chapter(125)
Vol. 9 Ch. 125
အသန့်စင်ဆုံးစနစ် အခန်း(125)
ချောင်ဖုန်းသည် ဆေးလုံးတစ်လုံးကို အရင်သောက်လိုက်ပြီး သူရဲ့စွမ်းအင်များကို အရင်တည်ငြိမ်အောင် ဆေးလုံးရဲ့စွမ်းအင်ကို စုပ်ယူနေခဲ့သည်။ထို့နောက် သဘာဝမီးတောက်အား သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်နိုင်ဖို့ စတင်ကြိုးစားပါတော့သည်။
သဘာဝမီးတောက်သည် အသိဉာဏ်စိတ်ရှိတဲ့အတွက် မြေပြင်နဲ့ချိတ်ဆက်ထားသော သူ့အရင်းအမြစ် လွတ်ထွက်သွားတာနဲ့ ထွက်ပြေးဖို့ကြိုးစားပါတော့သည်။သို့သော်ချောင်ဖုန်းသည် သူ့စွမ်းအင်နဲ့ ဖိနှိပ်ပြီး ဆွဲငင်ယူလိုက်တဲ့အခါ အပြာနုရောင်စွမ်းအင်ရှိသော သဘာဝမီးတောက်သည် လက်မှတဆင့် ချောင်ဖုန်း ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။
ထိုအခါ ချောင်ဖုန်းသည် သဘာဝမီးတောက်ကို သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်ဖို့ ကြိုးစားပါတော့သည်။မနက်မိုးလင်းတဲ့အချိန်ထိ ချောင်ဖုန်းသည် သဘာဝမီးတောက်နဲ့ ပေါင်းစပ်နေတုန်းပင်ဖြစ်သည်။
သဘာဝမီးတောက်များသည် ဆေးဖော်ရာတွင်မက တိုက်ခိုက်ရေးစွမ်းအင်အဖြစ်လဲ အသုံးပြုလို့ ရတဲ့အတွက် ချောင်ဖုန်းစိတ်ထဲမှာတော့ အတိုင်းမသိဝမ်းသာနေလေသည်။
မနက်မိုးလင်းတဲ့အချိန်မှာတော့ မှော်ဆေးဆရာအစည်းအရုံးမှ အဆင့်ငါး အဂ္ဂိရတ်ပညာရှင် အကြီးအကဲများသည် ထိုနယ်မြေရောက်ရှိလာကြသည်။ချောင်ဖုန်းသည် မြေပြင်ပေါ်တွင် မလှုပ်မရပ်ထိုင်နေသောကြောင့် သေနေသော လူတစ်ယောက်နဲ့ပင် တူနေလေသည်။
ထိုအကြီးအကဲများသည် ပန်ဇီရဲ့အမိန့်ဖြင့် ချောင်ဖုန်းအား ရှာဖွေရန် ရောက်ရှိလာကြခြင်းဖြစ်သည်။ချောင်ဖုန်းသည် ညလုံးပေါက်လေ့ကျင့်ပြီးနောက် "ပေါင်းစပ်လိုက်တော့......" ဟု ပြောလိုက်တဲ့အခါ သဘာဝမီးတောက်သည် ချောင်ဖုန်းရဲ့ပင်မသွေးကြောနေရာမှာ နေရာဝင်ယူသွားလေသည်။
ထိုအခါ ချောင်ဖုန်းရဲ့စွမ်းအားများသည် တရှိန်ထိုး တိုးတက်လာပြီး နတ်နယ်ပယ်အလယ်အလတ်အဆင့်ကိုပါ တခါထဲ ထိုးဖောက်သွားလေသည်။ချောင်ဖုန်းသည် သူ့ညာဘက်လက်ဖဝါးကို ဖြန်လိုက်တဲ့အခါ အပြာနုရောင်မီးတောက်လေးတစ်ခုသည် ချောင်ဖုန်းရဲ့လက်ဖဝါးပေါ်တွင် တောက်လောင်နေလေသည်။
