← Chapters

chapter(134)

Vol. 10 Ch. 134

chapter(134)

Vol. 10 Ch. 134

အသန့်စင်ဆုံးစနစ် အခန်း(134)

ထိုအခါ ချောင်ဖုန်းသည် "မထင်ထားမိဘူး........ဝတ်ရုံနီဂိုဏ်းက ငါ့ကိုသိနေတာလား......." ဟု ပြောလိုက်သည်။ထိုအခါ ဝတ်ရုံနီဂိုဏ်းမှ လူသည် သူ့ခေါင်းဆောင်အား ချောင်ဖုန်းကို သတ်ဖြတ်မယ်ဟု ကြွားဝါခဲ့သော်လည်း လက်ရှိအခါမှာ သတ်ဖြတ်ခြင်းအရှိန်အဝါ တစ်ခုဖြစ်သော နတ်ဆိုးတစ္ဆေအရှိန်အဝါ စွမ်းအင်ကြောင့် ချောင်ဖုန်းကို အနီးကပ် သတ်ဖြတ်လို့ မရကြောင်းသိလိုက်ရသည်။

ချောင်ဖုန်းသည် နတ်ဆိုးတစ္ဆေစွမ်းအား အရှိန်အဝါကို ထုတ်လွင့်လိုက်တဲ့အခါ ဝူရှို့သည် "အဲ့တာသူလား......"ဟု ပြောကာ ချောင်ဖုန်းကို လှည့်ကြည့်လိုက်တဲ့အခါ ချောင်ဖုန်းရဲ့ ကိုယ်ပွားသည် သူတို့နောက်တွင် ရှိနေသောကြောင့် "ငါ သူ့ကို အထင်ကြီးမိသွားတာပဲ " ဟု ရေရွတ်လိုက်သည်။

ထိုချိန်မှာ ချောင်ဖုန်းသည် သဘာဝမီးတောက်ဖြစ်သော အပြာနုရောင်မီးတောက်ကို လက်ဖဝါးမှ ထုတ်လိုက်တဲ့အခါ ဝတ်ရုံနီဂိုဏ်းမှ ဝိညဥ်နယ်ပယ်အဆင့် ရောက်ရှိနေသော ရွယ်ကဲမင်သည် "သေစမ်း........ ဒီကောင်မှာ ဘယ်လိုလုပ်ပြီး သဘာဝမီးတောက်က ရှိနေရတာလဲ " ဟု ရေရွတ်လိုက်သည်။

ထိုချိန်မှာ ငရဲမီးတောက်ဂိုဏ်းမှ လူတွေလည်း ရှိနေတဲ့အတွက် သဘာဝမီးတောက်ကို တွေ့တဲ့အခါ သွမ်ယွမ်လွေ့သည် ချောင်ဖုန်းရဲ့ စွမ်းအားအရှိန်အဝါကို ကြည့်ပြီး "အကြီးအကဲတို့ သူက ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးအစစ်အမှန်ထင်တယ် " ဟု ပြောလိုက်သည်။

ထိုအခါ ငရဲမီးတောက်ဂိုဏ်းတွင် ဘိုးဘေးတစ်ဦးသာ တက်မြောက်ခဲ့သည့် မီးတောက်ဝါးမျိုခြင်းကျင့်စဥ်သည် ငရဲမီးတောက်ဂိုဏ်းတွင်

အလွန်ပင်နာမည်ကြီးပြီး ဂိုဏ်းချုပ်များသာ ကျင့်ကြံခွင့်ရှိသည့် ကျင့်စဥ်မျိုးရှိလေသည်။

ငရဲမီးတောက်ဂိုဏ်းမှ အကြီးအကဲသည် သွမ်ယွမ်လွေ့အား "သခင်လေး.......သူသာ ဘိုးဘေးစစ်မှန်တယ်ဆိုရင် ငါတို့ဂိုဏ်းရဲ့ကြောက်စရာကောင်းတဲ့ မီးတောက်ဝါးမျိုခြင်း ကျင့်စဥ်ကို အသုံးပြုလိမ့်မယ်" ဟု ပြောလိုက်သည်။

ထိုအခါ အခြားအကြီးအကဲများနဲ့ သွမ်ယွမ်လွေ့သည် ထိုအကြီးအကဲပြောတာကို သဘောတူလိုက်သည်။ချောင်ဖုန်းသည် မီးတောက်များရဲ့ ကျင့်စဥ်ထဲတွင် စွမ်းအား အနိမ့်ဆုံးဖြစ်သော မီးတောက်ဝါးမျိုခြင်း ကျင့်စဥ်ဖြင့် စမ်းတိုက်ခိုက်ဖို့ မီးတောက်များကို ထိန်းချုပ်လိုက်သည်။

