← Chapters

chapter(135)

Vol. 10 Ch. 135

chapter(135)

Vol. 10 Ch. 135

အသန့်စင်ဆုံးစနစ် အခန်း (135)

ထိုအခါ လင်းကျယ်သည် "ရှင်းဖန်.......မင်းကသေချင်နေတာလား ၊

ခုချိန်ထိ ငါတို့ဂိုဏ်း ရှေ့ဆက်နိုင်နေတာ မှော်ဆေးဆရာအစည်းအရုံးခန်းမရဲ့ အကူအညီကြောင့်ဆိုတာ မင်းမသိလို့လား " လို့ ဆူဟောက်၍ ပြောလိုက်လေသည်။

ထိုအခါ လျန်ရှင်းဖန်သည် လင်းကျယ်နဲ့ပန်ဇီအား သူ့သားစိတ်နဲ့ မှားမိသွားတဲ့အကြောင်း ပြောကာ တောင်းပန်လိုက်သည်။

ရှောင်ကျန်းယုသည် အဆင့်ခုနှစ်အဂ္ဂိရတ်ပညာရှင်ဖြစ်သော ပန်ဇီတောင် လေးစားနေတဲ့လူသည် ချောင်ဖုန်းဆိုတာ မသိရှိဘဲ "ထိုအကြီးအကဲရဲ့ အဂ္ဂိရတ်အဆင့်က အဆင့်ရှစ် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်နေမလား" ဟု တွေးတောနေလေသည်။

လင်းကျယ်သည် ဝတ်ရုံနီဂိုဏ်းနဲ့ယှဥ်ပြိုင်နိုင်ဖို့အတွက် ရေခဲနဂါးမင်းဂိုဏ်းရှိ အကြီးအကဲများနဲ့ဂိုဏ်းသားများကို ကျင့်ကြံဆောင်များတွင် အချိန်ကြာမြင့်စွာ ကျင့်ကြံဖို့ စေခိုင်းလိုက်သည်။

အချိန်တစ်ရက်အတွင်းမှာပဲ ရေခဲနဂါးမင်းဂိုဏ်းရှိ ဂိုဏ်းသားများသည် ကျင့်ကြံဆောင်များတွင် သိုင်းအဆင့်တက်ရန် စတင်ကျင့်ကြံနေပြီ ဖြစ်သောကြောင့် ဂိုဏ်းတစ်ခုလုံး တိတ်ဆိတ်၍ နေလေသည်။

ထိုချိန်မှာ ရီချုံသည် "အကိုကြီး.....ငါတို့ ဒီကနေ ထွက်သွားပြီး ပျော်စရာလေးတွေ သွားရှာဖို့ အချိန်ရောက်ပြီထင်တယ်" လို့ ပြောလိုက်သည်။ထိုအခါ ရန်ယိုသည်လည်း "ဟုတ်တယ်ဟုတ်တယ်.......ရန်ယိုလဲ ဒီမှာနေရတာ ပျင်းနေပြီ " ဟု ပြောလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် "ကောင်းပြီလေ......ဘာပဲဖြစ်ဖြစ် ဝတ်ရုံနီဂိုဏ်းက ဒီတစ်ခေါက် အကျအရှုံးများသွားတဲ့ အချိန်တော်တော်ကြာတဲ့အထိ လှုပ်ရှားနိုင်မယ်မထင်သေးဘူး " လို့ ပြောပြီး အခန်းအပြင်သို့ ထွက်ခွာလာခဲ့သည်။

ထိုချိန်မှာပဲ ယန်နင်းရောက်ရှိလာပြီး "ကိုကိုချောင်ဖုန်း.......ဒါတွေက ယန်နင်း လုပ်ထားတဲ့ မုန့်တွေပဲလို့ "ပြောကာ မုန့်ထည့်ထားသော အထုပ်လေးကို ချောင်ဖုန်းကို ပေးလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် မုန့်ထုတ်လေးကို ယူလိုက်ပြီး "ညီမလေးယန်နင်း........ဒါက မင်းအတွက်ပဲ " လို့ပြောကာ ဆေးပုလင်းတစ်လုံး ပေးလိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် အကြီးအကဲ ရှောင်ကျန်းယု ရှိလားဟု

