← Chapters

အပိုင်း(၄၈၉)

Vol. 33 Ch. 489

အပိုင်း(၄၈၉)

Vol. 33 Ch. 489

ထျန်းလျန်အင်ပါယာ ပုလဲမြို့ ပုလဲ သင်္ဘောဆိပ်ကမ်းတွင်ဖြစ်သည်။  ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်နှင့်အတူ သင်္ဘောပေါ်မှဆင်းသက်လိုက်၏။

ဤအချိန်တွင် ရှစ်ကျင်းရွှိုက်က လက်သီးတို့ကိုဆုပ်၍ရှစ်ဖုန့်အား

ခိုင်မာစွာပြောဆိုလိုက်သည်။

“ညီလေးရှစ်  အရှေ့ပင်လယ်ရဲ့ဒီခရီးစဉ်မှာ   ညီလေးရဲ့ကူညီပေးမှုကျေးဇူးကြောင့်သာ  ငါအသက်ရှင်နိုင်ခဲ့တာ.. ညီလေးရှစ်အတွက်ဒါက သေးငယ်တဲ့ကိစ္စလေးဆိုပေမဲ့  ငါ့အတွက်က  ဘဝသစ်တစ်ခုကို ထပ်မံပေးလိုက်သလိုပါပဲ ညီလေးရှစ်ရဲငါ့အပေါ် ကြင်နာမှုကို ငါလုံးဝမေ့မှာမဟုတ်ပါဘူး”

ထိုသို့ပြောပြီးနောက်   ရှစ်ကျင်းရွှိုက်က ရွှေရောင်တိုကင်ပြားတစ်ခုကို

ထုတ်ယူလိုက်ပြီး    ရှစ်ဖုန့်အားလွှဲပေး၍ ပြောလိုက်သည်။

“ဒီတိုကင်ပြားကငါ့ဟာပါ”

“ဒါကအရမ်းအသုံးမဝင်ပေမဲ့ အကယ်၍များ အနာဂတ်မှာ ညီလေးအကူအညီလိုအပ်လာရင်  ထျန်းဟန်တိုက်ကြီးပေါ်မှာရှိတဲ့ ရတနာတစ်ထောင်စံအိမ်တိုင်းမှာ ဒီတိုကင်ပြားကိုညီလေးကိုင်ထားတာနဲ့  ရတနာတစ်ထောင်စံအိမ်ကလူတွေက ညီလေးကိုအကူအညီပေးကြပါလိမ့်မယ်”

ဤတိုကင်ပြားမှာ သူ့အတွက် သေရေးရှင်ရေးဖြစ်လာသောအခိုက်တွင် တကယ်အသုံးဝင်လာလိမ့်မည်ဖြစ်သည်။

ဟုန်ယွဲ့ထိခိုက်ဒဏ်ရာရတုံးက

ထိုရှားပါးသော ဆေးအမယ်များအားရှစ်ဖုန့် စုဆောင်းခဲ့ရသည်ဖြစ်သည်။ အကယ်၍ ကုန်သည်စံအိမ်တစ်ခု၏ အကူအညီကိုရရှိခဲ့လျှင် ယင်းကသူ့အတွက်များစွာ ခရီးရောက်လိမ့်မည်သာဖြစ်၏။

ထိုထက်ပိုသည်မှာ ရှစ်ကျင်းရွှိုက်၏အဆိုအရ ရတနာတစ်ထောင်စံအိမ်က  ဧကရာဇ်လင်ဝူ၏မျိုးဆက်များဖြစ်သောရှစ်လင်၏ လင်မိသားစုနှင့်စီးပွားရေး အပေးအယူများ လုပ်ခဲ့သည်ဟုဆိုသည်။ ယင်းကရိုးရှင်းလိမ့်မည်မဟုတ်ပေ။

ရှစ်ဖုန့်က လက်လှမ်းလိုက်ပြီး   ရွှေရောင်တိုကင်ပြားအား ရှစ်ကျင်းရွှိုက်ထံမှ  ယူလိုက်သည်။  သူက၎င်းအားသူ၏သိုလှောင်

