chapter(130)
Vol. 10 Ch. 130
အသန့်စင်ဆုံးစနစ် အခန်း(130)
ထိုလိုနဲ့ချောင်ဖုန်းသည် အဆင့်ခုနှစ်အဂ္ဂိရတ်ပညာရှင်များရဲ့ ဆေးအမယ်များကိုသဘောကျတဲ့အတွက် သူတို့မေးထားသော မေးခွန်းအများအပြားကို ဖြေကြားပြီး ဆေးအမယ်များစွာကို ထုတ်ယူနေခဲ့သည်။
ထိုအခါ အခန်းထဲက အဂ္ဂိရတ်ပညာရှင်အများအပြားသည် သူတို့လုပ်စရာရှိတာမလုပ်ပဲနဲ့ ချောင်ဖုန်းကို အံ့အားသင့်စွာ ထိုင်ကြည့်နေကြလေသည်။ချောင်ဖုန်းသည် အဆင့်ခုနှစ်အဂ္ဂိရတ်ပညာရှင်များရဲ့ မေးခွန်းများကို ဖြေကြားပြီးတဲ့နောက် အဆင့်ရှစ်အဂ္ဂိရတ်ပညာရှင်တစ်ယောက် ပေးထားသော ဆေးအမယ်များကို ကြည့်လိုက်သည်။
ထိုအခါ အခန်းထဲမှ အဂ္ဂိရတ်ပညာရှင်တစ်ယောက်သည် "မဖြစ်နိုင်တာ နှစ်ပေါင်းဘယ်လောက်ကြာနေပြီလဲ အဆင့်ရှစ်အဂ္ဂိရတ်ပညာရှင်ရဲ့ မေးခွန်းဆိုတာ တစ်ခါမှ မရှိဘူးလေ ဒီနေ့မှ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ " ဟု ပြောလိုက်သည်။
သူတို့အားလုံးသည် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌသည် အဆင့်ရှစ်အဂ္ဂိရတ်ပညာရှင်တစ်ဦးဟု သိရှိထားပြီး ယခုအခါ ထိုအဆင့်ရှစ်အဂ္ဂိရတ်ပညာရှင်မှ မေးမြန်းလာတဲ့အတွက် သူ့ကိုသာလွန်သွားတဲ့ နောက်ထပ်ဥက္ကဋ္ဌ အသစ်ပေါ်လာတာကို ရိပ်မိလိုက်ကြသည်။
အားလုံးသည် သူတို့စိတ်ထဲတွင် ချောင်ဖုန်းသည် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌအသစ်များလားဟု ထင်နေချိန်မှာ ချောင်ဖုန်းသည် မှင်စုတ်တံဖြင့် အဖြေကိုရေးသားပြီး အစီအရင်အတွင်းသို့ ထည့်သွင်းတာကို တွေ့လိုက်ရကြသည်။
သူတို့အားလုံးသည် သူတို့ထင်ထားသလို ဖြစ်လာမလားလို့ ရင်တထိပ်ထိပ်ဖြစ်နေကြလေသည်။ထိုချိန်မှာ အစီအရင်အသွင်းမှ ဆေးအမယ် သေတ္တာလေး ကျလာတဲ့အခါ ဒန်ယွင်ဆေးအမယ်တစ်ခန်းလုံးရှိ အဂ္ဂိရတ်ပညာရှင်များ အားလုံးသည် ချက်ချင်းပင် ဒူးထောက်သွားကြပြီး "မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌကို အရိုအသေပြုပါတယ် " ဟု ဆိုသော အသံသည် ပြိုင်တူထွက်လာလေသည်။
ချောင်ဖုန်းသည် အားလုံးကို ပြန်ထခိုင်းလိုက်ပြီး သူ့ကိစ္စလဲ ပြီးသွားပြီ ဖြစ်တဲ့အတွက် ထိုအခန်းထဲမှ ထွက်ခွာလာပါတော့သည်။
ရှားချောင်လျန်ကတော့ သူရရှိထားသော နည်းလမ်းသည် မှော်ဆေးနတ်ဘုရားအဖွဲ့အစည်း၏ ဥက္ကဋ္ဌ ကိုယ်တိုင်ညွှန်ပြ ထားခြင်းဖြစ်တာကြောင့် တခြားလူတွေထက် သာလွန်လိမ့်မည်ဟု ယုံကြည်သွားလေသည်။
