်ဘုရားဘုရင်တစ်ဦး ထွက်ပေါ်လာမှုကြောင့် ဖြစ်သည်။ ကောင်းကင်လူသားဂိုဏ်း၏ ပြန်လည်ဖွင့်လှစ်ခြင်းနှင့် နတ်ဘုရားဘုရင် ရိုးရာအခမ်းအနားအား တစ်ရက်တည်း၌ ကျင်းပသွားမည် ဖြစ်သည်။

ဂိုဏ်းများစွာအပြင် နယ်လှည့်ကျင့်ကြံသူများသည် သတင်းများကြားသည့်အခါ ကောင်းကင်လူသားဂိုဏ်းသို့ အလျင်အမြန် ရောက်လာကြသည်။ နယ်လှည့်ကျင့်ကြံသူများက ဂိုဏ်းအတွင်းသို့ ဝင်ရောက်ရန် ရည်ရွယ်ချက်ဖြင့် လာကြစဉ် ဂိုဏ်းအများစုသည် ကောင်းကင်လူသားဂိုဏ်း၏ ပြန်လည်ဖွင့်လှစ်ခြင်းကို ဂုဏ်ပြုရန် ရောက်လာကြသည်။

ယခု ကောင်းကင်လူသားဂိုဏ်းမှ နတ်ဘုရားဘုရင်တစ်ဦး ထွက်ပေါ်လာပြီ ဖြစ်ရာ အနာဂတ်တွင် ဂိုဏ်းသည် မည်မျှ ကြီးမြတ်သွားမည်ကို စိတ်ကူးဖြင့် တွေးကြည့်နိုင်လေ၏။ ထိပ်သီးဂိုဏ်း တစ်ဂိုဏ်း မဖြစ်လာနိုင်လျှင်တောင် အနည်းဆုံး ပထမတန်းအဆင့် ဂိုဏ်း ဖြစ်လာပေလိမ့်မည်။

လက်ရှိအခြေအနေတွင် ကောင်းကင်လူသားဂိုဏ်း၌ တပည့်အနည်းငယ်သာ ရှိနေသောကြောင့် ယခုအချိန်၌ ဂိုဏ်းထဲသို့ ဝင်ခြင်းသည် ဂိုဏ်းထဲတွင် မြင့်မားသော အဆင့်တစ်နေရာ ရနိုင်ပေလိမ့်မည်။

…………..

မိုဝူကျိသည် ဂိုဏ်းပြင်ရေးရာ ခန်းမသခင်အဖြစ် ခန့်အပ်ခံထားရသောကြောင့် ဤဧည့်ကြိုတာဝန်မှာ သူ့တာဝန်လုံးလုံး ဖြစ်သွားသည်။ မိုဝူကျိပင် ကောင်းကင်လူသားဂိုဏ်းသို့ လူများစွာက ယနေ့ ရောက်လာကြလိမ့်မည်ဟု မမျှော်လင့်ထားပေ။

ကောင်းကင်လူသား ရင်ပြင်အတွင်းသို့ လူအုပ်ကြီး တစ်အုပ်ပြီးတစ်အုပ် အဆက်မပြတ် စီတန်း ရောက်ရှိလာကြသည်။ ဤလူများ၏ နာမည်ကတ်ပြားများနှင့် လက်ဆောင်များကို မိုဝူကျိက သီးခြားစွာ ကိုင်တွယ်ဖြေရှင်းလိုက်သည်။

မည်သည့်ကျင့်ကြံဆင့်နှင့် ဧည့်သည်မဆို ကာကွယ်ရေးအစီအရင်အတွင်းရှိ ရင်ပြင်ထဲဆီသို့ ရွှေရောင်ကောဇောကို ဖြတ်လျှောက်ရန် လိုအပ်ပေသည်။ ဂိုဏ်းချုပ်များနှင့် လောကနတ်ဘုရား ကျင့်ကြံဆင့်အထက်ရှိ အဆင့်မြင့်ကျင့်ကြံသူများအနေနှင့် ဧည့်ခန်းမဆီသို့ ဖိတ်ခေါ်လမ်းပြခြင်း ခံရပေမည်။