ထိုချိန်မှာ နတ်နယ်ပယ်အဆင့်ကျင့်ကြံသူသုံးယောက်နဲ့ဧကရာဇ်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အငွေ့အသက်ကို ခံစားလိုက်ရတာကြောင့် ချောင်ဖုန်းသည် မီးတောက်အား ပြန်လည်ရုတ်သိမ်းလိုက်ပြီး နတ်နယ်ပယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးအရှိန်အဝါကိုလဲ လျင်မြန်စွာဖျောက်ကွယ်ထားလိုက်သည်။
စက္ကန့်ပိုင်းအတွင်းပဲ လူသုံးယောက်သည် ချောင်ဖုန်းနောက်ကို ရောက်ရှိလာပြီး ချောင်ဖုန်းကို ပန်ဇီနဲ့အတူ ရှိတာကို မြင်ဖူးသော အကြီးအကဲချန်လီသည် "အဲ့သခင်လေးပဲ.......ထင်တယ် " ဟု ပြောလိုက်သည်။
ပန်ဇီသည် ချောင်ဖုန်းကို စောင့်ကြည့်ခိုင်းယုံပဲ ဖြစ်တဲ့အတွက် အကြီးအကဲတွေသည် နောက်ကွယ်ကသာ ချောင်ဖုန်းအား ကြည့်နေလေသည်။ချောင်ဖုန်းသည် ထိုလူတွေအား ဂရုစိုက်မနေဘဲ ထိုနေရာမှ ထွက်ခွာ၍ လာလေသည်။
အကြီးအကဲများသည် သူတို့ကြည့်နေစဥ်မှာပဲ ချောင်ဖုန်းသည် ပျောက်ဆုံးသွားတဲ့အတွက် အံ့အားသင့်သွားပြီး ပုန်းနေရာမှ ချောင်ဖုန်းအား ထွက်ရှာလိုက်ကြသည်။ချောင်ဖုန်းကတော့ အချိန်ခဏလေးအတွင်းမှာ ရှောင်အိမ်တော်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။
အိမ်တော်ထဲသို့ ရောက်တဲ့အခါ ဝူရှို့တို့အားလုံးသည် မျက်နှာဖုံးများချွတ်ထားပြီး ရေခဲနဂါးမင်းဂိုဏ်းသား ဝတ်စုံကို ဝတ်ထားတာ တွေ့လိုက်ရသည်။ထိုချိန်မှာ ယန်နင်းရောက်ရှိလာပြီး သူခန္ဓာကိုယ်အား လှည့်ပတ်ပြလိုက်ပြီး "ကိုကိုချောင်ဖုန်း.......ယန်နင်း ဒီအဝတ်စားနဲ့လိုက်ရဲ့လား " ဟု ခေါင်းငြိမ့်ပြလိုက်သည်။
ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် မှာ ဝူရှို့သည် သူသိုလှောင်ကွင်းထဲမှ ဝတ်စုံတစ်စုံအား ချောင်ဖုန်းအား ထုတ်ပေးလိုက်ပြီး သူတို့အားလုံးသည် ရှောင်ရီနမ်ရဲ့ ဆေးဖော်စပ်ပြိုင်ပွဲကို သွားအားပေးဖို့ ချောင်ဖုန်းအား လိုက်မလိုက်မေးလိုက်သည်။
ချောင်ဖုန်းသည် "ကောင်းပြီလေ.....သခင်လေးရီနမ်ကို အားပေးဖို့ လိုက်ခဲ့ရမှာပေါ့ " လို့ပြောကာ ဝတ်စုံကို ပြောင်းဝတ်လိုက်သည်။
