chapter(128)
Vol. 9 Ch. 128
အသန့်စင်ဆုံးစနစ် အခန်း(128)
ထိုအခါ ချောင်ဖုန်းသည် ထိုဆေးအမယ်မျိူး ရရှိဖို့ ခက်ခဲတာကို သိတဲ့အခါ စိတ်ပျက်သွားခဲ့သည်။ထိုချိန်မှာ ပန်ဇီသည် "သခင်လေး......မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းထဲမှာတော့ သခင်လေးလိုချင်တဲ့ ဆေးအမယ်မျိုးကို ရရှိနိုင်မယ်" ဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းဆိုတာ ဘာလဲဟု မေးမြန်းလိုက်သည်။မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းသည် မည့်သည်တိုင်းပြည် ၊ မည်သည့်ဂိုဏ်းမှ ဖြစ်ပါစေ သူတို့အဖွဲ့အစည်းနဲ့ ချိတ်ဆက်လို့ရသည်။
အဂ္ဂိရတ်ပညာရှင်အလိုက် အမိန့်ပြားတံဆိပ်ကို ထုတ်ပေးပြီး ထိုတံဆိပ်ပြားဖြင့် ဆေးအမယ်များလဲ ထုတ်ယူခွင့်ရှိသည်။သို့သော် အပြန်အလှန်အနေနဲ့ အဆင့်ခုနှစ်ဆေးအမယ်များ ယူမယ်ဆိုရင် သူတို့တောင်းဆိုသော အဆင့်ငါးဆေးတစ်လုံးကို ဖော်စပ်ပေးရသည်။
ထိုမှော်ဆေးနတ်ဘုရားအဖွဲ့အစည်း၏ တည်နေရာသည် အမည်မသိသောနေရာတစ်ခုတွင် တည်ဆောက်ထားပင်မယ့် တိုင်းပြည်တိုင်းရှိ အဂ္ဂိရတ်အဖွဲ့အစည်းနဲ့သက်ဆိုင်သော နေရာများတွင် ဒိုင်ဗားရှင်းဖြင့် သူတို့၏ မှော်ဆေးနတ်ဘုရားအဖွဲ့အစည်း မျှော်စင်သို့
ရောက်နိုင်အောင် ဆောင်ရွက်ပေးထားသည်။
ထိုအခါချောင်ဖုန်းသည် "မိန်းကလေးပန်ဇီ.......မင်းဆိုလိုတာက ဒိုင်ဗားရှင်းကလဲ ဒီမှော်ဆေးဆရာအစည်းအရုံးမှာ ရှိတယ်လို့ ပြောချင်တာလား " လို့ မေးလိုက်သည်။ထိုအခါ ပန်ဇီသည် "သခင်လေး.........ပန်ဇီ နောက်လိုက်ခဲ့ပါ" ဟု ပြောကာ ဒိုင်ဗားရှင်းရှိသို့ အခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။
ထိုအခန်းထဲတွင် အပြာရောင်ဝတ်စုံဖြင့် အဖိုးကြီးနှစ်ယောက်သည် စက်ဝိုင်းကြီး၏ ဟိုဘက်ဒီဘက်တွင် ထိုင်နေလေသည်။အဖိုးကြီးနှစ်ယောက်လုံးသည် အဆင့်ခုနှစ်အဂ္ဂိရတ်ပညာရှင်များ ဖြစ်သောကြောင့် ပန်ဇီနဲ့ အတူဝင်လာသော ချောင်ဖုန်းအား စိတ်ဝိညဥ်ဖြင့် တိုက်ခိုက်ကြည့်လိုက်သည်။
ချောင်ဖုန်းတို့နှစ်ယောက်သည် အခန်းထဲသို့ ဝင်လာကတည်းက မှော်ဆေးနတ်ဘုရားအဖွဲ့အစည်း မျှော်စင်ကို သွားရောက်ဖို့ဆိုတာ ကျိန်းသေနေသောကြောင့် စမ်းသပ်တိုက်ခိုက်ခြင်းပင်ဖြစ်သည်။
သို့သော် သူတို့နှစ်ယောက်လုံးသည် ချောင်ဖုန်း၏ စိတ်ဝိညဥ်စွမ်းအား၏ တန်ပြန်တိုက်ခိုက်ခြင်းကို ခံရလိုက်တာကြောင့် သွေးများအန်တက်မလိုပင် ဖြစ်သွားကာ အနည်းငယ်ကြောက်လန့်သွားလေသည်။အခန်းထဲရောက်တဲ့အခါ ပန်ဇီသည် "ဘိုးဘေးအကြီးအကဲတွေကို.......ပန်ဇီ အရိုအသေပြုပါတယ်" လို့ ပြောလိုက်သည်။
ထို့နောက် ပန်ဇီသည် ချောင်ဖုန်းအား မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းသို့ ပို့ဆောင်ပေးဖို့ တောင်းဆိုလိုက်သည်။ထိုအခါ
