chapter(122)
Vol. 9 Ch. 122
အသန့်စင်ဆုံးစနစ် (122)
ပန်ဇီသည် ရှေ့တိုးမရ နောက်ဆုတ်မရဖြစ်နေချိန်မှာ ချောင်ဖုန်းသည် "ဒီလောက်ဆို လုံလောက်ပြီ " ဟု ပြောကာ ပန်ဇီရဲ့ လက်တွေကို သူလက်ဖြင့်ရိုက်ချလိုက်ပြီး မီးတောက်ဖြင့် အပူပေးတာကို ရပ်တန့်စေလိုက်သည်။
ပန်ဇီသည် သူ့လက်များကို နောက်တစ်ချက် ထိလိုက်တဲ့အတွက် ဒေါသထွက်သွားပြီး ဖြစ်ချင်တာဖြစ်ဆိုပြီး ချောင်ဖုန်းအား တိုက်ခိုက်ဖို့ ရွယ်လိုက်သည်။
ထိုချိန်မှာ အဆင်မြင့်အရည်အသွေးကောင်းသော လင်းရွယ်အားဖြည့်ဆေးလုံးများသည် ဆေးမီးဖိုထဲမှ ပေါ်ထွက်လာတဲ့အခါ
ပန်ဇီသည် တိုက်ခိုက်ဖို့ ရွယ်လိုက်တဲ့ သူ့လက်များကို ပြန်ရုတ်သိမ်းလိုက်ပြီး "မဖြစ်နိုင်တာ......အဲ့ဒါ တကယ်ပဲ အဆင်မြင့် လင်းရွယ်အားဖြည့်ဆေးလုံးတွေလား "ဟု ဆေးလုံးများကို ကြည့်ကာ ပြောလိုက်လေသည်။
ထိုအခါ ချောင်ဖုန်းသည် ဆေးလုံးများအား ကြည့်လိုက်ပြီး "ဒီအရည်အသွေးလောက်နဲ့ ဘယ်လိုလုပ်အဆင့်မြင့်ဆေးလုံး ဖြစ်နိုင်မှာလဲ " ဟု ပြန်ဖြေလိုက်တဲ့အခါ ပန်ဇီသည် ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။
ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "မိန်းကလေးပန်ဇီ.......ငါတို့က သဘောတူထားတာလေး မင်းဂတိတည်မယ်မလား " ဟု မေးလိုက်သည်။ထိုအခါပန်ဇီသည် ချောင်ဖုန်းရှိမှ နည်းလမ်းသိရှိသွားပြီဖြစ်သောကြောင့် ချောင်ဖုန်းအားမထင်သေးရဲတော့ဘဲ "သခင်လေး.....ပန်ဇီတစ်ခုလောက် ထပ်တောင်းဆိုလို့ရမလား " ဟု မေးလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် လေထဲမှာပင် ဆေးကျမ်းတစ်ခုအား ရေးဆွဲလိုက်ပြီး ပန်ဇီရဲ့အသိဉာဏ်ထဲသို့ ထည့်သွင်းပေးလိုက်ပြီး "မိန်းကလေးပန်ဇီ.......မင်းထပ်ပြီး တောင်းဆိုစရာ ရှိသေးလား" ဟု မေးလိုက်သည်။
ထိုအခါ ပန်ဇီသည် သူ့ရဲ့အမိန့်ပြားအား ချောင်ဖုန်းကို ပေးလိုက်ပြီးချင်ယောင်နဲ့ယွဲ့ရှင်းကို ခေါ်လိုက်သည်။ချင်ယောင်တို့နှစ်ယောက်သည် ချောင်ဖုန်းတွင် ဒဏ်ရာများ ရနေသလားဟု ထင်မိသော်လည်း အထဲရောက်တဲ့အခါ သူတို့ထင်ထားသလို မဟုတ်ဘဲ
ချောင်ဖုန်းသည် အကောင်းပကတိအတိုင်းပင် ရှိနေဆဲဖြစ်သည်။
ထို့အပြင် ပန်ဇီသည် ဆေးအမယ်ခန်းမကို ချောင်ဖုန်းအား လမ်းပြပေးဖို့ ပြောလိုက်ပြီး ပန်ဇီသည် ချောင်ဖုန်းကို ရိုရိုသေသေဆက်ဆံတာ တွေ့လိုက်တဲ့အတွက် ချင်ယောင်တို့ နှစ်ယောက်သည် ရူးသွပ်သွားလေသည်။
ဆေးအမယ်ခန်းမသည် မှော်ဆေးဆရာအစည်းအရုံးချုပ်နဲ့ အလှမ်းမဝေးသော နေရာတွင် တည်ရှိပြီး ပန်ဇီလက်အောက်တွင် တည်ရှိသော ခန်းမတစ်ခုပင်ဖြစ်သည်။ချင်ယောင်တို့သည် ဆေးအမယ်ခန်းမအား ချောင်ဖုန်းအား လိုက်ပို့ပေးပြီးနောက် တာဝန်များရှိ၍ ပြန်လှည့်ထွက်ခွာသွားလေသည်။
ချောင်ဖုန်းဆေးခန်းမကို ရောက်သော်အခါ သက်တမ်းကြာရင့်နေသော ဆေးအမယ် မျိူးစုံကို တွေ့လိုက်ရတဲ့အတွက် ဝမ်းသာသွားလေသည်။
ချောင်ဖုန်းသည် သူလိုချင်သော ဆေးအမယ်မျိူးကိုသာ လိုက်ကြည့်လိုက်ပြီး ပန်ဇီးထုတ်သုံးသော မီးတောက်ကို သတိရသွားကာ "ငါမှာလဲ မီးတောက်တစ်မျိုးသာ ရှိမယ်ဆိုရင် ငါရဲ့စွမ်းအင်ကို ပိုခြွေတာနိုင်လောက်မယ် " ဟု ရေရွတ်လိုက်သည်။
ချောင်ဖုန်းသည် ရွှိုက်ဟု ခေါ်သောဆေးအမယ်တစ်မျိုးကို ကိုင်လိုက်ချိန်မှာ နောက်တစ်ယောက်သည် ချောင်ဖုန်းကိုင်သော ရွှိုက်ဆေးအမယ်လား အပေါ်မှ ထပ်ကိုင်လိုက်သည်။ထိုလက်ကသော မိန်းကလေးတစ်ယောက်ရဲ့ လက်ဖြစ်ပြီး ထိုမိန်းကလေးသည် "စီနီယာအကို ကျေးဇူးပြုပြီး ငါ့ကို ဒီဆေးအမယ်လေး ပေးလို့ရမလား " ဟု မေးလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ဆေးခန်းမရဲ့ တာဝန်ကျသူ အမျိူးသားအား ရွှိုက်ဆေးအမယ် ထပ်ရှိမရှိကို မေးလိုက်သည်။ထိုအခါ တာဝန်ရှိသူသည် ရွှိုက်ဆေးအမယ်ရရှိတဲ့ နယ်မြေမှာ အဆင့်ခုနှစ်နတ်ဆိုးသားရဲ ထွက်ပေါ်လာတဲ့အခါ ဘယ်သူမှ ထပ်မသွားရဲတော့တဲ့အတွက် ရွှိုက်ဆေးအမယ်သည် ချောင်ဖုန်းတို့ လက်ထဲက တစ်မျိုးထဲသာ ကျန်တော့ကြောင်း ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် "မိန်းကလေး.........မင်းကြားတဲ့အတိုင်းပဲ နောက်ပြီး ဒီ ရွှိုက်ဆေးအမယ်က တစ်မျိုးပဲ ကျန်တော့တဲ့အတွက် မင်းဘာဆက်လုပ်မလဲ " ဟု မေးလိုက်သည်။
ထိုအခါ စွေ့ရိုဟု ခေါ်သော မိန်းကလေးသည် မျက်ရည်လေး ဝဲသွားပြီး "စီနီယာအကို.....ငါ့ဒီရွှိုက်ဆေးအမယ်သာ မရရင် ငါပြိုင်ပွဲက နှုတ်ထွက်ရလိမ့်မယ် " ဟု ဝမ်းနည်းသော အသံဖြင့် ပြောလိုက်လေသည်။ထိုအသံကြောင့် ဆေးခန်းမတစ်ခုလုံး ချောင်ဖုန်းတို့အား သတိထားမိသွားလေသည်။
ထိုဆေးခန်းမထဲတွင် လူတစ်ယောက်သည် ချောင်ဖုန်းကို တွေ့တဲ့အခါ "ဟားဟား........မင်းကငါရှေ့တည့်တည့်ရောက်လာတဲ့အတွက် မင်းကိုယ်မင်းပဲ အပြစ်တင်တော့ " ဟု ပြောကာ သူ့လူများဖြင့် ချောင်ဖုန်းတို့ ရှိကို ရောက်ချလာလေသည်။
ထိုအဖွဲ့ကတော့ လျန်ယောင်ထင်တို့ အဖွဲ့ပင်ဖြစ်လေသည်။
ချောင်ဖုန်းသည် ပြိုင်ပွဲဟု ပြောတဲ့အခါ စိတ်ဝင်စားသွားပြီး မေးမယ့်ချိန်မှာ လျန်ယောင်ထင်တို့ အဖွဲ့ထဲမှ လူတစ်ယောက်သည် ရွှိုက်ဆေးအမယ်အား လုယူဖို့ ကြိုးစားပင်မယ့် ချောင်ဖုန်းသည် ရွှိုက်အမယ်အား လျင်မြန်စွာ ယူလိုက်နိုင်တာကြောင့် ထိုလူသည် လေဟာနယ်ကို ဖမ်းမိသွားလေသည်။
ထိုအခါ လျန်ယောင်ထင်သည် ချောင်ဖုန်းအား "မင်းလက်ထဲက ဆေးအမယ်...... ငါ့ကိုပေးမယ်ဆိုရင်တော့ ခွင့်လွှတ်ပေးမယ် မဟုတ်ရင်တော့ ငါလူတွေရဲ့အဆိုးမဆိုနဲ့ပေါ့ကွာ " ဟု ခြိမ်းခြောက်ကာ ပြောလိုက်သည်။
လျန်ယောင်ထင်ရဲ့အဖေသည် ရေခဲနဂါးမင်းဂိုဏ်းချုပ်ရဲ့ဘယ်လက်ရုံးဖြစ်တာကြောင့် ဂိုဏ်းထဲတွင် လျန်ယောင်ထင်အား ဘယ်သူမှ ရန်မစရဲပေ။
ချောင်ဖုန်းသည် တချက်ပြုံးလိုက်ပြီး လျန်ယောင်ထင်အား ဂရုမစိုက်ဘဲ နောက်ထပ်ဆေးအမယ်များကို လိုက်လံကြည့်ရှုလိုက်တဲ့အခါ လျောင်ယောင်ထင်သည် ဧကရာဇ်နယ်ပယ်စွမ်းအားအရှိန်အဝါကိုထုတ်လွင့်လိုက်ပြီး ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ထိုးချလိုက်သည်။
သို့သော် လျန်ယောင်ထင်၏ ကိုယ်ပိုင်လက်သီးစွမ်းအားသည် လမ်းတစ်ဝက်မှာတင် အားပျော့ကာ ပျက်စီးသွားသည်။ထိုအခါး တာဝန်ရှိသောသူသည် "သခင်လေးယောင်ထင်......ကျွန်တော်တို့ ဆေးခန်းမမှာ တိုက်ခိုက်ခွင့်မရှိပါဘူး ပထမတစ်ခေါက်မှာ သတိပေးမှာဖြစ်ပြီး နောက်တစ်ခေါက်ဆိုရင်တော့ အစီအရင်က အလိုအလျောက် ပြစ်ဒဏ်ပေးပါလိမ့်မယ် " ဟု အသိပေးလိုက်သည်။
ထိုအခါ လျန်ယောင်ထင်သည် "ငါအကြောင်း မင်းကောင်းကောင်းကြီး သိစေရမယ်လို့ " ပြောကာ ဆေးခန်းမမှ ထွက်ခွာသွားလေသည်။ချောင်ဖုန်းသည် " မိန်းကလေး......မင်းငါ့ကို ပြိုင်ပွဲအကြေုင်း ပြောပြမယ်ဆိုရင် ဒီရွှိုက်ဆေးအမယ်က မင်းအတွက်ပဲ" လို့ ပြောလိုက်သည်။
ထိုအခါ စွေ့ရိုသည် ဝမ်းသာသွားပြီး ပြိုင်ပွဲနဲ့ပက်သက်သော အကြောင်းအရာများကို ပြောပြလိုက်လေသည်။ထိုချိန်မှာ စွေ့ရိုကို သိသောသူတချို့သည် စွေ့ရိုအကြောင်းအား တိုးတိုးတိတ်တိတ်ပြောသွားကြလေသည်။
စွေရို့ရဲ့ ဘိုးဘေးများသည် ရေခဲနဂါးမင်းဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင်များဖြစ်ခဲ့ပြီး စွေ့ရို၏ အဖေသည်လည်း အဆင့်ငါးအဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သည်။သို့သော် စွေ့ရိုကတော့ အဂ္ဂိရတ်ပညာရပ်မှာ ပါရမီနည်းတဲ့အတွက် ယခုထိ အဆင့်နှစ်
အဂ္ဂိတ်ပညာရှင်အဖြစ်မှ မတိုးတက်သေးပေ။
ချောင်ဖုန်းသည် ထိုပြောသံများကြားသောအခါ "မင်းငါ့တပည့်လုပ်မလား " လို့ စွေ့ရုံအား မေးလိုက်သည်။ထိုအခါ စွေ့ရိုအပါအဝင် ကျန်သောသူများသည် ချောင်ဖုန်းအား ရူးနေသလား ဟု ထင်သွားကြလေသည်။
လက်ရှိမှာ ရွှိုက်ဆေးအမယ်သည် ချောင်ဖုန်းလက်ထဲမှာသာ ရှိနေသောကြောင့် စွေ့ရိုသည် သူသာတပည့်လုပ်ဖို့ ငြင်းဆိုလိုက်မယ်ဆိုရင် ချောင်ဖုန်းသည် စိတ်ပြောင်းသွားပြီး ရွှိုက်ဆေးအမယ်အား မပေးတော့မည်ကို စိုးရိမ်သွားလေသည်။
စွေ့ရိုသည် ရွှိုက်ဆေးအမယ်ရရှိဖို့ အရေးကြီးတဲ့အတွက် ခေါင်းငြိမ့်၍ လက်ခံလိုက်တဲ့အခါ ချောင်ဖုန်းသည် ရွှိုက်ဆေးအမယ်နဲ့ ဆေးဖော်စပ်နည်းတစ်ခုအားပေးလိုက်တဲ့အခါ စွေ့ရိုလည်း ချောင်ဖုန်အား အရိုအသေပြုကာ ဆေးခန်းမမှ ထွက်ခွာသွားလေသည်။
ချောင်ဖုန်းသည် စွေ့ရိုရှိမှ ဘာမျှော်လင့်ချက်မှ မထားဘဲ ကူညီလိုက်ခြင်းသာ ဖြစ်တဲ့ ပြုံးလိုက်ပြီး သူလိုအပ်တဲ့ ဆေးအမယ်များအား ထုတ်ခိုင်းလိုက်သည်။ချောင်ဖုန်းသည် ရှားပါးပြီး စျေးကြီးသော ဆေးအမယ်များကိုသာ ရွေးချယ်နေခြင်းကြောင့် တချို့ဝယ်ယူသူအများအပြားသည် ချောင်ဖုန်းရဲ့နောက်ခံကို ဇစ်မြစ်ကို သိချင်သွားလေသည်။
ဆေးခန်းမတွင် တာဝန်ထမ်းဆောင်နေသော အစေခံတစ်ယောက်သည် "သခင်လေးလျန်ယောင်ထင်နဲ့သခင်လေးရှောင်ရီနမ်တောင် ဒီလောက်စျေးကြီးတဲ့ ဆေးအမယ်အများကြီးကို ဝယ်နိုင်မယ်မထင်ဘူး ဒါနဲ့စီနီယာအကို မင်းအဲ့သခင်လေးကိုသိလား" ဟု ပြောလိုက်သည်။
ထိုအခါ နောက်တစ်ယောက်သည် "ငါဒီဆေးခန်းမှာ တာဝန်ထမ်းဆောင်နေတာ နှစ်ပေါင်းမနည်းဘူး ၊ ဒါပေမယ့် ငါသူ့ကို တစ်ခါမှ ဆေးခန်းမမှာ မမြင်ဖူးဘူး " ဟု တီးတိုးပြောဆိုနေကြလေသည်။
ချောင်ဖုန်း မှာထားသော ဆေးအမယ်များကို ထုတ်ပေးပြီးနောက် တာဝန်ထမ်းဆောင်နေသော အစေခံသည် "သခင်လေး.......ငါဆေးအမယ်အားလုံးကို ထုတ်ပိုးပြီးပါပြီ စုစုပေါင်း ရွှေဒင်္ဂါးတစ်သန်းကျပါတယ် " ဟု ဖြေလိုက်သည်။
ချောင်ဖုန်းသည် ဆေးအမယ်အားလုံးကို သူ့သိုလှောင်ကွင်းထဲသို့ သိမ်းလိုက်ပြီး ပန်ဇီရဲ့အမိန့်ပြားအား ထုတ်ပြလိုက်လေသည်။အမိန့်ပြားကို မြင်တဲ့အခါ ဆေးခန်းမအတွင်းရှိ အစေခံများအားလုံးသည် ဒူးထောက်သွားကြပြီး အဂ္ဂိရတ်ပညာရှင်တွေကတော့ ခေါင်းငုံကာ အမိန့်ပြားအား အရိုအသေပေးလိုက်ကြလေသည်။