ချောင်ဖုန်းသည် မီးတောက်ဝါးမျိုခြင်းကျင့်စဥ်ကို အသုံးပြုလိုက်တဲ့အခါ မီးတောက်များသည် ချောင်ဖုန်းလက်မှ ခွဲဖြာထွက်သွားပြီး လူပုံသဏ္ဍာန်အယူဆောင်ထားသော မီးတောက်ကြီး အဖြစ်သို့ ပြောင်းလဲသွားလေသည်။

ထိုအခါ ငရဲမီးတောက်ဂိုဏ်းမှ အကြီးအကဲတချို့သည် "အဲ့တာ တကယ်ပဲ......မီးတောက်ဝါးမျိုခြင်းကျင့်စဥ်ပဲ သူက ငါတို့ဂိုဏ်းရဲ့ ဘိုးဘေးအစစ်အမှန်တစ်ယောက်ပေါ့ " လို့ ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်ကြသည်။

ချောင်ဖုန်းသည် သူ့ညာဘက် လက်ချောင်းများကို လှုပ်ရှားလိုက်တာနဲ့ လူသဏ္ဍာန် အပြာနုရောင်မီးတောက်ကြီးသည် ရွယ်ကဲမင် ဆီသို့ တရှိန်ထိုး ပြေးဝင်သွားလေသည်။ရွယ်ကဲမင်သည် သဘာဝမီးတောက်သည် သူရှိသို့ ပြေးဝင်လာသောအခါ အသွားများစွာပါသည့်ဆူးချွန်ဓားကို ထုတ်လိုက်ပြီး သဘာဝမီးတောက်ရှိသို့ ပစ်သွင်းလိုက်သည်။

သဘာဝမီးတောက်နဲ့ ရွယ်ကဲမင်ရဲ့ ဓား ထိပ်တိုက်တွေ့ဆုံချိန်မှာ ရွယ်ကဲမင်သည် လေဟာနယ်အက်ကွဲကြောင်းမှ ထွက်ပြေးဖို့ ကြံလိုက်ချိန်မှာ သူရဲ့ခန္ဓာကိုယ်သည် ရုတ်တရက် ရပ်တန့်သွားတဲ့အခါ သူရဲ့အတွေးထဲတွင် ကြောက်လန့်စရာကောင်းသော အတွေးပေါင်းစုံဝင်လာလေသည်"

ထိုအခါ ချောင်ဖုန်းသည် ဝါးမျိူးခြင်းမီးတောက်စွမ်းအင်ကို တိုးမြှင့်လိုက်တဲ့အခါမှတော့ ရွယ်ကဲမင်ရဲ့ဓားသည် အောက်သို့ ပြုတ်ကျသွားလေသည်။

လူသဏ္ဍာန်မီးတောက်ကြီးသည် သူရှိသို့ တရှိန်ထိုး ရောက်ရှိလာတဲ့အတွက် လှုပ်ရှား၍ မရဖြစ်နေတဲ့ ရွယ်ကဲမင်သည် သူ့ခန္ဓာကိုယ်အား ဖောက်ခွဲ၍ ကြိုးစားခွင့်တောင် မရရှိတော့တဲ့အတွက် "ငါသေသွားရင်တောင် မင်းကိုအလွတ်ပေးမှာ မဟုတ်ဘူး" ဟု ပြောပြီး မီးတောက်ကြီးရဲ့ တိုက်ခိုက်မှု အောက်မှာ သေဆုံးသွားလေသည်။

ထိုအခါ ချောင်ဖုန်းသည် ရွယ်ကဲမင် ရဲ့ စုန့်ဝိညဥ် စွမ်းအားကို လျင်မြန်စွာ သိမ်းထားလိုက်သည်။ရီချုံသည် သူစွမ်းအား ပြန်လည်သိမ်းလိုက်တဲ့အခါမှာ လူအားလုံးသည် လေပေါ်တွင် ရပ်နေသော ချောင်ဖုန်းနဲ့ မြေပြင်တွင် သေဆုံးနေသော ဝတ်ရုံနီဂိုဏ်းက လူကိုတွေ့လိုက်ရသည်။

အားလုံးသည် ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားတစ်ယောက်ကို သတ်ပစ်နိုင်သောကြောင့် ချောင်ဖုန်းရဲ့သိုင်းအဆင့်သည် ဝိညဥ်နယ်ပယ်ရဲ့ အထွဋ်အထိပ်အဆင့်ရောက်ရှိနေသလားဟု ထင်သွားကြသည်။

