← Chapters

Chapter(116)

Vol. 9 Ch. 116

Chapter(116)

Vol. 9 Ch. 116

အသန့်စင်ဆုံးစနစ် အခန်း(116)

ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "မင်းသိတာနောက်ကျလွန်းသွားပြီ" လို့ ပြောလိုက်ပြီး လှောင်ပြောင်လိုက်သည်။ထိုအခါ ယိကျွင်းသည် "ကောင်းပြီလေ......မင်းကိုငါတို့ဂိုဏ်းရဲ့ အထွပ်အမြတ်ကျင့်စဥ်ဖြစ်တဲ့ ဇီဝိန်ခြွေလက်ညိုးကျင့်စဥ်အကြောင်း ပြရသေးတာပေါ့ " ဟု ပြောလိုက်သည်။

ထိုချိန်မှာ ဟုန်ဖေးဂိုဏ်းမှ လူများသည် ရီချုံနဲ့ ရုပ်သေးရုပ်များကို မနိုင်တော့တဲ့အတွက် "အကြီးအကဲယိကျွင်း......အဲ့ကောင်ကို သတ်ပြီး ငါတို့ကို လာကူပါအုံး" လို့ အော်ဟစ်လိုက်ကြသည်။

ယိကျွင်းသည် ထိုလူတွေအားဂရုမစိုက်ဘဲ သူ့လက်ညိုးချောင်းအား နဖူးပေါ်သို့ တစ်ချက်ထိလိုက်ပြီး ချောင်ဖုန်းအား ညွှန်လိုက်တဲ့ ရွှေဝါရောင် ချီစွမ်းအင်များပြည့်နှက်နေသော ဧရာမလက်ညိုးချောင်းကြီးသည် ယိကျင်းရဲ့ခေါင်းအထက်ရှိ လေဟာနယ်မှ ထွက်ပေါ်လာပြီး ချောင်ဖုန်းရှိရာသို့ ရောက်ရှိသွားလေသည်။

ယိကျွင်းရဲ့စိတ်ထဲတွင် "ဒီကျင့်စဥ်ကို သုံးဖို့ ငါစွမ်းအားရဲ့ ရာခိုင်နှုန်းအကုန်နီးပါး ထုတ်သုံးထားတဲ့ နတ်နယ်ပယ်အထွဋ်အထပ်အဆင့်ရောက်နေရင်တောင် လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး " ဟု တွေးနေလေသည်။

ကျိူလျန်နဲ့ယန်ကျင်းဂိုဏ်းမှ လူများသည် လောင်ဘိုဂိုဏ်းမှ လူများနဲ့ တိုက်ခိုက်နေရင်းတောင် ယိကျင်း၏ အဖျက်စွမ်းအားအရှိန်အဝါကို ခံစားနေရလေသည်။

ချောင်ဖုန်းကတော့ ဧရာမလက်ညိုးဝိညဥ်စွမ်းအင်ကြီးသည် သူ့နားရောက်လာတဲ့အခါ "ငါသာသူကျင့်စဥ်အတိုင်းလိုက်သုံးရင် ငါစွမ်းအားလဲ တော်တော်ကုန်သွားလောက်မယ် ခုတော့ ငါ့မှာ တန်ပြန်သက်ရောက်ခြင်းကျင့်စဥ်ရှိနေပြီလေ ဟီးဟီး " ဟု တွေးရင်း ရယ်လိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ အပြာရောင် လေဟာနယ်စက်ဝိုင်း တစ်ခုထွက်ပေါ်လာပြီး ဧရာမလက်ညိုးဝိညဥ်စွမ်းအင်ကြီးသည် လေဟာနယ်စက်ဝိုင်းထဲသို့

ရောက်သွားတာကို မြင်လိုက်ရတဲ့အတွက် ယိကျွင်းသည် "မဖြစ်နိုင်တာ......အဲ့ဒါက ဘာကြီးလဲ " လို့ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

ထိုချိန်မှာပဲ လျှပ်တစ်ပြက်အတွင်း ယိကျွင်းရဲ့ ရှေ့တွင် လေဟာနယ်စက်ဝိုင်းကြီးသည် ပြန်လည်ဖြစ်ပေါ်လာပြီး ထိုစက်ဝိုင်းအထဲမှ ဧရာမလက်ညိုးဝိညဥ်စွမ်းအင်ကြီးသည် သူ့ရှိကို ဦးတည်စွာဖြင် ကျရောက်လာလေသည်။

ယိကျွင်းသည် ထွက်ပြေးဖို့ နောက်ကျသွားပြီဖြစ်တဲ့အတွက်"ငါမသေချင်ဘူး.......ငါကိုကယ်ကြပါအုံး ......"လို ကြောက်ရွံစွာ အော်လိုက်ပြီး ကျန်ရှိသော စွမ်းအင်လေးနဲ့ ခုခံလိုက်သည်။

