chapter(118)
Vol. 9 Ch. 118
အသန့်စင်ဆုံးစနစ် အခန်း(118)
ထိုချိန်မှာပဲ အစိမ်းရောင်မြှားချီအလင်းတန်းတစ်ခုသည် ချောင်ဖုန်းတို့ စားပွဲဝိုင်းအနားကို ရောက်လာတဲ့အခါ ဝူရှို့သည် သူ့ဓားကို ထုတ်၍ ထိုမြှားချီအလင်းတန်းအား လျင်မြန်စွာ တုံပြန်လိုက်ပြီး "ဘယ်သူလဲ......... သတ္တိရှိရင် ထွက်ခဲ့စမ်း နောက်ကွယ်ကနေ တိုက်ခိုက်တာ လူကောင်းတွေရဲ့ အကျင့်မဟုတ်ဘူး " လို့ အော်ဟစ်လိုက်သည်။
ထိုအခါ လူဆယ်ယောက်ရှိသော အဖွဲ့သည် စားသောက်ဆိုင်ထဲဝင်လာပြီး ဝူတန်ဆိုသောလူသည် "ဟားဟား......မင်းတို့က ချီကျွီမြို့ထဲရောက်လာပြီး ငါကိုလူကောင်းမဟုတ်ဘူးလို့ စော်ကားနေပါလား " အော်ဟစ်ကာ ရယ်မောရင်း ပြောလိုက်သည်။
ထိုလူသည် သူ့လက်ထဲမှ မြှားကို ပြန်သိမ်းလိုက်ပြီး "ကောင်မလေးကို ထားခဲ့ပြီး မင်းတို့အားလုံး ဒီနေရာက ထွက်သွားလိုက်တော့ "လို့ ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းမှ လွဲ၍ ကျန်သော လေးယောက်သည် ထလိုက်ပြီး သူတို့ဓားများကို ထုတ်လိုက်ပြီး တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်သည်။
သို့သော် ချောင်ဖုန်းကတော့ ဝိုင်အရက်တစ်ခွက်အား ပစ်ပေးလိုက်တဲ့အခါ ဝူတန်သည် ဝိုင်အရက်ခွက်အား ဖမ်းလိုက်ပြီး "ကောင်စုတ်လေး......ဒါကဘာသဘောလဲ " လို့မေးလိုက်ပြီး ချောင်ဖုန်းသည် ထိုင်ခုံမှာ အေးဆေးထိုင်နေတဲ့အတွက် ထိုအဖွဲ့ထဲက ခေါင်းဆောင်ဟု ဝူတန်သည် ယူဆလိုက်သည်။
ချောင်ဖုန်းသည် သူရှေ့ထဲက ဖန်ခွက်ထဲသို့ ဝိုက်အရက်အား ငှဲ့ထည့်လိုက်ကာ ကိုင်လိုက်ပြီး ဝူတန်အား "စီနီယာအကို.......မင်းသာ အဲ့ဝိုင်အရက်ကို သောက်မယ်ဆိုရင်တော့ ငါနဲ့မိတ်ဆွေလုပ်လို့ရမယ် ၊ မဟုတ်ရင်တော့ ငါ့လူတွေရက်စက်တယ်လို့ မပြောနဲ့နော်"
လို့ပြောလိုက်သည်။
ဝူရှို့သည် သူတို့အားထိုးကျွေးပြီး ရန်သူကို ဒေါသပိုထွက်စေမယ့် စကားမျိုးပြောလိုက်တဲ့ ချောင်ဖုန်းအား ဒေါသထွက်သွားပြီး "ပြီးမှ မင်းနဲ့ငါ စာရင်းရှင်းရမယ် "လို့ တစ်ယောက်ထဲရေရွတ်ပြောလိုက်သည်။
ချောင်ဖုန်းရဲ့ စကားကြောင့် ဝူတန်သည် ဒေါသထွက်သွားပြီး "မင်းတို့ရွေးချယ်ခဲ့တဲ့လမ်းက အမှားဆိုတာ ငါသက်သေပြပေးမယ်" လို့ ပြောလိုက်ပြီး သူ့လူတွေအား စတင်တိုက်ခိုက်ဖို့ စေခိုင်းလေသည်။
ဝူတန်တို့သည် လူအင်အားများပင်မယ့် ထိုအဖွဲ့ထဲတွင် ဝူတန်ကလွဲရင် ကျန်သောသူများမှာ ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်ကို မရောက်ရှိသေးပေ။ထို့ကြောင့် ဝူရှို့တို့ လေးယောက်ရဲ့ အင်အားနဲ့ ဝူတန်တို့အဖွဲ့၏အင်အားသည် တန်းတူပင်ရှိနေလေသည်။
