chapter(119)
Vol. 9 Ch. 119
အသန့်စင်ဆုံးစနစ် အခန်း(119)
ချောင်ဖုန်းတို့သည် အစေခံမိန်းကလေးစီစဥ်ပေးထားသော ခြွီဟန်လှေသင်္ဘောပေါ်ရှိ အထူးသီးသန့်ခန်းများတွင် ရှိနေခဲ့ကြပြီး လှေသင်္ဘောထွက်ချိန်ကို စောင့်နေကြလေသည်။
ဒီလိုနဲ့ ညအမှောင်ယံစပျိုးလာတဲ့ အချိန်ရောက်လာတဲ့အခါမှတော့ သင်္ဘောကြီးသည် စတင်ထွက်ခွာလာလေသည်။ထိုအချိန်မှာ အစေခံမိန်းကလေးသည် ဇွီထျန်းမြစ်၏ အလှအပအား ကြည့်ရှုဖို့ ချောင်ဖုန်းအား လာရောက်ဖိတ်ခေါ်လိုက်သည်။ထိုအခါ ချောင်ဖုန်းသည် နားလည်ပြီဟု ပြောကာ အစေခံမိန်းကလေးအား စေလွှတ်လိုက်သည်။
ချောင်ဖုန်းသည် ရေခဲနဂါးမင်းဂိုဏ်းရဲ့ အခြေအနေကို မသိရှိတာကြောင့် ရရှိထားသော ကျင့်ကြံရေးစွမ်းအင်များကို စုပ်ယူသန့်စင်နေခဲ့သည်။အချိန်အနည်းငယ်ကြာတဲ့အခါ ချောင်ဖုန်းသည် မျက်လုံးများ ပြန်ပွင့်လာခဲ့ပြီး "ဒီလိုအခြေအနေနဲ့ဆို မကြာခင်မှာ ငါနတ်နယ်ပယ်အလယ်အလတ်အဆင့်ကို ရောက်ဖို့ သိပ်မဝေးတော့ဘူး " ဟု ရေရွတ်လိုက်သည်။
ချောင်ဖုန်းသည် ရီချုံရဲ့အခြေအနေက စစ်ဆေးကြည့်ပင်မယ့် ဘာမှ ထူးမလာတဲ့အတွက် စိတ်ပျက်စွာနဲ့ ခေါင်းခါလိုက်ပြီး အခန်းအတွင်းမှ ထွက်လာခဲ့သည်။ချောင်ဖုန်းသည် အပြင်သို့ ရောက်တဲ့လူများစွာကို တွေ့လိုက်ရပြီး ဇွီထျန်းမြစ်ရဲ့အလှတရာကို ကြည့်ရှုနေတာကို မြင်တွေ့လိုက်ရသည်။
ရေခဲနဂါးမင်းဂိုဏ်းသည် လူတော်တော်များများကို ဖိတ်ခေါ်ထားတဲ့အတွက် ချောင်ဖုန်းသည် ကိစ္စတစ်ခုခုရှိတယ်လို့ ဖိတ်ခေါ်ထားသည်ဟု ယူဆခဲ့သည်။ထိုချိန်မှာ အနက်ရောင်ခမောက်များဆောင်းထားပြီး ဝတ်ရုံနီများ ဝတ်ဆင်ထားသော နတ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများသည် ရေထဲမှ ခုန်ထွက်လာကြလေသည်။
ထိုလူတွေကတော့ တခြားလူများပင်မဟုတ်ဘဲ ဝတ်ရုံနီဂိုဏ်းမှ လုပ်ကြံရေးသမားများပင်ဖြစ်သည်။ထိုအခါ တောင်ဝှေးကိုင်ထားသော အဖိုးကြီးတစ်ယောက်သည် " ဝတ်ရုံနီဂိုဏ်းကကောင်တွေ မင်းတို့က သေချင်လို့ ဒီနေရာမှာ ပေါ်လာတာလား " လို့ မေးလိုက်သည်။
