Chapter(117)
Vol. 9 Ch. 117
အသန့်စင်ဆုံးစနစ် အခန်း(117)
ထိုချိန်မှာပဲ ချောင်ဖုန်းသည် ကြောက်စရာကောင်းသော အကြည့်ဖြင့် အဖြူအနက်ရစ်နွယ်ထားသည် ချီစွမ်းအင်အလင်းတန်း ကြီးဖြင့် ကျွဲရိုင်းနတ်ဆိုးသားရဲအား တိုက်ခိုက်လိုက်တဲ့အခါ ဧရာမကျွဲရိုင်းသားရဲကြီးသည် ပျောက်ကွယ်သွားပြီး ဂျန်ဝမ်သည် ချောင်ဖုန်းနောက်မှ ပြန်ပေါ်လာခဲ့သည်။
ဂျန်ဝမ်သည် အံ့အားသင့်စွာနဲ့ပဲ "လူငယ်လေး.......မင်းငါထင်ထားတာထက် ငါပိုတော်တာပဲ " လို့ ချီးကျူးလိုက်ပြီး သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ မြေအောက်ထဲမှ ကျောက်တိုင်တစ်တိုင်ပေါ်ထွက်လာခဲ့သည်။
ထိုကျောက်တိုင်၏ အပေါ်တွင် ရတနာပစ္စည်းများစွာနဲ့ပျက်စီးနေသောဖန်လုံး တစ်လုံးပေါ်ထွက်လာတဲ့အခါ ဂျန်ဝမ်သည် "လူငယ်လေး.......မင်းကဂိုဏ်းရဲ့သတ်မှတ်ထားတဲ့ စမ်းသပ်ချက်ကို အောင်မြင်တဲ့အတွက် မင်းကြိုက်တဲ့ အရာတစ်ခုကို ရွေးချယ်နိုင်တယ် " လို့ ပြောလိုက်သည်။
ထိုချိန်မှာ ရီချုံသည် ရုတ်တရက်နိုးထလာပြီး "အကိုကြီး......ဘာလို့လဲမသိဘူး၊ ရီချုံကို အဲ့ဒီအရာက ခေါ်နေသလိုပဲ " ဟု ပျက်စီးနေသောဖန်လုံးကို ညွှန်ကာ ချောင်ဖုန်းနဲ့စိတ်ချင်းဆက်၍ ပြောလိုက်သည်။
ချောင်ဖုန်းသည် ပျက်စီးနေသော ဖန်လုံးကိုကိုင်လိုက်တဲ့အခါ ဂျန်ဝမ်သည် "လူငယ်လေး.....ဒါကငါတို့ဂိုဏ်းရဲ့ ရတနာတစ်ခုပဲလို့ ဘိုးဘေးတွေက ပြောခဲ့တာပဲ ၊ ဒါပေမယ့် အဲ့ရတနာက ပျက်စီးနေပြီဖြစ်တဲ့အတွက် မင်းအတွက် အသုံးဝင်မဝင်ဆိုတာတော့ မင်းအပေါ်မှာ မူတည်တယ် " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် ဂျန်ဝမ်က ပျက်စီးနေတဲ့အရာလို့ ပြောလိုက်တဲ့အခါ အတိုင်းအတာမသိ ဝမ်းသာသွားလေသည်။ရီချုံသည် "အကိုကြီး.......မင်းငါ့အတွက်နဲ့ အဲ့ပျက်စီးနေတဲ့အရာကို တကယ်ပဲရွေးချယ်မလို့လား " ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် ရီချုံအား ဘာမှပြန်ပြောမနေဘဲ "ကျေးဇူးတင်ပါတယ်ဂိုဏ်းချုပ်.......ကျွန်တော်ဒါလေးကိုပဲ ရွေးချယ်လိုက်ပါ့မယ်" လို့ပြောကာ ပျက်စီးနေသော ဖန်လုံးတစ်လုံးကို ယူလိုက်လေသည်။
ဂျန်ဝမ်ကတော့ ချောင်ဖုန်းသည် တခြားကောင်းသော ရတနာပစ္စည်းတွေကို မယူဘဲ ပျက်စီးနေသော ဖန်လုံးအစုတ်ကြီးအား ယူလိုက်တဲ့အတွက် အံ့အားသင့်သွားခဲ့ပြီး "ကောင်းပြီလေ....... မင်းလည်းရွေးချယ်ပြီးပြီဆိုတော့ ငါ့တို့ဂိုဏ်းကို ပြန်ကျတာပေါ့"လို့ ပြောလိုက်တဲ့အခါ ဟဲရှတောင်ထိပ်ပေါ်သို့ ချောင်ဖုန်းသည် ပြန်လည်ရောက်ရှိသွားခဲ့သည်။