လက်စွပ်အတွင်းထားလိုက်ပြီး   ရှစ်ကျင်းရွှိုက်ကိုခေါင်းညိမ့်ပြလိုက်သည်။

ရှစ်ဖုန့်က တိုကင်ပြားအား  လက်ခံလိုက်သည်ကိုတွေ့ရသောအခါတွင်   ရှစ်ကျင်းရွှိုက်ထပ်မံပြောလိုက်သည်။

“ဒီတစ်ခေါက်ထျန်းလျန်အင်ပါယာ

ကိုငါလာရတာက အရမ်းအရေးကြီးတဲ့ အရောင်းအဝယ်ကိစ္စတစ်ခုကိုပြီးမြောက်အောင်လုပ်ဖို့ပဲ. ညီလေးရှစ် အခုဒီမှာပဲလမ်းခွဲကြတာပေါ့”

“အကယ်၍ လဝက်နေလို့မင်းသမီးလင်လုံရဲ့  သိုင်းပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့အတွက်ညီလေး ထျန်းလျန်အင်ပါယာကို သွားမယ်ဆိုရင် ထျန်းလျန်အင်ပါယာထဲက ရတနာတစ်ထောင်စံအိမ်မှာညီလေးငါ့ကိုလာရှာလို့ရတယ်..  ဘာမတော်တဆမှုမရှိခဲ့ဘူးဆိုရင် ငါအဲ့မှာရှိနေမှာပါ”

“အင်း  အကယ်၍ ဒီသခင်လေး အဲ့ပြိုင်ပွဲမှာ တိုးပြီးဝင်ပါချင်ခဲ့ရင်  ခင်ဗျားကို လာရှာပါ့မယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။ သိုင်းပြိုင်ပွဲဆိုသည်အားသူလုံးဝစိတ်ဝင်စားခြင်းမရှိပေ။

“ညီလေးရှစ်..ဂရုစိုက်ပါ”

ရှစ်ကျင်းရွှိုက်က လက်နှစ်ဖက်အားဆုပ်၍ ရှစ်ဖုန့်ကို ပြောလိုက်သည်။

“ဂရုစိုက်ပါ”

ရှစ်ဖုန့်ကလည်းလက်နှစ်ဖက်ကိုဆုပ်လိုက်ပြီး ရှစ်ကျင်းရွှိုက်ကိုပြောလိုက်သည်။

ထို့နောက်ရှစ်ဖုန့်က သိပ်မဝေးသော လေထဲ၌ ဝင့်ကြွားစွာရပ်နေသော  အဆင့်ခုနှစ် အဖြူရောင်ကျားဖြူအား ဆက်သွယ်လိုက်ပြီး၎င်းက ကျယ်လောင်စွာဟိန်းဟောက်၍   ရှစ်ဖုန့်ထံပြေးလာသည်။  ရှစ်ဖုန့်ဘေးသို့ရောက်ရောက်ချင်း   ရှစ်ဖုန့်၏ရှေ့၌ ဝပ်ပေးလိုက်သည်။

ရှစ်ဖုန့် ကကျားဖြူကိုစီးနင်းလိုက်ပြီး   ၎င်း၏ကျောထက်၌ တင်ပျဉ်ခွေထိုင်လိုက်သည်။ သူကပြောလိုက်သည်။

“သွားစို့”

“ဝေါင်း”

ရှစ်ဖုန့်၏စကားအားပြန်လည်

တုန့်ပြန်သည့်အနေဖြင့် ကျားဖြူက ဟိန်းလိုက်သည်။ဤ၏ကိုယ်အားမတ်လိုက်ပြီး   ရှစ်ဖုန့်နှင့်အတူ ဖြည်းဖြည်းချင်းရှေ့သို့လျှောက်လှမ်းလိုက်သည်။

ရှစ်ဖုန့်နှင့်ရှစ်ကျင်းရွှိုက်တို့က ဝေးသည်ထက်ဝေးသွားသည်။  ရှစ်ကျင်းရွှိုက်က    အဖြူရောင်ကျားဖြူနှင့်အနက်ရောင်ပုံရိပ်အား   သူ၏မြင်ကွင်းမှ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည့်တိုင် ကြည့်နေခဲ့သည်။ ထို့နောက်မှသာ သူလှည့်လိုက်ပြီး  ကမ်းကပ်ဒေါက်တင်ထားသော  ကုန်သည်သင်္ဘောထံသို့ကြည့်လိုက်၏။

