← Chapters

chapter(121)

Vol. 9 Ch. 121

chapter(121)

Vol. 9 Ch. 121

အသန့်စင်ဆုံးစနစ် အခန်း(121)

ထိုအခါ ရှုံးဟွေ့သည် ရီနမ်အား မျက်စောင်းထိုးကြည့်လိုက်တဲ့အခါ ရီနမ်သည် ထိုင်နေသော လူများကို နောက်တစ်ခေါက်ပြန်ကြည့်လိုက်တဲ့အခါမှတော့ "ယန်နင်း.......အဲ့တာညီမလေးယန်နင်းပဲ " ဟု ပြောလိုက်သည်။

ထိုနောက် ရီနမ်သည် ဝမ်းသာအားရနဲ့ "ခဏနေအုံး......ငါအဖေကို အမြန်သွားခေါ်ခဲ့မယ် " ဟု ပြောလိုက်ပြီး အခန်းထဲမှ ထွက်ခွာသွားလေသည်။ရှုံးဟွေ့သည် "သခင်လေးတို့......ဂိုဏ်းရောက်တုန်း ရှောင်အိမ်တော်မှာပဲ နေပြီး ပျော်ပျော်ရွင်ရွင်နေသွားကြပါ " လို့ ပြောလိုက်သည်။

ထိုချိန်မှာ ရှောင်ကျန်းယုသည် အခန်းထဲရောက်ရှိလာပြီး ယန်နင်းကို တွေ့တာနဲ့ ပြေးဖက်လိုက်သည်။ယန်နင်းကတော့ သူမသိသောလူမှ ပြေးဖက်လာတဲ့အတွက် ကြောက်လန့်သွားပြီး ချောင်ဖုန်းထိုင်ခုံအနားသို့ ကပ်သွားလေသည်။

ထိုအခါ ရှောင်ကျန်းယုသည် ထိုင်ခုံအလွတ်မှာ ထိုင်လိုက်ပြီး ဖြစ်စဥ် အစအဆုံးအား ပြောပြလိုက်လေသည်။ထိုအခါမှသာ ယန်နင်းသည် "အဲ့တာဆိုဦးလေးကြီးက ယန်နင်းရဲ့အဖေပေါ့နော်....."ဟု ပြောကာ မျက်ရည်လေးများ ကျသွားလေသည်။

ရှောင်ကျန်းယုသည် သူ့နဲ့ဝေးရာ အရပ်မှာ သူ့အားကိုးနဲ့ ယန်နင်းမောက်မာမှာကို မလိုလားတဲ့အတွက် အားလုံးကို လိမ်ညာထားခိုင်းခဲ့ခြင်းဖြစ်သည်။ယန်နင်းသည် ငယ်ရွယ်စဥ်ကတည်းက ပစ်ထားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်မိပင်မယ့် သူ့မှာ မိသားစုရှိမှန်းသိတဲ့အခါ ဝမ်းသာသွားခဲ့သည်။

ရှောင်ကျန်းယုသည် "ယန်နင်း......ဒီတစ်ယောက်က နင့်အကိုအကြီးဆုံး ရှောင်ရီနမ် ၊ သူကတော့ နင့်အမ ရှောင်ရှုံးဟွေ့ ပဲ "ဟု ပြောလိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်ကာ "နင့်အမေကတော့ နင့်ကို မွေးပြီးပြီးချင်း သေသွားခဲ့တာပဲ "ဟု ပြောလိုက်သည်။

ထိုချိန်မှာ အစေခံထဲမှ တစ်ယောက် ရောက်ရှိလာပြီး "သခင်ကြီး.........အပြင်မှာ အကြီးအကဲပန်ဇီရဲ့တပည့်မိန်းကလေးတစ်ယောက်က ဝင်ခွင့် တောင်းနေပါတယ် " ဟု ပြောလိုက်သည်။ထိုအခါ ရီနမ်သည် "အကြီးအကဲပန်ဇီရဲ့တပည့်ဟုတ်လား......မြန်မြန်ဝင်ခွင့်ပေးလိုက်လေ " ဟု မြန်မြန်ဆန်ဆန်ပြောလိုက်သည်။

အစေခံထွက်သွားပြီး ခဏအကြာမှာတော့ "အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်နဲ့အတူ ချင်ယောင်သည် ရောက်ရှိလာခဲ့ပြီး "မင်္ဂလာပါ.....အကြီးအကဲကျန်းယု "ဟု ရိုသေစွာ အရင်နှုတ်ဆက်လိုက်ကြသည်။