ထိုအခါ အနက်ရောင် ခမောက်ဆောင်းထားသော ဟူဖန်းရီသည် "အဖိုးကြီး.......အပြောမကြီးနဲ့အုံး " လို့ ပြောကာ သူ့လူတွေနဲ့အတူ အဖွဲ့လိုက်ကျင့်စဥ်တစ်ခုဖြင့် ခြွီဟန်လှေသင်္ဘောအား တိုက်ခိုက်လိုက်လေသည်။
ထိုအခါ အဖိုးအိုသည် သူ့တောင်ဝှေးကို ဆောင့်ချလိုက်တဲ့အခါ ခြွီဟန်လှေသင်္ဘောတွင် ရွှေဝါရောင်အကာအကွယ်အစီအရင် တစ်ခု ပေါ်ထွက်လာပြီး တိုက်ခိုက်မှုဒဏ်ကို ကာကွယ်လိုက်လေသည်။
ဟူဖန်းရီတို့အဖွဲ့သည် သူတို့သိုလှောင်ကွင်းထဲမှ ဖောက်ခွဲရေးအစီအရင်စာရွက်များကို ထုတ်လိုက်ပြီး ခြွီဟန်လှေသင်္ဘောအားအကာအကွယ်ပေးနေသည့် အစီအရင်အား ပစ်သွင်းလိုက်သည်။ထို့နောက် သူတို့ဓားများအား သွေးဝိညဥ်စွမ်းအား အသက်သွင်းကာ အကာအကွယ်အစီအရင်အား ဝိုင်းတိုက်ခိုက်ကြလေသည်။
သင်္ဘောပေါ်မှာလိုက်ပါလာတဲ့လူများထဲတွင် အများစုသည် ကြောက်ရွံနေကြလေသည်။သို့သော် တောင်ဝှေးကိုင်ထားသော အဖိုးအိုရှုကျန်းသည် "အားလုံးပဲစိုးရိမ်ဖို့မလိုပါဘူး......ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသာနာတစ်ခုပါပဲ " ဟု ပြောလိုက်သည်။
ဟူဖန်းရီတို့သည် အစီအရင်အား ဖျက်ဆီးနေချိန်မှာ နတ်နယ်ပယ်အဆင့်ရှိသော ရေခဲနဂါးမင်းဂိုဏ်းမှ အကြီးအကဲများ သည် နေရာပြောင်းအစီအရင်များကနေ ရောက်ရှိလာကြလေသည်။ထိုအခါမှသာ လှေသင်္ဘောပေါ်မှ လူများသည် စိုးရိမ်စိတ်များ ပျောက်ကွယ်သွားကြလေသည်။
ရေခဲနဂါးမင်းဂိုဏ်းမှ အကြီးအကဲထဲမှ ထန်ကျင်းရှန်သည် "အကြီးအကဲတို့ ဒီမကောင်းဆိုးတွေကို တစ်ယောက်မှ အရှင်မထားနဲ့ " လို့ ပြောလိုက်သည်။
ထို့နောက် အားလုံးသည် သူတို့ရဲ့ဓားများကို ရေခဲဝိညဥ်စွမ်းအင်အသက်သွင်းလိုက်ပြီး "နှင်းရေခဲနတ်ဘုရား၏ဓားသွားကျင့်စဥ်" ဟု ရွတ်လိုက်တဲ့အခါ အပြာရောင်စက်ဝိုင်းအတွင်းမှ နှင်းရေခဲဓားများထွက်လာလေသည်။
ထိုအခါ ထန်ကျင်းရှန်တို့သည် သူတို့လက်ထဲရှိ ဓားများဖြင့် ဟူဖန်းရီတို့အား ညွှန်လိုက်တဲ့အခါ နှင်းရေခဲဓားများသည် လျင်မြန်သော အရှိန်ဖြင့် ဝတ်ရုံနီဂိုဏ်းမှ လူများထံသို့ ရောက်ရှိသွားကြလေသည်။