ချောင်ဖုန်းသည် သူရဲ့လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး ရေခဲသူတော်စင်ဂိုဏ်း၏ အစီအရင်ကို တိုးမြှင့်ပေးလိုက်တဲ့အခါ နတ်ဆိုးသားရဲများနဲ့ဝတ်ရုံနီဂိုဏ်းမှ လူများသည် ရေခဲသူတော်စင်ဂိုဏ်း၏ လက်အောက်တွင် သေဆုံးသွားကြလေသည်။

အေးစက်သော ရေခဲပြင်အခန်းထဲတွင် ဝိညဥ်ဖန်လုံးတစ်လုံး ကွဲကြေသွားတဲ့အခါ "တောက်......တော်တော်အသုံးမကျတဲ့ကောင်တွေဘဲ " ဟု ပြောကာ ကိုယ်ပိုင်ဝိညဥ်စွမ်းအားဖြင့် နံရံကို တိုက်ခိုက်လိုက်သည်။

နတ်ဆိုးသားရဲများနဲ့ဝတ်ရုံနီဂိုဏ်းမှ လူများသေဆုံးသွားတဲ့အခါ ရေခဲသူတော်စင်ဂိုဏ်းမှ လူများသည် အစီအရင်ကို ရပ်တန့်လိုက်ပြီး ထန်ဖေးကျစ်ကို ဆေးလုံးများ အမြန်တိုက်လိုက်ကြသည်။

ထို့နောက် ယောင်ယန်သည် လက်နှစ်ဖက်ဆုပ်ကာ "ကျွန်တော်တို့ရေခဲသူတော်စင်ဂိုဏ်းကို ကူညီတဲ့အတွက် ကျေးဇူးဆပ်ချင်လို့ အကြီးအကဲရဲ့ ဂိုဏ်းလေးပြောခဲ့ပါ" ဟု ချောင်ဖုန်းအား ပြောလိုက်သည်။

ချောင်ဖုန်းသည် ငြင်းဆိုဖို့ပြောမည့်ချိန်မှာ ငရဲမီးတောက်ဂိုဏ်းမှ သွမ်ယွမ်လွေ့နဲ့အကြီးအကဲများသည် ရှေ့ကို ထွက်လာကာ ဒူးတစ်ဖက်ထောက်လိုက်ကြပြီး "ဘိုးဘေးကို အရိုအသေပြုပါတယ် " ဟု နှုတ်ဆက်လိုက်ကြသည်။

ထိုအခါ အားလုံးသည် သဘာဝမီးတောက်ကိုလည်း တွေ့လိုက်ရတဲ့အတွက် ငရဲမီးတောက်ဂိုဏ်း၏ ဘိုးဘေးအစစ်အမှန်လို့ပင် ထင်သွားကြလေသည်။

ချောင်ဖုန်းသည် သွမ်ယွမ်လွေ့တို့အား ပြန်ထခိုင်းလိုက်ပြီး "မင်းတို့အားလုံးကို ငါနောက်မှ အပစ်ပေးရမယ် " လို့ ပြောလိုက်သည်။ထို့နောက် ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်းသည် မကောင်းမှုလမ်းစဥ်ဂိုဏ်းတစ်ခုဖြစ်သောကြောင့် တိုက်ခိုက်ရခြင်းဖြစ်ပြီး သူ့တို့ဂိုဏ်းအား ကျေးဇူးဆပ်ဖို့ မလိုဖူးဘူး " လို့ ယောင်ယန်ကို ပြတ်ပြတ်သားသားပြောလိုက်သည်။

ထိုအခါ ယောင်ယန်သည် ချောင်ဖုန်းကို သူတို့ဂိုဏ်းကို အလည်လာဖို့ပြောဆိုကာ အရိုအသေပြု၍ နှုတ်ဆက်ပြီး တစ်ဂိုဏ်းလုံးထွက်ခွာသွားလေသည်။ချောင်ဖုန်းသည် ရွယ်ကဲမင်ရဲ့ ခန္ဓာကိုယ်အားသိမ်းဆည်းလိုက်ပြီး သူ့စိတ်ထဲတွင် ကြိတ်ပျော်နေလေသည်။

ချောင်ဖုန်းသည် "အဟမ်း....အဟမ်း " ဟု ချောင်းဆိုသလို လုပ်လိုက်ပြီး ငရဲမီးတောက်ဂိုဏ်းကို မပြန်ရတာ နှစ်အတော်ကြာနေပြီဖြစ်၍ ဂိုဏ်းတည်နေရာကို မမှတ်မိတော့ဘူး လို့ ပြောလိုက်သည်။