သို့သော် ဧရာမလက်ညိုးဝိညဥ်စွမ်းအင်ကြီးသည် ယိကျွင်းခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတဲ့အခါ ပေါက်ကွဲမှု တစ်ခုဖြစ်ပေါ်ပြီး ယိကျွင်းသည် မြေပေါ်သို့ ပြုတ်ကျသွားကာ တစ်ကိုယ်လုံးသွေးသံရဲရဲဖြင့် နာကျင်မှုကို ခံစားနေရလေသည်။

ထိုချိန်မှာ ချောင်ဖုန်းသည် ယိကျွင်းနားကို လျင်မြန်စွာ သွားလိုက်ပြီး ယင်ယန်သတ်ဖြတ်ခြင်းကျင့်စဥ်အား အသုံးပြုလိုက်လေသည်။ထိုအခါ ယိကျွင်းရဲ့ ခန္ဓာကိုယ်အတွင်းမှ ကျင့်ကြံရေးစွမ်းအင်များသည် ချောင်ဖုန်း၏ သွေးကြောအသစ်ထဲသို့ စီးဝင်သွားလေသည်။

စက္ကန့်ပိုင်းအတွင်းယိကျွင်းသည် ပြာမှုန့်လေးများအဖြစ်သို့ပြောင်းလဲသွားပြီး စုန့်ဝိညဥ်စွမ်းအင်တောင်ထွက်မပေါ်လာတော့ပေ။ထိုအရာမြင်သောအခါ ယန်ကျင်းဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်သည် "အဲ့တာဝတ်ရုံနီဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းကျင့်စဥ်မလား " လို့ နှုတ်က ထွက်မိသွားသည်။

ထိုအခါ ထပ်မံရောက်ရှိနေတဲ့ တောင်ထိပ်သခင်ထဲမှ တစ်ယောက်သည် "မဟုတ်ဘူး.......ဝတ်ရုံနီဂိုဏ်းရဲ့ ရက်စက်တဲ့ကျင့်စဥ်တောင် အဲ့လောက် ကြောက်စရာမကောင်းဘူး" ဟု သူ့ဘေးကလူများကို ရှင်းပြလိုက်သည်။

ချောင်ဖုန်းသည် ယိကျွင်းအားသတ်ဖြတ်ပြီးတာနဲ့ ကုန်ဖေးဂိုဏ်းရှိ လူများအားလုံးကို လိုက်လံသတ်ဖြတ်လိုက်တဲ့အခါ တစ်ယောက်မကျန် သေဆုံးသွားလေသည်။ရီချုံသည် သူဖြစ်ပေါ်လာသောစွမ်းအားအသစ်ကို အသုံးပြုချင်ပင်မယ့် ထိုလူတွေရဲ့ စွမ်းအင်သည် နိမ့်ပါးသေးသည့် အတွက် ထုတ်အသုံးမပြုခဲ့ပေ။

ရုပ်သေးရုပ်များသည် ချောင်ဖုန်း၏သိုလှောင်ကွင်းလက်စွပ်ထဲသို့ ပြန်လည်ရောက်ရှိသွားပြီး ရီချုံကလဲ ချောင်ဖုန်းခန္ဓာကိုယ်နဲ့ ပြန်လည်ပေါင်းစပ်သွားလေသည်။ကျိူလျန်တို့အဖွဲ့ရှိလက်ချက်ကြောင့် လောင်ဘိုဂိုဏ်းက လူများသည် အသေအကြေများခဲ့ပြီး ထွက်ပြေးသွားသော သူများလဲ ရှိလေသည်။

ထိုချိန်မှာ လေဟာနယ်ထဲမှ အက်ကွဲကြောင်းရာတစ်ခုပေါ်ထွက်လာပြီး အဖိုးအိုတစ်ယောက်ထွက်လာတဲ့အခါ ချောင်ဖုန်းမှ လွဲ၍ အားလုံးသည် ဒူးတစ်ဖက်ကိုယ်စီထောက်သွားပြီး "ဂိုဏ်းချုပ်ကို အရိုအသေပြုပါတယ် " လို့ ​ညီညာစွာ ပြောဆိုလိုက်သည်။

ထိုအဖိုးအိုသည် မျက်တောင်ပင် ခတ်ပြလိုက်ပြီး အားလုံးကို ထခိုင်းလိုက်သည်။ထို့နောက် သူ့သိုလှောင်ကွင်းထဲမှ အမိန့်ပြားတစ်ခုကိုယွမ်ကုံကို ပေးလိုက်ပြီး "တောင်ထိပ်လေးခုလုံးရဲ့ လက်ရွေးစင်တပည့်ဝင်တွေကို မင်းစိတ်ကြိုက် ရွေးချယ်ပါ ပြီးရင်တော့......" လို့သာ ပြောလိုက်ပြီး ရပ်တန့်လိုက်သည်။

