← Chapters

chapter(132)

Vol. 10 Ch. 132

chapter(132)

Vol. 10 Ch. 132

အသန့်စင်ဆုံးစနစ် အခန်း(132)

ရီချုံသည် ထိုဝိညဥ်စွမ်းလုံးထဲရှိ သားရဲကောင်အား "မင်းကဘယ်သူလဲ........နောက်ပြီး ငါ့ကို ဘာလို့ဖုန့်ယိုလိုခေါ်နေတာလဲ" ဟု ပြောလိုက်သည်။ထိုအခါ သားရဲကောင်သည် "အကိုဖုန့်ယို......ငါနာမည်က ရန်ယိုလေ......ငါတို့နှစ်ယောက်တူတူ နတ်ဆိုးသားရဲတွေကို အုပ်စိုးခဲ့တာကို မေ့သွားတာလား " ဟု ပြောလိုက်သည်။

ထိုအခါ ရီချုံသည် သူမှတ်ဥာဏ်တွေကို စစ်ဆေးကြည့်ပင်မယ့် လွန်ခဲ့သော နှစ်ပေါင်းများစွာက နတ်ဆိုးသားရဲများကို သူတစ်ယောက်ထဲသာ အုပ်ချုပ်သည်ဟု အမှတ်ရနေသောကြောင့် သားရဲကောင်ရဲ့ ပြောဆိုခြင်းကို ငြင်းဆိုလိုက်သည်။

ချောင်ဖုန်းသည် "ရီချုံ.......သူက တခြားသားရဲတွေနဲ့မတူဘဲ မင်းကိုတိုက်ရိုက်ဆက်သွယ်နိုင်တဲ့ အတွက် မင်းတို့နှစ်ယောက်ကြားမှာ ပက်သက်မှု တခုခု ရှိရမယ်လို့ ပြောလိုက်သည်။

ထိုချိန်မှာ သားရဲကောင်သည် "သောက်.......အဲ့တာ ဟိုအဖိုးစုတ်ကြီးကြောင့်ပဲ ၊ သူလှည့်စားမှုအောက်သာ မရောက်ခဲ့ရင် ငါတို့နှစ်ယောက် အလင်းတောင်တန်းရဲ့တောက်ပခြင်းခန်းမမှာ အေးဆေး နေနိုင်လောက်ပြီ " ဟု ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။

ထိုအခါ ရီချုံသည် အံ့အားသင့်သွားပြီး "မင်းက ဘယ်လိုလုပ်ပြီး အလင်းတောင်တန်းကို သိနေတာလဲ " ဟု မေးလိုက်သည်။ အလင်းတောင်တန်းသည် သူကိုယ်တိုင်တည်ထောင်ခဲ့တော့ ဂိုဏ်းတစ်ခုပင် ဖြစ်ပြီး တောက်ပခြင်းခန်းမကတော့ သူသီးသန့်နေထိုင်သော လို့ဝှက်အခန်းပင် ဖြစ်သည်။

ရီချုံသည် တောက်ပခြင်းခန်းမတွင် အဆင့်တက်နေစဥ်မှာ လူသားမျိုးနွယ် အဖိုးကြီးတစ်ယောက်သည် အလင်းတောင်တန်းကို လာရောက်ဖျက်ဆီးသွားခဲ့တာကြောင့် လိုက်လံသတ်ဖြတ်ရင်း လူသားတွေ နေထိုင်သော နယ်မြေကို စတင်ရောက်ရှိလာခဲ့သည်။

ထိုလိုနဲ့ ရီချုံသည် လူသားမျိူးနွယ်ရဲ့ ထာဝရတံခါးပိတ်ခြင်းအစီအရင် အောက်မှာ ရီချုံသည် ချုပ်နှောင်ခြင်းခံလိုက်ရပြီး သူ့ရဲ့စွမ်းအင်များကို ဖျက်စီးသွားခဲ့ခြင်းကိုသာ မှတ်မိနေခဲ့တဲ့အတွက် တောက်ပခြင်းခန်းမကို သိရှိနေသော သားရဲကောင်အား အံ့အားသင့်နေလေသည်။

ထိုချိန်မှာ သားရဲကောင်သည် သူ ချောင်ဖုန်းအား သူအား စီးနင်ဖော်အဖြစ် သွေးကျိန်စာ ချိတ်ဆိုဖို့ ပြောလိုက်သည်။ချောင်ဖုန်းသည် ထိုအခါမှသာ သားရဲကောင်ရဲ့ အသံကို ကြားရပြီး စီးနင်းဖော်သားရဲသည် တစ်ကောင်သာ ချိတ်ဆက်ခွင့်ရှိသည်ဟု သိထားသောကြောင့် "မဖြစ်နိုင်တော့ဘူး " ဟု ပြောကာ ငြင်းပယ်လိုက်သည်။