ထိုအခါ အကြီးအကဲတစ်ယောက်သည် မြေပုံစာလိပ်အသေးအား ချောင်ဖုန်းကို ပေးလိုက်သည်။

ချောင်ဖုန်းသည် မြေပုံစာလိပ်ကို သိုလှောင်ကွင်းထဲသို့ သိမ်းထားလိုက်ပြီး "ငါစိတ်ပျော်တဲ့ရက် လာခဲ့မယ်....." ဟု ပြောပြီး အားလုံးရှေ့မှာ ပျံသန်းထွက်ခွာသွားပြီး ပျောက်ကွယ်သွားလေသည်။

ထိုအခါ ငရဲမီးတောက်ဂိုဏ်းမှ လူများသည် ဘိုးဘေးပြန်ပေါ်လာတဲ့အတွက် ဝမ်းသာအားရနဲ့ ဂိုဏ်းကို လျင်မြန်စွာပျံဖို့ စီစဥ်ကြလိုက်လေသည်။

ရေခဲသူတော်စင်ဂိုဏ်းကြီး ပြန်လည် လှုပ်ရှားလာပြီ ဖြစ်ကြောင်းနဲ့ ဝတ်ရုံနီဂိုဏ်းရဲ့ အင်အားသည်လည်း ​​နဂိုကထက် ပိုသန်မာလာပြီဖြစ်ကြောင်း သတင်းကြိုပို့ကာ မသေမျိုးတောင်ထိပ် နယ်မြေမှ အကြီးအကဲများနဲ့ ဂိုဏ်းသားများ အားလုံးသည် ရေခဲနဂါးမင်းဂိုဏ်းဆီသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။

ဝတ်ရုံနီဂိုဏ်းသည် ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားကိုတောင် အသုံးပြုလာတဲ့အတွက် သူတို့အင်အားသည် အချိန်ပိုကြာလေ အင်အားပိုမိုတောင့်တင်းလာလေဖြစ်ကြောင်း ပေါ်လွင်နေပြီ

ဖြစ်သည်။

လင်းကျယ်သည် စိတ်ပျက်တဲ့ပုံဖြင့် "ကြည့်ရတာ........မကြာခင်မှာ

ဝတ်ရုံနီဂိုဏ်းရဲ့ အင်အားက ရေခဲသူတော်စင်ဂိုဏ်းကိုတောင် ယှဥ်နိုင်တော့မယ် ထင်တယ်" လို့ပြောလိုက်သည်။

ထိုအခါ ပန်ဇီသည် "ဂိုဏ်းချုပ်......ပန်ဇီတို့ မှော်ဆေးဆရာအစည်းအရုံးခန်းမကနေ မကြာခင်မှာ အဆင့်ငါးဆေးလုံးဖြစ်တဲ့နတ်သမီးသုံးဖော် ဆေးလုံးတွေကို ပို့ပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ် " လို့ပြောလိုက်သည်။

ထိုအခါ လင်းကျယ်သည် အံ့အားသင့်စွာဖြင့် "အကြီးအကဲပန်ဇီ......မင်းပြောတော့ အဲ့ဆေးလုံးက မင်းရဲ့ အဂ္ဂိရတ်အဆင့်နဲ့တောင် ဖော်စပ်ဖို့ ခက်ခဲတယ်ဆို " ဟု မေးလိုက်သည်။ထိုအခါ ပန်ဇီသည် "ဂိုဏ်းချုပ်......ပန်ဇီပြောတဲ့ အကြီးအကဲတစ်ယောက်ကို မေ့နေတာလား ၊ သူကြောင့်ပဲ ပန်ဇီလွယ်ကူတဲ့နည်းလမ်းကို ရှာတွေ့ခဲ့တယ် " ဟု ပြောလိုက်သည်။

ထိုအခါ လျန်ရှင်းဖန်သည် "အကြီးအကဲပန်ဇီ........နင်ကာကွယ်ပေးလိုက်တဲ့ ဟိုကောင်စုတ်လေး​ကို ပြောနေတာ မဟုတ်ဘူးမလား " ဟု မေးလိုက်သည်။

ထိုအခါ ပန်ဇီသည် "အကြီးအကဲရှင်းဖန်.......သူသာ တစ်ခုခုဖြစ်သွားရင်တော့ မှော်ဆေးဆရာအစည်းအရုံးက ရေခဲနဂါးမင်းဂိုဏ်းကနေ နှုတ်ထွက်ရလိမ့်မယ် " လို့ ခြိမ်းခြောက်ကာ လင်းကျယ်ရှေ့တွင် တမင်ပြောလိုက်သည်။

All Chapters