ချောင်ဖုန်းထွက်ခွာသွားပြီးနောက် ဒန်ယွင် ဆေးအမယ်အခန်းထဲတွင် ဆူဆူညံညံစကားပြောသံများ စတင်ထွက်ပေါ်လာပါတော့သည်။ချောင်ဖုန်းသည် ဝူရှအန်းတို့ ရှိသော နေရာကို ပြန်ရောက်လာတဲ့အခါ ဝူရှအန်းသည် "ကောင်လေး......ဘယ်လိုလဲ အကျိုးအမြတ် ရရဲ့လား " ဟုမေးလိုက်သည်။
ချောင်ဖုန်းသည် ဝူရှအန်းအား ကျေးဇူးတင်ကာ နှုတ်ဆက်လိုက်ပြီး ဒိုင်ဗားရှင်းအစီအရင်နေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး မှော်ဆေးနတ်ဘုရားအဖွဲ့အစည်းကို ဘယ်ချိန်ပြန်ရောက်နိုင်မလဲဟု တွေးကာ ပန်ဇီ၏ ခန်းမသို့ ဒိုင်ဗားရှင်းအစီအရင်ဖြင့် ပြန်လာခဲ့လေသည်။
ချောင်ဖုန်းသည် မှော်ဆေးဆရာအစည်းအရုံးချုပ်ကို ပြန်ရောက်တာနဲ့ ပန်ဇီရဲ့ အခန်းကို ဦးတည်သွားလိုက်သည်။ပန်ဇီသည် ချောင်ဖုန်းကို ပြန်တွေ့သောအခါ "သခင်လေး.......နင်ရောက်လာတာနဲ့ အတော်ပဲ " ဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် " မိန်းကလေးပန်ဇီ.......မင်းဘာကို ဆိုလိုတာလဲ " ဟု မေးလိုက်သည်။ချောင်ဖုန်းမရှိသော ရက်များတွင် ရှောင်ကျန်းယုရဲ့ လက်အောက်ခံအကြီးအကဲတချို့ နဲ့အတူ ယန်နင်းပါ ရောက်ရှိလာပြီး ချောင်ဖုန်းရဲ့အပြစ်သည် မကြီးမားတဲ့အတွက် အပြစ်ပေးပြီး ပြန်လွှတ်ပေးဖို့ ပြောထားတဲ့အကြောင်း ချောင်ဖုန်းအား ပြောပြလိုက်သည်။
ချောင်ဖုန်းသည် "မိန်းကလေးပန်ဇီ.......မင်းငါ့အတွက်နဲ့ စိတ်အနှောက်အယှက်ဖြစ်ရပြီပဲ" ဟု ပြောလိုက်သည်။ထို့နောက် ချောင်ဖုန်းသည် ပန်ဇီကို နှုတ်ဆက်ပြီး မှော်ဆေးဆရာအစည်းအရုံးခန်းမမှ ထွက်ခွာလာခဲ့သည်။
စွေ့ရိုသည် သူအဖေ ဖော်စပ်ထားသော ဆေးလုံးများကို လာပေးရင်း ချောင်ဖုန်းကို တွေ့သွားတဲ့အခါ ဆေးအမယ်ခန်းမတွင် တွေ့ခဲ့သော သူ့ဆရာနဲ့တူနေသည်ဟု ထင်နေချိန်မှာ ချောင်ဖုန်းသည် "မကြာခင်........ငါမင်းကို လာတွေ့မယ် " လို့ အသံစွမ်းအင်လှိုင်းဖြင့် ပြောလိုက်သည်။
ထိုအခါစွေ့ရိုသည် ချောင်ဖုန်း၏ အသံကို မှတ်မိသွားပြီး "ရှင်က........ဆရာလား " ဟု မေးလိုက်သည်။ချောင်ဖုန်းသည် ဘာမှမပြောဘဲ ထိုနေရာမှ ထွက်ခွာသွားတဲ့အခါ စွေ့ရိုသည် "သူကတကယ်ပဲ ငါဆရာလား......ဘာလို့ငါနဲ့အသက်ရွယ်တူပဲ ရှိနေရသေးတာလဲ " ဟု တစ်ယောက်ထဲ ရေရွတ်ပြီး ခန်းမထဲသို့ ဝင်သွားလေသည်။