ယန်နင်းအား မေးမြန်းလိုက်သည်။ရှောင်ကျန်းယုသည် ရေခဲနဂါးမင်းဂိုဏ်းအတွက် အရေးကြီးကိစ္စများဆောက်ရွက်နေသောကြောင့် အိမ်တော်တွင် မရှိသေးကြောင်း ယန်နင်းသည် ပြန်ဖြေကြားလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် "ညီမလေးယန်နင်း......အကို့အစား အကြီးအကဲ ရှောင်ကျန်းယုကို နှုတ်ဆက်ပေးပါအုံး " လို့ ပြောလိုက်သည်။ထိုအခါ ယန်နင်းသည် "ကိုကိုချောင်ဖုန်း......ရှင် ဒီကနေထွက်သွားတော့မလို့လား......" ဟု မေးလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် "ညီမလေးယန်နင်း......မင်းကထူးချွန်တဲ့ပါရမီရှင်တစ်ယောက်ပါ ၊ အကိုတို့ပြန်တွေ့တဲ့အခါကြ မင်းကအကို့ထက်တောင် ပိုအစွမ်းထက်နေလောက်မယ် " ဟု ပြောလိုက်ပြီး နှုတ်ဆက်ကာ ထွက်ခွာ၍ သွားပါတော့သည်။

ယန်နင်းသည် စိတ်မကောင်းဖြစ်သွားကာ "ကိုကိုချောင်ဖုန်း.......ယန်နင်းကြီးလာတဲ့တနေ့ကြရင် ကိုကိုချောင်ဖုန်းလိုပဲ နေရာအနှံလျောက်သွားပစ်မယ် " လို့ ပြောကာ မျက်ရည်လေးဝဲကာ ကျန်နေခဲ့လေသည်။

ချောင်ဖုန်းသည် ရေခဲနဂါးမင်းဂိုဏ်းမှ မထွက်ခွာခင် သူဆောင်ရွက်ရမယ့် အရာတစ်ခု ရှိသေးသည်။ချောင်ဖုန်းသည် အချိန်ခဏလေးအတွင်းမှ ဆေးများဖော်စပ်နေသော စွေ့ရိုရှိသို့ ရောက်ရှိလာလေသည်။

စွေ့ရိုသည် ဆေးဖော်စပ်နေရင်း သူနောက်ကို လူရောက်ရှိလာတဲ့ လှည့်ကြည့်လိုက်တဲ့အခါမှတော့ ချောင်ဖုန်းဖြစ်နေတာကို တွေ့လိုက်ရပြီး အရိုအသေပြုမယ့်ချိန်မှာ ချောင်ဖုန်းသည် "မင်းရဲ့ ဆေးလုံးကို အရင်အောင်မြင်စွာ ဖော်စပ်ပါ " လို့ ပြောလိုက်သည်။

ထိုအခါ စွေ့ရိုလည်း ဆေးမီးဖိုကိုသာ အာရုံပြန်စိုက်လိုက်ပြီး ချောင်ဖုန်းသင်ပြထားသော နည်းလမ်းဖြင့် သန့်စင်ဖော်စပ်နေလေသည်။ဆေးလုံးဖော်စပ်ပြီးတဲ့နောက်မှာတော့ စွေ့ရိုသည် ဒူးတစ်ဖက်ထောက်ကာ "စွေ့ရို.......ဆရာကို အရိုသေပြုပါတယ် "ဟု ပြောကာ ဂါဝါရပြုလိုက်သည်။

ချောင်ဖုန်းသည် စွေ့ရိုအား ထခိုင်းလိုက်ပြီး "ငါမကြာခင်......ဒီဂိုဏ်းကနေ ထွက်ခွာရတော့မယ့်အတွက် ငါ့တပည့်ဖြစ်တဲ့ နင့်ကို လက်ဆောင်တစ်ခုပေးချင်တယ် "လို့ ပြောလိုက်သည်။