ယွမ်ကုံသည် သူ့ဘာလုပ်ရမလဲဆိုတာ သိတဲ့အခါ "စိတ်ချပါ......ဂိုဏ်းချုပ်၊ယွမ်ကုံအစွမ်းကုန်ဆောင်ရွက်မှာပါ " ဟုပြောကာ အရိုအသေပြုပြီး ထိုနေရာမှ သူ့လူတွေနဲ့ အတူ ထွက်ခွာသွားလေသည်။

ထိုအဖိုးအိုရဲ့ နာမည်ကတော့ ဂျန်ဝမ်ပင်ဖြစ်ပြီး ယန်ကျင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပင်ဖြစ်သည်။ချောင်ဖုန်းသည် ဂျန်ဝမ်ကို တွေ့တဲ့အခါ ရိုရိုသေသေဖြင့် "တွေ့ရတာဝမ်းသာပါတယ်......ဂိုဏ်းချုပ် " ဟု ပြောလိုက်သည်။

ဂျန်ဝမ်သည် ချောင်ဖုန်းအနားကို လျှပ်တစ်ပြက်အတွင်းရောက်ရှိသွားပြီး "မင်းကအသက်ငယ်ငယ်လေးနဲ့ အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်သာမက နတ်နယ်ပယ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်နေတာပဲ " ဟု ချောင်ဖုန်းအား ချီးကျူးလိုက်သည်။

ထို့နောက် ဂျန်ဝမ်သည် ချောင်ဖုန်းပုခုံးကို ကိုင်လိုက်ပြီး လူအားလုံးရဲ့ရှေ့တွင် နှစ်ယောက်သား ပျောက်ကွယ်သွားလေသည်။ချောင်ဖုန်းသည် ဘာမှန်းမသိသွားဘဲ တိတ်ဆိတ်ပြီး ​အလွန်ငြိမ်သက်နေသော နန်းတော်တစ်ခုထဲသို့ ရောက်ရှိနေမှန်းသိလိုက်ရသည်။

ချောင်ဖုန်းသည် သူ့ရှေ့တွင် ဂျန်ဝမ်ကို တွေ့ရှိလိုက်ရပြီး ဂျန်ဝမ်သည် လက်ဖျောက်တီးလိုက်တဲ့အခါ တိတ်ဆိတ်ငြိမ်သက်သောနေရာမှ လင်းထိန်သောရဲတိုက်ကြီးအဖြစ်ပြောင်းလဲသွားပြီး ရေတံခွန်မှ ရေကျသံမျိုးကို ကြားနေရလေသည်။

ဂျန်ဝမ်သည် ချောင်ဖုန်းရှိသို့ အပြာရောင်ဝိညဥ်စွမ်းအင်လုံး တစ်မျိူးကို ပေးလိုက်ပြီး "လူငယ်လေး.....မင်းရဲ့ ဝိညဥ်စွမ်းအားကို စစ်ဆေးခြင်းစွမ်းအင်ထဲကို တစ်ချက်ထည့်သွင်းကြည့်လိုက် " လို့ ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းလဲ သူရဲ့ ကိုယ်ပိုင်ဝိညဥ်စွမ်းအားကို ဂျန်ဝမ်ပြောတဲ့အတိုင်းထည့်သွင်းကြည့်လိုက်သည်။ထိုအခါ အပြာရောင်ဝိညဥ်စွမ်းအင်လုံးသည် ချောင်ဖုန်း၏ ဝိညဥ်စွမ်းအင်နဲ့ တွေ့တဲ့ အရောင်တစ်မျိုးပြောင်းလဲသွားသည်။

ဂျန်ဝမ်သည် စစ်ဆေးခြင်းစွမ်းအင်လုံးကို ချောင်ဖုန်းရှိမှ ပြန်ယူပြီး သူ့သိုလှောင်ကွင်းထဲသို့ ထည့်သိမ်းထားလိုက်သည်။ဂျန်ဝမ်သည် "မဆိုးဘူး....မဆိုးဘူး "လို့ ဆိုလိုက်ပြီး ချောင်ဖုန်းအနားမှ ပျောက်ကွယ်သွားလေသည်။

ချောင်ဖုန်းသည် ထိုနန်းတော်အတွင်းမှာ လိုက်လံရှာကြည့်ပေမယ့် ဂျန်ဝမ်အား လုံးဝရှာမတော့ချေ။ထိုချိန်မှာ ချောင်ဖုန်းရဲ့ပတ်လည်တွင် အဆင့်ခုနှစ်သားရဲဖြစ်သော ဧရာမ ကျွဲရိုင်းနတ်ဆိုးကြီးသည် ရုတ်တရက်ထွက်ပေါ်လာလေသည်။