…………

ပုလဲမြို့ပုလဲဆိပ်ကမ်းတွင်ဖြစ်သည်။ ကျားဖြူနှင့်ရှစ်ဖုန့်တို့က ပုလဲဆိပ်ကမ်းကထွက်ခွာလာပြီး   ပုလဲမြို့ထဲသို့ ဝင်ရောက်လိုက်သည်။

ပုလဲမြို့မှာ စည်ကားသောမြို့တစ်ခုဖြစ်ပြီး   ယင်းမှာ ပင်လယ်နှင့်နီးကပ်သောကြောင့်ဖြစ်နိုင်သည်။  ရှစ်ဖုန့်မြို့အတွင်းသို့ဝင်ဝင်ချင်း    ကုန်ပစ္စည်းများအားသယ်လာခြင်း သို့မဟုတ် တစ်ကိုယ်စာဆိုင်လေးများအား

ခင်းကျင်းနေကြသောကုန်သည်များ

ကိုတွေ့ရသည်။

လမ်းမများ၌ ဟိုဟိုသည်သည်သွားလာလှုပ်ရှားနေကြသောလူများဖြင့် ပျားပန်းခတ်ဆူညံနေသည်။   လမ်း၏ဘေးနှစ်ဖက်လုံးတွင် မျက်စိကျိန်းလောက်အောင်ခင်း

ကျင်းပြသထားသောကုန်ပစ္စည်းများ

နှင့်ဆိုင်ခန်းများကိုဖွင့်လှစ်ထား၏။  သာမန်လူများလိုအပ်သည့်ကုန်

ပစ္စည်းများအားရောင်းချနေသော ဆိုင်များလည်းရှိသလို   ဆေးဘက်ဆိုင်ရာ ဆေးလုံးများနှင့်ကျင့်ကြံသူသိုင်းသများအတွက်လိုအပ်သော ပစ္စည်းကိရိယာတန်ဆာပလာများအား ရောင်းချသောဆိုင်များလည်းရှိသည်။

“မင်း..မင်း လူလည်ကျတာပဲ. မင်းစီးပွားရေးကို ဘယ်လိုဖြစ်ပြီးဒီလိုလုပ်နိုင်ရတာလဲ. မင်းလူလည်ကျနေတာ. ပြောစရာသိက္ခာဆိုတာတောင်ရှိမနေဘူး”

ရုတ်တရက်   ရှေ့ရှိဈေးဆိုင်တစ်ခုမှ အော်သံတစ်ခုထွက်ပေါ်လာသည်။

ကျယ်လောင်သောအော်သံနောက်သို့လိုက်ပါ၍    လမ်းမထက်ရှိလူအုပ်က အလျှင်အမြန်ဆိုင်ရှိရာသို့စီး

မျောဦးတည်သွားကြသည်။

ဈေးဆိုင်အားရတနာများနားခိုအိမ်ဟုခေါ်၏။   ဤအချိန်တွင်  သန်မာသော လက်သတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်က ဈေးဆိုင်အလယ်သို့အော်နေသည်။

လူထွားကြီး၏ ဆန့်ကျင်ဘက်တွင်   မသတီစရာကောင်းသော ပုံနှင့် အသက်သုံးဆယ်အရွယ်  ပိန်သွယ်သောသူတစ်ယောက်ရှိနေသည်။  သူသည်တကယ်ကို စဉ်းလဲသော   ကုန်သည်တစ်ယောက်ပုံစံရှိသည်ဖြစ်သည်။

ထိုလူက လူထွား၏  စကားအားကြားလိုက်ရသောအခါတွင်   ရယ်စရာပျက်လုံးတစ်ခုအား

ကြားလိုက်ရသကဲ့သို့ ပြုံးလိုက်သည်။

“ကျုပ်က စီးပွားရေးသမားလေ.. ကျုပ်တို့နှစ်ယောက်စလုံး အရောင်းအဝယ်ဆန္ဒရှိခဲ့တာပဲ..  ဘာလို့ကျုပ်ကခင်ဗျားကိုလူလည်ကျရာမှာလဲ. ဒါ့အပြင် ကွဲပြားတဲ့ အကျိုးအမြတ်တစ်ခုမှကျုပ်မရပဲနဲ့ ဘာလို့ကျုပ်ကအဲ့တာကိုလုပ်မှာလဲ. ကျုပ်ဆိုင်ကပိုက်ဆံတွေအလှူ

