← Chapters

အသန့်စင်ဆုံးစနစ်(123)

Vol. 9 Ch. 123

အသန့်စင်ဆုံးစနစ်(123)

Vol. 9 Ch. 123

အသန့်စင်ဆုံးစနစ် အခန်း(123)

ချောင်ဖုန်းသည် အမိန့်ပြားကို သိမ်းလိုက်ပြီး "ငါသွားလို့ရပြီလား....."လို့ တာဝန်ရှိသူအစေခံအား မေးလိုက်သည်။ထိုအခါ အစေခံအမျိုးသားသည် အမြန်ပြန်ထလိုက်ပြီး "ရပါတယ်ရပါတယ် ....." ဟု ပြောကာ ခန်းမတံခါးအဝထိ လိုက်လံပို့ဆောင်ပေးလေသည်။

အားလုံးသည် ချောင်ဖုန်းထံမှ ပန်ဇီရဲ့အမိန့်ပြားကို တွေ့လိုက်ရတဲ့

ချောင်ဖုန်းနဲ့ပန်ဇီအား တစ်မျိုးထင်သွားကြလေသည်။ချောင်ဖုန်းကတော့ အမိန့်ပြားအား ပန်ဇီရှိသို့ ပြန်ပေးရန် လျင်မြန်စွာနဲ့ ပျံသန်းထွက်ခွာလာခဲ့သည်။

မှော်ဆေးဆရာအစည်းအရုံးမျှော်စင်ရှိ အခန်းတစ်ခန်းထဲမှာတော့ ပန်ဇီသည် အရည်အသွေးကောင်းသော ဆေးလုံးများကို ဖော်စပ်နိုင်တဲ့ အတွက် ဝမ်းသာနေလေသည်။

ထိုချိန်မှာ ချောင်ဖုန်းရောက်ရှိလာကာ အမိန့်ပြားအား ပေးလိုက်ရင်း "မိန်းကလေးပန်ဇီ......ရွှိုက်ဆေးပင်တွေပေါများတဲ့ တည်နေရာ ငါ့ကိုပြောပြပေးလို့ ရမလား....." ဟု ပြောလိုက်သည်။

လောလောဆယ်တွင် ရွှိုက်ဆေးပင်ပေါက်ရောက်သော နယ်မြေမှာ အဆင့်ခုနှစ်နတ်ဆိုးသားရဲရောက်ရှိနေသောကြောင့် ဆေးအမယ်တူးဖော်သော အဖွဲ့မှာ ရပ်နားထားတဲ့အကြောင်းကို ဆေးခန်းမရဲ့ တာဝန်ရှိသူက ပန်ဇီအား ရှင်းပြ၍ ထားလေသည်။

ပန်ဇီသည် "သခင်လေး.......နင်အဲ့ဒီကိုသွားလို့မဖြစ်ဘူး " ဟု ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် "မိန်းကလေးပန်ဇီ......မင်းငါ့ကို စိတ်ပူနေတာလား "ဟု ပြုံးကာ စနောက်လိုက်လေသည်။

ထိုအခါ ပန်ဇီသည် ရှက်သွားပြီး "ရှင့်ကိုဘယ်သူကစိတ်ပူနေလဲ....." လို့ ပြောကာ ရွှိုက်ဆေးပင်နယ်မြေ၏ တည်နေရာမြေပုံ

အား ထုတ်ပေးလိုက်သည်။ထို့နောက် ပန်ဇီသည် "သခင်လေး.....ဒါကမကြာခင် ရေခဲနဂါးမင်းဂိုဏ်းမှာ ကျင်းပမယ့် ဆေးဖော်စပ်ပြိုင်ပွဲတစ်ခုပဲ" ဟု ​ပြောကာ ဖိတ်စာအား ချောင်ဖုန်းကို ပေးလိုက်သည်။

ချောင်ဖုန်းသည် သိုလှောင်ကွင်းထဲ ထည့်သိမ်းကာ ပန်ဇီအား နှုတ်ဆက်လိုက်ပြီး ရွှိုက်ဆေးပင်နယ်မြေအား ထွက်ခွာ၍ လာပါတော့သည်။ရွှိုက်ဆေးပင်သည် သာမာန်အချိန်မှာတွင် ထွက်ပေါ်လေ့မရှိပဲ လပြည့်သောနေ့တွင်သာ ထွက်ရှိလေသည်။