အစကတည်းက ကောင်းကင်လူသားဂိုဏ်းတွင် လူအင်အား မရှိချေ။ သို့သော်လည်း မိုဝူကျိ၏ စီမံခန့်ခွဲမှုသည် ဧည့်ခန်းမရှိ ပရမ်းပတာ ဖရိုဖရဲဖြစ်မှုများကို တားဆီးနိုင်လိုက်သည်။

အမှန်အားဖြင့် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များနှင့် လက်ဆောင်ပဏာသန ပြင်ဆင်လာသော ပုဂ္ဂိုလ်များ အားလုံးသည် ကောင်းကင်လူသားဂိုဏ်း၏ ရွှေရောင်ကောဇောကို ဖြတ်လျှောက်နိုင်ကြပြီး သူတို့နာမည်များကို အော်ခေါ်ကာ သူတို့၏လက်ဆောင်များအတွက် “ကျေးဇူးတင်ပါသည်” ဟု ထုတ်ဖော် ကြေညာခြင်း ခံရပေမည်။

ဤအခမ်းအနားသို့ ကြည့်ရှုရန် ရောက်လာကြသော သာမန်ကျင့်ကြံသူ တစ်ချို့က ဂိုဏ်း၏ ကြိုဆိုရေးအခမ်းအနားသည် မည်မျှ ပြီးပြည့်စုံကာ အပြစ်ဆိုဖွယ်မရှိကြောင်းအား တွေ့ရသောအခါ ကျိတ်၍ ချီးကျူးမိကြလေသည်။

သာမန် ရွှေရောင်ကောဇောတစ်ခုမျှသာ ဖြစ်သော်လည်း ဂိုဏ်းအား လက်ဆောင် ပဏာသနပေးသော သူများ၏ နာမည်များကို ထုတ်ဖော်ကြေညာသည့် မိုဝူကျိ၏ အစီအစဉ်မှာ ဤသည်ကို များစွာ အလွန်ထူးကဲသွားစေသည်။

ကောင်းကင်လူသားဂိုဏ်း၌ ဂိုဏ်းသား အနည်းငယ်မျှသာ ရှိသော်လည်း များပြားလှသော လူအုပ်ကြီးက လည်ပတ်ကြည့်ရှုရန် လာရောက်ကြလေသည်။ ယခု ကာကွယ်ရေးအစီအရင်ကို ဖွင့်လိုက်ပြီ ဖြစ်သောကြောင့် ရင်ပြင်ထဲရှိ လူအားလုံးသည် ဝင်ရောက်ရန်စောင့်နေကြသော လူအုပ်ကြီးအား မြင်နိုင်ပေသည်။

လူအများအပြားက စောင့်ကြည့်နေသောကြောင့် ဂိုဏ်းအတွက် လက်ဆောင်ပဏာသန ပြင်ဆင်လာသောလူများနှင့် သူတို့၏ နာမည်များကို ကြေညာခံရသူများမှာ အလွန်အမင်း စိတ်ချမ်းသာကာ ကျေနပ်မိကြ၏။

ဂိုဏ်းချုပ်များအပါအဝင် မြောက်များစွာသော အဆင့်မြင့် ကျင့်ကြံသူများသည် တမင်ပင် လက်ဆောင်ပဏာသနများကို ထပ်ဖြည့်လိုက်ကြ၏။ မည်သည့် လက်ဆောင်မျှ ပေးရန် ရည်ရွယ်ချက် လုံးဝမရှိသော ကျင့်ကြံသူတချို့မှာ ကသိကအောက် ဖြစ်သွားရကာ သူတို့သည်လည်း လက်ဆောင်သေးသေးလေး တစ်ခုအား ပြင်ဆင်လိုက်ရတော့သည်။ သူတို့သာ ရွှေရောင်ကောဇောပေါ်သို့ လက်ထဲ၌ မည်သည့်လက်ဆောင်မှမပါဘဲ ဖြတ်လျှောက်သွားလျှင် မည်မျှ အနေခက်လိုက်မည်နည်း။