ထို့နောက် ချင်ယောင်သည် ချောင်ဖုန်းအား "မောင်လေးလေး......ရှင့်ကို ဆရာက ခေါ်ခိုင်းလိုက်လို့ပါ ၊ ကျေးဇူးပြုပြီး ငါတို့နဲ့ ခဏလောက်လိုက်ခဲ့လို့ ရမလား " ဟု မေးလိုက်သည်။ပန်ဇီသည် ရေခဲနဂါးမင်းဂိုဏ်းရဲ့ မှော်ဆေးဆရာအစည်းအရုံးရဲ့ ဥက္ကဋ္ဌဖြစ်ပြီး အဆင့်​​ခုနှစ်အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဖြစ်ဖို့ နီးကပ်နေပြီဖြစ်သည်။

ရှောင်ကျန်းယုသည် "လူငယ်လေး......မင်းလိုက်သွားလိုက်ပါ ၊ အကြီးအကဲပန်ဇီက ဒေါသကြီးတယ်ဆိုပင်မယ့် ငါ့အိမ်တော်က လူကိုတော့ မထိရဲပါဘူး ဟုတ်တယ်မလား " လို့ ချင်ယောင်တို့အား ပြောလိုက်သည်။

ထိုအခါ ချင်ယောင်တို့သည် "အကြီးအကဲကျန်းယုပြောတာမှန်ပါတယ် " ဟု ကြောက်လန့်စွာဖြင့် ခေါင်းငုံပြီး ပြန်ဖြေလိုက်သည်။ထိုအခါ ချောင်ဖုန်း ထလိုက်ပြီး "အကြီးအကဲကျန်းယု.......ကျွန်တော်ကို သွားခွင့်ပြုပါအုံး " ဟု ပြောလိုက်ပြီး တခြားလူများကိုလဲ နှုတ်ဆက်ကာ ချင်ယောင်တို့နဲ့ ရှောင်အိမ်တော်မှ ထွက်ခွာလာခဲ့သည်။

ချင်ယောင်သည် သူ့ရဲ့ ဝိညဥ်လှေအား ထုတ်ကာ ပျံသန်းလာလေသည်။မိနစ်အနည်းငယ်ကြာတဲ့အခါမှတော့ စီးနင်းဖော်သားရဲကောင်ကြီးများ တက်လိုက်ဆင်းလိုက်ရှိနေသော မှော်ဆေးဆရာအစည်းအရုံးတည်ရှိနေရာသို့ ရောက်လာလေသည်။

ထိုအခါ ချင်ယောင်သည် ဝိညဥ်လှေကို မြေပေါ်မှ သက်ဆင်းလိုက်ပြီး မှော်ဆေးဆရာအစည်းအရုံးမျှော်စင်ခန်းမထဲသို့ ဝင်လာခဲ့လေသည်။

ချင်ယောင်တို့ဝင်လာတဲ့အခါ အားလုံးသည် လှည့်ကြည့်လှည့်ကြည့်ဖြင့် "အကြီးအကဲချင်ယောင်နဲ့ မိန်းကလေးယွဲ့ရှင်းရဲ့ အလှက မှော်ဆေးဆရာအစည်းအရုံးရဲ့ အလှပကေးနှစ်ယောက်ပဲ " ဟု ပြောကာ လိုက်ကြည့်နေလေသည်။

ထိုအခါ သူတို့နောက်မှ တစ်ယောက်သည် "မင်းတို့ပြောတာမှားနေပြီကွ ၊ သူတို့နှစ်ယောက်ရဲ့အလှက အကြီးအကဲပန်ဇီကို ဘယ်လိုလုပ်ပြီးယှဥ်နိုင်မှာလဲ " ဟု ပြောလိုက်သည်။ထို့နောက် ချင်ယောင်တို့သည် သူ့တို့အနားက ဖြတ်သွားတဲ့အခါ ထိုလူသုံးယောက်သည် အသံပိတ်သွားလေသည်။

အခန်းတစ်ခန်းထဲတွင် အလွန်ချောမောလှပသော မိန်းမပျိုလေးသည် ပန်းရောင်အဝတ်အစားလေးအား ဝတ်ဆင်ကာ ဆေးမီးဖိုရှေ့တွင် ဆေးများအား သန့်စင်ဖော်စပ်နေလေသည်။ချောင်ဖုန်းသည် ထိုအခန်းကို ရောက်ရှိတာနဲ့ ထိုမိန်းကလေးသည် အဆင့်ငါးဆေးလုံးဖြစ်သော လင်းရွယ်အားဖြည့်ဆေးကို ဖော်စပ်နေကြောင်း သိရှိလေသည်။