ချောင်ဖုန်းသည် ထိုနေရာမှ ထွက်ခွာလာပြီးတဲ့နောက် မှာ လျန်ယောင်ထင်နဲ့ပင် တန်းတိုးလေသည်။လျန်ယောင်သည် မှော်ဆေးဆရာ အစည်းအရုံးခန်းမမှ ဆေးလုံးတချို့အား နတ်နယ်ပယ်အဆင့်အကြီးအကဲ နှစ်ယောက်နဲ့အတူ လာရောက် ယူဆောင်ခြင်း ဖြစ်သည်။
လျန်ယောင်သည် ချောင်ဖုန်းတွေ့တာနဲ့ "နောက်ဆုံးတော့ မင်းပြန်ထွက်လာပြီပဲ ၊ ငါကိုစော်ကားတဲ့အကျိုးရလာဒ်က ဘယ်လိုလဲဆိုတာ မင်းသိပြီးပြီထင်တယ် " ဟု လှောင်ကာ ပြောလိုက်သည်။
ချောင်ဖုန်းသည် သူ့ကို ဂရုမစိုက်ဘဲ သူ့ဘေးမှ ထွက်သွားတဲ့အတွက် လျန်ယောင်ထင်သည် ဒေါသံထွက်ကာ"ကြည့်ရတာ မင်းက မမှတ်သေးဘူးထင်တယ် " လို့ပြောကာ အကြီးအကဲနှစ်ယောက်ကို တိုက်ခိုက်ဖို့ စေခိုင်းလိုက်သည်။
ထိုအခါ အကြီးအကဲနှစ်ယောက်သည် ချောင်ဖုန်းအနောက်သို့ လျင်မြန်စွာ သွားလိုက်၍ ရွှေဝါရောင်ရှိသော ဝိညဥ်စွမ်းအင်များကို လက်မှာ စုစည်းလိုက်ပြီး ချောင်ဖုန်း နောက်ကျောကို ရိုက်ချလိုက်ပင်မယ့် လေဟာနယ်တစ်ခုကိုသာ ရိုက်ချမိလိုက်သည်။
ထိုအခါ အကြီးအကဲနှစ်ယောက်ထဲမှ တစ်ယောက်သည် အံ့အားသင့်စွာဖြင့် "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူကငါတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုအောက်ကနေ ဘယ်လိုလွတ်မြောက်သွားတာလဲ " လို့ပြောနေခဲ့သည်။
ထိုအချိန်မှာပဲ အကြီးအကဲနှစ်ယောက်လုံးသည် လျန်ယောင်ထင်ရဲ့ အော်သံကို ကြားလိုက်ရ၍ဠလှည့်ကြည့်လိုက်တဲ့အခါမှာ လျန်ယောင်ထင်သည် မြေကြီးပေါ်တွင် ပစ်လဲနေပြီဖြစ်ပြီး ချောင်ဖုန်းသည် လျန်ယောင်ထင်ရဲ့ အနားကို ရောက်ရှိနေတာကို တွေ့လိုက်ရသည်။
ထိုအခါ အကြီးအကဲနှစ်ယောက်သည် လျန်ယောင်ထင်ကို လျင်မြန်စွာ ပြေးထူလိုက်ပြီး "ခွေးကောင်စုတ်........မင်းကသခင်လေးယောင်ထင်ကို တိုက်ခိုက်ရဲလိမ့်မယ်လို့ မထင်ထားမိဘူး ၊ မင်းလုပ်ရပ်အတွက် မင်းကောင်းကောင်းကြီး ပေးဆပ်ရမယ် " လို့ ကြိမ်းဝါးလိုက်သည်။
ထိုချိန်မှာပဲ လေဟာနယ်ကြီးသည် အက်ကွဲကြောင်းကြီး ဖြစ်ပေါ်လာကာ စွမ်းအင်ကြီးမားတဲ့ အရှိန်အဝါနဲ့အတူ "မင်းကငါ့သားကို ဒဏ်ရာရအောင် လုပ်ရဲတဲ့အတွက် မင်းရဲကျင့်ကြံမှုကို ဖျက်စီးပစ်ရမယ် "ဟု ပြောသံနဲ့အတူ လျန်ရှင်းဖန်သည် ဝိညဥ်နယ်ပယ်အဆင့် စွမ်းအား အရှိန်အဝါနဲ့အတူ ထွက်ပေါ်လာလေသည်။
လျန်ရှင်းဖန်သည် ဝိညဥ်နယ်ပယ်အလယ်အလတ်ပိုင်းအဆင့်ကို ရောက်နေပင်မယ့် ချောင်ဖုန်းကို ဖိနှိပ်ဖို့ မဖြစ်နိုင်သေးပေ။လျန်ရှင်းဖန်သည် သူ့ရဲ့ စွမ်းအားအရှိန်အဝါ အောက်ကို ရောက်နေတာတောင် ချောင်ဖုန်းသည် အေးဆေးစွာ မတ်တပ်ရပ်နေသောကြောင့် ထူးဆန်းသလိုပင် ဖြစ်နေခဲ့သည်။