လက်ဆောင်ပြင်ဆင်လာသော အခြားသူများက သူတို့နာမည်များအား ကြေညာခံရလိမ့်မည်ဖြစ်ရာ ကြေညာမခံရသည့်သူများအဖို့ မည်မျှ ရှက်ဖွယ်ကောင်းလိုက်မည်နည်း။

အစပိုင်း၌ ဧည့်သည်တော်များသည် နယ်လှည့်ကျင့်ကြံသူတချို့နှင့် တော်တော်လေး သေးငယ်သော ဂိုဏ်းများမှ ဖြစ်ကြသည်။ နောက်ပိုင်း ရောက်လာသောအခါ ပို၍ အရေးပါသော ပုဂ္ဂိုလ်ကြီးများပါ ရောက်လာကြလေသည်။

“ ကောင်းကင်လူသားဂိုဏ်းမှ ဓားစည်းမျဉ်းကျောင်းရဲ့ ကျောင်းအုပ် ကျွမ်းယင်းနန်ကို ကြိုဆိုပါတယ်။ ကျောင်းအုပ် ကျွမ်းယင်းနန်က ဂုဏ်ပြုလက်ဆောင်အဖြစ် အလယ်အလတ်အဆင့် နတ်ဝိညာဉ်သွေးကြောကို ပြင်ဆင်လာခဲ့ပါတယ်… ”

“ ကောင်းကင်လူသားဂိုဏ်းမှ ဆေးလုံးမြစ်ကျောင်းရဲ့ ဂိုဏ်းချုပ်လီရုကို ကြိုဆိုပါတယ်။ ဂိုဏ်းချုပ်လီရုက အဆင့်နိမ့်ဝိညာဉ်သွေးကြောနှင့် အကြောဖြတ် နတ်ပိုးပဝါကို ပြင်ဆင်လာခဲ့ပါတယ်… ”

“ ကောင်းကင်လူသားဂိုဏ်းမှ နတ်သစ်စေ့တောင်ကြားရဲ့ အကြီးအကဲကျန်းချီကို ကြိုဆိုပါတယ်။ အကြီးအကဲကျန်းချီက ထိပ်တန်း နတ်တောင်စဉ်နှစ်လုံးကို ပြင်ဆင်လာခဲ့ပါတယ်… ”

……………..

ဓားစည်းမျဉ်းကျောင်းနှင့် ဆေးလုံးမြစ်ကျောင်းတို့အား ဂိုဏ်းကြီးများ အနေဖြင့် ယူဆ၍မရပေ။ ထို့အပြင် သူတို့ဂိုဏ်း၌ နတ်ဘုရားဘုရင်လည်း မရှိပေ။ သို့သော် နတ်သစ်စေ့တောင်ကြားမှာ ခြားနားပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် နတ်ဘုရားနယ်မြေရှိ ထိပ်သီးဂိုဏ်းများမှ တစ်ဂိုဏ်း ဖြစ်သောကြောင့်ဖြစ်သည်။ နတ်သစ်စေ့တောင်ကြား၏ တောင်ကြားသခင် ဝမ်မင်ယန်သည် နတ်ဘုရားနယ်မြေရှိ အားကောင်းသော နတ်ဘုရားဘုရင် ၁၀ ယောက် အနက် ၆ ယောက်မြောက် အဆင့်တွင်ပင် ရှိ၏။

