chapter(129)
Vol. 10 Ch. 129
အသန့်စင်ဆုံးစနစ် အခန်း(129)
ချောင်ဖုန်းသည် အဖြူရောင်သိုလှောင်ကွင်းလက်စွပ်အား သွေးစက်ချကာ ချိတ်ဆက်လိုက်ပြီး ဘယ်ဘက်လက်တွင် ဝတ်ထားလိုက်သည်။ထို့နောက် အဆင့်ခုနှစ်ဆေးလုံးအား ဖော်စပ်ရန် ဆေးအမယ်များကို စတင်သန့်စင်ပါတော့သည်။
ချောင်ဖုန်းသည် "စုစည်းလိုက်တော့......" လို့ ဟုပြောလိုက်တဲ့အခါ ဆေးအရည်လေးများသည် စုစည်းသွားပြီး ခဏအကြာမှာတော့ တဖြည်းဖြည်း ခဲသွားပြီး အဖြူရောင်နဲ့အစိမ်းရောင်တစ်ခြမ်းစီရှိသော ဆေးလုံးမျက်နှာပြင်ပေါ်တွင် ကျားမျက်နှာပါရှိသော အဆင့်ခုနှစ်ဆေးလုံးလေး သုံးလုံးပင် ပေါ်ထွက်လာလေသည်။
ချောင်ဖုန်းသည် ဆေးလုံးများ ပေါ်ထွက်လာတာနဲ့ သူစွမ်းအားနဲ့ ဖိနှိပ်လိုက်ပြီး ကျောက်စိမ်းသေတ္တာဘူးထဲသို့ ထည့်လိုက်သည်။တခြားသောတစ်နေရာရှိ အခန်းထဲတွင် အသက်လွန်စွာ ကြီးနေသော အဖိုးအိုသည် အဂ္ဂိရတ်ပညာရပ် စာအုပ်ကို ဖတ်ရှု့နေလေသည်။
ထိုချိန်မှာ သူ၏ တံဆိပ်ပြားသည် ငွေရောင်တံဆိပ်ပြားသို့ ပြောင်းလဲသွားတာကို သိရှိလိုက်ရတဲ့အတွက် သိုလှောင်ကွင်းထဲမှ တံဆိပ်ပြားအား ထုတ်ကြည့်လိုက်ပြီး ပျော်ရွှင်ဝမ်းသာစွာဖြင့် "နောက်ဆုံးတော့ ငါမျှော်လင့်စောင့်စားရတဲ့ နေ့တစ်နေ့ကို ရောက်ရှိလာပြီ" ဟု ပြောလိုက်လေသည်။
ထိုလူကတော့ အသက်ရာကျော်ရှိနေသော မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့ဥက္ကဋ္ဌ ဟောင်းပင်ဖြစ်လေသည်။မှော်ဆေးနတ်ဘုရား အဖွဲ့အစည်းတွင် အဂ္ဂိရတ်ပညာရှင်များသည် သူတို့နားမလည်သော အကြောင်းအရာများကို ဆေးအမယ်များတင်သွင်းကာ မေးမြန်းလေ့ရှိသည်။
ထိုအဂ္ဂိရတ်ပညာရှင်များ မေးမြန်းထားသော မေးခွန်းများကို ဖြေဆိုနိုင်သူသည် ဆေးအမယ်များ၏ ရှစ်ဆယ်ရာခိုင်နှုန်းကို ရရှိနိုင်မယ်ဖြစ်ပြီး နှစ်ဆယ်ရာခိုင်းနှုန်းကတော့ အဖွဲ့အစည်း၏ တာဝန်ရှိသူက သိမ်းယူလေ့ရှိသည်။
ထိုအဖိုးအိုသည် သူရှိနေသော နေရာမှ မှော်ဆေးနတ်ဘုရားအဖွဲ့အစည်း၏ ဒန်ယွင်ဆေးအမယ်ခန်းသို့ သွားလိုက်ပြီး သူသိချင်သောအကြောင်းအရာနဲ့ ဆေးအမယ်များကို ထည့်သွင်းလိုက်ပြီး သူရဲ့မေးခွန်းအား လျင်မြန်စွာ ဖြေကြားပေးဖို့ မျှော်လင့်လိုက်ပြီး ထိုအခန်းမှ ထွက်ခွာသွားလေသည်။
ချောင်ဖုန်းသည် အဆင့်ခုနှစ်ဆေးလုံးဖော်စပ်ပြီးတဲ့နောက်မှာတော့
