Chapter(115)
Vol. 9 Ch. 115
အသန့်စင်ဆုံးစနစ် အခန်း(115)
မနက်မိုးလင်းတဲ့အချိန်မှာတော့ ချောင်ဖုန်းသည် ဟဲရှတောင်ထိပ်ကို လှည့်လည် ကြည့်ရှုလိုက်သည်။ထိုချိန်မှာပဲ ယန်နင်းသည် ချောင်ဖုန်းရှိ ပြေးလားပြီး "ကိုကိုချောင်ဖုန်း.......နင်လဲ ဆရာစီမှာ တပည့်ခံလိုက်ပြီလား....." ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် ငြင်းဆိုမယ့်ချိန်မှာ ဖဲရန်လို့ခေါ်သော ဖဲရန်နဲ့သူ့အဖွဲ့ရောက်ရှိလာပြီး ဖဲရန်သည် "ဆရာတူညီမလေးယန်နင်း.......ငါတို့ဂိုဏ်းမှာ ဘယ်လိုလုပ်ပြီး အမှိုက်တွေကို တပည့်လက်ခံမှာလဲ " ဟု ချောင်ဖုန်းအား ကြည့်ကာ ပြောလိုက်သည်။
ထိုချိန်မှာ ဖဲရန်ရဲ့မျက်နှာပေါ်ကို လက်ဝါးတစ်ချက်သည် ရောက်ရှိလာလေသည်။ ဖဲရန်သည် ရိုက်ခံလိုက်ရသော သူပါးလေးအား ကိုင်ကာ ဘယ်သူရိုက်လဲ ကြည့်လိုက်တဲ့အခါမှတော့ ယန်ဖေးကျီဖြစ်နေတဲ့အခါ "ဆရာတူအကို........မင်းငါ့ကို ဘာလို့ရိုက်လိုက်တာလဲ" ဟု မျက်နှာမဲ့စွာဖြင့် မေးလိုက်သည်။
ယန်ဖေးကျီသည် ဖဲရန်အား "ဝေးဝေးထွက်သွားစမ်း" လို့ပြောလိုက်ပြီး "သခင်လေး.....ဒီရောက်နေတာကို ကျွန်တော်မျိုးမကြိုဆိုမိလို့ တောင်းပန်ပါတယ် " ဟု လက်နှစ်ဖက်ဆုပ်၍ ခေါင်းငုံကာ ပြောလိုက်သည်။ထိုအခါ ဖဲရန်နဲ့ ကျန်ရှိနေသော ဘေးမှ လူများအားလုံးသည် အံ့အားသင့်သွားသည်။
ဖဲရန်သည် ချောင်ဖုန်းခန္ဓာကိုယ်မှ စွမ်းအင်အရှိန်အဝါ မခံစားရတာတောင် ယန်ဖေးကျီသည် တလေးတစားဆက်ဆံနေတဲ့အတွက် ရူးနေတာလားလို့တောင် ထင်သွားလေသည်။ထိုချိန်မှာပဲ ခန်းချန်း ရောက်ရှိလာကာ "သခင်လေး.....ဘယ်လိုနေရတာ အဆင်ပြေရဲလား " ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် "အကြီးအကဲခန်းချန်း......ကျွန်တော်အဆင်ပြေပါတယ်" လို့အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
ထိုအခါ ဖဲရန်သည် "ဘာဖြစ်ကုန်တာလဲ.......အဲ့ကောင်ရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလို့ အကြီးအကဲတောင် သခင်လေးလို့ " ခေါ်နေရတာလဲ ဟု တွေးလိုက်လေသည်။
ထိုချိန်မှာ ခိုစာဌက်တစ်ခု ရောက်ရှိလာပြီး ခန်းချန်းသည် ယူဖတ်ကြည့်လိုက်သည်။ထိုခိုစာဌက်ထဲတွင် ရေးထားတာကတော့ ယန်ကျင်းဂိုဏ်းမှ ဖုံးကွယ်ထားသော တရားခံအား သူတို့ရှိကို လွဲပြောင်းပေးဖို့ တောင်းဆိုထားသော စာဖြစ်သည်။