သို့သော် ထိုချိန်မှာ အဆင့်ခုနှစ်နတ်ဆိုးသားရဲရောက်ရှိလာပြီး သူရဲ့လျှာအရှည်ကြီးဖြင့် ရေခဲဓားများအား ကြားမှ ခုခံဖျက်စီးလိုက်လေသည်။
ထိုသားရဲကောင်ကြီးရဲ့ ခေါင်းသည် ဖွတ်သဏ္ဍာန်နဲ့တူပြီး ကိုယ်လုံးကတော့ မျောက်ဝံကြီးနဲ့တူပြီး အဆင့်ခုနှစ်နတ်ဆိုးသားရဲပင်ဖြစ်သည်။ထိုသားရဲကြီးသည် "ငါသူတို့ကို ထိန်းထားမယ် ၊ မင်းတို့အဲ့လှေပေါ်ကလူတွေကို တစ်ယောက်မှ အရှင်မထားနဲ့ " လို့ ပြောကာ သူ့လျှာကြီးဖြင့် ထန်ကျင်းရှန်တို့အား တိုက်ခိုက်လိုက်သည်။
ထိုအခါ အဖိုးအို ရှုကျန်းသည် လှေပေါ်မှ အပေါ်သို့ ပျံတက်လိုက်ပြီး သူ့တောင်ဝှေးဖြင့် နတ်ဆိုးသားရဲ၏ လျှာအား ရိုက်ချလိုက်ပြီး အချက်ပြအစီအရင်စာရွက်ကို အသက်သွင်းလိုက်သည်။ထို့နောက် အဖိုးအိုရှုကျန်းသည် သူ့တောင်ဝှေးအား လေပေါ်သို့ လည်ပတ်စေလိုက်ပြီး အဆင့်ခုနှစ်နတ်ဆိုးသားရဲအား စတင်တိုက်ခိုက်လိုက်သည်။
ထိုချိန်မှာ အသက်ငါးဆယ်ကျော် လူတစ်ယောက်သည် တောင်ထိပ်ပေါ်တွင် ကျင်ကြံနေစဥ် သူရှေ့ရှိ အစီအရင်စက်ဝိုင်းမှ အချက်ပြအချက်ပေးအစီအရင်ကို တွေ့လိုက်တဲ့အခါ "ဒါအကြီးအကဲရှုကျန်းရဲ့ အချက်ပေးအစီအရင်ပဲ" လို့ပြောလိုက်ပြီး သူ့လူတွေအားခေါ်ကာ လျင်မြန်သောနှုန်းဖြင့် တောင်ထိပ်မှ ထွက်ခွာလာလေသည်။
အဖိုးအိုရှုကျန်းသည် နတ်နယ်ပယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးသမားဖြစ်တဲ့အတွက် အဆင့်ခုနှစ်နတ်ဆိုးသားရဲနဲ့ တန်းတူ ယှဥ်တိုက်နိုင်လေသည်။နတ်ဆိုးသားရဲကြီးသည် တိုက်ခိုက်နေရင်းနဲ့ပင် "အရှုံးပေးလိုက်စမ်းပါလူသားလေး.......မဟုတ်ရင်တော့ နောက်ထိပ်အချိန်အနည်းငယ်ကြာရင် မင်းရဲ့စွမ်းအားက ကုန်ခမ်းလာမှာပဲ " လို့ ပြောလိုက်သည်။
ထိုအခါ ရှုကျန်းသည် "သားရဲစုတ်......မကြာခင်မှာ မင်းအဲ့လိုပြောနိုင်အုံးမလား ကြည့်ရသေးတာပေါ့ " လို့ ပြောလိုက်သည်။ထိုအခါ နတ်ဆိုးသားရဲသည် "ဟားဟားဟား.......မင်းရဲ့ အပေါင်းအပါ တွေကို စောင့်နေတာလား.......အဲ့တာဆိုရင်တော့ မင်းရဲ့မျှော်လင့်ချက်တွေက ငါဖျက်စီးမိပြီ " လို့ပြောလိုက်သည်။