ထိုအခန်းထဲမှ ပြန်လည် ထွက်ခွာလာခဲ့သည်။အခန်းအပြင်တွင် ဝူရှအန်းသည် "ကောင်လေး........မင်းဆေးအမယ် ဒီထက်များများ လိုအပ်သေးရင်တော့ ဒန်ယွင်ဆေးအမယ်ခန်းကို သွားသင့်တယ် " လို့ပြောလိုက်သည်။
ဝူရှအန်းသည် အဆင့်ခုနှစ်အဂ္ဂိရတ်ပညာရှသ်တစ်ယောက်ပင်ဖြစ်ပြီး ချောင်ဖုန်းသည် မျက်နှာဖုံးကွယ်ထားပေမယ့် ငယ်ရွယ်သော ပုံပေါက်နေသေး၍ အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်တစ်ယောက်လို့ပင် ထင်နေခြင်းဖြစ်သည်။
ချောင်ဖုန်းသည် အဖြူရောင် သိုလှောင်ကွင်းထဲတွင် ဆေးအမယ်များစွာ ရှိနေပင်မယ့် သူဖော်စပ်မယ်ဆိုရင် ထိုဆေးအမယ်အားလုံးမှာ ကြာရှည်မခံနိုင်မည်ဆိုး၍ ဝူရှအန်းအား "အကြီးအကဲ......ကျေးဇူးပြုပြီး ကျွန်တော်ကို လမ်းပြပေးပါအုံး " လို့ပြောလိုက်သည်။
ထိုအခါ ဝူရှအန်းသည် ချောင်ဖုန်းအား ဒန်ယွင်ဆေးအမယ်ခန်းကို ခေါ်လာခဲ့သည်။ဒန်ယွင်ဆေးအမယ်ခန်းတွင် အသက်သုံးဆယ်ခန့်ရှိသော ရီမင်လီဆိုသော လူသည် အဂ္ဂိရတ်ပညာရပ်နဲ့ဆိုင်သော မေးခွန်းများကို လိုက်လံ ဖြေကြားနေတာကို လူအများသည် အားပေးကာ ကြည့်ရှု့နေကြလေသည်။
ထိုလူသည် အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဖြစ်တဲ့အတွက် အဆင့်ခြောက်အောက်ရှိ အဂ္ဂိရတ်ပညာရပ်များကို သူသိသလောက်လိုက်လံ ဖြေကြားနေခဲ့သည်။ချောင်ဖုန်းသည် တခြားလူများနဲ့မတူဘဲ သူလိုအပ်သော ဆေးအမယ်များပေးထားသော မေးခွန်းများကိုသာ လိုက်လံရှာနေလေသည်။
ချောင်ဖုန်းသည် သူ့ရဲ့မျက်နှာကို ဖုံးကွယ်ထားတာကြောင့် ဘေးနားတွင်ရှိနေသော လူထဲမှ တစ်ယောက်သည် "အဲ့ကောင်လေးကဘယ်အဆင့်ရောက်နေလို့ သူမျက်နှာကို လူတွေ့မခံရတာလဲ ၊အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်ဖြစ်တဲ့ သခင်လေးရီမင်လီတောင် သူ့မျက်နှာကို ဖုံးကွယ်ထားတာ မဟုတ်ဘူး " လို့ ပြောဆိုကာ ချောင်ဖုန်းကို လှောင်ပြောင်နေကြသည်။
ထိုချိန်မှာ ရီမင်လီသည် ချောင်ဖုန်းအား "ညီငယ်လေး.....မင်းနေရာမှားနေပြီထင်တယ် ဒီနေရာက အဆင့်ငါးအဂ္ဂိရတ်ပညာရှင်တွေ တင်ထားတဲ့ မေးခွန်းတွေပဲ ၊ဟိုဘက်ခြမ်းကမှ အဆင့်လေး အဆင့်သုံးအဂ္ဂိရတ်ပညာရှင်တွေ မေးမြန်းထားတဲ့ နေရာပဲ " လို့ ပြောလိုက်သည်။
ချောင်ဖုန်းသည် ရီမင်လီအား ဂရုမစိုက်ဘဲ သူ့နားမှ ဖြတ်သွား၍ အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်များ မေးမြန်းထားသော နေရာသို့ ရောက်ရှိသွားလေသည်။ရီမင်လီသည် တောက်တစ်ချက် ခေါက်လိုက်ပြီး "မင်းကိုယ်မင်း လူတွေအထင်ကြီးအောင် ဟန်ပြနေတဲ့အတွက် မင်းဆရာအစား ငါရှက်မိတယ် " လို့ အားလုံးကြားအောင် ပြောလိုက်သည်။
