chapter(126)
Vol. 9 Ch. 126
အသန့်စင်ဆုံးစနစ် အခန်း(126)
စွေ့ရိုသည် ချောင်ဖုန်းရဲ့ စိတ်စွမ်းအင် အသံလှိုင်းကို မှော်ဆေးဆရာအစည်းအရုံးရဲ့ ဥက္ကဋ္ဌဖြစ်သော ပန်ဇီတောင် မသိရှိတဲ့အတွက် မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ထို့နောက် "စွေ့ရို........နောက်ထပ်အမှားမလုပ်ဘဲ ဆရာစကားနားထောင်ပါ့မယ်" ဟု သူစိတ်ထဲမှ ဖြေကြားလိုက်သည်။
စွေ့ရို၏ အဖေဖြစ်သော အဆင့်ငါးအဂ္ဂိရတ်ပညာရှင်အကြီးအကဲစွေ့ရှောက်သည် သူ့သမီးကို ကြည့်ကာ စိတ်ပျက်၍ နေပါတော့သည်။စွေ့ရိုသည် ဒီတစ်ခါမှာတော့ သူအနည်းငယ် တက်မြောက်ထားသော ချောင်ဖုန်းရဲ့ဆေးဖော်စပ်နည်း အတိုင်း ဖော်စပ်ဖို့ ပြင်ဆင်ပါတော့သည်။
ပန်ဇီသည် ဆေးလုံးဖော်စပ်နေသော ပြိုင်ပွဲဝင်များ အားလုံးကို လိုက်လံကြည့်ရှုနေစဥ်မှာ စွေ့ရိုရဲ့ ဆေးလုံးဖော်စပ်နည်းသည် တခြားသူများနဲ့ မတူကွဲထွက်နေသောကြောင့် သတိထားမိသွားလေသည်။
ထို့နောက် ပန်ဇီသည် သူ့ဘေးနားက အကြီးအကဲစွေ့ရှောက်အား
စွေ့ရိုရဲ့ဖော်စပ်ရဲ့ ဖော်စပ်နည်းကို သိလားလို့ မေးမြန်းတဲ့အခါ စွေ့ရှောက်သည် ခေါင်းခါ၍ ငြင်းလိုက်လေသည်။စွေ့ရိုသည် ဆေးလုံးဖော်စပ်ရာတွင် ချောမွေ့လွယ်ကူနေတဲ့ အဆင်ပြေပြေ ဖော်စပ်နိုင်နေလေသည်။
ဒီလိုနဲ့နောက်ဆုံးမှာတော့ စွေ့ရိုသည် ရှီဂျိုအားဖြည့်ဆေးလုံးအား ဖော်စပ်နိုင်သွားတဲ့အခါ ဝမ်းသာအားရ ဖြစ်သွားလေသည်။
ထိုနောက် အောင်မြင်တဲ့လူအနည်းအကျင်းနဲ့ ကျရှုံးသူအများအပြားပေါ်ထွက်လာပြီး ပထမအဆင့် ပြိုင်ပွဲသည် ပြီးဆုံးသွားလေသည်။
ထိုချိန်မှာ လျန်ယောင်ထင်သည် ခန်းမထဲကို ရောက်ရှိလာပြီး ရေခဲနဂါးမင်းဂိုဏ်းချုပ်နဲ့အကြီးအကဲများကို ဒူးထောက်ကာ နှုတ်ဆက်လိုက်သည်။ထိုအခါ ရေခဲနဂါမင်းဂိုဏ်း၏ ဘယ်လက်ရုံးဖြစ်သော လျန်ရှင်းဖန်သည် "ယောင်ထင်......မင်းမှာ ဘာကိစ္စရှိလို့လဲ...." ဟု မေးလိုက်သည်။
ထိုအခါ လျန်ယောင်ထင်သည် "အဖေ.......မနေ့က ဆေးအမယ်တူးဖော်ရာမှာ လူတစ်ယောက်က ကျန်းချင်းယိုတို့အဖွဲ့ရဲ့ ဆေးအမယ်များကို လုယုံတင်မကဘဲ အနိုင်ကျင့်ပြီး နောက်ထပ်ဆေးအမယ်များကို တူးဖော်ခိုင်းတာ အပြစ်ရှိမရှိ သိချင်လို့ပါ " ဟု ပြောလိုက်သည်။