ထို့နောက် ချောင်ဖုန်းတို့သည် ရှောင်အိမ်တော်မှ အကြီးအကဲ၏ စီးနင်းဖော်သားရဲနဲ့အတူ မှော်ဆေးဆရာအစည်းအရုံးမျှော်စင်သို့ ထွက်ခွာ၍ လာကြလေသည်။
မှော်ဆေးဆရာအစည်းအရုံးရဲ့ ဆေးဖော်စပ်ပြိုင်ပွဲခန်းမထဲတွင် အော်ဟစ် အားပေးသံတွေနဲ့အတူ ဆူညံနေလေသည်။ချောင်ဖုန်းတို့သည် လူများစွာ ထိုင်နေသော ဘေးများရှိ ထိုင်ခုံလွတ်လေးများတွင် ဝင်ထိုင်လိုက်ကြသည်။
ရှုံးဟွေ့သည် သူ့ကိုယ်သူအမြဲနှိမ့်ချဆက်ဆံတဲ့အတွက် သာမာန်ဂိုဏ်းသားများနဲ့ပင် အရောတဝင်နေလေ့ရှိသည်။ရှောင်ကျန်းယုကတော့ သူ့သိက္ခာအား ကျဆင်းအောင်ပြုလုပ်နေတဲ့အတွက် ရှောင်ရှုံးဟွေ့အား သိပ်သဘောမကျပေ။
ထို့နောက် ဝင်ပေါက်တစ်ခုမှ ဆေးဖော်စပ်ပြိုင်ပွဲဝင်များသည် ထွက်လာပြီး သူတို့နာမည်ရေးထိုးထားသော နေရာများတွင် နေရာယူလိုက်ပြီး ဆေးမီးဖို များကို ထုတ်ထားလိုက်ကြသည်။ထို့နောက် နှင်းဆီးပန်းအနီရောင်ခင်းထားသော လမ်းကြောင်းလေးပေါ်သို့ အနီရောင်ဂါဝန်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုတစ်ယောက်သည် လမ်းလျှောက်လာလေသည်။
ထိုမိန်းမပျိုလေးကတော့ ပန်ဇီပင်ဖြစ်ပြီး ပန်ဖီသည် ရေခဲနဂါးမင်းဂိုဏ်းချုပ်အား နှုတ်ဆက်လိုက်ပြီး ဘေးမှ ဝင်ထိုင်လိုက်သည်။ထိုအခါ ရေခဲနဂါးမင်းဂိုဏ်းချုပ်ဖြစ်သည့် လင်းကျယ်သည် "အကြီးအကဲပန်ဇီ.......မင်းပြောတဲ့တစ်ယောက်ရော....." ဟု မေးလိုက်သည်။
ထိုအခါ ပန်ဇီသည် ချောင်ဖုန်းအတွက် စီစဥ်ထားသော ခုံအလွတ်အားကြည့်လိုက်ပြီး "ဂိုဏ်းချုပ်ကြည့်ရတာ အဲ့ပုဂ္ဂိုလ်က ဒီလိုပွဲမျိူးစိတ်မဝင်စားဘူးထင်တယ် " ဟု ပြောလိုက်သည်။လင်းကျယ်သည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြိုင်ပွဲဝင်များကို လှမ်းကြည့်လိုက်သည်။
ပြိုင်ပွဲဝင်များသည် ဆေးလုံးဖော်စပ်ဖို့ အဆင့်သင့်ဖြစ်နေပြီဖြစ်တဲ့အတွင် ပန်ဇီသည် သူ့လက်အောက်ရှိ အကြီးအကဲတစ်ယောက်အား အရိပ်အကဲပြလိုက်တာနဲ့ ချိန်ကွမ်းလို့ ခေါ်သော အကြီးအကဲသည် "မှော်ဆေးဆရာအစည်းအရုံးရဲ့ ဆေးဖော်စပ်ပြိုင်ပွဲ..........စတင်ပါပြီ " ဟု အော်လိုက်သည်။
