chapter(131)
Vol. 10 Ch. 131
အသန့်စင်ဆုံးစနစ် အခန်း(131)
ထိုချိန်မှာ ရှောင်ကျန်းယု ရောက်ရှိလာပြီး "မင်းငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး ၊ ငါလုပ်ထိုက်သင့်တဲ့ အရာကို ငါလုပ်တာပါ " ဟု ပြောလိုက်သည်။ထို့နောက် ရှောင်ကျန်းယုသည် "မနက်ဖြန်ကြ မသေမျိူးတောင်ထိပ်နယ်မြေကို မင်းတို့အဖွဲ့ရော လိုက်မှာလား " လို့ ပြတ်ပြတ်သားသား ပြောလိုက်သည်။
ထိုအခါ ဝူရှို့တို့သည် "အကြီးအကဲကျန်းယု.......ကျွန်တော်တို့ လေးယောက်ကတော့ အဆင်သင့်ပါပဲ " ဟု ပြောလိုက်သည်။ချောင်ဖုန်းကတော့ မသေမျိုးတောင်ထိပ်နယ်မြေအကြောင်း မသိရှိသေး၍ "အကြီးအကဲကျန်းယု.......မသေမျိူးတောင်ထိပ်နယ်မြေဆိုတာ ဘယ်လိုနယ်မြေလဲ " ဟု ရိုရိုသေသေမေးမြန်းလိုက်သည်။
မသေမျိုးတောင်ထိပ်နယ်မြေသည် ရေခဲနဂါးမင်းဂိုဏ်း၏ နယ်မြေဧရိယာနဲ့ နီးစပ်သော နယ်မြေတစ်ခုဖြစ်ပြီး ရှေးခေတ်ဒဏ္ဍာရီလာစီးနင်းဖော်သားရဲများကို ပိုင်ဆိုင်ဖို့ ကြိုးစား၍ရသော နယ်မြေဖြစ်သည်။
မသေမျိုးတောင်ထိပ်နယ်မြေတွင် ဒဏ္ဍာရီလာစီးနင်းဖော်သားရဲများသည် လွန်ခဲ့သော နှစ်ပေါင်းထောင်ပေါင်းကျော်ကတည်းက ပိတ်လှောင်ခံထားရပြီး လူတွေရဲ့ စီးနင်းဖော်သားရဲပြုလုပ်ခြင်းကို ခံရကြသည်။
ထိုမသေမျိုးတောင်ထိပ်နယ်မြေသို့ တိုင်းပြည်အသီးသီး၏ ဂိုဏ်းအစုံမှ လာရောက်မိဖြစ်ပြီး ဝတ်ရုံနီဂိုဏ်းမှ လူများသည်လည်း လာရောက်မည်ဖြစ်ကြောင်း ချောင်ဖုန်းအား ရှင်းပြလိုက်သည်။
ရေခဲနဂါးမင်းဂိုဏ်းမှ အကြီးအကဲများသည် ထိုမသေမျိူးတောင်ထိပ်သို့ သွားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဝတ်ရုံနီဂိုဏ်းမှ လူများအား ချောင်းမြောင်းတိုက်ခိုက်ရန်သာ ဖြစ်ပြီး စီးနင်းဖော်သားရဲရှာဖွေခြင်းကတော့ ဂိုဏ်းသားများ အတွက်သာပင် ဖြစ်သည်။
ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်းကို တိုက်ခိုက်ရမည်လို့ ကြားတဲ့အခါ
မသေမျိုးတောင်ထိပ်နယ်မြေကို သူလဲလိုက်မယ်ဟု ပြောလိုက်သည်။ထိုချိန်မှာ ယန်နင်းသည် "အဖေ.......ယန်နင်းရော လိုက်လို့ရမလား " ဟု ပြောလိုက်သည်။
ရှောင်ကျန်းယုသည် ခေါင်းခါလိုက်ပြီး "ယန်နင်း.......မသေမျိုးတောင်ထိပ်နယ်မြေမှာ အန္တရာယ်ပေါင်းစုံကျလာတဲ့အချိန်ကြရင် မင်းကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး" လို့ ပြောလိုက်ပြီး ယန်နင်းအား ငြင်းလိုက်သည်။