နတ်သစ်စေ့တောင်ကြား၏ အကြီးအကဲကျန်းချီ ကြွရောက်လာသောအခါ ရင်ပြင်ထဲမှ ဆွေးနွေးသံများမှာ ပို၍ကျယ်လောင်လာလေသည်။

“ လောကနတ်ဘုရားအဆင့် ၉ ရှိတဲ့ နတ်သစ်စေ့တောင်ကြား အကြီးအကဲကျန်းချီတောင် ဒီနေ့ ရောက်လာတယ်။ ကြည့်ရတာ ကောင်းကင်လူသားဂိုဏ်းရဲ့ နတ်ဘုရားဘုရင် ရိုးရာအခမ်းအနားက အဆင့်မြင့်ကျင့်ကြံသူတချို့ကို တကယ်စုစည်းနိုင်လိုက်တာပဲ ”

လူအုပ်ထဲမှ တချို့က အံ့အားသင့်စွာပြောလိုက်သည်။

“ အာ… ထိပ်သီးဂိုဏ်းအားလုံးထဲက နတ်သစ်စေ့တောင်ကြားကလွဲလို့ မင်းတို့ အခြားဘယ်ဂိုဏ်းတွေကို မြင်လိုက်လို့လဲ။ နတ်သစ်စေ့တောင်ကြားကတောင် ဒီကို သူတို့အကြီးအကဲပဲ ပို့လိုက်တာ ”

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ချက်ချင်းချေပလိုက်သည်။

ဤသည်ကိုကြားပြီးနောက် ဟိုဟိုသည်သည် ဆွေးနွေးနေကြသော လူများသည် တိတ်ဆိတ်သွားကြလေသည်။ ကြည့်ရသည်မှာ တကယ်ကိုပင် ဂိုဏ်းကြီးတစ်ဂိုဏ်းမှ အကြီးအကဲ တစ်ယောက်တည်းသာ လာပုံပေါ်သည်။ အခြားဂိုဏ်းအချို့ ရှိသော်လည်း အကောင်းဆုံးဂိုဏ်းမှာ ဓားစည်းမျဉ်းကျောင်းသာ ဖြစ်လိမ့်မည်။ ကျောင်းအုပ်ကျွမ်းယင်းနန်က လောကနတ်ဘုရားအဆင့် ၆ ဖြစ်သည်ဆိုသည့် ကောလဟာလ ရှိလေသည်။

သတိပေးချက်သာမရှိပါက မည်သူကမျှ ထိုအရာကို သတိထားမိမည့်ပုံ မပေါ်ပေ။ ယခု တစ်စုံတစ်ယောက်က သူတို့အား သတိပေးလိုက်သောကြောင့် သူတို့သတိထားမိလိုက်သည်မှာ ဤနေရာတွင် လူများစွာ ရှိနေကြသော်လည်း တစ်ခုတည်းသော ထိပ်သီးဂိုဏ်းမှာ နတ်သစ်စေ့တောင်ကြားသာ ဖြစ်သည်။ စောစောက ကျင့်ကြံသူတစ်ဦး ပြောပြခဲ့သလိုပင် နတ်သစ်စေ့တောင်ကြားက ဤနေရာကို အကြီးအကဲတစ်ယောက်မျှသာ ပို့လွှတ်လိုက်လေသည်။

ဆိုလိုသည်မှာ ယခုအချိန်ထိ အခြားနတ်ဘုရားဘုရင်တစ်ဦး၏ အရိပ်အယောင်ပင် မတွေ့ရသေးပေ။

အမှန်အားဖြင့် ဧည့်ကြိုနေရာတွင် ရပ်နေသော မိုဝူကျိသည် ဤအရာကို သတိပြုမိနှင့်ပြီးသား ဖြစ်သည်။ သူတို့သည် ဧည့်သည် တော်တော်များများကို ကြိုဆိုခဲ့ပြီးကာ လက်ဆောင် တော်တော်များများကိုလည်း လက်ခံရရှိခဲ့ပြီးပြီ။ သို့သော်လည်း ထိုနေရာ၌ မည်သည့် နတ်ဘုရားဘုရင်များ၏ အရိပ်အယောင်မျှ မရှိသေးသည်က သူ့အား အနည်းငယ် စိတ်ပျက်စေမိသည်။