ထိုအခါ အစေခံများသည် ဆေးအမယ်များနဲ့အတူ ဆေးညွှန်းစာရွက်လေးအား ဗန်းလေးနဲ့ ထည့်ကာ သယ်လာကြပြီး ပြိုင်ပွဲဝင်တွေ၏ စင်လေးတစ်ခုပေါ်ကို တင်ပေးလိုက်ကြသည်။ဂိုဏ်းသားဂိုဏ်းတူများသည် သူတို့ ကြိုက်နှစ်သက်သော ပြိုင်ပွဲဝင်များကို အော်ဟစ်ကာ အားပေးနေကြလေသည်။
ထိုချိန်မှာ ရွှမ်မိန်သည် ဆေးဖော်စပ်ပြိုင်ပွဲခန်းထဲတွင် ယန်နင်းဘေးမှာ ရှိနေသော ချောင်ဖုန်းအား တွေ့ရှိသွားပြီး ချီကျွီမြို့တွင် ဖြစ်ပျက်ခဲ့သော အရာများကို ပြန်တွေးကာ "ဒါဆိုအဲ့နေ့က ဟိုလူတွေကို သတ်ဖြတ်ခဲ့တာ သခင်လေး ချောင်ဖုန်းပဲလား......"ဟု ရေရွတ်လိုက်သည်။
ရွှမ်မိန်သည် ချောင်ဖုန်းကို ကြည့်ရှု့နေတဲ့အတွက် ကျိူးရန်သည် ရွှမ်မိန်ကြည့်နေသော နေရာကို ကြည့်လိုက်တဲ့အခါ အဖွဲ့တစ်ဖွဲ့ထဲတွင် ရှိနေသော ယန်နင်းအား တွေ့ရှိသွားပြီး "အဲ့တာဟိုနေ့က မိန်းကလေးမလား......" ဟု ရွှမ်မိန်ကို မေးလိုက်သည်။
ရွှမ်မိန်သည် "အကိုတော်........ နင်သေချာကြည့်အုံး "ဟု ပြောလိုက်တဲ့အခါ ကျိုးရန်သည် ချောင်ဖုန်းအား တွေ့ရှိသွားပြီး "အဲ့တာဝူနိုင်ငံက လက်နက်အစီအရင်ဆရာမလား.....သူကဘယ်လိုလုပ်ပြီး ရေခဲနဂါးမင်းဂိုဏ်းကို ရောက်နေတာလဲ " ဟု အံ့အားသင့်စွာနဲ့ ပြောလိုက်သည်။
ပန်ဇီသည် ချောင်ဖုန်းကို တွေ့တဲ့အခါ မျက်နှာဖုံးတပ်ထားသော လူနဲ့ တူနေသောကြောင့် သူစိတ်ထဲတွင်"ငါစိတ်ထဲမှာဘာလို့ သူတို့နှစ်ယောက်က အတူတူပဲလို့ ခံစားနေရတာလဲ " ဟုတွေးကာ ဝေခွဲမရ ဖြစ်နေလေသည်။
ထိုနေရာမှာ ချင်ယောင်သာ ရှိနေမယ်ဆိုရင် ချောင်ဖုန်းသည် မျက်နှာဖုံးနဲ့လူမှန်း သိရှိနိုင်မည်ဖြစ်သည်။ပန်ဇီသည် အဂ္ဂိရတ်ပညာနဲ့မသက်ဆိုင်သော အကြောင်းအရာများမှ လွဲရင် တခြားအရာများကို မပြောဖို့ အမိန့်ထုတ်ထားတာကြောင့် ချင်ယောင်တို့သည် ချောင်ဖုန်းကို ရှောင်အိမ်တော်ကလူဖြစ်ကြောင်း မပြောပြရဲသေးပေ။
ထို့နောက် ဆေးဖော်စပ်ပြိုင်ပွဲကြီး စတင်တဲ့အခါ အားလုံးသည် ပြိုင်ပွဲဝင်များကို သာ အာရုံစိုက်လိုက်သည်။