ထိုအခါ ယန်နင်းသည် စိတ်ပျက်လက်ပျက် ဖြစ်သွားပြီး ကျင့်ကြံဖို့အတွက် ထိုနေရာမှ ထွက်သွားလေသည်။ချောင်ဖုန်းသည် ရှောင်အိမ်တော်တွင် သူ့အတွက်စီစဥ်ပေးထားသော အခန်းသို့ သွားလိုက်သည်။
ထို့နောက် သူဖော်စပ်ထားသော အဆင့်ခြောက်ဆေးလုံးကို သောက်လိုက်ပြီး ဆေးလုံးရဲ့စွမ်းအား စုပ်ယူပြီး တစ်ညလုံးကျင့်ကြံပါတော့သည်။မနက်မိုးလင်းတဲ့အခါမှတော့ ချောင်ဖုန်းသည် မသေမျိုးတောင်ထိပ်နယ်မြေအား သွားဖို့ တက်ကြွနေလေသည်။
ရှောင်ကျန်းယုသည် ရှောင်ရီနမ်နဲ့ရှောင်ရှုံးဟွေ့ကို ဂရုတစိုက် စောင့်ရှောက်ဖို့ နတ်နတ်ပယ်အထွဋ်အထိပ်အဆင့် အကြီးအကဲသုံးယောက်အား စေခိုင်းထားခဲ့သည်။ရေခဲနဂါးမင်းဂိုဏ်း၏ ကျင့်ကြံရေးကွင်းပြင်ထဲတွင် ရေခဲနဂါးမင်းဂိုဏ်း၏ ဂိုဏ်းတပည့်များစွာ စုံလင်နေခဲ့သည်။
လင်းကျယ်သည် ရှောင်ကျန်းယုနဲ့လျန်ရှင်းဖန်အား "မင်းတို့သေချာပြင်ဆင်ထားပြီးပြီးလား " ဟု မေးလိုက်သည်။ရှောင်ကျန်းယုတို့သည် လင်းကျယ်အား ခေါင်းငြိမ့်ပြလိုက်ပြီး စတင်ထွက်ခွာဖို့ အချက်ပြလိုက်တဲ့အခါ အဖွဲ့များစွာသည် ရေခဲနဂါးမင်းဂိုဏ်းမှ မသေမျိုးတောင် တောင်ထိပ်မှ စတင်ထွက်ခွာကြလေသည်။
အေးစက်သော ရေခဲပြင်အခန်းထဲတွင် လူတစ်ယောက်သည် "ရေခဲနဂါးမင်းဂိုဏ်းက အရင်ကထက် အင်အားကြီးလာတဲ့အတွက် မင်းတို့အားလုံး ဘယ်အရာကိုမှ ပေါ့ဆမနေနဲ့ ၊ နောက်ပြီး ဟိုကောင်လေးရောပဲ အဲ့တစ်ယောက်ကလဲ ထူးဆန်းတဲ့အတွက် ဒီတစ်ခေါက် မသေမျိုးတောင်ထိပ်နယ်မြေမှာ ပေါ်လာနိုင်တယ်"လို့ ပြောလိုက်သည်။
ထိုအခါ အသွားများစွာပါသော ဓားရှည်ကြီး တစ်ချောင်းကို ကိုင်ဆောင်လာသော လူသည် "ခေါင်းဆောင်.......ဒီတစ်ခေါက် အဲ့ကောင်လေးသာ မသေမျိုးတောင်ထိပ်နယ်မြေမှာ ပေါ်လာရင် ကျွန်တော်တာဝန်သာ ထားလိုက်ပါ" ဟု သူ့ကိုယ်သူ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ချောင်ဖုန်းတို့အဖွဲ့များစွာသည် နာရီပေါင်းများစွာပျံသန်းလာပြီးနောက် မသေမျိူး တောင်ထိပ်နယ်မြေကို ရောက်ရှိလာကြသည်။မသေမျိုးတောင်ထိပ်နယ်မြေသည် ရေခဲနဂါးမင်းဂိုဏ်းထက် နှစ်ဆနီးပါး အေးလွန်းတာကြောင့် အားလုံးသည် တုန်တုန်ယင်ယင်ပင်
ဖြစ်သွားကြသည်။
ချောင်ဖုန်းကတော့ သဘာဝမီးတောက်ရဲ့ စွမ်းအင်ကို တစ်ကိုယ်လုံး လှည့်ပတ်စီးဆင်းစေလိုက်ပြီး အေးချမ်းမှု ဒဏ်ကို ကာကွယ်လိုက်သည်။ရေခဲနဂါးမင်းဂိုဏ်းမှ အဖွဲ့များစွာသည် ခဏအတွင်းပင် တစ်ဖွဲ့ပြီး တစ်ဖွဲ့ မြေပြင်ပေါ်သို့ ဆင်းသက်လာကြလေသည်။