ပေးနေတယ်ခင်ဗျားထင်နေတာလား. ကျုပ်ရဲ့လူအင်အားကရော ပိုက်ဆံကုန်ကျတယ်လို့ခင်ဗျားမတွေးဘူးလား”

“မင်း..မင်းကစဉ်းလဲတဲ့ကုန်

သည်တစ်ယောက်ပဲ”

သက်လတ်ပိုင်းအရွယ်လူ ပိန်သွယ်သောသူ၏မျက်နှာသို့

လက်ညှိုးငေါက်ငေါက်ထိုး၍   ပြောလိုက်သည်။  သူ့အားတိုက်ခိုက်ခြင်းခံရသကဲ့သို့ သူ၏မျက်နှာထက်၌ ဒေါသတို့ဖြင်ပြည့်နှက်နေသည်။

“ဘာဖြစ်နေတာလဲ”

အချင်းများနေခြင်းအားတွေ့ရသောအခါတွင်တစ်စုံတစ်ယောက်ကသူ့ဘေးနားရှိ

လူအားမေးလိုက်သည်။

“လီကောင်းကဒီနေ့ပင်လယ်ပြင်ထဲကိုထွက်ခဲ့ပြီးတော့ ကဲ့ကောင်းထောက်မစွာနဲ့ ပင်လယ်ထဲကနေ ပုလဲနက်တစ်လုံးကိုရှာတွေ့ခဲ့တယ်..  သူက ချောင်းချန်ကို  အဲ့တာကို ရွှေဒင်္ဂါးနှစ်ရာနဲ့ရောင်းခဲ့တယ်.. အဲ့နောက် ချောင်းချန်က အဲ့ပုလဲနက်ကို ဆိုင်ထဲမှာ ရွှေဒင်္ဂါးသုံးရာနဲ့ရောင်းနေတာ

ကိုသူတွေ့လိုက်ရတယ်..  လီကောင်းက သူ့ကိုချောင်းချန်အနေနဲ့လူလည်ကျပြီးတော့ ရွှေဒင်္ဂါးတစ်ရာလိမ်သွားတယ်

လို့ခံစားနေရတာ.”

ဇတ်လမ်းအားအတွင်းကျကျသိသော သူတစ်ယောက်က  လူအုပ်ကိုပြောလိုက်သည်။

လီကောင်းမှာသက်လတ်ပိုင်းအရွယ်လူဖြစ်ပြီး ချောင်းချန်မှာ   ဈေးဆိုင်အတွင်းမှကုန်သည်ဖြစ်သည်။

“ကြည့်လိုက် အဲ့ဒီပုလဲနက်ပဲ”

တစ်စုံတစ်ယောက်က   ချောင်းချန်၏ဆိုင်အတွင်းမှ လက်ချောင်းအရွယ်အစားရှိသော  ပုလဲနက်ကို ထိုးညွှန်ပြလိုက်သည်။

“ဟမ်”

ရှစ်ဖုန့်သည်လည်းပုလဲနက်အားမြင်တွေ့လိုက်ရသည်။  ရုတ်တရက်   ပုလဲနက်မှလာနေသည့် အေးစိမ့်သောစွမ်းအားအား

ရှစ်ဖုန့်အာရုံခံမိလိုက်သည်။

“ဒါက”

ရှစ်ဖုန့်၏အကြည့်က ချက်ချင်းပုလဲနက်ပေါ်ကျရောက်သွားသည်။   ပုလဲနက်၏ အပေါ်ယံမျက်နှာပြင်က   သာမန်ပုလဲသာဖြစ်သော်လည်း အထဲ၌အခြားတစ်ခုခုရှိနေလိမ့်မည်ဖြစ်သည်။ထိုလူများက ရှစ်ဖုန့်ကဲ့သို့ ရှုမြင်နိုင်မှုမရှိသောကြောင့်ဖြစ်