ထိုအခါ ဒန်ယွင်ဆေးအမယ်အခန်းအတွင်းရှိ သူတို့သိချင်သော မေးခွန်းများတင်နေသော အဂ္ဂိရတ်ပညာရှင်ငယ်လေးများပါ ရောက်ရှိလာပြီး ချောင်ဖုန်းနဲ့ ရီမင်လီ တို့ ပွဲကို လာကြည့်ကြလေသည်။
ချောင်ဖုန်းသည် "ဆောက်ရူး......" ဟု ရီမင်လီအား ပြောလိုက်ပြီး
အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်တစ်ယောက်မေးထားသော မေးခွန်းအား မှင်စုတ်တံဖြင့် လေဟာနယ်တွင် အဖြေအား ရေးသားလိုက်ပြီး အစီအရင်စက်ဝိုင်းလေးထဲသို့ ထည့်သွင်းလိုက်သည်။
ရီမင်လီသည် "ဟားဟား......ပေါက်ကရအဖြေတွေရေးလို့ သုံးကြိမ်ဆက်တိုက်မှားရင် မင်းကို မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းက အပြီးထုတ်ပစ်မှာကို သိရဲ့လား " ဟု ရယ်မောကာ ပြောလိုက်သည်။
ချောင်ဖုန်းသည် "ဟုတ်လား......."လို့ ပြောလိုက်ပြီး အဖြေမှန်ကန်တဲ့အတွက် အစီအရင်ထဲမှ ရရှိလာတဲ့ ဆေးအမယ်အား သူသိုလှောင်ကွင်းလက်စွပ်ထဲသို့ သိမ်းဆည်းလိုက်ပြီး နောက်ထပ်ဆေးအမယ်များကို လိုက်လံကြည်ရှုနေလေသည်။
ချောင်ဖုန်းသည် အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်မေးထားသော မေးခွန်းကိုတောင် ဖြေဆိုနိုင်တဲ့အတွက် ဘေးမှ ကြည့်ရှု့နေသော လူများသည် ချောင်ဖုန်းကို အာရုံစိုက်သွားကြလေသည်။
ရီမင်လီကတော့ ဒေါသထွက်စွာဖြင့် "မဖြစ်နိုင်တာ ဒီကောင်က ဘယ်လိုလုပ်ပြီး အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်မေးထားတဲ့မေးခွန်းကို ဖြေဆိုနိုင်မှာလဲ ၊ ဒီကောင် ရမ်းဖြေရင်း ကံကောင်းသွားတာပဲ ဖြစ်ရမယ် " လို့ တွေးနေလေသည်။
သို့သော် ချောင်ဖုန်းသည် အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်များ မေးမြန်းထားသော မေးခွန်းတိုင်းကို ဖြေကြားနိုင်ပြီး ဆေးအမယ်များကို ရရှိသွားသော်အခါ ရီမင်လီတစ်ယောက် ဆွံ့အ ၍ ဘာမှပင် မပြောနိုင်တော့ပေ။
ထိုအခါ ဒန်ယွင်ဆေးအမယ်ခန်းထဲရှိ အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်များသည်"သူက အဆင့်ခုနှစ်အဂ္ဂိရတ်ပညာရှင်တစ်ယောက်ပဲ " ဟု ပြောလိုက်ပြီး သူတို့မေးထားသော အကြောင်းအရာများကို ချောင်ဖုန်းသည် ဖြေကြားသွားဖို့ မျှော်လင့်နေကြလေသည်။