အသက်အလွန်ပင်ကြီးနေသော အဖိုးကြီးနှစ်ယောက်သည် သူတို့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး ဒိုင်ဗားရှင်းအစီအရင်အား အသက်သွင်းလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် အနက်ရောင်အပေါ်ထပ်ဝတ်ရုံအား ဝတ်ဆင်ကာ ပန်ဇီကို နှုတ်ဆက်ပြီး ဒိုင်ဗားရှင်းအစီအရင်ထဲသို့ ဝင်သွားလေသည်။အချိန်အနည်းငယ်အတွင်းမှာပဲ ချောင်ဖုန်းသည်
ဒိုင်ဗားရှင်းရဲ့ တစ်ခြားတစ်ဖက်ကိုရောက်ရှိသွားသည်။
ချောင်ဖုန်းသည် တခြားတစ်ဖက်သို့ရောက်တဲ့အခါ အစီအရင်အား ထိန်းချုပ်နေသော အဖိုးအို အချို့ကို တွေ့လိုက်ရပြီး သူ့ဘေးနားတွင် လူတချိူ့သည် ပေါ်လာခဲ့တဲ့အခါ ထိုလူတွေသည်လည်း ဆေးအမယ်လာထုတ်တာဆိုတာ သိလိုက်ရသည်။
ချောင်ဖုန်း ရောက်ရှိနေသောနေရာသည် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းအတွင်းရှိ နေရာအကူးအပြောင်းလုပ်ရန် တည်ဆောက်ထားသည့် ဒိုင်ဗားရှင်းအစီအရင်နေရာပင် ဖြစ်သည်။
ချောင်ဖုန်းသည် ထိုနေရာမှ ထွက်ခွာလာတဲ့အခါ သွားလာနေကြသော အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင် အများအပြားကို တွေ့လိုက်ရသည်။ထို့နောက် ချောင်ဖုန်းသည် အဆင့်ငါးအဂ္ဂိရတ်ပညာရှင်များအထက်ဟု ရေးထားသော အခန်းထဲသို့ ဝင်လိုက်သည်။
ထိုအခန်းထဲတွင် လူအနည်းငယ်သည် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်း၏ သင်္ကေတတံဆိပ်ဖြစ်သော ဆေးမီးဖိုတံဆိပ်ကို ရင်ဘတ်တွင်ထိုးကာ တပ်ဆင်ထားသော အဖိုးအိုတစ်ယောက်နဲ့ စကားပြောနေတာကို တွေ့လိုက်ရသည်။
ထိုချိန်မှာ အသက်ငါးဆယ်အရွယ်ရှိသော လူတစ်ယောက်သည်လည်း ချောင်ဖုန်းအနားကို ရောက်ရှိလာကာ "မင်းလဲ ဒီနေရာကို ပထမဆုံးရောက်ရှိဖူးတာမလား " ဟု မေးလိုက်သည်။ထိုလူသည်လည်း ဆေးမီးဖို တံဆိပ်ကို တပ်ဆင်ထားတာကြောင့် ချောင်ဖုန်းသည် "မင်္ဂလာပါ......အကြီးအကဲ " ဟု နှုတ်ဆက်လိုက်သည်။
ထိုအခါ ဝူရှအန်းလို့ ခေါ်သော လူသည် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းနဲ့ ပက်သက်သော အကြောင်းအရာ တချို့ကို လမ်းလျှောက်ရင်း ချောင်ဖုန်းကို ပြောပြကာ သီးသန့်အခန်းထဲသို့ ခေါ်သွားခဲ့သည်။
ဝူရှအန်းသည် "လူငယ်လေး........ဒီအခန်းမှာ မင်းအကောင်းဆုံး ဖော်စပ်နိုင်တဲ့ ဆေးလုံးကို ဖော်စပ်ပြီး ၊ တံဆိပ်ပြားနဲ့ ဆေးအမယ်ကို ထုတ်ယူနိုင်တယ်" ဟု ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် ဆေးဖော်စပ်ရန် အခန်းငယ်လေး အတွင်းသို့ ဝင်သွားလေသည်။
ထိုအခန်းများတွင် အစီအရင်တချို့ ထည့်သွင်းထားတာကြောင့် မည်သည့်ဆေးလုံးကိုမဆို ဖော်စပ်အောင်မြင်ခဲ့ရင်တောင် ဘယ်သူမှ သိရှိမည် မဟုတ်ပေ။ထို့အပြင် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းတွင် ရှေးခေတ်ဘိုးဘေးများ၏ အံ့အားသင့်စရာကောင်းသော စည်းကမ်းချက်တစ်ခု ရှိလေသည်။