မသေမျိုးတောင်ထိပ်နယ်မြေသို့ ရောက်တဲ့အခါ ဝတ်စုံအသီးသီးဖြင့် လူအများအပြားကို တွေ့လိုက်ရပြီး တောင်ထပ်၏ အလယ်တွင် ဧရာမ လူရုပ်ထုကြီး တစ်ခုရှိနေလေသည်။ချောင်ဖုန်းတို့အဖွဲ့ရောက်လာတဲ့အခါ အများစုသည် မကြည်သောအကြည့်ဖြင့် ကြည့်နေကြလေသည်။
သူတို့အားလုံးသည် အလွန်ဝေးကွာသော နေရာမှ ရောက်ရှိလာကြပြီး အများစုမှာ မင်းညီမင်းသားများပင် ဖြစ်သည်။ရေခဲနဂါးမင်းဂိုဏ်းမှ အကြီးအကဲများသည် အစီအရင်တချို့ကို သုံးကာ သူတို့စွမ်းအင်များကို နိမ့်ကျသလို ဆောင်ရွက်ထားပြီး ဂိုဏ်းသားများအဖြစ်ပင် ဟန်ဆောင်ထားကြသည်။
ထို့အပြင် ထွက်ခွာလာသော ဂိုဏ်သားအားလုံးသည် ရေခဲနဂါးမင်းဝတ်စုံကို မဝတ်ဘဲ အပြင် ဝတ်စုံကိုသာ ဝတ်ထားလာခြင်းကြောင့်
တခြားဂိုဏ်းအဖွဲ့များသည် ချောင်ဖုန်းတို့အား အထင်သေးနေကြခြင်းဖြစ်သည်။
ထိုချိန်မှာ ဧရာမရုပ်ထုထဲမှ လူတစ်ယောက်ရဲ့ ဝိညဥ်စွမ်းအင်ကြီးသည် ပေါ်လာခဲ့ပြီး "မင်းတို့အားလုံး ရောက်လာကြပြီဆိုမှတော့ မသေမျိုးတောင်ထိပ်နယ်မြေရဲ့ အစီအရင်ကို ယာယီဖောက်ထွင်းပြီး စီးနင်းဖော်သားရဲများကို ကိုယ်တိုင်ရွေးချယ်ကြပါ " ဟု ပြောပြီး ရုပ်ထုအတွင်းသို့ ပြန်လည် ဝင်သွားသည်။
ထို့နောက် လေဟာနယ်တစ်ခုမှ ပန်းပွင့်သဏ္ဍာန်အစီအရင် စက်ဝိုင်းတစ်ခု ပေါ်လာခဲ့သည်။ထိုအခါ သိရှိသော လူများသည် ထိုအစီအရင်စက်ဝိုင်းအတွင်းသို့ ဝင်သွားကြလေသည်။
ချောင်ဖုန်းတို့သည် အထဲရောက်သွားတဲ့အခါ အစီအရင်များဖြင့်ဖြင့် ချုပ်နှောင်ထားသော အရောင်စုံစွမ်းအင်လုံးကြီးများ အတွင်းတွင် ဒဏ္ဍာရီလာသားရဲကောင်ကြီး များစွာကို တွေ့လိုက်ရသည်။ထိုအခါ အားလုံးသည် ထိုသားရဲကောင်ကြီးများကို ပိုင်ဆိုင်ချင်သွားကြလေသည်။
ထိုချိန်မှာ "အကိုဖုန့်ယို......နောက်ဆုံးတော့ မင်းငါ့ကို လာကယ်ပြီလား....."ဟု ဆိုသော ငိုသံတစ်ခုကို ရီချုံကြားလိုက်ရလေသည်။ထိုအခါ ရီချုံသည် "ဘယ်သူငါ့ကို စကားပြောနေတာလဲ " လို့ ပြောလိုက်သည်။
ရီချုံမေးလိုက်တဲ့အခါ "အကိုဖုန့်ယို.......မင်းငါ့ကို မတွေ့ဘူးလား"
ဆိုသော အသံကို ရီချုံသည် ထပ်မံကြားလိုက်ရသည်။
ချောင်ဖုန်းသည် ရီချုံမှ ထိုသို့ တစ်ခါမှ အဲ့လိုမဖြစ်ဘူးတဲ့ မေးမြန်းကြည့်တဲ့အခါ ရီချုံသည် တစ်စုံတစ်ယောက်မှ သူ့ကိုကယ်ဖို့ ပြောနေတဲ့အကြောင်း ပြောပြလိုက်သည်။