ကောင်းကင်လူသားဂိုဏ်းသည် အတိတ်တွင် မည်သို့ပင်ဖြစ်ခဲ့ပါစေ ယခု နတ်ဘုရားဘုရင် ထွက်ပေါ်လာလေပြီ။ အခြားမည်သည့် နတ်ဘုရားဘုရင်များကမျှ မျက်နှာလာမပြသည်ကို သူ မယုံကြည်နိုင်ပေ။ နတ်ဘုရားနယ်မြေ၏ နတ်ဘုရားဘုရင်များသည် ကောင်းကင်လူသားဂိုဏ်း အပေါ်တွင် အထင်သေးခြင်းသာဖြစ်သည်ဟု မိုဝူကျိက ကောက်ချက်ချမိသည်။

နတ်ဘုရားဘုရင် အစောပိုင်းအဆင့်ရှိ အဆင့်မြင့် ကျင့်ကြံသူကိုလည်း နတ်ဘုရားဘုရင်တစ်ဦးဟု  မှတ်ယူသည် မဟုတ်ပါလော။ ယခု မိုဝူကျိက နတ်ဘုရားနယ်မြေတွင် ရှိနေသည်မှာ အချိန်အနည်းငယ်သာရှိသေးသည်။ သို့သော် နတ်ဘုရားဘုရင်တစ်ယောက်၏ တည်ရှိမှုသည် မည်မျှအရေးပါကြောင်းအား သူပင် သိလေ၏။ နတ်ဘုရားနယ်မြေရှိ နတ်ဘုရားဘုရင် စုစုပေါင်း အရေအတွက်အား ပေါင်းကြည့်လိုက်လျှင်ပင် အယောက်တစ်ရာ မပြည့်သေးကြောင်း သူက ကြားဖူးထားသည်။

ထို့အပြင် နတ်ဘုရားနယ်မြေတွင် လူပေါင်း မည်မျှ ရှိသနည်း။ အယောက် တစ်ကုဋေကျော်လား။

လူအယောက် တစ်ကုဋေအနက် တစ်ရာထက် နည်းသောသူများမှာ နတ်ဘုရားဘုရင်များ ဖြစ်သည်။ ဤသည်မှာ အလွန်ကွာခြားလွန်းလှသော အချိုးအစား မဟုတ်ပါလော။

မဟုတ်သေးပေ…

နတ်ဘုရားဘုရင်အရေအတွက်မှာ အရိုးသားဆုံးပြောရလျှင် အလွန်နည်းပါးပေသည်။

ဧည့်သည့်များ အားလုံးနီးပါးက ရင်ပြင်အတွင်း ဝင်ရောက်လာကြပြီကို သတိပြုမိပြီးနောက် ဂိုဏ်းကာကွယ်ရေး အစီအရင်ကို ပိတ်တော့မည့်အချိန်တွင် ကြေညာသူတပည့်က ရုတ်တရက်ကြေညာလိုက်သည်။

“ ကောင်းကင်လူသားဂိုဏ်းမှ နတ်ဘုရားဘုရင် ဝေကျန့်ကို ကြိုဆိုပါတယ်။ နတ်ဘုရားဘုရင် ဝေကျန့်က ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော၊ အဆင့်မြင့် နတ်ဝိညာဉ်သွေးကြောနဲ့ ထိပ်တန်းအဆင့် နတ်တောင်စဉ် ၁၀ လုံးကို ပြင်ဆင်လာခဲ့ပါတယ်… ”

