Chapter(133)
Vol. 10 Ch. 133
အသန့်စင်ဆုံးစနစ် အခန်း(133)
ချောင်ဖုန်းသည် ထိုချိန်မှာ စိတ်ထဲကပင် "သဘာဝမီးတောက်ရဲ့ ကျင့်စဥ်ကို သန့်စင်မယ် " လို့ ပြောလိုက်တဲ့အခါ စနစ်မှ "ဂုဏ်ယူပါတယ် သဘာဝမီးတောက်ရဲ့ကျင့်စဥ် အားလုံးကို အနိူင်းမဲ့အဆင့်ထိမြှင့်တင်ပြီးပါပြီး ၊ ထိုအတွက် သန့်စင်ခွင်အကြိမ်ရေ ငါးဆယ်ကို နူတ်ယူပြီးပါပြီ " ဟု သော အသံကို ချောင်ဖုန်းသည် ကြားလိုက်ရသည်။
ထိုအခါ မီးတောက်နဲ့ပက်သက်သည့် တိုက်ခိုက်ခြင်းကျင့်စဥ် ၊ ကာကွယ်ခြင်းကျင့်စဥ် ၊ သန့်စင်ခြင်းကျင့်စဥ်များစွာသည် ချောင်ဖုန်းရဲ့ မှတ်ဉာဏ်အတွင်းသို့ တလဟောစီးဆင်းလာလေသည်။
ချောင်ဖုန်းသည် သန့်စင်ခွင့်အကြိမ်ငါးဆယ်သည် တစ်ပြိုင်နက်ကုန်ဆုံးသွားတဲ့အခါ သွေးတက်မလိုပင်ဖြစ်သွားပြီး "ဒီသန့်စင်ခြင်းက သန့်စင်ခွင့် အကြိမ်များစွာကုန်ဆုံးရုံပင်မယ့် အကျိုးရလာဒ်က တော်တော်အဖိုးတန်တာပဲ" ဟု ရယ်မောလိုက်သည်။
ထိုချိန်မှာ တိုက်ခိုက်ဖို့ ရှေ့တိုးလာသော နတ်နယ်ပယ်အလယ်အလတ်အဆင့်ရှိသော အကြီးအကဲများသည် ထောသ်လီသေဆုံးသွားတာကြောင့် ကြောက်လန့်သွားပြီး နောက်သို့ ပြန်ဆုတ်သွားကြလေသည်။သွမ်ယွမ်လွေ့သည် "မင်းကဘယ်သူလဲ......ဘယ်လိုလုပ်ပြီး ငါတို့ဂိုဏ်းရဲ့ အထွပ်အမြတ်ကျင့်စဥ်ကို တက်နေရတာလဲ " ဟု မေးလိုက်သည်။
ချောင်ဖုန်းသည် "ငါကမင်းတို့ဂိုဏ်းရဲ့ ဘိုးဘေးလေ ၊ ကိုယ့်ဘိုးဘေးကို ပြန်တိုက်ခိုက်တဲ့ မင်းတို့အားလုံး သေသင့်တယ် " ဟု တည်ငြိမ်စွာနဲ့ ပြောလိုက်သည်။ထိုအခါ သွမ်ယွမ်လွေ့သည် သူအဖေပြောဖူးတာကို အမှတ်ရသွားလေသည်။
ငရဲမီးတောက်ဂိုဏ်းမှ ဘိုးဘေးသည် သဘာဝမီးတောက်ပိုင်ဆိုင်ထားတဲ့အပြင် ရုပ်ပြောင်းရုပ်လွဲကျင့်စဥ်ကို တက်မြောက်ထားတဲ့အတွက် နေရာအနှံမှာ ပညာအစုံကို လိုက်လံလေ့လာနေတဲ့အကြောင်း သူ့ကို ပြောပြဖူးတဲ့အတွက် သွမ်ယွမ်လွေ့သည် ချောင်ဖုန်းအား သူတို့ရဲ့ ဘိုးဘေးလို့ ထင်သွားလေသည်။