ထိုချိန်မှာ ရွှမ်မိန်တို့ထိုင်နေသော ဝိုင်းမှ ပိုင်ထောင်လို့ခေါ်သော တစ်ယောက်သည် ယန်နင်းအနားကို သွားလိုက်ပြီး "ဂျူနီယာညီမလေး........မင်းအကူအညီလိုသေးလား " လို့ပြောလိုက်သည်။
ထိုအခါချောင်ဖုန်းသည် နှာဘူးလာထသော ပိုင်ထောင်အား "ကျေးဇူးပါစီနီယာအကို.......ကျွန်တော်တို့အကူအညီလိုနေတာနဲ့ အတော်ပဲ" လို့ ပြန်ပြောလိုက်သည်။ထိုအခါ ပိုင်ထောင်သည် "မင်းက အဖွဲ့ခေါင်းဆောင်မဟုတ်ဘူးလား.....ဘာလို့ ထိုင်နေရတာလဲ " လို့ ပြန်ဖြေလိုက်သည်။
ရွှမ်မိန်သည် ချောင်ဖုန်းအသံကို ကြားဖူးတဲ့အတွက် ချောင်ဖုန်းကိုကြည့်နေပြီး "အဲ့လူက ဘာလို့သခင်လေးချောင်ဖုန်းအသံနဲ့ တူနေရတာလဲ " ဟု ရေရွတ်လိုက်ပြီး ချောင်ဖုန်းသည် သူတို့ရောက်ရှိနေသော နေရာကို ရောက်ဖို့ မဖြစ်နိုင်ဘူးလို့ သတ်မှတ်လိုက်သည်။
ထိုချိန်မှာ အသက်လေးဆယ်နီးပါးရှိသောလူသည် "သခင်လေး......ကျွန်တော်တို့ ဒီပြသာနာတွေထဲ ဝင်မပါရင် ပိုကောင်းမယ် " လို့ ပိုင်ထောင်အား ပြောလိုက်သည်။ပိုင်ထောင်လည်း ယန်နင်းအား စိတ်ဝင်စားပေမယ့် ယန်နင်းမှာ ငယ်ရွယ်သေးတဲ့အပြင် ပြသာနာအရှုပ်ထုတ်ထဲ ဝင်ပါမိမှာ စိုးရိမ်ပြီး သူ့နေရာမှာ သူ့သွားပြန်ထိုင်လိုက်သည်။
ချောင်ဖုန်းသည် ထိုင်နေရာမှ ထလိုက်ပြီး" ငါတို့အနားယူရတာ အချိန်ပြည့်သွားပြီဆိုတော့ ဒီကနေ ထွက်ခွာသင့်ပြီ " လို့ပြောလိုက်သည်။ထိုချိန်မှာ ဝူတန်သည် "မင်းက ခုချိန်မှာ ထွက်သွားဖို့ စဥ်းစားနေတာလား နောက်ကျသွားပြီ" လို့ပြောလိုက်ပြီး သူ့လက်ထဲက အစီအရင်အမိန့်ပြား တစ်ခုအား အသက်သွင်းလိုက်သည်။
ထိုအခါ နတ်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်သည့် ရှကျီရှင်း လျင်မြန်သော အရှိန်နှုန်းတစ်ခုဖြင့် ဝူတန်နားကို ရောက်ရှိလာပြီး "ချီကျွီမြို့ကို ရောက်လာပြီး ငါတို့ ကျားရဲတမာန်အဖွဲ့ကို တိုက်ခိုက်ရဲတဲ့အတွက် မင်းတို့အသက်တွေကို ဒီမှာ ထားခဲ့ရမယ် " လို့ ဆိုလိုက်သည်။
ထိုအခါ ဝူရှို့တို့သည် နတ်နယ်ပယ်အစောပိုင်းအဆင့် တိုက်ခိုက်ရေးသမား ရောက်လာတဲ့အခါ တိုက်ခိုက်နေရင်း နောက်ပြန်ဆုတ်လိုက်ပြီး ယန်နင်းကိုသာ အဓိက ကာကွယ်ဖို့ ဆုံးဖြတ်လိုက်သည်။
ဝူရှို့သည် မကျေနပ်သောလေသံဖြင့် ချောင်ဖုန်းအား " မင်းက ခေါင်းဆောင်ဆိုတော့ ခုဘာလုပ်ဖို့ စဥ်းစားထားလဲ "လို့ မေးလိုက်သည်။