ရီချုံသည် သူစိတ်ထဲတွင် တစ်မျိူးဖြစ်နေတဲ့အတွက် "အကိုကြီး......မင်းသူနဲ့ ချိတ်ဆက်ကြည့်သင့်တယ် " ဟု ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် ချိတ်ဆက်မရလဲ ဘာပြသာနာမှ မရှိတဲ့ သူ့ရဲ့သွေးအားထုတ်ပေးလိုက်သည်။

ထိုအခါ သားရဲကောင်ကြီးသည် ပျော်ရွင်စွာနဲ့ "ဟားဟား.....နောက်ဆုံးတော့ ငါလွတ်လပ်ပြီကွ" ဟု ဝိညဥ်စွမ်းအင်လုံးထဲတွင် ပျော်မြူးကာ လှည့်ပတ်လိုက်ပြီး သူသွေးကို ထုတ်လိုက်ပြီး ချောင်ဖုန်းသွေးနဲ့ ထိစပ်လိုက်တဲ့ ဝိညဥ်စွမ်းအင်လုံးထဲမှ ချောင်ဖုန်း ခန္ဓာကိုယ်အတွင်းထဲသို့ ပြေးဝင်သွားလေသည်။

ထိုအခါ ရီချုံနဲ့ချောင်ဖုန်းသည် အံ့အားသင့်စရာ အကြောင်းအရာတစ်ခုဖြစ်ပေါ်သွားတဲ့ ချောင်ဖုန်းသည် "မင်းတို့နှစ်ယောက်က တစ်ယောက်ထဲလား....." ဟု ပြောလိုက်ပြီး ရီချုံသည် "ငါတို့ နှစ်ယောက်က တစ်ယောက်ထဲလား " ဟု ပြောလိုက်သည်။

ရီချုံသည် ယခုအခါမှ ခေါင်းတစ်လုံးအပိုထွက်လာပြီး ထိုခေါင်းကြီးသည် ရန်ယိုပင်ဖြစ်နေသောကြောင့် အံ့အားသင့်စွာ ဖြစ်သွားကြရသည်။ရန်ယိုသည်လည်း သူတို့သည် တစ်ကိုယ်တည်းဖြစ်နေလိမ့်မည်ဟု ထင်မထားချေ။

သူမှတ်ဥာဏ်ထဲတွင် ရီချုံဟုခေါ်သော မုန့်ယို ရှိနေသောကြောင့် အမွှာညီကိုတွေဟု ထင်နေခဲ့ပြီး ခေါင်းနှစ်လုံး နဂါးဖြစ်နေလိမ့်မည်လို့ မှတ်ဉာဏ်ထဲတွင် လုံးဝ မရှိပေ။ရန်ယိုသည် "အကိုမုန့်ယို......မင်းက သန့်စင်မီးတောက်ကို ပြန်ရနေပြီလား ၊ ငါ့အတွက်လဲ သန့်စင်ရေခဲကို ရှာပေးရမယ်နော် " ဟု ငိုမဲ့သော အသံဖြင့်ပြောလိုက်သည်။

ထို့နောက် ရန်ယိုသည် ချောင်ဖုန်းအား "သခင်......ခုချိန်က စပြီးမင်းရဲ့ရန်သူက ငါတို့ရန်သူဖြစ်သလို ငါတို့ရဲ့ရန်သူလဲ မင်းရဲ့ ရန်သူပဲနော် ဒါပေမယ့် ခုလက်ရှိငါစွမ်းအားက ဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်က လူတောင် ငါ့ကို အလွယ်လေးသတ်နိုင်တယ်" ဟု ဝမ်းနည်းတဲ့ ပုံဖြင့် ပြောလိုက်သည်။

ရီချုံသည် သူမှတ်ဥာဏ်ထဲတွင် လုံးဝပျောက်ဆုံးနေတဲ့အတွက် တစ်စုံတစ်ယောက်က တမင်သက်သက် လုပ်ကြံခြင်းကို သိလိုက်ရသည်။ထိုချိန်မှာ လူတစ်ယောက်သည် လေပေါ်သို့ တက်သွားပြီး

သူ့လက်ဖဝါးမှ ရေခဲဆူးချွန်စွမ်းအင်ကို ပုံဖော်လိုက်ပြီး ချောင်ဖုန်းအား တိုက်ခိုက်လိုက်သည်။