ကျန်ရှိနေသေးသော အကြီးအကဲတွေသည် "သခင်လေး.......သူက ဘိုးဘေး မဟုတ်ရင်တောင် သူ့မှာ သဘာဝမီးတောက်ရှိတဲ့အတွက် ငါတို့သူ့ကို ရန်ထပ်မစရင် ကောင်းမယ် " ဟု ပြောလိုက်တဲ့အခါ သွမ်ယွမ်လွေ့သည် အစီအရင်စာရွက်တစ်ခုသုံးပြီး ထိုနေရာမှ အဖွဲ့လိုက်ပျောက်ကွယ်သွားပါတော့သည်။
ချောင်ဖုန်းသည် ထောင်လီရဲ့ သိုလှောင်ကွင်းလက်စွပ်ထဲရှိ အရာကို သူ့သိုလှောင်ကွင်းထဲသို့ ပြောင်းရွေ့လိုက်ပြီး ခန္ဓာကိုယ်အား သိုလှောင်ကွင်းထဲသို့ ထည့်သိမ်းထားလိုက်သည်။
ထို့နောက် ချောင်ဖုန်းသည် "မဆိုးဘူး ငါသခင်အဆင့်ရုပ်သေးရုပ်ကို ဖန်တီးနိုင်လောက်မယ် " ဟု ပြောလိုက်ပြီး ရှောင်ရီနမ်အဖွဲ့နောက်ကို လျင်မြန်သော အရှိန်နှုန်းဖြင့် ပျံသန်းကာ သွားလိုက်သည်။
ရှောင်ရီနမ်တို့သည် ဒဏ္ဍာရီလာသားရဲကောင်များအား စီးနင်းဖော်သားရဲအဖြစ် ချိတ်ဆိုမှု ပြုလုပ်နေတာကို မြင်လိုက်ရသည်။ရှောင်ရီနမ်သည် ဒဏ္ဍာရီလာအဆင့် မြွေပျံသားရဲကောင်ကို ချိတ်ဆိုမှု ပြုလုပ်နိုင်သွားတဲ့အခါ ဝမ်းသာသွားလေသည်။
ရှောင်ရီနမ်သည် ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်ရောက်ရှိနေပင်မယ့် ဒဏ္ဍာရီလာမြွေပျံသားရဲကို စီးနင်းဖော်သားရဲ အဖြစ် ချိတ်ဆိုရာတွင် ကိုယ်ပိုင်စွမ်းရည်ဖြင့် ချိတ်ဆိုနိုင်ခဲ့တာ မဟုတ်ဘဲ နတ်နယ်ပယ်အထွဋ်အထိပ်အကြီးအကဲ၏ ကူညီဖေးမမှုကြောင့်သာ ချိတ်ဆိုမှု ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုချိန်မှာ ဂိုဏ်းသား ဟန်ဆောင်ထားသော အကြီးအကဲများသည် ဝတ်ရုံနီဂိုဏ်းရဲ့ လူများ ကျရောက်လာတဲ့အတွက် အချင်းချင်း ဆက်သွယ်လိုက်ကြပြီး တိုက်ခိုက်ဖို့ အဆင်သင့် ပြင်ခိုင်းလိုက်သည်။
နတ်နယ်ပယ်အထွဋ်အထိပ်အဆင့် တိုက်ခိုက်ရေးဆယ်ယောက်သည် ချောင်ဖုန်းတို့ အနီးအနားကို တဖြည်းဖြည်းရောက်ရှိလာလေသည်။ထိုအဖွဲ့သည် ဝိညဥ်သားရဲများကို လိုက်ကြည့်လိုက်ပြီး "မဟုတ်ဘူး......မဟုတ်သေးဘူး " ဟု ပြောကာ တစ်စုံတစ်ရာကို လိုက်လံ ရှာဖွေနေလေသည်။