ချောင်ဖုန်းသည် လပြည့်သောနေ့တွင် ထွက်ခွာလာသောကြောင့် အံကိုက်ဖြစ်သွားလေသည်။ချောင်ဖုန်းသည် နေ့ခင်းဘက် အချိန်တွင် တခြားသောဆေးပင်များကို လိုက်လံတူးဖော်ကာ သိမ်းဆည်းနေခဲ့သည်။

ထိုချိန်မှာ လူတစ်ယောက်သည် "အဲ့တာသခင်လေးကို ရန်စတဲ့ကောင်မလား......" လို့ မေးလိုက်သည်။ထိုအခါ ဘေးကလူများသည် ဆေးပင်တူးနေရင်း ချောင်ဖုန်းကို လှမ်းကြည့်လိုက်တဲ့အခါ "ဟုတ်တယ်.......အဲ့ဒီကောင်ပဲ ၊ ဟားဟားဟား......အဲ့ကောင်ကိုသာ ဖမ်းခေါ်သွားနိုင်ရင် ငါတို့တော့ ဆေးအမယ်တွေ လိုက်တူးဖို့ မလိုတော့ဘူးထင်တယ် " ဟု ရယ်ရယ်မောမော ပြောလိုက်ကြသည်။

ထိုအဖွဲ့ကတော့ လျန်ယောင်ထင်ရဲ့အဖွဲ့ဝင်တွေပင်ဖြစ်ပြီး ဧကရာဇ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများဖြစ်သည်။ချောင်ဖုန်းသည် လူတချို့ကို သတိထားမိပင်မယ့် ဆေးပင်များကိုလိုက်လံရှာဖွေနေခဲ့သည်။

ချောင်ဖုန်းသည် ဆေးအမယ်တစ်ခုအား တူးဖော်မယ့်ချိန်မှာ ​​မြွေသားရဲတစ်ကောင်သည် ချောင်ဖုန်းရှိသို့ ရောက်ရှိလာပြီး တိုက်ခိုက်လိုက်လေသည်။ချောင်ဖုန်းသည် သူ့နားကို ရောက်ရှိလာသော မြွေသားရဲကောင်အား ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ထိုးချလိုက်တဲ့အခါ တစချက်ထဲနဲ့ပဲ သေဆုံးသွားလေသည်။

ထိုအခါ မြွေသားရဲကောင်ရဲ့ ပိုင်ရှင်ဖြစ်သော ကျန်းချင်းယိုသည် သူ့မြွေသားရဲ သေဆုံးသွားတာ သိတဲ့အခါ သူအဖွဲ့အတူ သားရဲကောင်များစီးကာ ရောက်ရှိလာပြီး "ခွေးကောင်စုတ်......မင်းကများ ငါရဲ့စီးနင်းဖော်သားရဲကောင်သတ်ရဲတယ်ဟုတ်လား" ဟု ဒေါသထွက်စွာဖြင့် ကြိမ်းဝါးလိုက်သည်။

ချောင်ဖုန်းသည် ပြုံးလိုက်ပြီး မှေးစေ့ကို ပွတ်ကာ"မင်းတို့ရောက်လာတာနဲ့ အတော်ပဲ " ဟု ​ကျန်းချင်းယိုတို့အဖွဲ့ကို ပြောလိုက်သည်။ထိုအခါ ကျန်းချင်ယိုသည် "ဘာလဲ မင်းကသေဖို့မစောင့်နိုင်တော့ဘူးလား......" ဟု လှောင်ပြောင်ကာ ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် နတ်ဆိုးတစ္ဆေအရှိန်အဝါစွမ်းအင်အား နှစ်ဆယ်ရာခိုင်နှုန်းလောက်သာ ထုတ်လွင့်လိုက်တာနဲ့ ကျန်းချင်းယိုတို့ တစ်ဖွဲ့လုံးသည် စီးနင်းဖော် သားရဲကောင်များပေါ်မှ ပြုတ်ကျပြီး မြေပေါ်သို့ ထိုးကျသွားလေသည်။

ကျန်းချင်းယိုတို့အဖွဲ့ထဲမှ ချွီထျန်းဟု ခေါ်သောလူသည် ​ကြောက်လန့်တကြားဖြစ်ကာ "ဒါဒါ......... နတ်ဆိုးတစ္ဆေအရှိန်အဝါစွမ်းအားလား " ဟု ပြောနေချိန်မှာ တစ်ကိုယ်လုံး အနက်ရောင်အခိုးအငွေ့များ ထွက်နေသော ချောင်ဖုန်းသည် သူတို့အဖွဲ့နားကို ရောက်ရှိလာတဲ့အခါ ​ကြောက်ကြောက်လန့်လန့်ဖြင့် အအထစ်ထစ်တွေဖြစ်ကုန်ကာ အသံတောင်မထွက်ရဲကြတော့ပေ။

ထိုအခါ ချောင်ဖုန်းသည် အေးစက်သော အသံဖြင့် "ငါခိုင်းတာလုပ်မလား အသက်အသေခံမလား " ဟု မေးလိုက်သည်။ထိုအခါ

ကျန်းချင်းယိုသည် ချောင်ဖုန်းကိုတောင်မကြည့်ရဲဘဲ "သခင်လေး......ငါတို့မှားမှန်းသိပါပြီး........မင်းကြိုက်တာခိုင်းပါ " ဟု မော့မကြည့်ဘဲ ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ဆေးအမယ်များကို သူ့အတွက် လိုက်လံတူးဖော်ပေးရမယ်ဟု စေခိုင်းလိုက်သည်။ထိုအခါ ကျန်းချင်းယိုတို့အဖွဲ့လဲ ဆေးအမယ်များအား လိုက်လဲရှာဖွေကာ တူးဖော်လေသည်။

ညနေစောင်းတဲ့အခါမှာတော့ ကျန်းချင်ယိုတစ်ဖွဲ့လုံးသည် သူတို့တူးဖော်ရရှိလာသော ဆေးအမယ်များအားလုံးကို ချောင်ဖုန်းကို ပေးလိုက်ပြီး ထိုနယ်မြေမှ လျင်မြန်စွာထွက်ခွာသွားကြလေသည်။ချောင်ဖုန်းသည် ဆေးအမယ်များအား ကြည့်ကာ "မဆိုးဘူး မဆိုးဘူး...." ဟုပြောကာ သိုလှောင်ကွင်းထဲသို့ ထည့်သိမ်းလိုက်သည်။

ထို့နောက် ယန်အစီအရင်ကို ထုတ်ကာ သူ့ရဲ့ လက်ချောင်းလေးများကို လှုပ်ရှားလိုက်တဲ့အခါ အလံတိုင်ခြောက်ခုသည် ထိုနယ်မြေဧရိယာ၏ ရှုထောင့်ခြောက်ထောင့်ကို ရောက်ရှိသွားကြသည်။

ချောင်ဖုန်းသည် လက်ချောင်းများကို ထပ်မံလှုပ်ရှားလိုက်ပြီး "နတ်ဘုရားသေမိန့်စက်ကွင်းအစီအရင်" ဟု ရေရွတ်လိုက်တဲ့အခါ အလံတိုင်များထဲမှ အစိမ်းရောင် စွမ်းအင်များအရည်များစိမ့်ထွက်လာပြီး ထိုနယ်မြေ၏ ဧရိယာတစ်ခုလုံးအပေါ်ကျရောက်သွားလေသည်။

အချိန်သည် တဖြည်းဖြည်းမိုးမှောင်လာတဲ့အခါ တခြားနယ်မြေတွေရှိသော ဆေးအမယ် တူးဖော်သူ အများအပြားသည် သားရဲကောင်များစီးကာ ပျံသန်းထွက်ခွာသွားကြလေသည်။

ထိုလိုနဲ့ ညဥ့်နက်အချိန်သို့ ရောက်လာတဲ့အခါ လမင်းကြီးပြည့်ဝလာကာ လင်းထိန်လာပြီး တောတစ်ခုလုံးသည် မီးအလင်းမလိုဘဲ လင်းထိန် နေလေသည်။ထိုချိန်မှာ လျင်မြန်သော ခြေနှုန်းဖြင့် လူတစ်ချို့သည် တောအုပ်ထဲကို ပြေးဝင်လာကြလေသည်။

ထိုသူကတော့ တခြားသူများမဟုတ်ဘဲ ရှောင်ရီနမ်နဲ့ ရှောင်ကျန်းယုရဲ့ လက်အောက်ခံ အကြီးအကဲများပင်ဖြစ်သည်။ရှောင်ရီနမ်သည် မီးဖိုလေးနားမှာ ထိုင်နေတာ တွေ့တဲ့အခါ "မင်းကဘယ်လိုလုပ်ပြီး ဒီနေရာကို ရောက်ရှိနေတာလဲ " ဟု မေးလိုက်သည်။

ရှောင်ရီနမ်သည် အဆင့်သုံးအဂ္ဂိရတ်ဆေးပညာရှင်ပင်ဖြစ်ပြီး ပြိုင်ပွဲအတွက် လိုအပ်သော ရွှိုက်ဆေးအမယ်ကို အများအပြားလိုအပ်တဲ့အတွက် အကြီးအကဲများနဲ့အတူ လာရောက်ရှာဖွေခြင်းဖြစ်သည်။

ရှောင်ရီနမ်နဲ့ အတူပါလာသော အကြီးအကဲသည် "သခင်လေး......ကျွန်တော်တို့မြန်မြန်ဆောင်ရွက်မှ ဖြစ်မယ်" လို့ ပြောလိုက်တဲ့အခါ ရှောင်ရီနမ်သည် ချောင်ဖုန်းအား ဂရုမစိုက်ဘဲ ထိုနေရာမှ ပျံသန်းထွက်ခွာသွားလေသည်။

အချိန်ခဏအတွင်းမှာပဲ မြေကြီးအတွင်းမှ ရွှိုက်ဆေးပင်များသည် အကောင်တစ်ကောင်ကဲ့သို့ ထိုးထွက်လာကြလေသည်။ထိုအခါ ချောင်ဖုန်းသည် ဝမ်းသာအားရနဲ့ များပြားသော ရွှိုက်ဆေးပင်များကို လိုက်လံတူးဖော်ပါတော့သည်။

ထိုချိန်မှာ ချောင်ဖုန်းသည် အင်အားကြီးမားသောစွမ်းအင်အရှိန်အဝါကို ခံစားလိုက်ရသည်။ချောင်ဖုန်းသည် ထိုနေရာသို့ လျင်မြန်စွာသွားလိုက်တဲ့အခါ အဆင့်ရှစ်နတ်ဆိုးသားရဲနဲ့ တိုက်ခိုက်နေသော ရှောင်ရီနမ်တို့အဖွဲ့ကို တွေ့လိုက်ရသည်။

ချောင်ဖုန်းသည် ထိုနတ်ဆိုးသားရဲကို တွေ့တဲ့အခါ ဝမ်းသာသွားလေသည်။ထိုနတ်ဆိုးသားရဲသည် အဆင့်ရှစ်နတ်ဆိုးသားရဲဖြစ်တဲ့ မီးတောက်များဖြင့် တိုက်ခိုက်သော မီးခြင်္သေ့ဘုရင်တစ်ကောင်ပင်ဖြစ်လေသည်။

ရှောင်ရီနမ်တို့သည် အကြီးအကဲလေးယောက်အဖွဲ့က အဆင့်ရှစ်နတ်ဆိုးသားရဲအား ထိန်းထားပြီး ကျန်တဲ့သုံးယောက်ကတော့ ရွှိုက်ဆေးပင်များကို လျင်မြန်သော နှုန်းဖြင့် တူးဖော်နေကြလေသည်။

ရှောင်ရီနမ်သည် လုံလောက်စွာ ရရှိတဲ့အခါ "အကြီးအကဲတို့........ငါတို့အမြန်ဆုတ်ခွာကြရအောင်" လို့ ပြောပြီး ထွက်ခွာမယ့်ချိန်ကာ နတ်ဆိုးသားရဲရဲ့ တိုက်ခိုက်မှုကြောင့် နတ်နယ်ပယ်အစောပိုင်းအဆင့် အကြီးအကဲလေးယောက်လုံးသည် ​လေပေါ်မှ

အလွန်းပြင်းထန်သာအရှိန်ဖြင့် ​ပြုတ်ကျတဲ့အခါ မြေကြီးထဲသို့ပင် နစ်စိုက်သွားလေသည်။

ထိုအခါ ရှောင်ရီနမ်သည် ​"သေစမ်း......."ဟု ပြောလိုက်ပြီး စိုးရိမ်သော မျက်နှာအဖြစ်သို့ ​ပြောင်းလဲသွားလေသည်။ထိုအခါ ကျန်ရှိသော အကြီးအကဲနှစ်ယောက်သည် "သခင်လေး......မင်းအမြန်သွားနှင့်တော့ " ဟု ပြောလိုက်သည်။

ထို့နောက် အကြီးအကဲနှစ်ယောက်လုံးသည် နတ်နယ်ပယ်အဆင့်အရှိန်အဝါအား ထုတ်လွင့်လိုက်ပြီး "သေခြင်းတရားဖိတ်ခေါ်ခြင်းကျင့်စဥ်" လို့ အော်ဟစ်လိုက်ပြီး နတ်ဆိုးသားရဲအား ပြေးဝင်တိုက်ခိုက်လိုက်လေသည်။

All Chapters