ထိုအခါ နတ်ဆိုးသားရဲက ဘာကို ဆိုလိုမှန်း ရှုကျန်းသည် သိရှိသွားလေသည်။အဆင့်ခုနှစ် နတ်ဆိုးသားရဲသည် ရေခဲနဂါးမင်းဂိုဏ်းမှလူများ ထိုနေရာကို မရောက်ရှိနိုင်အောင် အဆင့်ငါး အဆင့်ခြောက် နတ်ဆိုးသားရဲများအား ခြုံခိုတိုက်ခိုက်ဖို့ စီစဥ်ထားပြီးသား
ဖြစ်သည်။
ထိုအခါ လှေသင်္ဘောပေါ်တွင် လိုက်ပါလာသော အဖွဲ့များထဲမှ နတ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားသည် တိုက်ခိုက်သင့်မခိုက်သင့် စဥ်စားနေလေသည်။ထိုချိန်မှာ ပိုင်ထောင်သည် ချောင်ဖုန်းကို တွေ့ရှိသွားတဲ့အခါ နဂိုနဲ့မတူဘဲ "စီနီယာအကို.......မင်းသာကူညီရင် ငါတို့ မြန်မြန်ခရီးဆက်လို့ရပြီ" ဟု ပြောလိုက်သည်။
ထိုအခါ လှေပေါ်တွင် ပါလာသောလူများသည် ပိုင်ထောင်အား ရူးနေသလားလို့ ထင်နေကြလေသည်။ထိုချိန်မှာပဲ ကျိုးရန်ရောက်ရှိလာပြီး "ညီလေးပိုင်ထောင်ပြောတာမှန်တယ်......မိတ်ဆွေရဲ့အရည်အချင်းနဲ့ဆို သူတို့ကို သတ်ဖြတ်ဖို့ အလွယ်လေးပဲမလား " လို့ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် "မင်းတို့က ဘာမို့လို့ ငါ့ကိုဆရာကြီးလာလုပ်နေတာလဲ " လို့ ပြောလိုက်တဲ့အခါ ပိုင်ထောင်နဲ့ကျိုးရန်သည် မကျေမနပ်ဖြစ်သွားပေမယ့် ဘာမှပြန်မပြောရဲဘဲ နောက်ဆုတ်သွားပြီး တိုက်ပွဲရဲ့ အခြေအနေကိုသာ ပြန်ကြည့်လိုက်သည်။
ဝူရှို့သည်လည်း ချောင်ဖုန်းအစွမ်းအစမသိခင် မချေမတင်ပြောဆိုမိထားတာများကို နောင်တရနေခဲ့ပြီး သိပြီးတဲ့နောက်မှတော့ နှုတ်ပိတ်၍သာ နေလေသည်။အားလုံးကြည့်နေစဥ်မှာပဲ လှေပေါ်မှ လူလေးယောက်တွင် တစ်ယောက်သည် ရှုကျန်းရှိသို့ ပျံတက်သွားပြီး ကျန်သုံးယောက်ကတော့ ထန်ကျန်းရှန်တို့အဖွဲ့ရဲ့ဘေးကို ပျံတက်သွားခဲ့သည်။
ထိုအခါ ရှုကျန်းသည် သူဘေးအား လူတစ်ယောက်ရောက်ရှိလာတဲ့အခါ ဝမ်းသာသွားပြီး "မိတ်ဆွေ.....ဒီနတ်ဆိုးသားရဲက ကိုင်တွယ်ရခက်တဲ့အတွက် ဂရုစိုက်ပါ " လို့ ပြောလိုက်သည်။ထိုလေးယောက်လုံးရဲ့ မျက်နှာသည် ဖုံးကွယ်ထားပေမယ့် အားလုံးသည် အကူအညီထပ်ရောက်ရှိလာတဲ့အတွက် ဝမ်းသာသွားခဲ့သည်။
