← Chapters

chapter(120)

Vol. 9 Ch. 120

chapter(120)

Vol. 9 Ch. 120

အသန့်စင်ဆုံးစနစ် အခန်း(120)

မြစ်ကမ်းစပ်ကို တဖြည်းဖြည်း ကပ်လာတဲ့အခါ အေးခဲမှုဒဏ်သည် အဆပေါင်းများစွာ ပြင်းထန်လာလေသည်။နတ်နယ်ပယ်အဆင့်ကျင့်ကြံသူတွေတောင် သူတို့ရဲ့စွမ်းအားဖြင့် အေးချမ်းမှုကို ဖိနှိပ်ထားခြင်းဖြစ်သည်။

ရှုကျန်းသည် မြစ်ကမ်းသို့ ကပ်လာတဲ့အခါ ထန်ယွင်ရှန်နဲ့ထန်ကျစ်ဟွာအား အားလုံးအတွက် လမ်းပြပေးဖို့ ပြောလိုက်သည်။ထိုနေရာသည် ကုန်းမြေဆိုပင်မယ့် နှင်းများ ထူထပ်ပြီး အေးခဲသော နေရာတစ်ခုပင်ဖြစ်သည်။

ညသန်းခေါင်ယံအချိန်ဖြစ်နေသောကြောင့် ဘေးပတ်ဝန်းကျင်များမှာ မှောင်မဲနေခဲ့သည်။ရှုကျန်းသည် သူ့တောင်ဝှေးမှ စွမ်းအင်တစ်မျိုးကို ပစ်လွှတ်လိုက်တဲ့အခါ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် အစိမ်းရောင်မြင်ကွင်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုအခါ ထန်ယွင်ရှန်နဲ့ထန်ကျစ်ဟွာသည် ရှေ့မှ ပျံသန်းထွက်ခွာသွားလေသည်။ထိုအခါ သူတို့နောက်မှ တစ်ဖွဲ့ပြီးတစ်ဖွဲ့ လိုက်ကာ ပျံသန်းသွားကြလေသည်။အေးခဲနေသော တောင်ထိပ်၏ဂူအတွင်းထဲတွင် "အကိုဖုန့်ယို.......တကယ်ပဲမင်းလား......"ဆိုသော ဝမ်းနည်းစရာကောင်းသော အသံတစ်ခုသည် ထွက်ပေါ်လာလေသည်။

ထန်ယွင်ရှန်တို့သည် နေရာတစ်ခုသို့ ရောက်တဲ့အခါ ရပ်သွားကြပြီး

"အားလုံးပဲ.......ဒီနေရာက ငါတို့ ရေခဲနဂါမင်းဂိုဏ်းရဲ့ ဝင်ပေါက်ပဲ မင်းတို့အားလုံး ယာယီတံဆိပ်ပြား အရင်လုပ်ပြီးမှ ဂိုဏ်းအတွင်းထဲသို့ ဝင်ခွင့်ရမယ် " လို့ ပြောလိုက်သည်။

ထန်ယွင်ရှန်သည် တံခါးဖွင့်ပေးလိုက်တဲ့အခါ လင်းထိန်ကာ တောက်ပနေသော အခန်းတစ်ခန်းထဲတွင် ချောမောလှပစွာ ရှိနေသော အသက်သုံးဆယ်နီးပါးရှိသော အမျိုးသမီးတစ်ယောက်သည် စာရွက်စာတမ်းများကို ပြုစု၍ နေလေသည်။

ထိုအခါ အားလုံးသည် ယာယီတံဆိပ်အား ပြုလုပ်ဖို့ အခန်းအတွင်းသို့ ဝင်သွားကြလေသည်။အခန်းထဲသို့ ဦးစွာဝင်သွားသော ရှဲ့ဟွမ်းဟုခေါ်သော လူတစ်ယောက်သည် "မင်္ဂလာပါ.......အကြီးအကဲ" လို့ ရိုသေစွာနှုတ်ဆက်လိုက်သည်။

ထိုအခါ အခန်းအတွင်းရှိ ချင်ယောင်ဟုခေါ်သော အမျိုးသမီးသည် "ယာယီတံဆိပ်ပြား......လုပ်မလို့လား " ဟု မေးလိုက်လေသည်။ရှဲ့ဟွမ်းသည် "ဟုတ်ပါတယ်.......အကြီးအကဲ ၊ ကျွန်တော်နာမည်က ရှဲ့ဟွမ်း" ဟု ပြောလိုက်သည်။