ချောင်ဖုန်းသည် ထိုနေရာမှ လျင်မြန်စွာ ရှောင်ရှားလိုက်ပြီး ထိုလူကို ကြည့်လိုက်သည်။ရန်ယိုသည် "သခင်.......ငါတို့ ထွက်တိုက်ရမလား" ဟု ပြောလိုက်တဲ့အခါ ချောင်ဖုန်းသည် ငြင်းလိုက်ပြီး "မလိုသေးဘူး...." ဟု ပြောလိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် ထိုလူရဲ့နားကို လျှပ်တစ်ပြတ်ရောက်သွားပြီး လည်ပင်းကို ကိုင်မြှောက်ကာ "မင်းကဘာလို့ ငါ့ကို အကြောင်းမဲ့သက်သက် တိုက်ခိုက်ရတာလဲ " ဟု မေးလိုက်သည်။

ထိုချိန်မှာ နောက်မှ မီးတောက် ဓားချီအလင်းတန်းများ ရောက်ရှိလာတဲ့အတွက် ချောင်ဖုန်းသည် လည်ပင်းကိုင်မြှောက်ခံထားရသည့် သူတို့လူကို ဓားစာခံခိုင်းလိုက်သည်။

ထိုအခါ ဓားများကိုင်ဆောင်ထားသော အဖွဲ့သည် "ငါတို့က ငရဲမီးတောက်ဂိုဏ်းက လူတွေပဲ မင်းက ပြန်ခုံခံတယ်ဆိုတော့ သေချင်လို့လား " ဟု ပြောလိုက်သည်။

ထိုအခါ ကြားလိုက်ရသော ဘေးနားမှ ဂိုဏ်းအသီးသီးသည် နောက်ဆုတ်သွားကြပြီး ချောင်ဖုန်းအား "အဲ့ကောင်လေးက သေချင်နေတာလား ဘယ်လိုလုပ်ပြီး ပြိုင်စံရှား ငါးဂိုဏ်းထဲက တစ်ဂိုဏ်းဖြစ်တဲ့ ငရဲမီးတောက်ဂိုဏ်းကို သွားရန်စရဲတာလဲ " လို့ပြောလိုက်သည်။

ချောင်ဖုန်းသည် သေသွားသော သူတို့လူအား ပြန်ပစ်ပေးလိုက်ပြီး "မင်းတို့ဘာသာ ဘယ်ဂိုဏ်းက ဖြစ်ဖြစ် ငါကိုထိခိုက်အောင် လုပ်မယ်ဆိုရင်တော့ မင်းတို့အားလုံးကို ငါအလွတ်ပေးမှာ မဟုတ်ဘူး " လို့ ပြောလိုက်သည်။

ထိုချိန်မှာ ရေခဲနဂါးမင်းဂိုဏ်းထဲမှ ဂိုဏ်းသားဟန်ဆောင်ထားသော အကြီးအကဲရောက်ရှိလာကာ ငရဲမီးတောက်ဂိုဏ်းမှ လူအား တောင်းပန်ကာ ချောင်ဖုန်းအား အတင်းဆွဲခေါ်ဖို့ လုပ်လေသည်။

သို့သော် ငရဲမီးတောက်ဂိုဏ်းမှ သွမ်ယွင်လွေ့ဆိုသောသူသည် "လွယ်လွယ်တောင်းပန်ပြီ ထွက်သွားဖို့ ပြင်နေကြတာလား "ဟု ပြောပြီး နတ်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေးအရှိန်အဝါကို ထုတ်လိုက်ပြီး "ငရဲမီးတောက်၏ ပထမအဆင့်လောင်ကျွမ်းခြင်း" လို့ အော်ပြောပြီး သူ့၏ ကျင့်စဥ်ကို ပုံဖော်လိုက်သည်။

ချောင်ဖုန်းသည် ငရဲမီးတောက်ဂိုဏ်းသည် သားရဲမီးတောက်များနဲ့ပေါင်းစပ်ပြီး ကျင့်ကြံသော ဂိုဏ်းတစ်ခုဆိုတာ သိသွားခဲ့သည်။

ထိုအခါ မီးတောက်များစွာသည် သွမ်ယွင်လွေ့အနားမှ ချောင်ဖုန်းရှိကို စက္ကန့်ပိုင်းအတွင်း ရောက်ရှိသွားလေသည်။ချောင်ဖုန်းသည် ရေခဲနဂါးမင်းဂိုဏ်းမှ အကြီးအကဲအား ထွက်သွားစေလိုက်ပြီး သူတစ်ယောက်ထဲပြသာနာကို ဖြေရှင်းပြောလိုက်သည်။