ထို့နောက် ချောင်ဖုန်းသည် အခန်းထဲရှိနေချိန်မှ အပြင်ဘက်မှ တံခါးခေါက်တဲ့ အသံကြားလိုက်ရပြီး ခန်းချန်းသည် "သခင်လေး......ကျွန်တော်အထဲဝင်လာခဲ့လို့ရမလား "ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် ဝင်လာခိုင်းတဲ့အခါ ခန်းချန်းသည် အထဲရောက်တာနဲ့ချောင်ဖုန်းအား နှုတ်ဆက်ပြီး "သခင်လေး......မနက်ဖြန်နေစထွက်တာနဲ့ ရေခဲနဂါးမင်းဂိုဏ်းကိုထွက်ခွာဖို့ စီစဥ်ထားပါတယ်" လို့ပြောလိုက်သည်။
ခန်းချန်းသည် သက်တောင်စောင့်အမိန့်ပြားတံဆိပ်နဲ့အတူ ရွှေသံမျက်နှာဖုံးနဲ့အဖြူရောင်ဝတ်ရုံ တစ်စုံအားထုတ်ပေးလိုက်ပြီး "သခင်လေး......ဂိုဏ်းချုပ်က မင်းကိုအဖွဲ့ခေါင်းဆောင်ရာထူးကို ပေးထားတဲ့အတွက် ကျန်တဲ့ မင်းဆုံးဖြတ်ချက်ကို အားလုံး နာခံကြလိမ့်မယ် " လို့ပြောလိုက်သည်။
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး ခန်းချန်းပေးသောအရာများကို သိုလှောင်ကွင်းလက်စွပ်ထဲသို့ ထည့်သိမ်းထားလိုက်သည်။ခန်းချန်းသည် မနက်ကြစုစည်းမယ့်နေရာကို ပြောပြလိုက်၍ ထွက်ခွာသွားခဲ့သည်။ထိုအခါ ချောင်ဖုန်းသည် ပျက်စီးနေသော ဖန်လုံးအားထုတ်လိုက်ပြီး "ဒီအရာကို သန့်စင်မယ်........" လို့ပြောလိုက်သည်။
ထိုအခါ ပျက်စီးနေသော ဖန်လုံးအပေါ်ယံများသည် ကြည်လင်တောက်ပသောဖန်လုံးအဖြစ်သို့ ပြောင်းလဲသွားပြီး ဖန်လုံးအတွင်းတွင် တောက်လောက်နေသော မီးတောက်လေးတစ်ခုကို တွေ့လိုက်ရသည်။
ရီချုံသည်လည်း ချောင်ဖုန်းခန္ဓာကိုယ်မှ ဌက်ပေါက်စအသွင် ထွက်ခွာလာပြီး "အကိုကြီး.......အဲ့တာဘယ်လိုအရာလဲ " လို့မေးလိုက်သည်။ချောင်ဖုန်းသည် အဂ္ဂိရတ်ပညာရှင်များနဲ့ဆိုင်သော မီးတောက်များကို သိရှိနေပေမယ့် လက်ရှိသူမြင်နေသည့် မီးတောက်အမျိုးအစားကို မပြောပြတက်ပေ။
ချောင်ဖုန်းသည် ချိတ်ပိတ်ထားသော ဖန်လုံးအား ဖျက်စီးပစ်လိုက်တဲ့အခါ ဖန်လုံးအတွင်းမှ အနီရောင်မီးတောက်လေးတစ်ခုသည် အပြင်သို့ ထွက်လာပြီး ချောင်းဖုန်းနေသော အခန်းထဲတွင် ပျော်မြူးနေလေသည်။
ထို့နောက် အနီရောင်မီးတောက်လေးသည် ရီချုံရဲ့ရှေ့တည့်တည့်မှာ ရပ်သွားပြီး ရီချုံကို ကြည့်နေသကဲ့သို့ ရပ်နေလေသည်။ချောင်ဖုန်းသည် "ကြည့်ရတာ......ဒီမီးတောက်လေးက ရီချုံနဲ့ တစ်ခုခုဆက်နွယ်နေမယ်" လို့ တွေးနေလေသည်။