ထိုအခါ ခန်းချန်းသည် စာထဲမှာ ရေးထားတာကို ပြောပြလိုက်ပြီး "သခင်လေး......ဒီကိစ္စမင်းဒီမှာ နေခဲ့ပါ ၊ ငါနဲ့ဆရာသွားရှင်းလိုက်မယ်" လို့ ပြောလိုက်သည်။ချောင်ဖုန်းသည် "အကြီးအကဲခန်းချန်း......ကျွန်တော်ကိုယ်တိုင် ထွက်ရှင်းလိုက်ပါ့မယ် " ဟု ပြောကာ ဟဲရှတောင်ထိပ်မှ အောက်သို့ ခုန်ဆင်းသွားလေသည်။
ခန်းချန်းလဲ ကျိုလျန်ကို အသိပေးပြီး ချောင်ဖုန်းနောက်ကို လိုက်သွားကြလေသည်။ချောင်ဖုန်းသည် ဟဲရှတောင်ထပ်မှ ခုန်ချသွားတဲ့အခါ ဖဲရန်သည် လိုက်ကြည့်လိုက်သည်။
ချောင်ဖုန်းသည် လေပေါ်သို့ အောက်သို့ အေးဆေးပျံသန်းသွားတာကို တွေ့တဲ့အခါ ဖဲရန်သည် "သူက.......ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားတစ်ယောက်လား " လို့ပြောကာ ကြောက်လန့်သွားလေသည်။
ချောင်ဖုန်းသည် ဟဲရှတောင်ထိပ်မှ လျင်မြန်စွာ ပျံသန်းလိုက်ပြီး လူအုပ်စုတစ်ဖွဲ့ရှိကို ရောက်လာလေသည်။ထိုလူအုပ်ကြီးရဲ့ရှေ့မှာတော့ အပြာရောင်ဝတ်စုံများ ဝတ်ဆင်ထားသော လူများသည် ဒေါသထွက်နေသော မျက်နှာများဖြင့် ရပ်စောင့်နေကြလေသည်။
ယန်ကျင်းဂိုဏ်းမှ ယွမ်ကုံဟု ခေါ်သော အကြီးအကဲသည် "ယိကျွင်း.....မင်းတို့ကုန်ဖေးဂိုဏ်းက အရိုက်ခံချင်လို့ ငါတို့ဂိုဏ်းရှေ့ထိ လာတောင်းဆိုနေတာလား " ဟု ပြောလိုက်သည်။
ထိုအခါ ယိကျွင်းဆိုသော လူသည် မျက်နှာမဲ့မဲ့ဖြင့် "ယွမ်ကုံ.......မင်းတို့ယန်ကျင်းဂိုဏ်းက ငါတို့ဂိုဏ်းထက်အဆဆ အရာရာသာတာ ငါလက်ခံတယ် ၊ ဒါပေမယ့် ငါတို့ဂိုဏ်းက လူကိုထိရင်တော့ ငါတို့အသက်နဲ့လဲပြီး မင်းတို့ကိုရင်ဆိုင်ရလိမ့်မယ် " ဟု ပြန်ပြောလိုက်သည်။
ထိုချိန်မှာ ချောင်ဖုန်းသည် ယန်ကျင်းဂိုဏ်းရဲ့လူအုပ်ကြီးထဲမှ ထွက်လာတဲ့အခါ လုံရှောင်စစ်သည် "အကြီးအကဲယိကျွင်း........အဲ့နေ့က ကျွန်တော်တို့နဲ့ ပြသာနာဖြစ်တာ အဲ့ကောင်လေးပဲ....." ပဲ ယိကျွင်းအားပြောလိုက်သည်။
ယိကျွင်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး ချောင်ဖုန်းအား"ကောင်စုတ်လေး........မင်းကို စစ်ဆေးစရာရှိတဲ့အတွက် ငါတို့ကုန်ဖေး ဂိုဏ်းကို အေးအေးလိုက်ခဲ့ပါ ၊ မဟုတ်ရင်တော့ ငါအဆိုးမဆိုနဲ့နော် " ဟု ခြိမ်းခြောက်လိုက်သည်။
ယွမ်ကုံသည် ချောင်ဖုန်းကို တွေ့တဲ့အခါ "မင်းကကျိုလျန်ပြောတဲ့ လူငယ်လေးလား......." ဟု မေးလိုက်သည်။ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "အကြီးအကဲက ကျွန်တော်ကို သိနေတာလား " ပြန်မေးလိုက်သည်။