ထိုအခါ ပန်ဇီသည် ဒေါသထွက်သွားပြီး ထိုင်နေရာမှ ထကာ "အဲ့တာဘယ်သူလဲ.......ငါ့ကိုပြောစမ်း....." ဟု ပြောလိုက်တဲ့အခါ ဆေးဖော်စပ်ပြိုင်ပွဲတစ်ခန်းလုံး တိတ်ဆိတ်သွားလေသည်။လျန်ယောင်ထင်သည် ရှောင်ကျန်းယု အား တစ်ချက်ကြည့်လိုက်ပြီး "အကြီးအကဲပန်ဇီ........အဲ့လူက မိန်းကလေးယန်နင်းကို လိုက်လံပို့ဆောင်တဲ့အဖွဲ့ထဲကပါ "ဟု ပြောလိုက်သည်။
ထိုအခါ ရှောင်ကျန်းယုသည် "ယောင်ထင်......မင်းပြောတာသေချာရဲ့လား ၊ မင်းလိမ်ညာရဲရင်တော့ ငါ...... ရှင်းဖန်မျက်နှာကို မထောက်ဘူးလို့ မပြောနဲ့ " လို့ လေသံမာမာဖြင့် ပြောလိုက်သည်။
ထိုအခါ လျန်ရှင်းဖန်သည် "ကျန်းယု......ငါတို့အရင်ဆုံး မှန်မမှန်ဆုံးဖြတ်ပြီးမှ ပြောကြတာပေါ့ " ဟု ပြောလိုက်သည်။ပန်ဇီသည် စိတ်လျော့ကာ ထိုင်ခုံတွင်ပြန်ထိုင်လိုက်ပြီး ပြိုင်ပွဲဝင်များအား အနှောက်အယှက် မဖြစ်ရအောင် ပြိုင်ပွဲပြီးတဲ့အခါမှသာ စစ်ဆေးဖို့ ပြောလိုက်သည်။
လျန်ယောင်ထင်သည် "ဟားဟား......ငါ့ကိုရန်စရဲတဲ့အတွက် မင်းနောင်တအကြီးကြီး ရစေမယ် " ဟု တွေးလိုက်ကာ အရိုအသေပြုကာ သူ့နေရာသို့ ပြန်သွားထိုင်လေသည်။
ရေခဲနဂါးမင်းလင်းကျယ်သည် မှော်ဆေးခန်းမ ပြိုင်ပွဲထဲမှ ဘယ်သူမှ မထွက်နိုင်အောင် တိတ်တဆိတ်လုံခြုံရေးများ ချထားလိုက်သည်။ထိုနောက် ကျရှုံးသူများ ထွက်ခွာသွားပြီးနောက် ပြိုင်ပွဲဝင်သူများမှာ အယောက်ငါးဆယ်ခန့်သာ ကျန်ရှိတော့လေသည်။
ထို့နောက် ပြိုင်ပွဲဝင်တွေသည် အဆင့်သုံးဆေးလုံးဖြစ်သော ခွဲဖြာခြင်းဆေးလုံးတစ်လုံးကိုသာ ဖော်စပ်ဖို့ ပြင်ဆင်နေကြတာကို တွေ့လိုက်ကြသည်။ချောင်ဖုန်းသည် ပြုံးလိုက်ပြီး "အဲ့ကောင်မလေးသာ
အောင်မြင်စွာ ဖော်စပ်နိုင်မယ်ဆိုရင် အားလုံးအလန့်တကြားဖြစ်စေရမယ်" ဟု စိတ်ထဲက တွေးလိုက်သည်။
ချိန်ကွမ်းသည် "ဒုတိယအဆင့် ဆေးဖော်ပြိုင်ပွဲစတင်ပါပြီ......" ဟု အော်ဟစ်လိုက်သည်။ထိုအခါ ပြိုင်ပွဲဝင်များသည် နောက်ထပ်တစ်ကြိမ် ဆေးမီးဖိုကို အပူပေးကာ ဆေးအမယ်များကို စတင်သန့်စင်ပါတော့သည်။
စွေ့ရိုသည် ခွဲဖြာခြင်းဆေးလုံးကို ဖော်စပ်ဖို့ စိုးရိမ်ပူပန်နေတဲ့အတွက် ချောင်ဖုန်းသည် စိတ်ကို တည်ငြိမ်အောင်ထားပြီး ဂရုတစိုက် သန့်စင်ဖော်စပ်ဖို့ ပြောလိုက်ကာ စွေ့ရိုအား အားပေးလိုက်သည်။