ကောင်းဖြစ်နေနိုင်၏။

ပုလဲနက်အားမြင်တွေ့လိုက်ရသောအခါတွင် ရှစ်ဖုန့်ကျားဖြူပေါ်မှ ခုန်ဆင်းလိုက်သည်။

သူကရတနာများနားခိုအိမ်သို့

လျှောက်သွားလိုက်ပြီး   ချောင်းချန်ကို ပြောလိုက်သည်။

“ဒီသခင်လေးအဲ့ပုလဲကိုလိုချင်တယ် .ဒီသခင်လေးအတွင်ထုပ်ပိုးပေးပါ”

“ကောင်းပါပြီ”

“အာ”

အချင်းများနေကြသော ချောင်းချန်နှင့်လီကောင်းတို့မှာ ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင်ပြိုင်တူအသံထွက်သွားသည်။

သို့သော် ချောင်းချန်၏မျက်နှာထက်၌ ပျော်ရွှင်မှုများဖြင့်ပြည့်နှက်နေ၏။ သူဝယ်ယူခဲ့သော ပုလဲနက်က ရွှေဒင်္ဂါး အမြတ်တစ်ရာနှင့်အချိန်တိုအတွင်းရောင်းထွက်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

အခြားတစ်ဖက်၌ရှိနေသောလီကောင်းမှာမူ သူ၏ပုလဲနက်အား အခြားတစ်ယောက်က တကယ်ကြီး ရွှေဒင်္ဂါးသုံးရာနှင့်ဝယ်သည်ကိုတွေ့လိုက်ရသောအခါတွင် ပို၍ ဒေါသထွက်လာသည်။  သူကချက်ချင်းပဲရှစ်ဖုန့်ကို

အော်ပြောလိုက်သည်။

“မင်း..သူ့ဆီကမင်းဝယ်လို့မရဘူး.. ဒီပုလဲကငါ့ဟာ. ငါ့ကိုရွှေဒင်္ဂါးတစ်ရာပေးပြီးတော့သူ့ကိုနှစ်ရာပေးလိုက်.. အဲ့တာဆိုမင်း ပုလဲနက်ကိုယူသွားလို့ရတယ်”

“လီကောင်း မင်းကငါ့ဆိုင်မှာ ငါ့ကို လုယက်ဖို့ကြိုးစားနေတာလား”

ပုလဲနက်အားယူတော့မည့်ချောင်းချန်က   လှည့်လိုက်ပြီးလီကောင်းအား

အော်ပြောလိုက်သည်။

“ဒီပုလဲနက်က အစကတည်းကငါ့ဟာပဲ.  ငါနဲ့သက်ဆိုင်တဲ့ရွှေဒင်္ဂါးကိုငါယူရုံပဲ. “

လီကောင်းကအရှိကိုအရှိအ

တိုင်းပြောလိုက်သည်။

“ငါမင်းကိုရွှေဒင်္ဂါးတစ်ထောင်ပေးမယ်..

ငါ့အတွက် ဒီပုလဲနက်ကိုထုတ်ပိုးပေး”

ဤအချိန်တွင် အိုမင်းပြီးအက်ကွဲကွဲနိုင်သော အသံတစ်ခုက ဈေးဆိုင်ဝမှ ထွက်ပေါ်လာသည်။

“ဘာ.. ရွှေဒင်္ဂါးတစ်ထောင်လား…ဒီပုလဲနက်က တကယ်ပဲအဲ့လောက်ဈေးကြီးတာလား”

“ဟုတ်ပ..တကယ်တမ်းအဲ့တာက ရွှေဒင်္ဂါးသုံးရာအများဆုံးပဲဟာ”

“ရွှေဒင်္ဂါးတစ်ထောင်နဲ့ဆို ဒီလိုပုလဲမျိုးအများကြီးဝယ်လို့ရတယ်”

ရွှေဒင်္ဂါးတစ်ထောင်ကမ်းလှမ်း

မှုအားကြားလိုက်ရသောအခါတွင်လူအုပ်မှာ ရုတ်ခြည်းဆူညံလာသည်။

လူတိုင်း၏မျက်လုံးများက   ဆိုင်အတွင်းသို့ဖြည်းညှင်းစွာလျှောက်လှမ်းလာနေသောပုံရိပ်ထံ  ကြည့်လိုက်ကြသည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters