Chapter(124)
Vol. 9 Ch. 124
အသန့်စင်ဆုံးစနစ် (124)
အဆင့်ရှစ်နတ်ဆိုးသားရဲကတော့ "မင်းတို့အားလုံး ငါနယ်မြေကို ရောက်ရှိလာတဲ့အတွက် သေသင့်တယ် " လို့ ပြောကာ သူခြေထောက်အား မြေပေါ်သို့ သုံးခါ ဆောင့်နင်းလိုက်တဲ့အခါ အကြီးအကဲနှစ်ယောက်လုံးသည် တစ်စုံတစ်ရာမှ သူတို့အား စုပ်ယူလိုက်သလိုပင် ဖြစ်ကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားကြလေသည်။
ရှောင်ရီနမ်ကတော့ ကြောက်ကြောက်လန့်လန့်ဖြင့် ထိုနေရာမှာ ထွက်ပြေးသွားကြပြီ ဖြစ်သည်။မီးခြင်္သေ့ဘုရင်သည် အကြီးအကဲများအား စုပ်ယူစားသောက်မယ့်ချိန်တွင် အသွင်ကိုးမျိုးမရဏဓားသည် သူသွားရာလမ်းကြောင်းမှာရုတ်တရက်ပေါ်လာတဲ့အခါ "ဒီဘုရင်အစားအသောက်ကို နှောက်ယှက်ရဲတဲ့အတွက် မိရင် မင်းရဲ့ခန္ဓာကိုယ်ကို တစ်စစီ ဆွဲဖြဲပစ်မယ် " လို့ ဒေါသထွက်စွာ မာန်ဖီဟိန်းဟောက်လိုက်သည်။
ထိုအခါအနက်ရောင်ဝတ်စုံဖြင့် လူရှစ်ယောက်ပင် ပေါ်လာခဲ့လေသည်။ထိုအခါ ဒဏ်ရာရနေသော အကြီးအကဲများသည် အချင်းချင်းဖေးမကူကာ "မိတ်ဆွေတို့ အဲ့နတ်ဆိုးသားရဲက အဆင့်ရှစ်ကို ရောက်နေပြီ " လို့ ပြောပြီး ဒဏ်ရာများစွာဖြင့် ထွက်သွားကြလေသည်။
မီးခြင်္သေ့ဘုရင်ရဲ့ရှေ့မှောက်တွင် ရှိနေသော ရှစ်ယောက်သည် ချောင်ဖုန်းကိုယ်ပွားနဲ့ ရုပ်သေးရုပ်များပင် ဖြစ်သည်။မီးခြင်္သေ့ဘုရင်သည် သူ့ရှေ့က လူရှစ်ယောက်လုံးထဲမှ စွမ်းအင်အငွေ့အသက်အား မခံစားရတဲ့အတွက် ထူးဆန်းနေခဲ့သည်။
ထိုချိန်မှာ ရုပ်သေးရုပ်တွေသည် စတင်ပြီး ကိုယ်ပိုင်လက်သီးစွမ်းအင်များဖြင့် ဝင်ထိုးပါတော့သည်။ထိုအခါ မီးခြင်္သေ့ဘုရင်သည် သူ့ပါးစပ်ထဲမှ မီးလုံးကြီးများစွာကို တစ်ချိန်ထဲမှာ ပစ်လွှတ်လိုက်သည်။
သို့သော် ချောင်ဖုန်းကိုယ်ပွားများသည် တန်ပြန်သက်ရောက်ခြင်းကျင့်စဥ်ကို အသုံးပြုလိုက်တဲ့အခါ မီးလုံးကြီးများသည် သူ့ရှိသို့ ပြန်ရောက်လာတဲ့အခါ မီးခြင်္သေ့ဘုရင်သည် "မင်းတို့ဘယ်လိုလှည့်ကွက်သုံးသုံး ငါလက်အောက်မှာ သေရမှာပဲ " ဟု ကြိမ်းဝါးလိုက်ပြီး သူရပ်နေသော နေရာမှ ပျံသန်းဖို့ အတောင်ပံများကို ထုတ်လိုက်သည်။
သို့သော် မီးခြင်္သေ့ဘုရင်သည် အတောင်ပံများပင်ခတ်ကာ ပျံသန်းဖို့ ကြိုးစားလိုက်ပေမယ့် ပျံသန်းလို့မရဘဲ သူခြေထောက်များသည် တစ်စုံတစ်ရာ ဆွဲခြည်ထသလိုခံစားလိုက်ရသည်။ထိုအခါ သူ့ခြေထောက်များအား ကြည့်လိုက်တဲ့အခါ ထိပ်ဖြားတွင် ဆူးချွန်ရှိသောအစိမ်းရောင် ချီစွမ်းအင်သံကြိုးများသည် သူ့ခြေထောက်များအား ချုပ်နှောင်ထားခြင်းကို သိလိုက်ရသည်။
မီးခြင်္သေ့ဘုရင်သည် သူ့စွမ်းအင်များကို ထုတ်ကာ ရုန်းထွက်လိုက်ပင်မယ့် မရုန်းထွက်နိုင်ပင် ဖြစ်သွားတဲ့အခါ သူထုတ်လွင့်လိုက်တဲ့ မီးလုံးကြီးများနဲ့ ရုပ်သေးရုပ်ရဲ့ ကိုယ်ပိုင်လက်သီးစွမ်းအင်များရဲ့ တိုက်ခိုက်မှုဒဏ်ကို ခံလိုက်ရတဲ့အခါ မြေပေါ်သို့ တရွတ်တိုက်ကာ ပစ်လဲကျသွားလေသည်။
ထိုအခါ မီးခြင်္သေဘုရင်သည် ပေါက်ကွဲသွားကာ အနီရောင်မီးစွမ်းအင်တစ်မျိူးအား ထုတ်လွှင့်လိုက်လေသည်။မီးခြင်္သေ့ဘုရင် ထုတ်လွင့်ပြီး ခဏအကြာမှာပဲ အဆင့်သုံး အဆင့်လေးနတ်ဆိုးသားရဲများဖြစ်သော မီးခြင်္သေ့မျိုးနွယ်များသည် ဘေးပတ်ပတ်လည်မှ ရောက်ရှိလာလေသည်။
သို့သော်လည်း မြေကြီးထဲမှ အစိမ်းရောင် ချီစွမ်းအင်များဖြစ်သည့်သံဆူးချွန်ကြိုးကြီးများစွာထွက်လာကာ အားလုံးအား သတ်ဖြတ်လိုက်လေသည်။မီးခြင်္သေ့ဘုရင်သည် သူခြေထောက်ရှိ အချုပ်အနှောင်များ လွတ်တာနဲ့ ပျံသန်းထွက်ခွာဖို့ ကြိုးစားလေသည်။
ထိုအချိန်မှာ ချောင်ဖုန်းသည် မီးခြင်္သေ့ဘုရင်၏ ရှေ့မှ လျှပ်တစ်ပြက် ရောက်ရှိလာသောကြောင့် မီးခြင်္သေ့ဘုရင်သည် ချောင်ဖုန်းအား တိုက်ခိုက်ဖို့ကြံရွယ်လိုက်ပင်မယ့် ချောင်ဖုန်းသည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်တဲ့အခါ သံဆူးချွန်ကြိုးများစွာသည် ပိုက်ကွန်သဏ္ဍာန်ပုံစံ အပေါ်ယံမှ ကျလာပြီး မီးခြင်္သေ့ဘုရင်အား ဖမ်းမိသွားလေသည်။
ထိုအခါ ချောင်ဖုန်းသည် အချိန်ဆွဲမနေဘဲ ကိုယ်ပွားများနဲ့အတူ "ခံစားချက်မဲ့ သေခြင်းတရားကျင့်စဥ်" လို့ ရေရွတ်ကာ ပိတ်မိနေသော မီးခြင်္သေ့ဘုရင်အား တိုက်ခိုက်လိုက်လေသည်။ချောင်ဖုန်းရဲ့ ပြင်းထန်သောစွမ်းအားများအောက်တွင်တောင် အဆင့်ရှစ်နတ်ဆိုးသားသည် မသေဆုံးသေးပေ။
ထိုချိန်မှာ ချောင်ဖုန်းသည် နောက်ထပ်စွမ်းအားပြင်းထန်သော အရှိန်အဝါတစ်ခုသည် သူ့နောက်တွင် ရောက်ရှိလာတာခံစားလိုက်ရသောကြောင့် လှည့်ကြည့်မယ်ချိန်တွင် မီးတောက်စွမ်းအင်လုံးကြီး၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
ချောင်ဖုန်းသည် မြေပြင်ပေါ်သို့ လျင်မြန်စွာ ခုန်ဆင်းလိုက်ရပြီး သွေးကြော အများအပြားမှာ ပျက်စီးသွားတဲ့အတွက် သွေးများပင် အန်လိုက်ရပြီး ကိုယ်ပွားများသည်လည်း အလိုအလျောက် ပျောက်ကွယ်သွား လေသည်။
ချောင်ဖုန်းသည် "သွေးကြောတွေကို........ သန့်စင်မယ်" လို့ ပြောလိုက်တဲ့အခါ ခဏအကြာမှာဘဲ ပျက်စီးနေသော သွေးကြောများသည် ပြန်လည်ကောင်းမွန်လာပြီး စနစ်မှ "စနစ်ရှင်အတွက် သွေးကြောများအား ပြန်လည်သန့်စင်ပြီးပါပြီ" ဟု အသံလေးသည် ထွက်ပေါ်လာလေသည်။
ထိုချိန်မှာ ပိတ်မိနေသော မီးခြင်္သေ့ဘုရင်သည်လည်း သူစွမ်းအင်များဖြင့် ချီစွမ်းအင်သံဆူးကြိုးများ ဖြတ်ထုတ်လိုက်ပြီး အပေါ်သို့ ပြန်၍ ပျံသန်းလိုက်လေသည်။
ချောင်ဖုန်းသည် အနောက်ကို လှည့်ကြည့်လိုက်တဲ့ နောက်ထပ်အဆင့်ရှစ် မီးခြင်္သေ့ဘုရင်တစ်ကောင်အား တွေ့လိုက်ရလေသည်။ထိုအခါချောင်ဖုန်းသည် "ဘယ်လိုလုပ်ပြီး .........တစ်နေရာထဲမှာ မီးခြင်္သေ့ဘုရင် နှစ်ကောင်ကပေါ်လာရတာလဲ" ဟု ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
မီးခြင်္သေ့ဘုရင်ဖြစ်သော အဆင့်ရှစ်နတ်ဆိုး နှစ်ကောင်သည် အလယ်မှာ ရှိနေသော ချောင်ဖုန်းအား "ဟားဟားဟား...... " ဟု ကျယ်လောင်စွာ လှောင်ရယ်လိုက်ပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲမှစွမ်းအင်များကို စုစည်းလိုက်တဲ့အခါ ပါးစပ်အတွင်းတွင် အနီရောင် မီးတောက်လုံးကြီး ဖြစ်ပေါ်လာလေသည်။
ထိုနောက် တစ်ချိန်ထဲမှာပဲ မီးတောက်လုံးကြီးဖြင့် ချောင်ဖုန်းအားပစ်သွင်းလိုက်လေသည်။ချောင်ဖုန်းသည် သွေးကြောများ ပြန်လည်ကောင်းမွန်သွားသော်လည်း စွမ်းအင်များသည် တိုက်ခိုက်ဖို့ အဆင်မပြေသေးတာကြောင့် ရုပ်သေးရုပ်များအား မီးတောက်လုံးကြီးများကို ခုခံခိုင်းလိုက်သည်။
ချောင်ဖုန်းသည် ထိုချိန်ထွက်ပြေးဖို့ လုပ်လိုက်ပင်မယ့် မီးခြင်္သေ့နှစ်ကောင်သည် သူ့ရှေ့အားရောက်ရှိလာပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်လေသည်။ချောင်ဖုန်းသည် လက်ရှိတွင်လဲ ရုပ်သေးရုပ်များမှာလဲ ပျက်စီးသွားတဲ့အခါ ကြံရာမဲ့သွားလေသည်။
ချောင်ဖုန်းသည် မထူးတော့တဲ့အဆုံး ခန္ဓာကိုယ်အား ဖောက်ခွဲပြီး စုန့်ဝိညဥ်စွမ်းအင်ဖြင့် ထွက်ပြေးတော့မယ့်ချိန်မှာ ကြောက်စရာကောင်းသောအသံကြီးဖြင့် "အကိုကြီး......ဒီနှစ်ကောင်လောက်သော ငါတာဝန် ထားလိုက်ပါ " ဟုသော အသံနဲ့အတူ ချောင်ဖုန်းခန္ဓာကိုယ်ထဲမှ နဂါးကြီးတစ်ကောင်ပေါ်ထွက်လာကာ ကောင်းကင်ပေါ်သို့ ထောင်တက်သွားလေသည်။
ထိုအခါ အဆင့်ရှစ် နတ်ဆိုးသားရဲများဖြစ်ကြသော မီးမြေခွေးနှစ်ကောင်သည် နတ်ဆိုးနဂါးမင်းညီနောင်ထဲက မီးနတ်ဆိုးနဂါးမင်းလား " ဟု ကြောက်လန့်တကြား ထွက်ပြေးသွားကြလေသည်။