ထိုတပည့်၏ကြေညာချက် မပြီးဆုံးခင်ပင် ဖန်းကျဲက မျက်နှာတွင် အပြုံးများဝေကာ ဂိုဏ်းအတွင်းမှ အလျင်စလို ထွက်လာနှင့်လေပြီ။

“ ညီလေးက ကောင်းကင်လူသားဂိုဏ်းကို ပြန်လည်တည်ထောင်ဖို့ ပြင်ဆင်နေတာ။ မထင်မှတ်ဘဲ ဒါက အစ်ကိုဝေကျန့်ကိုပါ သတိပြုမိစေတယ်။ တကယ်ကို ဂုဏ်ယူစရာပါပဲ… တကယ်ကို ဂုဏ်ယူစရာပါပဲ ”

“ ဟားဟား… ”

နတ်ဘုရားဝေကျန့်သည် ရယ်ရုံသာ ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကို ယှက်လိုက်သည်။

“ တာအိုရောင်းရင်းဖန်း ကျုပ်လိုပဲ နတ်ဘုရားဘုရင်အဆင့်ကို ရောက်လာတဲ့အတွက် ဂုဏ်ပြုပါတယ်။ ကျုပ်က သတင်းကို နည်းနည်း နောက်ကျပြီးမှ ရရှိခဲ့တာ။ ဒါပေမဲ့ ကြည့်ရတာ အချိန်မှီသေးပုံပါပဲ။ ကျုပ် တကယ်ကို ကံကောင်းတာပဲ။ တော်တော် ကံကောင်းသွားလို့ပဲ ”

“ အစ်ကိုဝေကျန့်… မြန်မြန်ကြွပါ… ”

ဖန်းကျဲသည် နတ်ဘုရားဘုရင် ဝေကျန့်အား ဂိုဏ်းထဲသို့ ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်လိုက်သည်။

ကြိုဆိုရေး အခမ်းအနားသည် နိဂုံးပိုင်းသို့ ရောက်နေပြီဖြစ်သော်လည်း နတ်ဘုရားဘုရင်ဝေကျန့်၏ ရောက်ရှိလာမှုက လူအုပ်ကြီး၏ စိတ်ခံစားမှုကို အသစ်တဖန် အထွတ်အထိပ်သို့ ခေါ်ဆောင်သွားပေသည်။

“ ဘယ်နတ်ဘုရားဘုရင်မှ ဒီအခမ်းအနားကို ကြည့်ဖို့ လာမှာမဟုတ်ဘူးလို့ မင်းတို့မပြောခဲ့ဘူးလား။ ဟိုမှာကြည့်လိုက်စမ်း။ နတ်ဘုရားဘုရင်ဝေကျန့်… နယ်လှည့်ကျင့်ကြံသူတွေထဲမှာ အကြီးမြတ်ဆုံး နတ်ဘုရားဘုရင်တွေထဲက တစ်ယောက်လေ ”

“ ဒါပေါ့ နတ်ဘုရားဘုရင်ဝေကျန့်အကြောင်းကို ငါသိတာပေါ့။ သူက နယ်လှည့်ကျင့်ကြံသူဆိုပေမဲ့ ကိစ္စတွေကို မျှမျှတတနဲ့ ပွင့်ပွင့်လင်းလင်း ပဲလုပ်တာ။ အဲ့ဒါအပြင် သူက နတ်ဘုရားဘုရင်အဆင့် ၄ မှာရှိပြီး နတ်ဘုရားနယ်မြေထဲမှာ အမြင့်ဆုံး တည်ရှိမှုတွေထဲက တစ်ယောက်ပဲ ”

…………..

