chapter(127)
Vol. 9 Ch. 127
အသန့်စင်ဆုံးစနစ် အခန်း(127)
ချောင်ဖုန်းအခန်းထဲသို့ ရောက်လာတဲ့အခါ ပန်ဇီသည် ဒေါသထွက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။ထို့နောက် အကြီးအကဲဟန်နုန်ဇူသည် "မင်းက ဆေးတူးဖော်တဲ့နယ်မြေမှာ ၊ ဂိုဏ်းသားအချို့ကို အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ ကိစ္စအမှန်တကယ်ပဲလား...." ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် သူနောက်တွင် ရပ်နေသော အကြီးအကဲနှစ်ယောက်ကို တချက်လှည့်ကြည့်လိုက်သည်။ထို့နောက် ပန်ဇီအား ပြန်ကြည့်လိုက်ပြီး "မိန်းကလေးပန်ဇီ.......မင်းတို့ဂိုဏ်းက မျက်မြင်သက်သေလဲ မရှိဘဲ တခြားလူက စွပ်စွဲလိုက်တာနဲ့ ခုလိုစစ်ဆေးမေးမြန်းဖို့ ဆောင်ရွက်လိုက်တာလား " ဟု တည်တည်ငြိမ်ငြိမ် ပင် ပြောလိုက်သည်။
ထိုအခါ ဟန်နုန်ဇူသည် "မင်းကသေချင်လို့.........ခေါင်းဆောင်ရဲ့ နာမည်ကို တိုက်ရိုက်ခေါ်ရဲတာလား" လို့ ပြောလိုက်ပြီး နတ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးအရှိန်အဝါကို ထုတ်လွင့်လိုက်ကာ ချောင်ဖုန်းကို တိုက်ခိုက်မယ့်ချိန်မှာ ပန်ဇီရဲ့ တားခြင်းကို ခံလိုက်ရသည်။
ပန်ဇီသည် အံ့အားသင့်သည့်ပုံဖြင့် "မဟုတ်မှလွဲရော........နင်ကအဲ့သခင်လေးလား " ဟု မေးလိုက်သည်။ပန်ဇီမေးလာတဲ့အခါ ချောင်ဖုန်းသည် "ဘယ်လိုလဲ မိန်းကလေးပန်ဇီ........မင်းရဲ့ဆေးလုံးတွေ အရည်အသွေးတိုးတက်လာရဲ့လား " ဟု ရင်နှီးသလိုပင် ပြောလိုက်သည်။
ထိုအခါ ဘေးတွင်ရှိနေသော အကြီးအကဲတွေသည် ဆေးတူးဖော်နယ်မြေမှာ သူတို့ရှေ့တွင် ပျောက်ကွယ်သွားသော မျက်နှာဖုံးနဲ့ သခင်လေးသည် ချောင်ဖုန်းဖြစ်နေမလားဟု ခန့်မှန်းလိုက်လေသည်။ပန်ဇီသည်လည်း မျက်နှာဖုံးတပ်ထားသောကြောင့် ချောင်ဖုန်းသည် သူ့ထက်အသက်ကြီးမည်ထင်ထားခဲ့သည်။
သို့သော် ယခုအခါ သူနဲ့ရွယ်တူကောင်လေး ဖြစ်နေတဲ့အပြင် အဂ္ဂိရတ်ပညာရပ်မှာ သူ့ထက်သာလွန်နေတဲ့အတွက် ချောင်ဖုန်းကို ပို၍ လေးစားသွားသည်။