ယွမ်ကုံသည် ချောင်ဖုန်းအား ခေါင်းငြိမ့်ပြလိုက်ပြီး သူရဲ့ပုလွေအသေးလေးအား လက်ထဲမှာ ဆုပ်ကိုင်လိုက်ပြီး ယိကျွင်းဘက်ကို ပြန်လှည့်ကာ "ဒီသခင်လေးက ငါတို့ယန်ကျင်းဂိုဏ်းရဲ့ဧည့်သည်တော်တစ်ယောက်ဖြစ်တဲ့အတွက် မင်းတို့လက်ထဲကို မထည့်ပေးနိုင်ဘူး ၊ နောက်ပြီး မင်းတို့ကုန်ဖေးဂိုဏ်းရဲ့လုပ်ကြံမှုအတွက် ကျေနပ်တဲ့ ဖြေရှင်းချက်မျိူး လိုချင်တယ် မဟုတ်ရင်တော့ " ဟု ပြောလိုက်ပြီး သူရဲ့ နတ်နယ်ပယ်အစောပိုင်းအဆင့် အရှိန်အဝါစွမ်းအားကို ထုတ်လွှင့်လိုက်သည်။
ထိုအခါ ယိကျွင်းသည် ရယ်လိုက်ပြီး "ဟားဟားဟား.......ယွမ်ကုံ.....မင်းက သိပ်ရယ်စရာတွေ ပြောတက်တာပဲ ငါတို့ဂိုဏ်းရဲ့ ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားဆယ်ယောက်လုံးသေဆုံးသွားတာတောင် မင်းတို့က ဖြေရှင်းချက်လိုချင်သေးတာလား " ဟု မေးလိုက်သည်။
ထို့နောက် လုံရှောင်စစ်သည် "အကြီးအကဲယိကျွင်းပြောတာ မှန်တယ်.......မင်းတို့ယန်ကျင်းဂိုဏ်းက ငါတို့လူတွေကို သတ်ဖြတ်ဖို့ ကြိုတင်ကြံစည်ထားတာပဲ ဖြစ်ရမယ်" လို့ ကြားက ဝင်ပြောလိုက်သည်။
ထိုချိန်မှာ ကျိုလျန်နဲ့ခန်းချန်း ရောက်ရှိလာပြီး ကျိုလျန်သည် "ကြည့်ရတာ မင်းတို့ကုန်ဖေးဂိုဏ်းက ငါတို့ဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ လူအပြည့်ခေါ်လာတာ ထင်တယ် " ဟု ပြောလိုက်သည်။ကျိူလျန်ပြောတာကို ယန်ကျင်းဂိုဏ်းမှ လူများ နားမလည်ပင်မယ့် ချောင်ဖုန်းသည် သိရှိနေခဲ့သည်။
ကုန်ဖေးဂိုဏ်းသည် အမှန်တကယ်ပင် နောက်ကွယ်တွင် ပုန်းကွယ်နေသော နတ်နယ်ပယ်အဆင့်နဲ့ ဧကရာဇ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများကို ခေါ်ဆောင်လာခြင်းပင်ဖြစ်သည်။ယိကျွင်းသည် မသိချင်ယောင်ဆောင်ကာ "ကျိူလျန်......မင်းဘာမဟုတ်တာတွေ လျှောက်ပြောနေတာလဲ " ဟု မေးလိုက်သည်။
ကျိုလျန်သည် လေပေါ်သို့ ပျံတက်လိုက်ပြီး "တောက်ပသော ဓားရောင်ခြည်ကျဆင်းပြီး မကောင်းဆိုးဝါးများအား သေဆုံးစေ " ဟု ရေရွတ်လိုက်ပြီး သူလက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ နေရောင်ခြည်အရောင်ကဲ့သို့ ဓားရှည်ချောင်းများသည် ဟုန်ဖေးဂိုဏ်းမှ လူများရှိသို့ ကျရောက်သွားလေသည်။
ထိုအခါ ပျောက်ကွယ်နေသော နတ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများနဲ့ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများပေါ်ထွက်လာပြီး ကျိုလျန်ရဲ့ တိုက်ခိုက်မှုကို ခုခံလိုက်ကြလေသည်။
ကျိုလျန်သည် သူ့ဓားကို ပြန်သိမ်းလိုက်ပြီး " ယိကျွင်း........မင်းအခုဆက်ငြင်းချင်သေးလား......"လို့မေးလိုက်သည်။ယိကျွင်းသည်
"မင်းတို့သိတော့လဲ မထူးတော့ပါဘူး.....ဘာလို့လဲဆိုတော့ မင်းတို့က သေရတော့မှာ မို့လို့ပဲ " လို့ပြောလိုက်သည်။