မိုဝူကျိသည်လည်း နတ်ဘုရားဘုရင်ဝေကျန့် ရောက်ရှိလာမူကို မြင်ရသည်နှင့် သက်ပြင်းချလိုက်မိသည်။ သို့မဟုတ်ပါက သူက ဂိုဏ်းပြင်ရေးရာ ခန်းမသခင်အဖြစ် မည်မျှပင် အလုပ်ကို ကောင်းကောင်း ဆောင်ရွက်ခဲ့စေကာမူ တစ်ခုခုလိုအပ်နေဆဲ ဖြစ်နေလိမ့်မည်။

ဆက်တိုက်ဆိုသလိုပင် နတ်ဘုရားဘုရင်ဝေကျန့် ရောက်ရှိလာပြီးသည့်နောက် ကြေညာသူတပည့်မှာ ကြေညာချက်တစ်ခုကို ကျယ်လောင်စွာ ဆက်အော်လိုက်သည်။

“ ကောင်းကင်လူသားဂိုဏ်းမှ ဝမ်ချွမ်းတာအိုကျောင်းရဲ့ တပည့်လန်အို၊ ဝမ်ချွမ်းတာအိုကျောင်းရဲ့ တပည့် ပြန့်ဟွမ်အာ၊ လရောင်နတ်ဘုရားဂိုဏ်းရဲ့ တပည့် ကုန်းချမ်ချန်နဲ့ နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းရဲ့ တပည့်ကန်းလွမ်တို့ကို ကြိုဆိုပါတယ် ”

ကြေညာချက်အပြီးတွင် အင်မတန်လှပသော အမျိုးသမီး လေးဦးက ရွှေရောင်ကောဇော်ကို ဖြတ်လျှောက်လာလေသည်။

အမျိုးသမီးလေးယောက်ထဲမှ တစ်ယောက်ချင်းစီတိုင်းသည် မယုံနိုင်လောက်အောင် လှပသောကြောင့် မိုဝူကျိမှာ အံ့အားသင့်သွားသည်။ မိုဝူကျိ၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းအရ လေးယောက်အနက် မည်သူကမျှ ကောင်းကင်နတ်ဘုရားအဆင့် မရောက်သေးသည်ကို သူ သတိပြုမိလိုက်သည်။ သူတို့အားလုံးမှာ ကနဦးနတ်ဘုရားအဆင့်၌သာ ရှိနေကြသေးသည်။

ကျင့်ကြံဆင့် တော်တော်နိမ့်နေသော ဤမိန်းမလှလေး လေးဦးက အခမ်းအနားသို့ ကြည့်ရှုရန်လာသည်မှာ ကိစ္စမရှိပေ။ ကိစ္စရှိသည့် အရေးကြီးအချက်မှာ သူတို့ထဲမှ မည်သူကမျှ လက်ဆောင်ပဏာသန ယူဆောင်မလာဘဲ ရွှေရောင်ကောဇော်ပေါ်သို့ ပြောင်ပြောင်တင်းတင်း ဆက်လျှောက်လာခြင်းပင် ဖြစ်သည်။

မိုဝူကျိသည် ဂိုဏ်းအချို့ကိုတော့ ပြောသံ ကြားဖူး၏။ အမျိုးသမီး လျူရုထင်းသည်လည်း နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်းမှ မဟုတ်ပါလော။

မိုဝူကျိက ဂိုဏ်းတချို့အကြောင်း စဉ်းစားနေသည့်အခိုက် စုရှားသည် သူ့နားထဲသို့ တိုးတိုးလေး လာပြောနေနှင့်လေပြီ။

“ သူတို့အားလုံးက ထိပ်သီးဂိုဏ်းတွေကပဲ။ အတိအကျပြောရရင် ဝမ်ချွမ်းတာအိုကျောင်း၊ နဝမဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်းနဲ့ လရောင်နတ်ဘုရားဂိုဏ်းတွေကပဲ ”