ထိုအခါ ချင်ယောင်သည် ကြေးတံဆိပ်နဲ့ ခန္ဓာကိုယ်ကို အပူဓာတ်အနည်းငယ်ပေးသော ဆွဲပြား တစ်ခုအားပေးလိုက်ပြီး "ယာယီကြေးတံဆိပ်အတွက် အဆင့်သုံး ဆေးလုံးနှစ်လုံးနဲ့ ချီဆွဲပြားအတွက် အဆင့်သုံးဆေးလုံး ငါးလုံး ဒါမှမဟုတ် အဆင့်လေးဆေးလုံးနှစ်လုံး ပေးဆောင်ရမယ် " ဟု ပြောလိုက်သည်။

ထိုဆေးလုံးတွေသည် အဂ္ဂိရတ်ပညာရှင်များမှ လွဲလို့ ကျန်သောသူများအတွက်တော့ စျေးကြီးပေးဝယ်ရသော အရာဖြစ်လေသည်။ထိုအခါ ရှဲ့ဟွမ်းအဖွဲ့ရှိ အကြီးအကဲသည် သူတို့လူအရေအတွက်ကို တွက်ပြီး သူ့မှာပါလာသော ဆေးလုံးများကို မပေးချင်ပေးချင်ဖြင့် ထုတ်ပေးလိုက်သည်။

ချင်ယောင်သည် ဆေးလုံးများကို စစ်ဆေးလိုက်ပြီး အရောင်ပေါင်းစုံရှိသော နေရာပြောင်းအစီအရင်အပေါ်သို့ သွားခိုင်းလိုက်သည်။ထိုအခါ ရှဲ့ဟွမ်းတို့အဖွဲ့သည် အစီအရင်အပေါ်ကို ရောက်ရှိတာနဲ့ တခြားသော နေရာတစ်ခုကို စတင်ရောက်ရှိသွားလေသည်။

ဝူရှို့တို့လေးယောက်သည် သူ့တို့မှာရှိသော ဆေးလုံးများကို ကျင့်ကြံခြင်းမှာ အသုံးပြုလိုက်တဲ့အတွက် သိုလှောင်ကွင်းထဲတွင် ဆေးလုံးများမှာ မကျန်တော့ပေ။ဝေ့ရန်သည် ရှေ့ကို သွားလိုက်ပြီး "အကြီးအကဲချင်ယောင်........ကျွန်တော်ကို မှတ်မိလားမသိဘူး " ဟု ပြောလိုက်သည်။

ချင်ယောင်သည် "မင်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဟဲရှတောင်ထိပ်သခင်နဲ့ အတူပါလာတဲ့တစ်ယောက်မလား.....ဘာကိစ္စရှိလို့လဲ " ဟု ပြန်မေးလိုက်သည်။ထိုအခါ ဝေ့ရန်သည် ယန်နင်းကို လိုက်ပို့တဲ့အခါ အလောတကြီးဖြစ်သွားတဲ့ ဆေးလုံးများမေ့ကျန်ခဲ့ကြောင်း ပြောလိုက်သည်။

ထိုအခါ ချင်ယောင်သည် ယန်နင်အား "ကောင်မလေးဒီကို ခနလာခဲ့အုံး " လို့ ပြောလိုက်ပြီး ချီဆွဲပြားကြိုးကို ပေးလိုက်ပြီး နေရာပြောင်းအစီအရင်ပေါ်သို့ သွားခိုင်းလိုက်သည်။ယန်နင်းလည်း ပျောက်ကွယ်သွားတဲ့အခါ ဝေ့ရန်သည် "အကြီးအကဲချင်ယောင်......ကျွန်တော်တို့ အတွက်ရော " ဟု မေးလိုက်သည်။

ထိုအခါ ချင်ယောင်သည် "ငါရှေ့က ပြောတာနင်မကြားဘူးလား " ဟုပြန်ပြောလိုက်သည်။ထိုအခါ ဝေ့ရန်လည်း စိတ်ပျက်စွာနောက်ဆုတ်သွားမယ့်အချိန် ချောင်ဖုန်းသည် ဆေးပုလင်းတစ်ပုလင်းကို ထုတ်ပေးလိုက်ပြီး ယာယီတံဆိပ်ပြားနဲ့ချီဆွဲပြား ငါးခုကို တောင်းလိုက်သည်။