သို့သော် ချောင်ဖုန်းသည် အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင်များ မေးထားသော နေရာမှ အဆင့်ခုနှစ်အဂ္ဂိရတ်ပညာရှင်များ မေးထားသော နေရာကိုရောက်ရှိသွားတဲ့အခါ အဆင့်ခုနှစ်အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သော ရှားချောင်လျန်ဆိုသည် အမျိုးသမီးသည် "သခင်လေး.....ရှင်သာ ချောင်လျန်ရဲ့ မေးခွန်းကို ဖြေပေးမယ်ဆိုရင် ဒီဆေးအမယ်တွေနဲ့ ကျေးဇူးဆပ်ပါ့မယ် " လို့ ပြောလိုက်သည်။
ချောင်ဖုန်းသည် ထိုဆေးအမယ်များ တချက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်တဲ့အခါ လူတစ်ယောက်သည် "အဲ့တာရှားပါးပြီး စျေးကြီးတဲ့ဆေးအမယ်တွေ မဟုတ်ဘူးလား " ဟု ပြောလိုက်သည်။
ထိုအခါ သူ့ဘေးမှ လူသည် "မင်းရူးနေတာလား......သူကအဆင့်ခုနှစ်ဆေးပညာရှင်တစ်ယောက်လေ အဲ့ဆေးအမယ်တွေ ရှာဖွေဖို့ သူ့အတွက် ခက်ခဲနေလိမ့်မယ်လို့ မင်းထင်နေတာလား " လို့ ပြောလိုက်မှသာ တခြားလူတွေများလဲ နားလည်သွားလေသည်။
ထိုချိန်မှာ ရှားချောင်လျန်သည် အဆင့်ရှစ်ဆေးလုံးဖော်စပ်ရာတွင် အရေးပါသည့် ဆေးအမယ် ထည့်ထားသောသေတ္တာဘူးကို ချောင်ဖုန်းကို ပြလိုက်ပြီး"သခင်လေး.......ဒီဆေးအမယ်ပါ ပါမယ်ဆိုရင်ရော " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် ခေါင်းတငြိမ့်ငြိမ်ဖြင့် "ကောင်းပြီလေ......မင်းမေးထားတဲ့ မေးခွန်းက နံပါတ်ဘယ်လောက်လဲ " လို့ မေးလိုက်သည်။ထိုအခါ ရှားချောင်လျန်သည် ချက်ချင်းပင် ပြုံးပြုံးရွင်ရွင်ဖြင့် "နံပါတ်က တစ်ထောင့်တစ်ဆယ်ပါ.....သခင်လေး" ဟု လျင်မြန်စွာ ဖြေရှင်းလိုက်သည်။
ချောင်ဖုန်းသည် နံပါတ် တစ်ထောင်တစ်ဆယ်ကို ရှာလိုက်၍ မှင်စုတ်တံဖြင့် အဖြေကို လျင်မြန်စွာရေးလိုက်ပြီး အစီအရင်ထဲသို့ ထည့်သွင်းလိုက်တဲ့အခါ ရှားချောင်လျန် တင်သွင်းထားသော ဆေးအမယ်တချို့သည် အရင်ကျလာလေသည်။
ထိုအခါ ရှားချောင်လန်သည် သူရဲ့တံဆိပ်ပြားကို ကြည့်လိုက်တဲ့အခါ ချောင်ဖုန်းထည့်သွင်းလိုက်သော အဖြေသည် သူရဲ့ တံဆိပ်ပြားမှ ပေါ်ထွက်လာတဲ့အတွက် ဝမ်းသာအားရဖြစ်သွားပြီး သူပေးမယ် ပြောထားသော ဆေးအမယ်များကိုပါ ထပ်ပေးလိုက်ကာ အရိုအသေပြုလိုက်လေသည်။
ထိုအခါ ဘေးမှ ရှိနေသော လူအများသည် "ငါတို့မှာလဲ အဲ့လိုဆေးအမယ် အများအပြားရှိရင် သိပ်ကောင်းမှာပဲ " လို့ပြောကာ ရှားချောင်လျန်အား မနာလိုဖြစ်နေကြလေသည်။ထိုချိန်မှာတော့ ရီမင်လီသည် သူအရှက်ရမည် ဆိုး၍ ထိုနေရာမှ ထွက်ခွာသွားပြီဖြစ်သည်။