ထိုခွဲဖြာခြင်းဆေးလုံးအား ဖော်စပ်ရန် အရေးကြီးဆုံးကတော့ ရွှိုက်ဆေးအမယ်ကို အောင်မြင်စွာ သန့်စင်နိုင်ဖို့ အရေးကြီးလေသည်။
ပြိုင်ပွဲဝင်အားလုံးသည် တခြားဆေးအမယ်များကို သန့်စင်ရာတွင် လွယ်ကူမြန်ဆန်နေကြပြီး နောက်ဆုံး ဆေးအမယ်ဖြစ်သော ရွှိုက်ဆေးအမယ်ဖော်စပ်ရာမှာတော့ ကျန့်ကြာနေကြပြီး စိတ်သောကများ ရောက်နေကြလေသည်။
ထိုချိန်မှာဘဲ ဆေးမီးဖို ပေါက်ကွဲသံတွေ စတင်ထွက်ပေါ်လာခဲ့ပြီး ပြိုင်ပွဲမှ နှုတ်ထွက်သွားသူများ စရှိလာလေသည်။စွေ့ရှောက်ကတော့ သူ့သမီး စွေ့ရိုအား အောင်မြင်စွာ ဖော်စပ်နိုင်ဖို့ မျှော်လင့်နေလေသည်။
အားလုံးထဲတွင် စွေ့ရိုသည် ရွှိုက်ဆေးအမယ်အား ပထမဆုံး သန့်စင်နိုင်ခဲ့ပြီး ဆေးရည်ပေါင်းစပ်သည့် အဆင့်ကို ရောက်ရှိသွားလေသည်။ထို့နောက် ပြိုင်ပွဲဝင်တချို့သည် စွေ့ရိုသည် သူ့တို့ထက်အရင် ရွှိုက်ဆေးအမယ်အား လျင်မြန်စွာ သန့်စင်သွားနိုင်တာကြောင့် မနာလိုဖြစ်နေကြလေသည်။
ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ရွှိုက်ဆေးအမယ်ကို သန့်စင်နိုင်ကြပြီး ဆေးရည်ပေါင်းစပ်သောအဆင့်မှဆေးလုံးအခဲဖြစ်တည်ခြင်းကို ဖန်တီးနေကြလေသည်။
ထိုချိန်မှာ ရှောင်ရီနမ်နဲ့ တခြားသောပြိုင်ပွဲဝင်များသည် ခွဲဖြာခြင်းဆေးလုံးအား အောင်မြင်စွာ ဖော်စပ်နိုင်သွားကြလေသည်။သို့သော် အများစု၏ ခွဲဖြာခြင်းဆေးလုံးမှာ အညံစားအဆင့်ဆေးလုံးများသာ ဖြစ်ပြီး ရှောင်ရီနမ်နဲ့တခြား သုံးလေးယောက်သာ ခွဲဖြာခြင်းဆေးလုံးရဲ့ အလယ်အလတ်အဆင့်ဆေးလုံးကို ရရှိကြသည်။
စွေ့ရိုသည် ရွှိုက်ဆေးပင်ကို ဦးစွာသန့်စင်နိုင်ပင်မယ့် ဆေးလုံးဖွဲ့တည်ခြင်းအဆင့်မှာ ကျန့်ကြာနေသောကြောင့် အများစုသည် မကြာခင် စွေ့ရို၏ ဆေးမီးဖိုမှာ ပေါက်ကွဲကြလိမ့်မည်ဟု ထင်နေကြလေသည်။
သို့သော် သူတို့ထင်သလို မဖြစ်သွားဘဲ ဆေးမီဖိုအဖုံးပွင့်ကာ အထဲမှ ခွဲဖြာခြင်းဆေးလုံး နှစ်လုံးထွက်လာတဲ့အခါ အားလုံးသည် အံ့အားသင့်ကာ မယုံကြည်နိုင်ဖြစ်သွားပြီး စွေ့ရိုအား မနာလိုသော ပြိုင်ပွဲဝင်တချို့သည် တံတွေးများပင် တီးသွားလေသည်။
စွေ့ရိုအားမနာလိုသော ပြိုင်ပွဲဝင်ထဲမှ ရှစ်မေလင်းသည် "အကြီးအကဲများ......ကျေးဇူးပြုပြီး ဆေးဖော်ပြိုင်ပွဲထဲမှ မသမာမှုကို သေချာစစ်ဆေးပေးပါ "လို့ ပန်ဇီအား လက်နှစ်ဖက်ဆုပ်ကာ ခေါင်းငုံအရိုအသေပြုရင်း စွေ့ရိုကို မျက်စောင်းထိုးကြည့်လိုက်သည်။