ထိုချိန်မှာ ရှောင်ရီနမ်သည် သူ့ရဲ့ မြွေပျံသားရဲကောင် ကို ပွတ်သပ်နေချိန်မှာ နတ်နတ်ယ်ပယ်အထွဋ်အထိပ်အဆင့်ရ ကိုယ်ပိုင်လက်သီးစွမ်းအင်သည် သူရှိသို့ ရောက်လာတဲ့အခါ အကြီးအကဲသုံးယောက်ထဲမှ တစ်ယောက်သည် သူရဲ့ကိုယ်ပိုင်လက်သီးဖြင့် တစ်ဖက်လူ၏ တိုက်ခိုက်မှု ကို တုံပြန်လိုက်လေသည်။
တိုက်ခိုက်လိုက်သောသူသည် သူရဲ့နတ်နယ်ပယ်အထွဋ်အထိပ်အဆင့် အရှိန်အဝါအား ထုတ်လွှင့်လိုက်ပြီး "မင်းတို့အသက်မသေချင်ရင် ငါရဲ့မြွေပျံနဲ့ သွေးချုပ်ဆိုမှုကို ဖျက်စီးပစ်ပြီး ငါ့ကိုပြန်ပေးပါ "ဟု ခြိမ်းခြောက်၍ ပြောလိုက်သည်။
ထိုချိန်မှာပဲ နတ်နယ်ပယ်အထွဋ်အထိပ်အဆင့်တိုက်ခိုက်ရေးသမား ကိုးယောက်သည် လေပေါ်မှ လျင်မြန်စွာ ရောက်ရှိလာပြီး
ယောင်ယန်လို့ခေါ်သော တစ်ယောက်သည် "မင်းကိုပြောနေတာ မကြားဘူးလား ကောင်စုတ်လေး......." ဟု ပြောလိုက်ပြီး သူရဲ့ဓားကို ရေခဲဝိညဥ်စွမ်းအင်အသက်သွင်းကာ ဓားချက်ပေါင်းများစွာဖြင့် ခုတ်ချလိုက်တဲ့အခါ ဓားချီအလင်းတန်းများစွာသည် ချက်ချင်းကျရောက်လာလေသည်။
ထိုအခါ အကြီးအကဲ သုံးယောက်သည် ရှောင်ရီနမ်အား နောက်ဆုတ်ခိုင်းလိုက်ပြီး ယောင်ယန်၏ ဓားချက်များကို ခုခံလိုက်သည်။ထိုချိန်မှာပဲ ရေခဲနဂါးမင်းဂိုဏ်း၏ အဖွဲ့တစ်ဖွဲ့သည် အကြဝတ်ရုံနီဂိုဏ်းမှ လူများကို တွေ့ရှိပြီဖြစ်တဲ့အတွက် အကြီးအကဲအားလုံးအား ထိုနေရာကို လျင်မြန်စွာလာဖို့ ပြောလိုက်သည်။
ထိုအခါ အကြီးအကဲသုံးယောက်သည် ဒီမှာလဲ အမည်မသိဂိုဏ်းကို ရင်ဆိုင်နေရတဲ့အတွက် အခက်တွေ့နေလေသည်။ထိုချိန်မှာ ရှောင်ရီနမ်သည် သူကြောင့် အားလုံး ဒုက္ခရောက်မည်စိုး၍ စီးနင်းဖော်သားရဲအား သွေးချိတ်ဆိုမှု ဖျက်စီးပြီး မြွေပျံကိုသာ ပေးဖို့ ဆုံးဖြတ်လိုက်သည်။
ထိုချိန်မှာ ဝတ်ရုံနက်ဖြင့် လူလေးယောက်သည် ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ယောင်ယင်တို့ အဖွဲ့အားတိုက်ခိုက်လိုက်သည်။ချောင်ဖုန်းသည် ကိုယ်ပွားများကို တိုက်ခိုက်ဖို့ စေလွှတ်လိုက်ပြီး တချိန်ထဲမှာပဲ ယန်အစီအရင်ကို ထုတ်ကာ လက်ချောင်းများကို လှုပ်ရှားပြီး ဖွဲ့စည်းပုံအစီအရင်အား အသက်သွင်းနေခဲ့သည်။