ချင်ယောင်နဲ့ယွဲ့ရှင်းသည် "ဆရာ.......တပည့်တို့ ပြန်ရောက်ပါပြီ" ဟု လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။ထိုအခါ ပန်ဇီသည်

ဆေးဖော်စပ်နေတာကို ခဏ ရပ်လိုက်ပြီး ချင်ယောင်တို့ဘက်ကို လှည့်ကာ သူ့သိုလှောင်ကွင်းထဲမှ ဆေးလုံးနှစ်လုံးအား ထုတ်လိုက်ပြီး ချောင်ဖုန်းအား "သခင်လေး......ဒီဆေးလုံးကို နင် ဘယ်တိုင်းပြည်က ရလာတာလ​​ဲ ငါ့ကိုပြောပြလို့ရမလား " ဟု မေးလိုက်သည်။

ပန်ဇီသည် အလွန်ချောမောလှပပြီး အသက်ငယ်ငယ်လေးနဲ့ အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဖြစ်တဲ့အတွက် ထူးဆန်းနေလေသည်။ပန်ဇီမေးလာတဲ့အခါ ချောင်ဖုန်းသည် "မိန်းကလေးပန်ဇီ.....ဒီဆေးလုံးက ငါကိုယ်တိုင်ဖော်စပ်ထားတာပဲ....... " လို့ပြောလိုက်သည်။

ပန်ဇီသည် သူနဲ့အသက်ရွယ်တူဖြစ်တဲ့အပြင် အဂ္ဂိရတ်ပညာရပ်အပိုင်းမှာလဲ သူ့ထက်နိမ့်ကျနေသောကြောင့် ချောင်ဖုန်းသည် ပေါ့ပေါ့ပါးပါးပြောလိုက်ခြင်းဖြစ်သည်။

ချင်ယောင်နဲ့ယွဲ့ရှင်းသည် သူတို့ဆရာပန်ဇီသည် သူတို့ထက်တောင် အသက်ငယ်ရွယ်ပင်မယ့် ရေခဲနဂါးမင်း ဂိုဏ်းချုပ်တောင် ကောင်းကောင်းမွန်မွန် ဆက်ဆံရသော်လည်း ချောင်ဖုန်းရဲ့ မထီမဲ့မြင် ပြောလိုက်တဲ့စကားကြောင့် ပန်ဇီဒေါသထွက်လာမှာကို စိုးရိမ်သွားကြသည်။

ပန်ဇီသည် သာမာန်အချိန်ဆို ဒေါသထွက်လွယ်ပင်မယ့် ဆေးဖော်စပ်နေရင်း ဖြစ်တာကြောင့် သူ့စိတ်အား လျော့ထားလေသည်။ချောင်ဖုန်းသည် ဆေးလုံးကို တစ်နေရာရာမှ ရလာပြီး ကြွားလုံးထုတ်ချင်နေသည်ဟု ထင်သောကြောင့် ချောင်ဖုန်းအား ပညာပေးဖို့ စဥ်းစားလိုက်သည်။

ပန်ဇီသည် "ချင်ယောင်...ယွဲ့ရှင်း......နင်တို့နှစ်ယောက်အပြင်ခဏထွက်သွားပေးပါ ၊ ဒီကသခင်လေးဆီက ငါအကူအညီတောင်းစရာရှိလို့ပဲ " ဟု ဟန်ဆောင်အပြုံးလေးပဲ ချင်ယောင်တို့ နှစ်ယောက်ကို မောင်းထုတ်လိုက်သည်။

ထိုအခါ ချင်ယောင်တို့နှစ်ယောက်လဲ ခေါင်းငုံကာ အခန်းထဲမှ ထွက်ခွာသွားလေသည်။ပန်ဇီသည် ဆေးမီးဖိုအား သူ၏ကိုယ်ပိုင် မီးတောက်ဖြင့် အပူပြန်ပေးကာ "သခင်လေး......ပန်ဇီ ဖော်တဲ့ဆေးလုံးမှာ လိုအပ်ချက်များရှိရင် ထောက်ပြပါအုံးနော် " ဟု ချောင်ဖုန်းအား ပြောလိုက်သည်။