ထိုချိန်မှာပဲ မီးတောက်လေးသည် ရီချုံခန္ဓာကိုယ်ထဲသို့ ထိုးဖောက်၍ ဝင်သွားတဲ့အခါ ရီချုံသည် တစ်ကိုယ်လုံးမီးကင်သကဲ့သို့ ခံစားလိုက်ရပြီး "အကိုကြီး.......ရီချုံကို ကယ်ပါအုံး" ဟု နာကျင်စွာခံစားလိုက်ရပြီး ပျောက်ကွယ်သွားလေသည်။
ချောင်ဖုန်းသည် ရီချုံ ပျောက်ကွယ်သွားတဲ့အခါ စိုးရိမ်သွားပင်မယ့် သူတို့နှစ်ယောက်ရဲ့ ချိတ်ဆက်မှုသည် ပြတ်တောက်မသွားဘဲ သူ့ခန္ဓာကိုယ်အတွင်းကို ပြန်လည်ရောက်ရှိသွားတာကို သိလိုက်ရသည်။
ချောင်ဖုန်းသည် နတ်ဆိုးသားရဲတွေနဲ့ ပက်သက်ပြီးဘာမှမသိတဲ့အတွက် သူ့ရဲ့သွေးကြောအသစ်အတွင်းသို့ ရောက်ရှိနေသော စွမ်းအင်များကို ဒန်တျန်အတွင်းသို့ ရောက်အောင် စတင်စုပ်ယူသန့်စင်လိုက်လေသည်။
ထိုနည်းလမ်းသည် ချီစွမ်းအင်စုပ်ယူခြင်းနဲ့ယှဥ်ရင် မိုးနဲ့မြေကွာခြားသလိုဖြစ်နေတဲ့အတွက် ချောင်ဖုန်းသည် "ဒီနည်းလမ်းနဲ့ဆို ငါရဲ့ကျင့်ကြံမှုအဆင့်က တရှိန်ထိုး တက်လာတော့မှာပဲ " လို့ပြောလိုက်ပြီး ရီချုံအခြေအနေကို ကြည့်လိုက်တဲ့အခါ ဘာမှထူးခြားမှု မရှိသေးကြောင်း သိလိုက်ရသည်။
မနက်မိုးလင်းနေထွက်ခါနီး အချိန်တွင် ချောင်ဖုန်းသည် အဖြူရောင်ဝတ်စုံနဲ့ရွှေရောင်မျက်နှာဖုံးအား ဝတ်ဆင်လိုက်ပြီး ဟဲရှတောင်ထိပ်မှ ခုန်ဆင်းလိုက်ပြီး ချောင်ဖုန်းသည် ခန်းချန်းပြောထားသော ယန်ကျင်းဂိုဏ်းရဲ့နေရာတစ်ခုကို သွားလိုက်သည်။
ချောင်ဖုန်းရောက်ရှိပြီး ခဏအကြာမှာပဲ မိန်းကလေးတစ်ယောက်နဲ့
သူ့လိုမျိူးဝတ်ဆင်ထားသော လူလေးယောက်သည် ရောက်ရှိလာခဲ့သည်။ချောင်ဖုန်းသည် ထိုမိန်းကလေးကို တွေ့တဲ့အခါ သူနဲ့သိသော ယန်နင်း ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ချေ။
ထိုလူလေးယောက်ထဲမှ ဝူရှို့ဆိုသော တစ်ယောက်သည် "ငါတို့ထဲမှာ ဘယ်သူကအဖွဲ့ခေါင်းဆောင်လဲ " လို့မေးလိုက်သည်။ထိုအခါ ကျန်သုံးယောက်သည် ခေါင်းခါပြလိုက်ပြီး ချောင်ဖုန်းကတော့ အမိန့်ပြားကို ထုတ်ပြလိုက်သည်။
ထိုအခါ ဝူရှို့သည် ချောင်ဖုန်းရှိမှ စွမ်းအင်အငွေ့အသက်ကို လုံးဝမခံစားရတဲ့အတွက် ထူးဆန်းသလိုပင်ဖြစ်နေခဲ့ပြီး ခေါင်းဆောင်နေရာကို သူသာရရှိသင့်တယ်လို့ ထင်နေခဲ့သည်။သက်တော်စောင့်လေးယောက်သည် ဂူအောင်းကျင့်ကြံနေတဲ့အတွက် ချောင်ဖုန်းအကြောင်းကို မသိရှိသေးပေ။