ယောင်ယန်သည် သူတို့အား တိုက်ခိုက်လာတဲ့အခါ ဒေါသထွက်သွားပြီး "ရေခဲသူတော်စင်ဂိုဏ်းက လူတွေကို တိုက်ခိုက်ရဲတဲ့အတွက် မင်းတို့အားလုံး သေရမယ် " လို့ ပြောပြီး တိုက်ခိုက်မယ့်အချိန်တွင် သူတို့ခေါင်းဆောင်ဖြစ်သော ထန်ဖေကျစ်သည် ယောင်ယန်ကို တားလိုက်ပြီး "ကိစ္စရှိလာတဲ့အတွက် မင်းတို့အားလုံးကံကောင်းသွားတယ် မှတ်ပါ " ဟု ပြောကာ အဖွဲ့လိုက် ပျံသန်းထွက်ခွာသွားလေသည်။
ချောင်ဖုန်းသည် ပြသာနာများမရှိတဲ့အခါ ကိုယ်ပွားများကို ပြန်ဖျောက်သိမ်းလိုက်ပြီး ရှောင်ရီနမ်တို့ အဖွဲ့ရှိသို့ သွားလိုက်သည်။ထိုအခါ အကြီးအကဲသုံးယောက်သည် သူ့တို့နောက်ကို အမြန်လိုက်ခဲ့ဖို့ နေရာ တစ်ခုသို့ ခေါ်သွားလေသည်။
ချောင်ဖုန်းတို့ရောက်ရှိတဲ့အခါ ခုနကမှ တွေ့လိုက်ရသော ရေခဲသူတောင်စင်ဂိုဏ်းမှ လူဆယ်ယောက်နဲ့အတူ သူ့အဖွဲ့ဝင်များသည် ဝတ်ရုံနီဂိုဏ်းက လူများကို တိုက်ခိုက်နေတာကို တွေ့လိုက်ရသည်။
ထိုချိန်မှာပဲ လေဟာနယ်ကြီးသည် အက်ကွဲကြောင်းရာဖြစ်ပေါ်လာပြီး ထိုအက်ကွဲကြောင်းရာထဲမှ ဝတ်ရုံနီဂိုဏ်းမှ ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားနဲ့ အဆင့်ခုနှစ် နတ်ဆိုသားရဲကြီးများ ထွက်ပေါ်လာလေသည်။
ထိုအခါ ရေခဲသူတော်စင်ဂိုဏ်းမှ နတ်နယ်ပယ်အဆင့်တိုက်ခိုက်သူများသည် ချက်ချင်းပဲ အင်အားနိမ့်ကျသွားပြီးနောက် ထန်ဖေကျစ်သည် "နတ်ဆိုးများကို သတ်ဖြတ်ခြင်းအစီအရင်ကို ပုံဖော်ကြ " ဟု ပြောလိုက်သည်။
ထိုအခါ ရေခဲသူတော်စင်ဂိုဏ်းမှ နတ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမား အားလုံးသည် သူတို့ရဲ့ဓားများကို ရေခဲဝိညဥ်စွမ်းအင်အသက်သွင်းလိုက်ပြီး လေပေါ်သို့ ပစ်တင်လိုက်သည်။
ထို့နောက် သူတို့ရဲ့ လက်ချောင်းများကို ကစားလိုက်တဲ့အခါ သူတို့အားလုံးရဲ့ အပေါ်မှ ဧရာမရေခဲပွင့်ပုံစံ အစီအရင်စက်ဝိုင်းကြီးတစ်ခုပေါ်ထွက်လာပြီး ရေခဲဆူးချွန်ပေါင်းများစွာသည် ထိုအစီအရင်စက်ဝိုင်းထဲမှ အဆင်မပြတ်ကျလာတဲ့အခါ ဝတ်ရုံနီဂိုဏ်းမှတိုက်ခိုက်သူအများအပြားသည် ဒဏ်ရာအပြင်းအထန်ရရှိသွားသည်။