ရှစ်မေလင်း ပြောလိုက်တဲ့အခါ ပြိုင်ပွဲဝင်တွေကို ဘေးမှ စောင့်ကြည့်နေသော အကြီးအကဲချန်လီသည် ဒေါသထွက်သောအသံဖြင့်" ကြည့်ရတာမင်းက ငါတို့မှော်အစည်အရုံးက လူတွေကို သံသယထင်နေတာလား " ဟု မေးလိုက်သည်။
ထိုအခါ ရှစ်မေလင်းသည် "မေလင်း.......မထင်ရဲပါဘူးအကြီးအကဲ၊ဒါပေမယ့် သူကတစ်ချိန်ထဲမှာ ခွဲဖြာခြင်းဆေးလုံးနှစ်လုံးကို ဘယ်လိုလုပ် ဖော်စပ်နိုင်မှာလဲ " ဟု အရဲတင့်ကာ ထပ်မံပြောဆိုလိုက်သည်။
ထိုအခါ ဆေးဖော်စပ်ပြိုင်ပွဲအတွင်းရှိ အဂ္ဂိရတ်ပညာရှင် အကြီးအကဲများသည် ရှစ်မေလင်းရဲ့စကားသည် သူတို့ကို စော်ကားသလို ဖြစ်နေတဲ့အခါ သက်သေပြခိုင်းဖို့အတွက် ရှစ်မေလင်း၏ အဖေဖြစ်သော အဆင့်ငါးအဂ္ဂိရတ်ပညာရှင်
အကြီးအကဲ လုံမူအား စွေ့ရိုရဲ့ ဆေးလုံးအား စစ်ဆေးကြည့်ခိုင်းလိုက်သည်။
ရှစ်လုံမူသည် စွေ့ရို၏ ဆေးလုံးနှစ်လုံးကို စစ်ဆေးပြီးနောက် ဆေးလုံးသည် လက်ရှိဖော်စပ်ထားသောဆေးလုံးမှန်ကန်ကြောင်းနဲ့
အလယ်အလတ်အဆင့်ရှိသော ဆေးလုံးဖြစ်ကြောင်း ပြောလိုက်တဲ့အခါ ရှစ်မေလင်းသည် ထိုင်လဲကျသွားခဲ့ပြီး စွေ့ရှောက်အား ချီးကျူးကြ လိုက်လေသည်။
ထို့နောက် ဆေးလုံးများကို လိုက်လံစစ်ဆေးပြီးနောက် စွေ့ရိုသည် ပထမအဆင့်နေရာကိုသာ ရရှိပြီး ရှောင်ရီနမ်သည် ဒုတိယအဆင့်၌သာ ကျေနပ်လိုက်ရသည်။
ဆေးဖော်စပ်ပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့အခါ ပန်ဇီသည် အဂ္ဂိရတ်ပညာရှင်တံဆိပ်တော်နဲ့အတူ အဂ္ဂိရတ်ပညာရပ်နဲ့ဆိုင်သော ရတနာများကို ပေးဆောင်ခဲ့သည်။
လျန်ယောင်ထင်သည် ဆေးအမယ်လုယူသောသူသည် ချောင်ဖုန်းလို့ ပြောလိုက်သည့်အတွက် ပြိုင်ပွဲပြီးဆုံးလို့ အားလုံး ပြန်တဲ့အချိန်မှာတော့ ပန်ဇီရဲ့ အမိန့်ကြောင့် သူတို့နဲ့လိုက်ခဲ့ဖို့ ပြောကာ ချောင်ဖုန်းကို အခန်းတစ်ခုထဲသို့ ခေါ်ဆောင်လာကြလေသည်။
အခန်းတစ်ခန်းထဲတွင် ပန်ဇီနဲ့အတူ သူလက်အောက်အကြီးအကဲနှစ်ယောက်သည် ချောင်ဖုန်းအားစစ်ဆေးဖို့ စောင့်နေကြလေသည်။ပန်ဇီသည် သူနယ်မြေတွင် ဖြစ်သောကြောင့် သူကိုယ်တိုင် စစ်ဆေးအပြစ်ပေးမည်ပြောတဲ့အခါ ရေခဲနဂါးမင်းဂိုဏ်းချုပ် လင်းကျယ်သည် သဘောတူခဲ့၍ ရှောင်ကျန်းယုနဲ့လျန်ရှင်းဖန်သည် ခေါင်းငြိမ့်ခဲ့ရသည်။