ချောင်ဖုန်းသည် အချိန်မဆွဲပဲ ထွက်ခွာဖို့ ပြောလိုက်တဲ့အခါ လူခြောက်ယောက်ပါသော အဖွဲ့သည် ယန်ကျင်းဂိုဏ်းမှ လျင်မြန်စွာ ပျံသန်းထွက်ခွာလာလေသည်။
ယန်နင်းသည် ငယ်ငယ်ရွယ်ရွယ်နဲ့ပင် ဧကရာဇ်နယ်ပယ်ရောက်ရှိနေတဲ့အခါ ဝူရှို့သည် ပျံသန်းနေရင်းနဲ့ပင် "ဆရာတူညီမလေး.......နင်က ဒီအတောအတွင်းမှာ ဧကရာဇ်နယ်ပယ်ကို ရောက်ရှိသွားလိမ့်မယ်လို့ ငါမထင်ထားမိဘူး " ဟု ပြောလိုက်သည်။
ထိုအခါ ယန်နင်းသည် ပြုံးလိုက်ပြီး "ကျေးဇူးပါဆရာတူအကို..... "ဟု ပြန်ဖြေလိုက်သည်။ချောင်ဖုန်းကတော့ ယန်ကျင်းဂိုဏ်းမှ ထွက်ခွာလာထဲက စကားမပြောဘဲ တည်ငြိမ်စွာနဲ့ပဲ ပျံသန်းလာခဲ့သည်။
နာရီအနည်းငယ်ပျံသန်းကြပြီးနောက် လမ်းပြတဲ့ ရန်ဝေ့ဟုခေါ်သော တစ်ယောက်သည် "ဆရာတူအကိုတို့......ရှေ့မှာ ချီကျွီမြို့ကို ရောက်ရှိလာတဲ့အတွက် ငါတို့ခဏလောက်ရပ်နားလိုက်ကြရအောင်" ဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ရေခဲနဂါးမင်းဂိုဏ်းရောက်ဖို့ ဝေးသေးလားဟု ရန်ဝေ့ အားမေးလိုက်သည်။ထိုအခါ ရန်ဝေ့သည် "ဆရာတူအကို ငါတို့ ခုမှ ခရီးတစ်ဝက်ပဲ ရောက်သေးတယ်" ဟု ပြောလိုက်သည်။
ခရီးကဝေးသေးသောကြောင့် ချောင်ဖုန်းလဲ ချီကျွီမြို့မှာ ခေတ္တနားဖို့ သဘောတူလိုက်သည်။ရန်ဝေ့သည် ချီကျွီမြို့ရှိ သူသိသောစားသောက်ဆိုင်တစ်ခုကို ခေါ်သွားခဲ့သည်။ချောင်ဖုန်းသည် စားသောက်ဆိုင်ထဲသို့ ရောက်တဲ့အခါ လူတစ်ချို့ကို တွေ့လိုက်ရတဲ့အတွက် အံ့အားသင့်သွားရလေသည်။
ထိုလူတွေကတော့ တခြားလူများမဟုတ်ဘဲ ရွှမ်မိန် ၊ ယွင်ချီ ၊ ချူယွင်နဲ့ကျိုးရန်နဲ့ တခြားသော လူများကိုလဲ တွေ့လိုက်ရသည်။အားလုံးသည် သာမာန်အဝတ်အစားများကို ဝတ်ဆင်ထားပေမယ့် မင်းသားမင်းသမီးဖြစ်မှန်းသိသာလွန်းလှသည်။
ချောင်ဖုန်းတို့ ခြောက်ယောက်သည် မျက်နှာဖုံးများဖြင့် ဝင်လာတဲ့အခါ စားသောက်ဆိုင်အတွင်းရှိ လူများအားလုံးသည် ချောင်ဖုန်းတို့အား ထူးဆန်းသောအကြည့်များဖြင့်ကြည့်နေကြလေသည်။ယန်နင်းသည် မျက်နှာဖုံးတပ်ထားရတာ အဆင်မပြေသဖြင့် "ဆရာတူအကိုတို့......ငါမျက်နှာဖုံးလေး ချွတ်ထားလို့ရမလား" ဟု မေးလိုက်သည်။
ဝူရှို့သည် "ဆရာတူညီမလေး.......နင်အဆင်ပြေသလိုနေလေ " ဟု ပြောလိုက်တဲ့အခါ ယန်နင်းလဲ မျက်နှာဖုံးကို ချွတ်ထားလိုက်လေသည်။ထိုအခါငယ်ရွယ်ချောမောသော ယန်နင်းအလှကို မြင်သောအခါ လူတစ်ချို့သည် ယန်နင်းကို ပိုင်ဆိုင်ချင်သွားကြသည်။