ထိုချိန်မှာ ဝတ်ရုံနီဂိုဏ်းမှ ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံသူသည်
"မင်းတို့အားလုံးသွားသေလိုက်တော့ " လို့ ပြောလိုက်ပြီး သူစွမ်းအားအရှိန်အဝါကို ထုတ်လိုက်ပြီး ရေခဲသူတော်စင်ဂိုဏ်းမှ ထန်
ဖေကျစ်နားကို လျှပ်စီးတစ်ဖွယ်ရောက်ရှိသွားပြီး တစ်ချက်ထဲနဲ့ တိုက်ခိုက်လိုက်တဲ့အခါ ထန်ဖေကျစ်သည် သွေးများစွာပင် အန်လိုက်ရပြီး မေ့မြောသွားသည်။
ထိုအခါ ရေခဲသူတောင်စင်ဂိုဏ်းမှ လူများသည် ထန်ဖေကျစ်လို့ ဖြစ်မည်ဆိုး၍ အစီအရင်ကို ရပ်တန့်တော့မည်ချိန်မှာ ချောင်ဖုန်းသည် ဝတ်ရုံနက်အား ဝတ်ဆင်လိုက်ပြီး ရှောက်ရီနမ်တို့နောက်မှ ဝတ်ရုံနီဂိုဏ်းရဲ့ ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားရှေ့ကို လျှပ်တစ်ပြတ် ရောက်သွားပြီး "မင်းတို့အားလုံး အစီအရင်ကို မရပ်တန့်လိုက်နဲ့ ကျန်တာ ငါ့တာဝန်ထားလိုက် "လို့ ပြောလိုက်သည်။
ထိုအခါ ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားသည် "ဟားဟားဟား........မင်းကဘာအဆင့်ရှိလို့ အဲ့လိုစကားမျိူး ပြောရဲတာလဲ ငါသိချင်သေးတယ်လို့ " ပြောကာ သူရပ်နေသော အနားမှ ပျောက်ကွယ်သွားပြီး ချောင်ဖုန်းနားကို လျှပ်တစ်ပြက်အတွင်း ရောက်သွားပြီး တိုက်ခိုက်လိုက်သည်။
သို့သော် ချောင်ဖုန်းသည် ထိုလိုဖြစ်မှာ ကြိုသိထားတဲ့ နတ်ဆိုးတစ္ဆေစွမ်းအားအရှိန်အဝါကို ထုတ်လွင့်လိုက်တဲ့အခါ ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံသူသည် နောက်သို့ လျင်မြန်စွာ ပြန်ဆုတ်လိုက်ပြီး "မင်း......မင်းမှာ ဘယ်လိုလုပ်ပြီး နတ်ဆိုးတစ္ဆေအရှိန်အဝါ စွမ်းအားမျိုး ရှိနေရတာလဲ " ဟု ပြောလိုက်သည်။
ထိုဝိညဥ်နယ်ပယ်အစောပိုင်းအဆင့် တိုက်ခိုက်ရေးသမားသည် တစ်စုံတစ်ရာ မှတ်မိသွားပြီး "မဟုတ်မှလွဲရော မင်းက ငါတို့ဝတ်ရုံနီဂိုဏ်းရဲ့ လူတွေကို လိုက်လံသတ်ဖြတ်နေတဲ့ ကောင်စုတ်လား......" ဟု မေးလိုက်သည်။