ချောင်ဖုန်းသည် ဝူရှို့အား လှောင်ပြုံးလေး ပြုံးလိုက်ပြီး ချက်ချင်းပင် ကြောက်စရာကောင်းသော နတ်ဆိုးတစ္ဆေအငွေ့အသက် အရှိန်အဝါအား ထုတ်လွင့်လိုက်တဲ့အခါ ကျားရဲတမာန်တစ်ဖွဲ့လုံးမှာ စွမ်းအားအရှိန်အဝါအလွန်ပြင်းထန်သော ဖိအားကြီးသည် သူတို့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတဲ့အခါ ဒူးများပင် ထောက်ကျသွားပြီး မြေကြီးနဲ့ခေါင်းများမှာ ကပ်နေလေသည်။
ချောင်ဖုန်းရဲ့ နတ်ဆိုးတစ္ဆေအရှိန်အဝါ စွမ်းအင်သည် တဖြည်းဖြည်းပို၍ အားကောင်းလာပြီဖြစ်တဲ့အခါ နတ်နယ်ပယ်အစောပိုင်းအဆင့်ရှိ ရှကျီရှင်းတောင်မှ ဒူးထောက်ကျသွားပြီး လှုပ်ရှား၍ မရတော့ပေ။
ထို့အပြင် ချောင်ဖုန်းရဲ့စွမ်းအားအရှိန်အဝါကြောင့် စားသောက်ဆိုင်တစ်ဆိုင်လုံးရှိ လူများအားလုံးသည် အမည်မသိ စွမ်းအားတစ်မျိုးက သူတို့ကို သတ်ဖြတ်တော့မည်အလားပင် ခံစားနေရတာကြောင့် ကြောက်လန့်နေကြရသည်။
ချောင်ဖုန်းသည် အချိန်ဆွဲမနေပဲ ယင်ယန်သတ်ဖြတ်ခြင်းကျင့်စဥ်ကို အသုံးပြုလိုက်တဲ့အခါ ကျားရဲတမာန်တစ်ဖွဲ့လုံးရှိ လူများထံမှ အရောင်စုံလင်သော ကျင့်ကြံခြင်းချီစွမ်းအင်များသည် ချောင်ဖုန်းခန္ဓာကိုယ်အတွင်းရှိ သွေးကြောအသစ်ထဲသို့ ထိုးဖောက်ဝင်သွားကြလေသည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ ကျားရဲတမာန်တစ်ဖွဲ့လုံးရှိ လူများသည် ပြန်တုံပြန်ခွင့်တောင် မရရှိဘဲ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားကာ သေဆုံးသွားကြလေသည်။ထိုအခါ စနစ်မှ ချောင်ဖုန်းအား သန့်စင်ခွင့်အကြိမ်များလဲ ဆုချလိုက်သည်။
ချောင်ဖုန်းသည် ယန်နင်းအား မျက်နှာဖုံးပြန်တပ်ခိုင်းလိုက်ပြီး မလိုအပ်ပဲ မချွတ်ဖို့ပြောလိုက်သည်။ထိုနောက် ရန်ဝေ့အား လမ်းပြဦးဆောင်ဖို့ ထွက်ခွာခိုင်းလိုက်ပြီး ရွှေဒင်္ဂါးများကို ခုံပေါ်မှာတင်ခဲ့ကာ ထိုနေရာမှ ထွက်ခွာ၍ လာပါတော့သည်။
ထိုအခါ စားသောက်ဆိုင်အတွင်းမှ ကျန်ရှိခဲ့သော လူများထဲမှ "ဘယ်ဂိုဏ်းကသခင်လေးလဲမသိဘူး.......သူသာမထွက်သွားသေးရင် ငါ့အသက်ဆုံးရှုံးရတော့မလို ခံစားနေရတယ် " လို့ ကြောက်လန့်တကြားဖြင့် သူ့ဘေးမှ လူအားပြောလိုက်သည်။
ရွမ်မိန်တို့အဖွဲ့ထဲမှာတော့ ပိုင်ထောင်တစ်ယောက်ကတော့ ချောင်ဖုန်းရဲ့ စွမ်းအားအရှိန်အဝါကို သိရှိသွားတဲ့အခါ ခြေများလက်များပင် အေးစက်သွားကာ ကြောက်လန့်၍ နေခဲ့ပြီး ရွှမ်မိန်ကတော့ "သခင်လေးချောင်ဖုန်းတောင် ဒီလူရဲ့ စွမ်းအားကိုယှဥ်နိုင်မယ် မထင်ဘူး "ဟု ရေရွတ် ပြောဆိုလိုက်သည်။
ထို့နောက်သူတို့ထဲမှ အကြီးအကဲသည် "ငါတို့လဲ ထွက်ခွာကြရအောင်"ဟု ပြောကာ ထိုစားသောက်ဆိုင်မှ ထွက်ခွာ၍ လာလေသည်။ချောင်ဖုန်းတို့သည် နောက်ထပ်နာရီအနည်းငယ် ပျံသန်းလာပြီးတဲ့ နောက် မှာတော့ ရန်ဝေ့သည် "ဆရာတူအကိုတို့.......ရှေ့မှာခြွီဟန်လှေသင်္ဘောကို မြင်နေရပြီ" ဟု ပြောလိုက်သည်။