ချင်ယောင်သည် ဆေးလုံးနှစ်လုံးသာ ထည့်ထားသာ ဆေးပုလင်းအား အပေါ်ယံကသာ ကြည့်လိုက်ကာ ပြန်ဖုံးလိုက်ပြီး"မောင်ငယ်လေး......နင့်ငါ့ကို လာနောက်နေတာလား " ဟု မေးလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် "အကြီးအကဲချင်ယောင်......ကျွန်တော်ဘယ်နားက နောက်မိလို့လဲ" ဟု ပြောလိုက်သည်။

ထိုအခါ ချင်ယောင်သည် ဆေးပုလင်းထဲမှ ဆေးလုံးနှစ်လုံးအား လက်ပေါ်တင်လိုက်ပြီး "ဆေးလုံးနှစ်လုံးထဲပေးပြီး........နင်က ငါ့ကို လှည့်စားဖို့ ပြင်နေတာလား " ဟု မေးလိုက်သည်။

ထိုအခါ အနောက်မှာ ရှိသောလူများထဲမှ "အကြီးအကဲချင်ယောင်လို လူမျိူးကို စနောက်ရဲတဲ့အတွက် အဲ့ကောင်လေးကို ပြင်းထန်တဲ့ အပြစ်မျိူး ပေးသင့်တယ် " ဟု သော အသံတစ်ချို့သည် ထွက်လာလေသည်။

ချင်ယောင်သည် ချောင်ဖုန်းမှာ တည်ငြိမ်နေတဲ့အတွက် ဆေးလုံးအား သေချာပြန်ကြည့်လိုက်ပြီး ဒါက အဆင့်ငါးဆေးလုံးဖြစ်နေမလား ဟု တွေးလိုက်မိသည်။

ထိုအခါ ချင်ယောင်သည် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်ပြီး အဆင့်ငါးဆေးလုံးကိုတောင် မခွဲခြားနိုင်တဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့အကြောင်း ဂိုဏ်းမှသိသွားရင် အရှက်ကွဲမည်ကြောက်သောကြောင့် "ကောင်စုတ်လေး......နင်ငါ့ကို လိမ်ရဲရင်

ငါကိုယ်တိုင် နင်အရိုးတွေကို ချိူးပစ်မယ် " လို့ ​အသံတိုးတိုးပြောလိုက်သည်။

ထို့နောက် ချင်ယောင်သည် ဆေးလုံးကို ပြန်သိမ်းလိုက်ပြီး ယာယီတံဆိပ်ပြားနဲ့ချီဆွဲပြားများကို ချောင်ဖုန်းအားပေးလိုက်ပြီး နေရာပြောင်း အစီအရင်သို့ သွားခိုင်းလိုက်သည်။ထိုအခါ ချောင်ဖုန်းတို့သည် အစီအရင်အပေါ်ကို သွားပြီးနောက် နေရာအလွန်ကျယ်ပြန့်သော ဂိုဏ်းတစ်ခုထဲသို့ ရောက်ရှိသွားလေသည်။

ထိုနေရာမှာတော့ ရေခဲပြာရောင်နဂါးတံဆိပ်အား ဝတ်ဆင်ထားသော ဂိုဏ်းသားများသွားလာနေတာကို ချောင်ဖုန်းတို့သည် တွေ့ရှိလိုက်သည်။ထိုချိန်မှာ ယန်နင်းသည် နောက်မှ ပြေးလာပြီး "ဆရာတူအကိုတို့......ရောက်လာကြပြီလား..." ဟု ပြောလိုက်သည်။

ချောင်ဖုန်းတို့သည် ခေါင်းငြိမ့်ပြလိုက်ပြီး ဝေ့ရန်သည် ယန်နင်းအဖေရှိရာကို ခေါ်ဆောင်သွားလိုက်သည်။ထိုချိန်မှာ လမ်းတွင် နှင်းပွင့်လေးများကျဆင်းလာတဲ့အခါ မိန်းကလေးတစ်ယောက်သည် ပျော်ရွင်အော်ဟစ်ကာ ပြေးနေခဲ့ရင်း ချောင်ဖုန်းအား ဝင်တိုက်ပြီး ထိုမိန်းကလေးသည် လဲကျသွားလေသည်။

ထိုအခါ ချောင်ဖုန်းသည် မိန်းကလေးအား ဆွဲထူပေးဖို့ လုပ်လိုက်ချိန်မှာ "ရပ်လိုက်စမ်း..... မိန်းကလေးရှုံးဟွေ့အသားက မင်းနဲ့ထိဖို့ မတန်ဘူး" ဟု ပြောကာ လူတစ်ယောက်သည် သူကိုယ်တိုင်ပြေးထူလိုက်လေသည်။