မျက်နှာဖုံးနဲ့သခင်လေးသည် ချောင်ဖုန်းသိရှိသွားသော်အခါ ပန်ဇီသည် "သခင်လေး.......ရှင့်ကို ဒီနေရာမှာ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး "ဟု ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် "မိန်းကလေးပန်ဇီ.......မင်းငါ့ကို ရှာနေတာ အကြောင်းရှိလို့လား " ဟု မေးလိုက်သည်။
ပန်ဇီသည် အကြီးအကဲများကို ထွက်ခွာသွားဖို့ အမိန့်ပေးလိုက်တဲ့အခါ အကြီးအကဲလေးယောက်သည် သူတို့ရှာဖွေခဲ့သောမျက်နှာဖုံးနဲ့လူမှာ ချောင်ဖုန်းဖြစ်မှန်း သိရှိသွား၍ ပန်ဇီကို အရိုအသေပြုပြီး ချောင်ဖုန်းကို နှုတ်ဆက်ကာ ထွက်ခွာသွားလေသည်။
ထို့နောက် ပန်ဇီသည် ချောင်ဖုန်းပေးခဲ့သော ဆေးလုံးဖော်စပ်နည်းထဲတွင် အခက်အခဲဖြစ်နေတဲ့ အတွက် ချောင်ဖုန်းကို လိုက်လံရှာဖွေနေတဲ့အကြောင်းပြောပြလိုက်သည်။ထိုအခါချောင်ဖုန်းသည်လည်း ပန်ဇီအား ဆေးလုံးဖော်စပ်ခိုင်းလိုက်ပြီး မှားသောအဆင့်များကို လိုက်လံ ထောက်ပြပေးလေသည်။
ထိုအခါမှသာ ပန်ဇီသည် သူလိုချင်သော ဆေးလုံးအား အောင်အောင်မြင်မြင် ဖော်စပ်နိုင်တဲ့အတွက် ပျော်ရွင်သွားလေသည်။ပန်ဇီသည် သူ့၏ ဆေးလုံးအရည်အသွေး ကောင်းမကောင်း ကြည့်နေချိန်မှာ ချောင်ဖုန်းသည် သူ့ရဲ့ ဆေးမီးဖိုအား ထုတ်လိုက်သည်။
ချောင်ဖုန်း၏ ဆေးမီးဖိုကို လျှပ်တစ်ပျက် ကြည့်လိုက်မိချိန်မှာ ပန်ဇီရဲ့မျက်နှာသည် ချက်ချင်းပြောင်းလဲသွားပြီး ပန်ဇီသည် သူ့သိုလှောင်ကွင်းထဲမှ စာအုပ်တစ်အုပ်ကို ချက်ချင်းပင် ထုတ်ကြည့်လိုက်သည်။ထိုစာအုပ်သည် အဂ္ဂိရတ်ဆေးမီးဖိုများနဲ့ ပက်သက်သော အကြောင်းအရာများကို ရေးသားထားသော စာအုပ်ပင်ဖြစ်သည်။
ပန်ဇီသည် စာအုပ်ကို ကြည့်လိုက်တဲ့အခါ အဂ္ဂိရတ်ပညာရှင်ထိပ်ဆုံးသုံးယောက်အသုံးပြုခဲ့သော ဆေးမီးဖိုထဲတွင် ချောင်ဖုန်းသုံးသော ဆေးမီးဖိုသည် ပါဝင်နေတာကြောင့် ချောင်ဖုန်းသည် ထိုအဂ္ဂိရတ်ပညာရှင် ထိပ်ဆုံးသုံးယောက်ထဲက တစ်ယောက်နဲ့ပက်သက်နေလိမ့်မည်ဟု ပန်ဇီသည် ထင်လိုက်မိသည်။
ထိုကြောင့် ပန်ဇီသည် စာအုပ်ကို ပြန်သိမ်းလိုက်ပြီး "သခင်လေး......ရှင်ဆေးဖော်စပ်မလို့လား ၊ ပန်ဇီ......ဘာကူညီပေးရအုံးမလဲ" ဟု မေးလိုက်သည်။ချောင်ဖုန်းသည် ခေါင်းခါပြလိုက်ပြီး "မိန်းကလေးပန်ဇီ......မင်းဘေးကနေပဲ လေ့လာပါ " ဟု ပြောလိုက်သည်။
ထိုအခါ ပန်ဇီသည်လည်း ဘေးကနေပဲ ချောင်ဖုန်း ဆေးလုံးဖော်စပ်တာကို ကြည့်နေခဲ့သည်။ချောင်ဖုန်းယခုအခါ ဖော်စပ်သော ဆေးလုံးသည် အဆင့်ခြောက်ဆေးလုံးဖြစ်ပြီး သိုင်းအဆင့်မြှင့်တင်ရုံသာမက စိတ်ဝိညဥ်စွမ်းအားကိုပါ တည်ငြိမ်စေနိုင်သော ဆေးလုံးဖြစ်သည်။
ချောင်ဖုန်းသည် အပြာနုရောင်မီးတောက်ကို စထုတ်လိုက်တဲ့အခါ
ပန်ဇီသည် "သဘာဝမီးတောက်လား...... "လို့ ရေရွတ်လိုက်ပြီး လိုချင်တပ်မက်မှုများဖြစ်ပေါ်သွားလေသည်။
သဘာဝမီးတောက်သည် အဂ္ဂိရတ်ပညာရှင်များအတွက် တန်ဖိုးအကြီးဆုံးအရာတစ်ခုဖြစ်သော်လည်း ထိုမီးတောက်မျိုးရရှိဖို့က အလွန်ခက်ခဲသော အရာတစ်ခုပင် ဖြစ်သည်။ချောင်ဖုန်းသည် မီးတောက်ရဲ့ အပူအရှိန်ကြောင့် ဆေးအမယ်များအား သန့်စင်ရာတွင် နဂိုကထက် ပိုအဆင်ပြေနေခဲ့သည်။
ထို့နောက် ချောင်ဖုန်းသည် သူရရှိထားသော ဆေးအမယ်အမျိူးမျိုးကို စတင်သန့်စင်ပါတော့သည်။သဘာဝမီးတောက်ရဲ့ အကူအညီဖြင့် ဆေးအမယ်များကို သန့်စင်ရာတွင် ပိုမိုမြန်ဆန်နေခဲ့သည်။
ချောင်ဖုန်း အသုံးပြုသော ဖော်စပ်သောနည်းသည် စွေ့ရို အသုံးပြုသောနည်းကို အဆင်မြှင့်ထားသော ဖော်စပ်နည်းတစ်ခုပင်ဖြစ်သည်။ပန်ဇီသည် စွေ့ရို ဖော်စပ်သောနည်း နဲ့ ချောင်ဖုန်းဖော်စပ်သောနည်းသည် အနည်းငယ်ဆင်တူနေသည်ဟု သူစိတ်ထဲတွင် ထင်နေမိသည်။
ထို့နောက် တစ်နာရီကျော်အတွင်းမှာပဲ အစိမ်းရောင်အလင်းတန်းကြီးသည် ကောင်းကင်ပေါ်သို့ ထောင်တက်သွားလေသည်။ထိုအခါ ရေခဲနဂါးမင်းဂိုဏ်းရှိလူများသည် "အဲ့တာအဆင့်ခြောက်ဆေးလုံး အောင်မြင်စွာ ဖော်စပ်နိုင်ခြင်းရဲ့ သင်္ကေတပဲ " ဟု ပြောကာ အစိမ်းရောင်အလင်းတန်းကြီးကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်ကြသည်။
ပန်ဇီသည်လည်း ဆေးလုံးအားကြည့်ကာ "သခင်လေး.......နင်ငါ့ကို ရူးအောင် လုပ်နေတာလား " ဟု သတိလက်လွတ်ပုံဖြင့် မေးလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် "မိန်းကလေးပန်ဇီ......အဆင့်ခြောက်ဆေးလုံးကို မင်းလဲဖော်စပ်ဖူးတယ်မဟုတ်ဘူးလား...." လို့မေးလိုက်သည်။