ကျိုလျန်တို့သည် ကုန်ဖေးဂိုဏ်းက ရုတ်တရက်အတင့်ရဲလာတဲ့အတွင် အံ့အားသင့်နေလေသည်။ထိုချိန်မှာပဲ နောက်ထပ်အဖွဲ့တစ်ဖွဲ့သည် လေပေါ်မှာပင် ပေါ်လာခဲ့သည်။ထိုအဖွဲ့ကတော့ လောင်ဘိုဂိုဏ်းမှ လူများပင်ဖြစ်လေသည်။
လောင်ဘိုဂိုဏ်းကတော့ ယန်ကျင်းဂိုဏ်းနဲ့အင်းအားချင်းညီမျှပြီး အမြဲလိုလို ယှဥ်ပြိုင်လေ့ရှိသော ဂိုဏ်းတစ်ခုပင်ဖြစ်သည်။ကျိူလျန်သည် တောင်ထိပ်သခင်များနဲ့ ဂိုဏ်းချုပ်ကို အမြန်သတင်းပို့ရန် စေလွှတ်လိုက်သည်။
ချောင်ဖုန်းသည် ဂရုမစိုက်တဲ့ပုံဖြင့် ခေါင်းခါလိုက်ပြီး "အကြီးအကဲကျိုလျန်.....ကုန်ဖေးဂိုဏ်းကလူတွေကတော့ ကျွန်တော်တာဝန်ယူလိုက်မယ် ကျန်တဲ့လူတွေကတော့ အကြီးအကဲတို့ လက်ထဲအပ်လိုက်မယ်နော် " ဟု ပြောလိုက်သည်။
ကျိူလျန်သည် "သခင်လေးတစ်ယောက်ထဲနဲ့လား........." ဟု မေးတုန်းရှိသေး ချောင်ဖုန်းသည် ပျောက်ကွယ်သွားပြီဖြစ်သည်။ထို့နောက် ချောင်ဖုန်းသည် လေပေါ်မှ ပြန်ပေါ်လာခဲ့တဲ့အခါ ကုန်ဖေးဂိုဏ်းမှ လူများသည် ချောင်ဖုန်းရှိရာသို့ ခုန်တက်သွားကြပြီး ယိကျွင်းသည် "ကောင်စုတ်လေး.......မင်း တစ်ယောက်ထဲနဲ့ ငါတို့အားလုံးကို သတ်နိုင်မယ်လို့ စိတ်ကူးယှဥ်နေတာလား " လို့မေးလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် "ငါတစ်ယောက်ထဲလို့ မင်းတို့ကို ဘယ်သူပြောလို့လဲ....."လို့ပြောလိုက်သည်။ထိုအခါ ရုပ်သေးရုပ်လေးရုပ်နဲ့ ရီချုံသည် ချောင်ဖုန်းရဲ့ ဘေးမှ ပေါ်ထွက်လာလေသည်။အားလုံးသည် ချောင်ဖုန်းဘေးမှာ အားကောင်းသော သက်တော်စောင့်များ ရှိနေမယ်လို့ မထင်ထားခဲ့ချေ။
ချောင်ဖုန်းသည် ယိကျွင်းမှ ကျန်သော ကုန်ဖေးဂိုဏ်း၏ ကျန်သောသူများကို တိုက်ခိုက်ဖို့ စေခိုင်းလိုက်သည်။ယိကျွင်းသည် "ကောင်စုတ်လေး.......မင်းက ငါနဲ့တစ်ယောက်ချင်း တိုက်ခိုက်ဖို့ ဆုံးဖြတ်ထားတဲ့အတွက် ငါမင်းကို ချီးကျူးပါတယ် ဒါပေမယ့် မင်းရဲ့ဆုံးဖြတ်ချက်က အမှားကြီးဆိုတာ ငါမင်းကို သက်သေပြပေးမယ် " လို့ ပြောလိုက်သည်။
ယိကျွင်းသည် သူ့စကားဆုံးတာနဲ့ နတ်နယ်ပယ်အစောပိုင်းအဆင့်စွမ်းအားကို လက်သီးမှာ စုစည်းပြီး ချောင်ဖုန်းထိုးချလိုက်သည်။ထိုအခါ ချောက်ဖုန်းသည်လည်း သူရဲ့ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ယိကျွင်းရဲ့ စွမ်းအားကို ဖျက်စီးပစ်လိုက်သည်။
ထိုအခါ ယိကျွင်းသည် "မဖြစ်နိုင်တာ......မင်းလဲ နတ်နယ်ပယ်အဆင့်ကို ရောက်ရှိနေတာလား....."လို့မေးလိုက်သည်။