ထိုချိန်မှာပဲ မှော်ဆေးဆရာအစည်းအရုံးခန်းမမှ ပန်ဇီနဲ့အတူ အကြီးအကဲတချို့ ရောက်ရှိလာပြီး "အကြီးအကဲရှင်းဖန်.......ရှင်က
ကျွန်မတို့ မှော်ဆေးဆရာအစည်းအရုံးရဲ့ အကြီးအကဲကို တိုက်ခိုက်ဖို့ ကြံရွယ်နေတာလား " လို့ လေသံမာမာဖြင့် ပြောလိုက်လေသည်။
ထိုအခါ လျန်ရှင်းဖန်သည် အံ့အားသင့်သွားပြီး "အကြီးအကဲပန်ဇီ.......ဒီကောင်လေးက မင်းတို့မှော်ဆေးဆရာအစည်းအရုံးကို အပြစ် လုပ်ထားတဲ့ လူတစ်ယောက်မဟုတ်ဘူးလား ဘယ်ချိန်ကအဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သွားတာလဲ " ဟု မယုံနိုင်စွာဖြင့် ပြောလိုက်သည်။
ပန်ဇီသည် "အကြီးအကဲပန်ဇီ......ကျွန်မက ရှင့်ကို နောက်မယ်ထင်နေတာလား " ဟု ပြောလိုက်သည်။လျန်ရှင်းဖန်သည် သူ့သားအနားကို လျှပ်တစ်ပြတ်အတွင်း သွားလိုက်ပြီး ဆေးလုံးတစ်လုံးအား လျန်ယောင်ထင်ရဲ့ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
ချောင်ဖုန်းသည် မှော်ဆေးဆရာအစည်းအရုံးရဲ့ အကြီးအကဲတစ်ယောက်ဖြစ်နေတဲ့ လျန်ရှင်းဖန်သည် သူ့ရဲ့ ဒေါသကို လျော့လိုက်ပြီး "အကြီးအကဲပန်ဇီ.......နောက်တစ်ခေါက်သာ ငါ့သားကို ထိမယ်ဆိုရင်တော့ အဲ့ကောင်လေးနောက်မှာ မှော်ဆေးဆရာအစည်းအရုံး တစ်ခုလုံးရှိနေရင်တောင် ငါသတ်ပစ်ဖို့ ဝန်လေးမှာ မဟုတ်ဘူး " ဟု ပြောကာ ဒိုင်ဗားရှင်းဖြင့် သူ့သားအား ခေါ်ဆောင်သွားပါတော့သည်။
ရီချုံသည် "အကိုကြီး.....အဲ့လူက ဝိညဥ်နယ်ပယ်အလယ်အလတ်အဆင့်နဲ့ သူ့ကိုယ်သူ အထင်ကြီးနေတာပဲ ၊ ရီချုံရဲ့ နဂိုစွမ်းအားကို ပြန်ရမယ်ဆိုရင် အဲ့လူခုချိန် သေနေလောက်ပြီ " ဟု ချောင်ဖုန်းကို ပြောလိုက်သည်။
ချောင်ဖုန်းသည် ရီချုံပြောတာကို သဘောကျကာ ပြုံးလိုက်ပြီ သူကို ဝင်ကူညီခဲ့တဲ့ ပန်ဇီကို ကျေးဇူးတင်လိုက်ပြီး ထိုနေရာမှ ထွက်ခွာလာပါတော့သည်။ရှောင်အိမ်တော်အတွင်းသို့ ချောင်ဖုန်းဝင်လာတဲ့အခါ ယန်နင်းသည် "ကိုကိုချောင်ဖုန်း......နင်လွတ်လာပြီလား " ဟု မေးလိုက်သည်။
အားလုံးသည် မှော်ဆေးဆရာအစည်းအရုံးခန်းမမှ ချောင်ဖုန်းအား အပြစ်ပေး၍ ဖမ်းထားသည်ဟု ထင်နေကြလေသည်။ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး ရှောင်ကျန်းယုအား ကျေးဇူးတင်တဲ့အကြောင်း ယန်နင်းကို ပြောခိုင်းလိုက်သည်။