အဆင့်ခုနှစ်နတ်ဆိုးသားရဲသည် နတ်နယ်ပယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးသမားနှစ်ယောက်နဲ့ ရင်ဆိုင်ရတဲ့အခါ တဖြည်းဖြည်းအရေးနိမ့်လာခဲ့ပြီး တစ်ဖက်မှာလဲ ဟူဖန်းရီတို့သည် ဆက်လက်မထိန်းနိုင်တော့ပေ။
ထိုလူလေးယောက်သည် ရုပ်သေးရုပ်ဖြစ်မှန်း ဘယ်သူမှမသိပေမယ့် ယန်နင်းသည် ချောင်ဖုန်းကို ကြည့်ကာ ထိုလူလေးယောက်သည် ချောင်ဖုန်းနဲ့ ဆက်စပ်နေမည်ဟုတွေးနေလေသည်။
နောက်ထပ်အချိန်အနည်းငယ်ကြာတဲ့နောက်မှာတော့ ဟူဖန်းရီတို့ တစ်ဖွဲ့လုံးသည် အသတ်ခံလိုက်ရပြီး အဆင့်ခုနှစ်နတ်ဆိုးသားရဲလဲ ပေါက်ကွဲကာ သေဆုံးသွားပြီး အဆင့်ခုနှစ်မှော်အမြူတေထွက်လာလေသည်။
ရှုကျန်းလည်း အဆင့်ခုနှစ်မှော်အမြူတေအား ရုပ်သေးရုပ်အား ပေးလိုက်ကာ ကျေးဇူးတင်လိုက်သည်။ထိုအခါ သခင်အဆင့်ရုပ်သေးရုပ်သည် အဆင့်ခုနှစ်မှော်အမြူတေကိုယူပြီးနောက် ကျန်ရုပ်သေးရုပ်များနဲ့အတူ ပျောက်ကွယ်သွားလေသည်။
ရှုကျန်းသည် ရုပ်သေးရုပ်များ ပျောက်ကွယ်သွားတဲ့အခါ ရေခဲနဂါးမင်းဂိုဏ်းရဲ့ ပိုင်နက်အတွင်းမှာ အဆင့်မြင့်ကျင့်ကြံသူတွေ ပုန်လျိူးကာ နေနေသလားလို့ တွေးလိုက်မိသည်။ခဏအကြာမှာတော့ အကူအညီတွေ ထပ်မံရောက်ရှိလာပင်မယ့် တိုက်ပွဲကြီးသည် ပြီးဆုံးသွားပြီဖြစ်သည်။
ထိုလူသည် သူ့တို့နောက်ကျမှ ရောက်လာနိုင်သောကြောင့် ရှုကျန်းကို တောင်းပန်လိုက်ပင်မယ့် ရှုကျန်းသည် အခြေအနေကို ပြောပြလိုက်တဲ့အခါ ထိုလူအားလုံးသည် အံ့အားသင့်သွားခဲ့သည်။
ရုပ်သေးရုပ်များသည် ကျင့်စဥ်ကို မသုံးပဲ ကိုယ်ပိုင်တိုက်ခိုက်ရေးစွမ်းအင်ကို အသုံးပြုနေတဲ့အတွက် အားလုံးသည် ထူးဆန်းနေခဲ့သည်။ချောင်ဖုန်းကတော့ အဆင့်ခုနှစ်မှော်အမြူတေကို ရရှိခဲ့တဲ့အတွက် ဝမ်းသာသွားခဲ့သည်။
ဒီလိုနဲ့ ချောင်ဖုန်းတို့သည် ခရီးထပ်ဆက်လာပြီးနောက် တဖြည်းဖြည်းနဲ့ အေးချမ်းမှုဒဏ်ကို ခံစားလာရပြီး ယွီထျန်းမြစ်ဘေးနံရံများမှာ နှင်းရေခဲများ ခဲလာနေတာကို တွေ့ရှိလိုက်ကြသည်။ထို့နောက် ရှုထျန်းသည် သူ့တောင်ဝှေးကို ဝေ့ရမ်းလိုက်တဲ့အခါ အေးချမ်းမှုသည် အနည်းငယ် သက်သာသွားခဲ့သည်။