ထိုစည်းကမ်းချက်ကတော့ အဖွဲ့အစည်းထဲတွင် မည်သူမဆို ဆေးလုံးအကောင်းဆုံးဖော်စပ်နိုင်သူသည် အလိုအလျောက် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌရာထူးကို ရရှိမယ့်အပြင် ဆေးအမယ်များစွာ ထည့်ထားသော သိုလှောင်ကွင်းလက်စွပ် ထုတ်ယူ အသုံးပြုနိုင်မည်ဟုသော စည်ကမ်းအား ချောင်ဖုန်းသည် သိရှိသွားခဲ့သည်။
လက်ရှိ မှော်ဆေးနတ်ဘုရားအဖွဲ့အစည်း၏ ဥက္ကဋ္ဌသည် အဆင့်ရှစ်အဂ္ဂိရတ်ပညာရှင်တစ်ဦးပင် ဖြစ်ပြီး သူ့အသက်သည် ရာကျော်နေပြီဖြစ်သည်။ထိုအဖိုးအိုကြီးသည် အဆင့်ရှစ်အဂ္ဂိရတ်ပညာရှင်ဟု ဆိုသော်လည်း အဆင့်ရှစ်ဆေးလုံးကို ဖော်စပ်ရန် လေ့လာစမ်းသပ်နေတုန်းပင် ဖြစ်သည်။
ချောင်ဖုန်းသည် သူ့ခန္ဓာကိုယ်အရိုးများအား အပျင်းဆန့်ကာ ချိုးလိုက်ပြီး ဆေးမီးဖိုအား ထုတ်လိုက်ပြီး ဆေးအမယ်များကို သဘာဝမီးတောက်ဖြင့် စတင်သန့်စင်ပါတော့သည်။အချိန်သုံးရက်ကြာပြီးတဲ့နောက်မှာ ချောင်ဖုန်းသည် သူ့သိုလှောင်ကွင်းထဲမှ အားဖြည့်ပေးသော ဆေးလုံးတစ်လုံးအား ထုတ်သောက်လိုက်ပြီး ဆေးအမယ်များအား ထပ်သန့်စင်နေလေသည်။
လေးရက်ခန့်ကြာပြီးနောက် ချောင်ဖုန်းသည် ဆေးအမယ်များအားလုံးကို သန့်စင်ပြီး၍ ဆေးရည်ပေါင်းခြင်းအဆင့်နဲ့ဆေးလုံးအခဲဖွဲ့တည်ခြင်းအဆင့်ကို ဂရုတစိုက် ထပ်မံဆောင်ရွက်ပါတော့သည်။
အချိန်သည် ခဏလေးအတွင်းမှာပဲ ခြောက်ရက်ပင်ကြာသွားခဲ့ပြီး
နောက်ဆုံးမှာတော့ အစိမ်းရောင်၊နီညိုရောင်နဲ့ အဖြူအစင်းကြောင်းများ ပေါင်းစပ်ကာ လင်းထိန်နေသော ဆေးလုံးတစ်လုံးသည် ချောင်ဖုန်းရှေ့မှ ထွက်ပေါ်လာခဲ့ပြီး အခန်းငယ်အတွင်းတွင် လျင်မြန်သော အရှိန်ဖြင့် မရပ်မနား ပတ်ပြေး၍ နေပါတော့သည်။
ချောင်ဖုန်းသည် နတ်ဘုရားခြေလှမ်းဖြင့် လျန်မြန်စွာ ဖမ်းလိုက်ပြီး "မင်းက ဘယ်ကို ထွက်ပြေးချင်လို့လဲ " ဟု မေးလိုက်သည်။ထိုအခါ ဆေးလုံးလေးသည် ကြောက်ရွံနေသည့် ပုံစံအတိုင်းဖြစ်နေရှာလေသည်။
ထို့နောက် ချောင်ဖုန်းသည် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းမှ စစ်ဆေးပေးသော အစီအရင် စက်ဝိုင်းအတွင်းကို ဆေးလုံးလေးအား တင်ပေးလိုက်သည်။
ဆေးလုံးလေးသည် ခဏအတွင်းမှာပဲ ပျောက်ကွယ်သွားပြီး ငါးမိနစ်ကြာတဲ့နောက်မှာတော့ ဆေးလုံးထည့်သိမ်းရန် ရှားပါးကျောက်စိမ်းသတ္တုများဖြင့် ပြုလုပ်ထားသော ဆေးသေတ္တာလေးတစ်ဘူး ၊ ရွှေရောင်တံဆိပ်ပြားတစ်ခုနဲ့ အဖြူရောင် သိုလှောင်ကွင်းလက်စွပ်တစ်ကွင်းသည် လေထဲမှ ပေါ်လာလေသည်။
ချောင်ဖုန်းသည် ကျောက်စိမ်းသေတ္တာဘူးလေးကို စစ်ဆေးကြည့်လိုက်တဲ့အခါ သူဖော်စပ်ထားသော အဆင့်ကိုးဆေးလုံးဖြစ်သည့်
ငရဲဘုံနတ်ဘုရားအသွင်ပြောင်းလဲခြင်း ဆေးလုံးကို တွေ့လိုက်ရသည်။
ရွှေရောင်တံဆိပ်ပြားသည် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်း၏ဥက္ကဋ္ဌ ရားထူးတံဆိပ်ဖြစ်တဲ့အပြင် ဆေးအမယ်များစွာထည့်ထားသော အဖြူရောင်သိုလှောင်ကွင်း လက်စွပ်ကို ရရှိသွားခြင်းကြောင့် ချောင်ဖုန်းသည် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းကို ညွှန်ပြခဲ့သော ပန်ဇီအား ကျေးဇူးတင်နေမိသည်။