ထိုအခါ ပန်ဇီသည်"သခင်လေး........ဘယ်အဂ္ဂိရတ်ပညာရှင်က တစ်နာရီကျော်အတွင်းမှာ အဆင့်ခြောက်ဆေးလုံးဖော်စပ်နိုင်မှာလဲ"ဟု ပြန်ပြောလိုက်သည်။ပန်ဇီသည် သူမျက်လုံးရှေ့တွင် ချောင်ဖုန်းသည် အဆင့်ခြောက်ဆေးလုံးအား အချိန်ခဏအတွင်းမှာဖော်စပ်သွားတာကို မြင်တွေ့နေတာတောင် ယုံကြည်ဖို့ ခက်ခဲနေလေသည်။
ပန်ဇီသည် သူ့လက်အောက်ရှိ အကြီးအကဲများ ထိုကိစ္စကို ပြောမယ်ဆိုရင် သူ့ကို ရူးနေတာလို့ ပြောမှာ သေချာလောက်သည်။ချောင်ဖုန်းသည် သူ့ဆေးလုံးကို ယူလိုက်ပြီး ကျောက်စိမ်း သေတ္တာဘူးလေးထဲသို့ ဂရုတစိုက်ပင် ထည့်လိုက်သည်။
ပန်ဇီသည် "သခင်လေး.......နင်က အဆင့်ခုနှစ်အဂ္ဂိရတ်ပညာအဆင့်ကိုရောက်နေပြီလား....." ဟု မေးလိုက်သည်။ချောင်ဖုန်းသည် ပန်ဇီအား ဘာမှမဖြေကြားဘဲ "မိန်းကလေးပန်ဇီ......မင်းငါ့အတွက် ဆေးအမယ်တချို့ ရှာဖွေပေးလို့ ရမလား " ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် အဆင့်ခုနှစ်ဆေးလုံးတစ်လုံးကို ဖော်စပ်ရန် ဆေးအမယ်များလိုအပ်နေခြင်းဖြစ်သည်။ထိုဆေးလုံးသည် သိုင်းအဆင့်ကို ယာယီတိုးမြှင့်ပေးသော ဆေးတစ်လုံးပင်ဖြစ်ပြီး နောက်ဆုံးအချိန်မှာ ကိုယ့်ကိုယ်ကို ကာကွယ်ရာတွင် အသုံးပြုရသော ဆေးလုံးမျိူးဖြစ်သည်။
ချောင်ဖုန်းသည် ရီချုံသာ ပေါ်မလာခဲ့ရင် ခန္ဓာကိုယ်ဖောက်ခွဲ၍ ထွက်ပြေးခဲ့ရင်တောင် မီးခြင်္သေ့ဘုရင်နှစ်ကောင်ရဲ့ လက်ထဲက လွတ်မြောက်နိုင်မည်ဆိုတာ ကျိန်းသေမပြောနိုင်ပေ။ထို့ကြောင့် နောက်တစ်ကြိမ်ဖြစ်ပေါ်လာခဲ့ရင် သူ့ကိုယ်သူ ကာကွယ်ဖို့အတွက် ထိုဆေးလုံးကို ဖော်စပ်ရန် တွေးလိုက်ခြင်းဖြစ်သည်။
ပန်ဇီသည် ဆေးအမယ်များအား မေးကြည့်လိုက်တဲ့အခါ ချောင်ဖုန်းပြောသည့် ဆေးအမယ်များမှာ ဆေးအမယ်တစ်မျိုးတောင် မှော်ဆေးခန်းမတွင် မရှိတာကို သိလိုက်ရ၍ "သခင်လေး.......ရှင်ပြောတဲ့ဆေးအမယ်တွေက အဆင့်မြင့်ပြီး ရှားပါတဲ့ဆေးအမယ်တွေဖြစ်တဲ့အတွက် မှော်ဆေးခန်းမမှာတောင် အဲ့လိုဆေးအမယ်မျိုး မရှိဘူး" ဟု စိတ်မကောင်းသည့် ပုံဖြင့် ပြန်ဖြေလိုက်သည်။