ပန်ဇီသည် ဆေးလုံးမပြီးခင်အချိန်ထိ ချောင်ဖုန်းအား တမင်ဝန်ခံအောင်လုပ်ပြီး အပြစ်ပေးမယ်လို့ စဥ်းစားထားလေသည်။ထိုချိန်မှာ ချောင်ဖုန်းသည် "မိန်းကလေးပန်ဇီ.......ဒီပုံစံအတိုင်းသာ ဆေးလုံးတွေ ဖော်စပ်နေမယ်ဆို မင်းဆေးလုံးတွေအားလုံးက အရည်သွေး၁ကောင်းကောင်းနဲ့ ရရှိနိုင်မယ်လို့ ငါမထင်ဘူး " လို့ပြောလိုက်သည်။

ချောင်ဖုန်းပြောတာတွေသည် အမှန်တကယ်ပင် ဖြစ်နေသောကြောင့် ပန်ဇီသည် အံ့အားသင့်သွားပင်မယ့် ချောင်ဖုန်းသည် ရမ်းပြော၍ မှန်သွားသည်ဟု ယူဆလိုက်သည်။ပန်ဇီသည် ခုရက်ပိုင်း

သူဖော်စပ်သော ဆေးလုံးများသည် အရည်အသွေးအညံစားများကိုသာ ရရှိနေခဲ့သည်။

ပန်ဇီသည် "သခင်လေး......အဲ့တာဆိုပန်ဇီရဲ့အမှားလေးကို ထောက်ပြပေးပါအုံး " ဟု ယှဥ်ယှဥ်ကျေးကျေးလေး ပြန်မေးလိုက်လေသည်။

ချောင်ဖုန်းသည် ပန်ဇီက သူ့အားရူးချင်ယောင်ဆောင်ကာ မေးနေတဲ့အတွက် "မိန်းကလေးပန်ဇီ.......ဘယ်အရာမှ အလကားမရနိုင်ဘူးလေ " ဟု တည်ငြိမ်စွာ နဲ့ ပြန်ဖြေလိုက်သည်။ထိုအခါ ပန်ဇီသည် "အို......သခင်လေးပန်ဇီက ဘာလိုချင်လို့လဲ " ဟု ပြန်ဖြေလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် "မိန်းကလေးပန်ဇီ......ငါပြောတာတကယ်လို့ မှန်ရင် မင်းရဲ့ ဆေးအမယ်သိုလှောင်ခန်းထဲက ငါလိုချင်တာ မင်းအကုန်ပေးရမယ် " ဟု ပြောလိုက်သည်။ထိုအခါ ပန်ဇီသည် "ကောင်းပြီလေ......ပန်ဇီသဘောတူတယ်" ဟု ပြောလိုက်သည်။

ထိုချိန်မှာ အဂ္ဂိရတ်ဝတ်စုံဖြင့် အဖိုးအိုနှစ်ယောက်ရောက်ရှိလာပြီး "အကြီးအကဲပန်ဇီ......ဂိုဏ်းချုပ်ဆွေးနွေးစရာရှိတဲ့အတွက် မနက်ဖြန်ကြ လာခဲ့ဖို့ အကြောင်းကြားထားပါတယ် " ဟု ရိုရိုသေသေဖြင့် ပြောလိုက်သည်။

ထိုအခါ ပန်ဇီသည် လက်ခါပြကာ ထိုအဖိုးကြီးနှစ်ယောက်အား အပြင်သို့ ပြန်ထွက်ခိုင်းလိုက်သည်။အဖိုးကြီးနှစ်ယောက် ထွက်ခွာသွားတဲ့အခါ ချောင်ဖုန်းသည် ပန်ဇီရဲ့ သွေးကြောများကို နှိပ်ချလိုက်သည်။

ထိုအခါ ဆေးမီးဖိုကို အပူပေးနေသော ပန်ဇီရဲ့ မီးတောက်စွမ်းအင်များသည် နဂိုကထက်ပင် သုံးဆမြှင့်တက်လာတာကြောင့် ပန်ဇီသည် စိတ်ဆိုးသွားပြီး ရပ်တန့်မလို့ လုပ်ချိန်မှာ "မိန်းကလေးပန်ဇီ.......ခုချိန်ရပ်တန့်လိုက်မယ်ဆို ဆေးမီးဖိုရဲ့ ပေါက်ကွဲမှု ဒဏ်ကို မင်းကာကွယ်နိုင်လို့လား " ဟု မေးလိုက်သည်။

All Chapters