ငရဲမီးတောက်စွမ်းအင်များသည် ချောင်ဖုန်းရဲ့ ရှေ့ကို ရောက်တဲ့ချောင်ဖုန်းသည် သဘာဝမီးတောက်စွမ်းအားဖြင့် အလွယ်တကူဖယ်ရှားပစ်လိုက်သည်။ထိုအခါ သွမ်ယွမ်လွေ့သည် "မဖြစ်နိုင်တာ......ဒီကောင်က တိုက်ခိုက်ရေးစွမ်းအားတောင်မထုတ်ဘဲ ဘယ်လိုလုပ်ပြီး ငါရဲ့မီးတောက်တွေကို အလွယ်တကူ ဖယ်ရှားနိုင်ရတာလဲ " လို့ ရေရွတ်လိုက်သည်။

သွမ်ယွင်လွေ့နောက်မှ အကြီးအကဲထောင်လီသည် "သခင်လေး.....မင်းဘာလို့အချိန်ဆွဲနေတာလဲ ငါကိုယ်တိုင် အဲ့ကောင်လေးကို တစ်စစီဆွဲဖြဲပြီး မင်းဆီခေါ်လာခဲ့မယ် " လို့ ပြောကာ သူရဲ့ နတ်နယ်ပယ်အထွဋ်အထိပ်စွမ်းအား အရှိန်အဝါနဲ့အတူ လေပေါ်သို့ ခုန်တက်လိုက်သည်။

ထောင်လီသည် သူရဲ့စွမ်းအားများကို စုစည်းကာ "ငရဲမီးတောက်ရဲ့ အဋ္ဌမအဆင့် မီးတောက်များထိုးဖောက်ခြင်း " ဟု ပြောလိုက်တဲ့အခါ မီးတောက်များသည် သေးငယ်သော ဓားချွန်ပုံစံအဖြစ်​ ချောင်ဖုန်းရှေ့ကို ရောက်ရှိသွားကြလေသည်။

ချောင်ဖုန်းသည် " စိတ်ဝင်စားစရာပဲ ......." လို့ပြောကာ သဘာဝမီးတောက်များကို သူ့လက်ဖဝါးတွင် ထုတ်လိုက်ပြီး သူ့နားရောက်လာသော ဓားချွန်များကို အလွယ်တကူ ဖျက်စီးလိုက်သည်။

ချောင်ဖုန်း၏ သဘာဝမီးတောက်ကို တွေ့တဲ့အခါ သွမ်ယွမ်လွေ့တို့ဂိုဏ်းတင် မကပဲ ကြည့်နေတဲ့ ဂိုဏ်းများစွာသည် သဘာဝမီးတောက်အား လိုချင်တပ်မက်မှုများ ဖြစ်ပေါ်လာလေသည်။သဘာဝမီးတောက်ကို တွေ့တဲ့အခါ သွမ်ယွမ်လွေ့သည် ကျန်ရှိသော အကြီးအကဲတွေပါ ချောင်ဖုန်းကို တိုက်ခိုက်ခိုင်းလိုက်သည်။

ချောင်ဖုန်းသည် သူလက်များကို လှုပ်ရှားလိုက်ပြီး "သဘာဝမီးတောက်ရဲ့ အဋ္ဌမအဆင့် ထိုးဖောက်ခြင်း " လို့ ရေရွတ်လိုက်တဲ့အခါ အပြာနုရောင်သဘာဝမီးတောက်များသည် ဓားချွန်များအဖြစ်ပြောင်းလဲသွားပြီး ချောင်ဖုန်းသည် သူ့လက်ဖဝါးများကို ဆုပ်လိုက်တာနဲ့ ဓားချွန်များစွာ ထောင်လီအား ထိုးဖောက်သွားကြလေသည်။

ထိုအခါ စနစ်မှ "ဂုဏ်ယူပါတယ် ......စနစ်ရှင်သည် သန့်စင်ခွင်ငါးကြိမ်အား ထပ်မံရရှိသွားပြီး ​သန့်စင်ခြင်းအဆင့်ကို အလိုအလျောက် မြှင့်တင်သွားပါပြီ " ဟုသော အသံသည် ထွက်ပေါ်လာလေသည်။

သဘာဝမီးတောက်ကို လိုချင်နေသောလူများသည် ထောင်လီရဲ့အဖြစ်ကို ကြည့်ကာ တံတွေးများပင် မျိုချလိုက်ရပြီး ဆက်လက် မကြည့်ရဲတော့ဘဲ ထွက်ခွာသွားကြလေသည်။

ထောင်လီသည် နတ်နယ်ပယ်အထွဋ်အထိပ်ရောက်နေတာတောင် သဘာဝမီးတောက်ရဲ့ စွမ်းအင်အောက်မှာ သေဆုံးသွားခဲ့ပြီး ထောင်လီ၏ စုန့်ဝိညဥ်စွမ်းအင်ကို ချောင်ဖုန်းသည် လျင်မြန်စွာ ဖမ်းဆီးထားလိုက်သည်။

All Chapters