ထိုအခါ စွေ့ရိုသည် "ဆရာ......စွေ့ရိုကို တပည့်အဖြစ်လက်ခံခဲ့လို့ ခုဆို ရေခဲနဂါးမင်းဂိုဏ်းရဲ့ မှော်ဆေးဆရာအစည်းအရုံးခန်းမမှာ လေ့ကျင့်ခွင့်ရသွားတဲ့အတွက် အဲ့တစ်ခုနဲ့တင် စွေ့ရို ဝမ်းသာလှပါပြီ" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် သိုလှောင်ကွင်းလက်စွပ်ထဲမှ အဆင့်ရှစ်သားရဲကောင်ဖြစ်သော ခြင်္သေ့ဘုရင်ရဲ့ မီးတောက်ကို ထုတ်လိုက်ပြီး "နင်မလိုချင်ဘူးဆိုလဲ သဘောပါပ​ဲ " ဟု ပြောလိုက်ပြီး ပြန်သိမ်းမယ့်ချိန်မှာ စွေ့ရိုသည် "ဆရာ......စွေ့ရိုကို ပေးမယ့်လက်ဆောင်က အဲ့ဒီသားရဲမီးတောက်လား " ဟု အံ့အားသင့်စွာသော အကြည့်ဖြင့် မီးတောက်ကို ကြည့်ကာ ပြောလိုက်သည်။

ချောင်ဖုန်းသည် "မင်းပဲ ငါ့လက်ဆောင်မလိုတော့ဘူးဆို " ဟု ရုပ်တည်န​ဲ့ ပြန်ထည့်ဖို့ ဟန်ပြင်လိုက်တဲ့အခါ စွေ့ရိုသည် ရယ်လိုက်ပြီး "ဆရာ......ဟီးဟီး " လို့ ရယ်လိုက်ပြီး လက်နှစ်ဖက် ဖြန့်ကာတောင်းလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် အဆင့်ရှစ်မီးတောက်အား ပေးလိုက်ပြီး ထိုမီးတောက်ကို သန့်စင်စုပ်ယူတဲ့ အချိန်တွင် အန္တရာယ်ရှိနိုင်တဲ့အတွက် အနားမှာ လူရှိနေဖို့ လိုအပ်ကြောင်း ပြောလိုက်သည်။

ထို့နောက် ချောင်ဖုန်းသည် မီးတောက်နဲ့ ပက်သက်သော တိုက်ခိုက်ရေးကျင့်စဥ်တစ်မျိုးကို စွေ့ရိုကို သင်ကြားပေးခဲ့ပြီး ရေခဲနဂါးမင်းဂိုဏ်းမှ ထွက်ခွာ၍ လာပါတော့သည်။ရီချုံသည် "အကိုကြီး......ရီချုံတို့ ခုဘယ်သွားကြမှာလဲ "လို့ မေးလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ငရဲမီးတောက်ဂိုဏ်းရှိသော တိုင်းပြည်တစ်ခုကို သွားနေကြောင်း ပြောလိုက်သည်။ငရဲမီးတောက်ဂိုဏ်းတွင် ဘိုးဘေး ပြန်လည်ထွက်ပေါ်လာတဲ့ တစ်ဂိုဏ်းလုံး တီတိုးတီတိုးဖြင့် ပြောဆိုနေကြလေသည်။

ချောင်ဖုန်းသည် ဟူယောင်မြို့သို့ ရောက်ရှိလာခြင်းမှာပဲ ရန်ပွဲတစ်ခုနဲ့ ကြုံတွေ့ရလိုက်လေသည်။အဖွဲ့နှစ်ဖွဲ့သည် သူတို့၏ ဧကရာဇ်နယ်ပယ်အဆင့် စွမ်းအားအရှိန်အဝါများဖြင့် လေပေါ်တွင် အပြင်းအထန် တိုက်ခိုက်၍ နေကြလေသည်။