ချောင်ဖုန်းကိုယ်တိုင်ပင် ထိုနဂါးကြီးရှိမှ သတ်ဖြတ်ခြင်းအရှိန်အဝါကို ကြောက်လန့်နေခဲ့ပြီး ရီချုံသည် နတ်ဆိုးဌက်တစ်ကောင်မဟုတ်ဘဲ နတ်ဆိုးနဂါးဖြစ်မှန်းသိရှိ သွားလေသည်။
မီးနတ်ဆိုးနဂါးကြီးသည် တည်ငြိမ်လွန်းသော အသံဖြင့် "ရပ်လိုက်စမ်း......" ဟု ပြောလိုက်တဲ့ အရာအားလုံးသည် လုံးဝ ရပ်တန့်သွားပြီး မီးခြင်္သေ့ဘုရင်နှစ်ကောင်သည်လည်း ရပ်တန့်သွားတာကို တွေ့လိုက်ရသည်။
ထို့နောက် မီးနတ်ဆိုးနဂါးကြီးသည် "နတ်ဆိုးသခင်ရဲ့သတ်ဖြတ်ခြင်းစွမ်းအင်"ဟု ပြောလိုက်တဲ့အခါ မီးခြင်္သေ့ဘုရင် နှစ်ကောင်လုံးသည် စွမ်းအင်တစ်မျိုး၏တိုက်ခိုက်မှုကြောင့် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားပြီး အဆင့်ရှစ်နတ်ဆိုးသားရဲ မှော်အမြူတေနဲ့ အတူ
သားရဲမီးတောက်များ ပေါ်ထွက်လာတဲ့ ချောင်ဖုန်းသည် ဝမ်းသာသွားလေသည်။
ရီချုံသည် နဂါးကြီးအသွင်မှ နဂိုလို ဌက်သေးသေးပုံစံအဖြစ် ပြောင်းလဲသွားပြီး ချောင်ဖုန်းခန္ဓာကိုယ်နဲ့ ပြန်လည်ပေါင်းစပ်သွားလေသည်။ထို့နောက် ရီချုံသည် သူအဖြစ်ပျက်အားလုံးကိုသတိရလာခဲ့ပြီး သူ့ဘဝဇာတ်ကြောင်းအား ချောင်ဖုန်းအား ရှင်းပြနေလေသည်။
ထိုအခါမှသာ ချောင်ဖုန်းသည် နားလည်သဘောပေါက်သွားခဲ့ပြီး ရီချုံသည် စွမ်းအားကြီးမားသော နတ်ဆိုးသားရဲတွေရဲ့ အရှင်သခင်ဖြစ်မှန်းသိရှိသွားခဲ့ပြီး ရီချုံနဲ့ ပက်သက်သောပြသာနာတချို့ကိုလည်း သိရှိသွားခဲ့သည်။
ချောင်ဖုန်းသည် သားရဲမီးတောက်နှစ်ခုနဲ့ မှော်သားရဲအမြူတေ နှစ်ခုအား သေသေချာချာ ထည့်သိမ်းလိုက်ပြီး ထိုနေရာမှ ထွက်ခွာမယ်ချိန်မှာ လမင်းကြီးကို တိမ်များဖုံးအုပ်သွားချိန်တွင် ပတ်ဝန်းကျင်သည် အပြာရောင်အလင်းတန်းထွက်ပေါ်လာသောကြောင့် တစ်စုံတစ်ရာအား မျှော်လင့်လိုက်မိသည်။
ချောင်ဖုန်းသည် သေဆုံးနေသော သားရဲအမြူတေများအား လျင်မြန်စွာ သိမ်းလိုက်ပြီး အလန်းတန်းထွက်သော နေရာကို လိုက်ရှာဖွေလိုက်တဲ့အခါ အပြာနုရောင်စွမ်းအင်အလင်တန်းလေးဖြင့် မြေကြီးထဲမှာရှိနေသော သဘာဝမီးတောက်အား ရှာဖွေတွေ့ရှိသွားတဲ့အခါ
"တကယ်ပဲ သဘာဝမီးတောက်ပဲ" ဟု ပြောကာ ဝမ်းသာအားရ ဖြစ်သွားလေသည်။
စွမ်းအားအပြင်းထန်ဆုံးဖြစ်သည့် သားရဲတစ်ကောင်တွင်ရှိသော မီးတောက်တစ်ခု၏ စွမ်းအင်သည် သဘာဝအလိုအလျောက်ထွက်ပေါ်လာသော မီးတောက်၏ စွမ်းအင်ရဲ့ ခြေဖျားကိုပင် လုံးဝမမှီနိုင်ပေ။