မိုဝူကျိက စိုးရိမ်ကြောင့်ကြနေသည့် တစ်ဦးတည်းသောသူ မဟုတ်ပေ။ ကျန်ဧည့်သည်များသည်လည်း အကြိတ်အနယ် ဆွေးနွေးနေကြလေ၏။ ယခင်က သူတို့သည် နတ်သစ်စေ့တောင်ကြားမှာ ရောက်လာသည့် တစ်ခုတည်းသော ထိပ်သီးဂိုဏ်း ဖြစ်သည့်အကြောင်း ပြောဆိုနေကြသည်။ မျက်စိတစ်မှိတ်အတွင်း မြောက်များစွာသော အခြားထပ်သီးဂိုဏ်းများ ရောက်ရှိလာကြပြန်သည်။ ဝမ်ချွမ်းတာအိုကျောင်း၊ နဝမဆင့်ကဲခြင်းနတ်ဘုရားဂိုဏ်း နှင့် လရောင်နတ်ဘုရားဂိုဏ်း ထိုဂိုဏ်းအားလုံးမှာ နတ်ဘုရားနယ်မြေ၌ နာမည်ကျော် ဂုဏ်သရေရှိ တည်ရှိမှုများ ဖြစ်ပေသည်။

သို့သော် အဘယ်ကြောင့် မှားယွင်းနေသည်ဟု ခံစားနေရသနည်း။ ကြည့်ရှုရန် ရောက်လာကြသော တပည့်များသည် လက်ဆောင်များ ယူဆောင်မလာသည်သာမက သူတို့၏ကျင့်ကြံဆင့်သည် နည်းနည်း နိမ့်လွန်းနေသည် မဟုတ်ပါလော။

ကောင်းကင်နတ်ဘုရားအဆင့် မဟုတ်သည့် ကနဦးနတ်ဘုရားအဆင့် တပည့်လေးဦး…

သူတို့သည် ဤနေရာကို ဂုဏ်ပြုရန် လာခဲ့သည်လော သို့မဟုတ် စော်ကားရန် လာခဲ့သည်လော …

မိုဝူကျိ၏ စိတ်ထဲတွင် မည်သို့ ဖြစ်ပျက်နေသည်ကို နားလည်ဟန် ရှိသည်။ ဤဂိုဏ်းကြီး အချို့သည် ဂုဏ်ပြုရန် သင့်တော်မည့် ပုဂ္ဂိုလ်မလာဘဲ ပါးမွှားအချို့ကို ပို့လိုက်ရုံနှင့် ရသည်လော။ ဤသည်မှာ စော်ကားသည့် သဘောပင် မဟုတ်ပါလော။ သို့သော် ဂိုဏ်းပြင်ရေးရာ ခန်းမသခင်အနေနှင့် သူသည် သူ့အမျက်ဒေါသကို ထိန်းချုပ်ရုံသာ တတ်နိုင်သည်။ ထို့နောက် သူက စုရှားဘက် လှည့်လိုက်သည်။

“ စုရှား… အဲ့ဒါဆို သူတို့ကို ဧည့်ခန်းမထဲ ခေါ်သွားလိုက်ပါ ”

နောက်ဆုံးတွင်မူ သူတို့သည် သူတို့၏ ထိပ်သီးဂိုဏ်းများအား ကိုယ်စားပြုရန် လာသည် ဖြစ်၏။ အကယ်၍ သူသာ သူတို့အား ကောင်းကောင်း မကြိုဆိုမိလျှင် ကောင်းကင်လူသားဂိုဏ်းအတွက် ထိုဂိုဏ်းများမှ အမုန်းတရားတို့ကို ဖိတ်ခေါ်သလို ဖြစ်လိမ့်မည်။

“ ရှင်က တာဝန်ရှိသူလား ”

မိုဝူကျိအား အံအားသင့်စေသည်မှာ သူက စုရှားအား မှာကြားနေစဉ် အမျိုးသမီး လေးဦးသည် ဆက်မသွားဘဲ ရပ်လိုက်ကြခြင်း ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်သည် မိုဝူကျိအား မေးခွန်း မေးရန် တမင် သူ့ရှေ့သို့လျှောက်လာလိုက်သည်။

***

All Chapters