ချောင်ဖုန်းသည် သိုလှောင်ကွင်းကို အသုံးပြုလိုက်ပင်မယ့် ချိတ်ပိတ်ထားခံရပြီး ရီချုံနဲ့လဲ ဆက်သွယ်၍ မရတာကြောင့် "ဘယ်လိုဖြစ်ပြီး ငါနဲ့ရီချုံရဲ့ ချိတ်ဆက်မှုက ပျောက်ကွယ်သွားတာလဲ " ဟု ပြောလိုက်ပြီး နတ်ဆိုးတစ္ဆေအရှိန်အဝါအား ထုတ်လွှင့်လိုက်ပြီး ကိုယ်ပွားများကို ပွားလိုက်သည်။

ကျွဲရိုင်းနတ်ဆိုးသားရဲသည် အလစ်မပေးဘဲ သူရဲ့ သန်မာလှတဲ့ခြေထောက်များဖြင့် ချောင်ဖုန်းအား နင်းချေ ချပစ်လိုက်သည်။ထိုအခါ မြေကြီးမှာ ချိုင့်ခွက်ကြီးသာ ဖြစ်သွားပြီး ချောင်ဖုန်းကတော့ အလျင်အမြန်ပဲ ရှောင်လိုက်ပြီး အသွင်ကိုးမျိူးမရဏဓားကို ထုတ်လိုက်ပြီး နဂါးဝိညဥ်စွမ်းအင်အား အသက်သွင်းလိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် သူ့စွမ်းအားများကို ဓားအတွင်းထဲသို့ ထည့်လိုက်ပြီး ကျွဲရိုင်းနတ်ဆိုးသားရဲကို ခုတ်ချလိုက်သည်။ကျွဲရိုင်းနတ်ဆိုးသားရဲသည် စွမ်းအားပြင်းထန်သော နဂါးဝိညဥ်စွမ်းအင်ကြီး သူတို့အပေါ်ကျရောက်တဲ့အခါ လွင့်ထွက်သွားလေပြီး လဲခွေကျသွားလေသည်။

ချောင်ဖုန်းသည် သူရဲ့ဓားအား ပွက်သက်လိုက်ပြီး "ငါရဲ့သိုင်းအဆင့်နယ်ပယ်တက်လာတာနဲ့ ဒီဓားရဲ့အရှိန်အဝါက အရင်ကထက်အဆပေါင်းများစွာ သာလာပါလား" လို့ ရေရွတ်နေတုန်းမှာ ကျွဲရိုင်းနတ်ဆိုးသားရဲကြီးသည် ပြန်ထလာပြီး သူ့ရဲ့ ဂျိုကြီးအား တချက်မွှေ့လိုက်တဲ့အခါ ဂျိုထိပ်နှစ်ခုကြားမှ ဖျက်စီးမှုစွမ်းအားများပါဝင်သော ခရမ်းရောင်စွမ်းအင်လုံးကြီးသုံးခု ထွက်ပေါ်လာကာ ထိုခရမ်းရောက်စွမ်းအင်လုံးကြီးဖြင့် ချောင်ဖုန်းနဲ့ကိုယ်ပွားနှစ်ယောက်ရှိသို့ ပစ်သွင်းလိုက်သည်။

ချောင်ဖုန်းသည် သူရှိလာနေသော ခရမ်းရောင်စွမ်းအင်လှိုင်းကို မြင်တာနဲ့ သူရဲ့လက်ချောင်းများကို လျင်မြန်စွာလှုပ်ရှားလိုက်တဲ့အခါ လေဟာနယ်စက်ဝိုင်းပြင်ကြီး ထွက်လာလေသည်။

ထိုအခါခရမ်းရောင်စွမ်းအင်လုံးသည် လေဟာနယ်စက်ဝိုင်းအတွင်းသို့ရောက်ရှိသွားပြီး သုံးစက္ကန့်အကြာမှာဘဲ ဧရာမကျွဲရိုင်းနတ်ဆိုးသားရဲ၏ ဘေးပတ်လည်တွင် လေဟာနယ်စက်ဝိုင်းပေါက်သုံးပေါက် ဖြစ်ပေါ်လာပြီး ထိုအထဲမှ ခရမ်းရောင်စွမ်းအင်လုံးကြီးထွက်ပေါ်လာကာ တစ်ပြိုင်နက် ကျွဲရိုင်းနတ်ဆိုးသားရဲကြီး ပေါ်သို့ ကျရောက်သွားလေသည်။

All Chapters