မှော်ဆေးဆရာ အစည်းအရုံးသည် ပြိုင်ပွဲကို နှစ်ပိုင်းအဖြစ်ခွဲခြားထားသည်။ပထမတစ်ပွဲတွင် ပန်ဇီသတ်မှတ်ထားသော ဆေးလုံးအား အောင်မြင်စွာ ဖော်စပ်နိုင်မှ နောက်တစ်ဆင့်ကို ဆက်ပြိုင်ခွင့်ရမည်ဖြစ်သည်။
ထိုအခါ အားလုံးသည် ဆေးလုံးဖော်စပ်ဖို့ စတင်ကြိုးစားပါတော့သည်။ဆေးလုံးဖော်စပ်ဖို့ ဆေးအမယ်နှစ်စုံစာ ပေးထားပြီး ထိုနှစ်စုံစာလုံး ဆုံးရှုံးမယ်ဆိုရင် ပြိုင်ပွဲမှ နှုတ်ထွက်ရမည့် စည်းကမ်းချက် သတ်မှတ်ထားခြင်းဖြစ်သည်။
အားလုံးသည် အဆင့်နှစ်ဆေးလုံးတစ်လုံးဖြစ်သော ရှီဂျိုခွန်အားဖြည့်ဆေးလုံးကို ဖော်စပ်နေကြခြင်းပင်ဖြစ်သည် ။ ရှီဂျိုခွန်အားဖြည့်ဆေးလုံးသည် အဆင့်နှစ်ဆေးလုံးဟု ဆိုသော်လည်း အဆင့်သုံးဆေးလုံးနဲ့ယှဥ်ပြိုင်နိုင်သော ဆေးလုံးပင်ဖြစ်သည်။
နာရီဝက်အတွင်းမှာပဲ ပြိုင်ပွဲဝင်အများစုသည် ဆေးလုံးဖော်စပ်နေရင်း ဆေးမီးဖိုရဲ့ ပေါက်ကွဲမှုကြောင့် ဆေးအမယ်တစ်စုံစာ ဆုံးရှုံးသွားကြပြီဖြစ်သည်။
ဆေးမီးဖိုပေါက်ကွဲမှုထဲတွင် စွေ့ရို အပါအဝင်ပင် ဖြစ်လေသည်။စွေ့ရိုသည် ချောင်ဖုန်းရဲ့ ဆေးဖော်စပ်နည်းကို အသုံးမပြုဘဲ မူလတက်မြောက်ထားသော နည်းကိုသာ အသုံးချနေတာကို တွေ့လိုက်ရသောကြောင့် ချောင်ဖုန်းသည် စိတ်ပျက်စွာနဲ့ ခေါင်းခါလိုက်သည်။
စွေ့ရိုသည် ချောင်ဖုန်းရဲ့ ဆေးဖော်စပ်နည်းကို အယုံအကြည်မရှိသောကြောင့် သူ့ရဲ့ဆေးဖော်နည်းကိုသာ အသုံးပြုလိုက်မိပြီး ကျရှုံးသွားသောကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်ရမည်ကို တွေးမည်ကာ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။
ထိုချိန်မှာ "ငါမင်းကို တပည့်အဖြစ်လက်ခံခဲ့တာ မှားပြီထင်တယ် " ဟုသော အသံတစ်ခုကို ကြားလိုက်ရတာကြောင့် စွေ့ရိုသည် ဘေးကို လှည့်ပတ်ကြည့်သော်လည်း ဘယ်သူမှ မတွေ့လိုက်ရပေ။
စွေ့ရိုသည် "ငါပဲ စိတ်ထင်နေတာများလာ....." လို့ တွေးနေချိန်မှာ "ဒီတစ်ခေါက်မင်းကျရှုံးရင် ငါ့တပည့်အဖြစ်က စွန့်လွှတ်မယ်" ဟု သောအသံကို ထပ်ကြားလိုက်ရတဲ့အတွက် စွေ့ရိုသည် ချောင်ဖုန်းသည် ဘယ်သူမှ မသိအောင် စိတ်စွမ်းအင်အသံလှိုင်းဖြင့် သူ့ကို ပြောနေတာ သိရှိသွားလေသည်။