ထိုအခါ ရန်ဝေ့သည် မျက်နှာဖုံးအား ချွတ်လိုက်ပြီး "သခင်မလေးရှုံးဟွေ့လား......" ဟု မေးလိုက်သည်။ထိုအခါ ရှောင်ရှုံးဟွေ့သည် "ဝေ့ရန်........နင်က ဝေ့ရန်မလား " ဟု ပြန်ပြောလိုက်လေသည်။

ထိုအခါ ဝေ့ရန်သည် ဝမ်းသာသွားပြီး ယန်နင်းအား မျက်နှာဖုံးချွတ်ခိုင်းကာ "သခင်မလေးရှုံးဟွေ့.......သူဘယ်သူလဲ မှတ်မိလား " ဟု ​ပြောလိုက်သည်။

ထိုအခါ ရှုံးဟွေ့သည် ယန်နင်းအား ပြေးဖက်လိုက်ပြီး "ညီမလေး......သူက ငါ့ညီမလေးပဲ" ဟု ပြောကာ ဖက်ငိုနေလေသည်။ယန်နင်းကတော့ ကြောင်တောင်တောင်ပင်ဖြစ်နေလေသည်။သူငယ်ရွယ်စဥ်ကတည်းမှ ရေခဲနဂါးမင်းဂိုဏ်းမှာမနေရဘဲ ယန်ကျင်းဂိုဏ်းမှာသာ ကြီးပြင်းလာတဲ့အတွက် သူ့ဘဝက ကျင်ကြံရင်းနဲ့ပဲ အထီးကျန်စွာ နေထိုင်ခဲ့ရသည်။

ရှောင်ကျန်းယုသည် ယန်နင်းရဲ့ဘဝအမှန်အား မပြောပြဖို့အတွက် ယန်ကျင်းဂိုဏ်းအား စေခိုင်းခဲ့သောကြောင့် ယန်နင်းသည် ယခုအချိန်ထိ ဘာမှမသိရှိသေးပေ။

ရန်ဝေ့သည် "သခင်မလေးရှုံးဟွေ့........အကြီးအကဲကျန်းယုရှိတယ်မလား " ဟု မေးလိုက်သည်။ရှုံးဟွေ့သည် မျက်ရည်များကို သုတ်လိုက်ပြီး "သခင်လေးယောင်ထင်.....ရှုံးဟွေ့တို့ကို ခွင့်ပြုပါအုံး " လို့ ပြောလိုက်ပြီး သူ့ရဲ့အိမ်တော်ကို ချောင်ဖုန်းတို့အား ခေါ်ဆောင်သွားလေသည်။

ထိုအခါ ကျန်ခဲ့သော လျန်ယောင်ထင်သည် တောက်ခေါက်လိုက်ပြီး သူစိတ်ထဲမှာတော့ ချောင်ဖုန်းအား အငြိုးထားကာ သူ့လူတွေနဲ့အတူ နောက်လှည့်ပြန်သွားလေသည်။

ရှောင်အိမ်တော်ရဲ့ ဧည့်ခန်းမအတွင်းတွင် ချောင်ဖုန်းတို့သည် ထိုင်နေချိန်မှာ အစေခံမိန်းကလေးတစ်ယောက်သည် ပူပူနွေးနွေးလက်ဖက်ရည်များ ထည့်ထားသောခွက်လေးများအား ချပေးပြီး ပြန်ထွက်သွားလေသည်။

ထို့နောက် ရှုံးဟွေ့သည် "ညီမလေးယန်နင်းကို လိုက်ပို့ပေးတဲ့အတွင် အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် " ဟု ဖော်ရွေကာ ပြုံး၍ ပြောလိုက်သည်။

ထိုချိန်မှာ တစ်ကိုယ်လုံးမှာ ဖုန်မှုန့် ပြာမှုန့်များပေနေသော ရှောင်ရှီနမ်ဆိုသောလူသည် အခန်းထဲသို့ ဝင်လာပြီး မျက်နှာသေကြီးဖြင့် အားလုံးကို ပတ်ကြည့်လိုက်ပြီးနောက် "ရှုံးဟွေ့ .......သူတို့က ဘယ်သူတွေလဲ " လို့ အေးတိအေးစက် အသံဖြင့် ​မေးလိုက်သည်။

All Chapters