ထိုအခါ ယန်နင်းသည် "ဆရာတူအကို ငါတို့က ပျံသန်းသွားကြမှာ မဟုတ်ဘူးလား " ဟု မေးလိုက်သည်။ထိုအခါ ရန်ဝေ့သည် "ဆရာတူညီမလေး.......မင်းကငယ်သေးလို့ မမှတ်မိသေးတာ ဖြစ်ပါလိမ့်မယ် ၊ ရေခဲနဂါးမင်းဂိုဏ်းရဲ့ နယ်မြေထဲကို ဝင်လာတဲ့သူမှန်သမျှ သူ့တို့စည်းကမ်းမှန်သမျှကို တသွေမသိမ်း နားထောင်ရတယ် မဟုတ်ရင်တော့ အကြောင်းပြချက်မရှိဘဲ အဲ့လူကို သတ်ခွင့်ရှိတယ်"ဟု ရှင်းပြလိုက်သည်။
ထိုအခါမှသာ ချောင်ဖုန်းတို့သည် သဘောတရားနားလည်သွားလေသည်။ချောင်ဖုန်းတို့သည် ခြွီဟန်လှေသင်္ဘောနားတို့ရောက်တဲ့အခါ မြေပြင်ပေါ်သို့ သက်ဆင်းလိုက်ကြသည်။ထိုအခါ အဖြူအပြာစပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရေခဲနဂါးတံဆိပ်အား ညာဘက်လက်တွင် ပတ်ထားသောလူနှစ်ယောက်သည် ရှေ့သို့ ထွက်လာခဲ့သည်။
ထိုနှစ်ယောက်ရဲ့ နာမည်သည် ထန်ယွင်ရှန်နဲ့ထန်ကျစ်ဟွာ ဖြစ်ပြီး အမွှာပူး ညီကိုနှစ်ယောက်ပင်ဖြစ်သည်။သူတို့နှစ်ယောက်သည် ခြွီယန်လှေသင်္ဘောတွင် ကြိုဆိုစစ်ဆေးပေးသည့် တာဝန်ကို ထမ်းဆောင်ထားကြသည်။
ထန်ယွင်ရှန်သည် "မင်္ဂလာပါ......မိတ်ဆွေတို့ မင်းတို့မှာ ရေခဲနဂါးမင်းဂိုဏ်းရဲ့ ဖိတ်ကြားလွှာပါပါရဲ့လား...... " လို့ မေးလိုက်သည်။ထိုအခါ ရန်ဝေ့သည် သူ့မျက်နှာဖုံးအား ချွတ်လိုက်ပြီး "စီနီယာအကိုယွင်ရှန်.......ကျွန်တော်ကို မမှတ်မိတော့ဘူးလား....." လို့ မေးလိုက်သည်။
ရန်ဝေ့သည် ရေခဲနဂါးမင်းဂိုဏ်းတွင် လအနည်းငယ်ကြာ လေ့ကျင့်နေထိုင်ဖူးတဲ့အတွက် ထန်ယွင်ရှန်တို့နဲ့ သိကျွမ်းခဲ့ကြခြင်းဖြစ်သည်။ထန်ကျစ်ဟွာသည် "ညီလေးဝေ့ရန်........ဒီလူတွေက မင်းတို့ ယန်ကျင်းဂိုဏ်းက လူတွေပဲလား " လို့ မေးလိုက်သည်။
ထိုအခါ ဝေ့ရန်သည် ခေါင်းငြိမ့်ပြလိုက်ပြီး ယန်နင်းရဲ့အကြောင်းကို ရှင်းပြလိုက်သည်။ထိုအခါ ထန်ယွင်ရှန်နဲ့ထန်ကျစ်ဟွာသည် "သူကအကြီးအကဲရှောင်ကျန်းယုရဲ့ သမီးလား....." လို့ ပြိုင်တူပြောလိုက်သည်။ထိုအခါ ရန်ဝေ့သည် ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် ထန်ယွင်ရှန်သည် လက်ခုပ်တီးလိုက်တဲ့အခါ အစေခံမိန်းကလေးတစ်ယောက်သည် သင်္ဘောအတွင်းမှ ထွက်လာခဲ့သည်။ထိုအခါ ထန်ယွင်ရှန်သည် အစေခံမိန်းကလေးအား ယောကျာ်းလေးအထူးခန်းနဲ့မိန်းကလေးအထူးခန်းကို ချောင်ဖုန်းတို့အတွက် စီစဥ်ပေးဖို့ ပြောလိုက်သည်။
ထိုအခါ အစေခံမိန်းကလေးသည် ထန်ယွင်ရှန်တို့နှစ်ယောက်ကို အရိုအသေပြုပြီး ချောင်ဖုန်းတို့ ခြောက်ယောက်အား ခေါ်ဆောင်သွားလေသည်။