ထိုအခါချောင်ဖုန်းသည် "ရီချုံ.....ဒီနေရာမှာ ရှေးခေတ်ဒဏ္ဍာလာသားရဲကောင်တွေ ရှိနေတာဆိုတော့ မင်းရဲ့ မိတ်ဆွေဟောင်းဖြစ်နေမလား " ဟု ပြောလိုက်သည်။
ထိုအခါ ရီချုံသည် သူ့အတိတ်မှတ်ဥာဏ်ထဲတွင် သူသည် တစ်ကိုယ်တော် ဆိုးသွမ်းသောင်းကျန်းသော ကောင်းကင်နတ်ဆိုးနဂါးတစ်ကောင်ပင်ဖြစ်သည်။သူတွင် အဖော်လဲ မရှိသလို မိတ်ဆွေများလဲ မရှိတဲ့အတွက် မဖြစ်နိုင်ဘူး လို့ ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် "ဘာပဲဖြစ်ဖြစ် ငါတို့သူကို ရှာဖွေကြည့်ရတာပေါ့ " လို့ ပြောလိုက်တဲ့အခါ ရီချုံသည် သဘောတူလိုက်သည်။
ဒဏ္ဍာရီလာစီးနင်းဖော်သားရဲများ၏ စွမ်းအင်ကို မူတည်ပြီး အနိမ့်အလယ်အလတ်နဲ့ အမြင့်ဆိုပြီး ခွဲခြားထားတဲ့အတွက် အများစုသည် အလယ်အလတ်အဆင့်ရှိ စီးနင်းဖော်သားရဲကောင်များအား
သူတို့ရဲ့ စီးနင်းဖော်သားရဲဖြစ်ဖို့ ကြိုးစားနေလေသည်။
ရီချုံသည် အသံကြားရာဘက်ကို ချောင်ဖုန်းသည် ရီချုံညွှန်ပြသော နေရာကို သွားနေခဲ့သည်။ထိုအခါ အလယ်အလတ်အဆင့်ရှိ စီးနင်းဖော်သားရဲကို ပိုင်ဆိုင်ဖို့အတွက် ကြိုးစားနေသူများသည် ချောင်ဖုန်းကိုကြည့်ကာ "ဟားဟား....ဟိုကောင်က ကိုအဆင့်ကိုသိသားပဲ " ပြောလိုက်ပြီး လှောင်ပြောင်ကာ ရယ်နေလေသည်။
ထိုအခါ ရှောင်ရီနမ်သည် "ရန်ဝေ့.....မင်းပြောတော့ သူရဲ့အစွမ်းအစက အကြီးအကဲတွေထက်တောင် သာလွန်နိုင်တယ်ဆို
ခုဘာလို့ သူကအဆင့်နိမ့်စီးနင်ဖော်သားရဲတွေရှိ သွားနေရတာလဲ " ဟု ပြောလိုက်သည်။
ထိုအခါ ဝေ့ရန်ဆိုသောလူသည် "သခင်လေးရီနမ်........ရန်ဝေ့အဲ့တာတော့ မသိပါဘူး ၊ ဒါပေမယ့် သူရဲ့အစွမ်းအစကို ကျွန်တော်တို့ တစ်ဖွဲ့လုံး ကိုယ်တွေ့မြင်ဖူးတာပါ" ဟု ရိုရိုသေသေ ပြန်ပြောလိုက်သည်။
ထိုချိန်မှာ ချောင်ဖုန်းတို့အဖွဲ့တွင် ပါလာသော ဂိုဏ်းသားဟန်ဆောင်ထားသည့် အကြီးအကဲသည် စီးနင်းဖော်သားရဲများကို ရယူဖို့သာ အာရုံစိုက်ဖို့ ပြောလိုက်သည်။ထိုအခါ ရှောင်ရီနမ်တို့သည် ချောင်ဖုန်းကို ဂရုမစိုက်တော့ဘဲ အကြီးအကဲ နောက်ကိုသာ လိုက်သွားကြသည်။
ရီချုံသည် အစိမ်းရောင် ဝိညဥ်စွမ်းအင်လုံးထဲတွင် ရှိသောသားရဲကောင်အား "ငါ့ကိုခေါ်နေတာ မင်းလား......" ဟု မေးလိုက်သည်။
ထိုအခါ သူဘေးမှ သေးငယ်သော အကြည်ရောင် ဝိညဥ်စွမ်းအင်လုံးထဲ "အကိုဖုန့်ယို........မင်းကိုခေါ်နေတာငါပါ" ဟု ပြောလိုက်တဲ့အခါ ရီချုံသည် ဘေးမှ ဝိညဥ်စွမ်းအင်လုံးကို ကြည့်လိုက်သည်။