ချောင်ဖုန်းသည် ထိုနှစ်ဖွဲ့အား ဂရုမစိုက်ဘဲ အေးဆေးပင် လမ်းလျှောက်သွားနေခဲ့သည်။ထိုချိန်မှာ လူနှစ်ယောက်သည် ချောင်ဖုန်းရှေ့ကို ခုန်ချလာပြီး "ကြောင်ငယ်လေးတစ်ကောင်က ဟူယောင်မြို့ကို ရောက်ရှိလာပြီပဲ"ဟု အချင်းချင်းကြည့်ကာ ရယ်မော၍ ပြောလိုက်သည်။

ထိုနှစ်ယောက်ထဲမှ ဟယ်ကျိုဆိုသောလူသည် "ကောင်လေး.......ငါတို့က ဟူယောင်မြို့ကို ကာကွယ်ပေးနေတဲ့ အဖွဲ့ပဲ ၊ မင်းက ဟူယောင်မြို့ထဲမှာ အေးဆေးနေချင်တယ်ဆိုရင်တော့ ငါတို့ကို ရွှေဒင်္ဂါးအနည်းလောက်တော့ ဆက်သရမယ် " ဟု ပြောလိုက်သည်။

ထိုချိန်မှာ အဖြူရောင်ဝတ်စုံနဲ့ ခမောက်ဆောင်းထားသော မိန်းမပျိုတစ်ယောက်သည် လေထဲမှ ပျံသန်းလာကာ ချောင်ဖုန်းဘေးကို ရောက်ရှိလာပြီး "ရှင်တို့ကိုယ်ရှင်တို့ ဟူယောင်မြို့ရဲ့ ကာကွယ်ပေးနေတဲ့လူလို့ ပြောတာ မရှက်ဘူးလား" ဟု ပြောလိုက်သည်။

ထိုအခါ ဟယ်ကျိုဆိုသော လူသည် လက်ခုပ်တီးလိုက်ပြီး "ဟားဟား.......တော်တော်နှုတ်စွာတဲ့ကောင်မလေးပါလား ၊ ငါလဲ အဖော်လိုနေတာနဲ့ အတော်ပဲ " လို့ပြောကာ သူ့ဘေးက တစ်ယောက်နဲ့ ရယ်မောလိုက်လေသည်။

ထိုချိန်မှာ ခမောက်ဆောင်းထားသော မိန်းမပျိုသည် သူ့ဓားကို ထုတ်လိုက်ပြီး ရေဝိညဥ်စွမ်းအင် အသက်သွင်းကာ "ကြီးမြတ်သောဓားသခင်ကျင့်စဥ်" လို့ ရေရွတ်လိုက်ပြီး ဟယ်ကျိုကို ခုတ်ချလိုက်သည်။

ထိုအခါ ဟယ်ကျိုသည် သူ့ ဝတ်ထားသော သံလက်အိတ်အား ကျားဝိညဥ်စွမ်းအင် အသက်သွင်းလိုက်ပြီး "ကောင်မစုတ်........သေချင်လို့လား......" ဟု ပြောလိုက်ပြီး ရေဝိညဥ်စွမ်းအင်ဖြစ်သော ဓားချီအလင်းတန်းကို ဖျက်စီးပစ်လိုက်သည်။

ဟယ်ကျိုတို့အဖွဲ့မှ လူများသည် သူတို့တိုက်ခိုက်နေသော အဖွဲ့ကို အနိုင်ယူပြီးတဲ့အခါ ဟယ်ကျိုရဲ့ အနောက်ကို အဖွဲ့လိုက်ရောက်

ရှိလာပြီး ခန်းဟွေ့ ဆိုသောလူသည် တည်ငြိမ်စွာနဲ့ပင် "ဟယ်ကျို......ငါတို့အကူအညီလိုသေးလား "ဟု မေးလိုက်သည်။

ထိုအခါ ဟယ်ကျိုသည် "ဟားဟားဟား......ခန်းဟွေ့ မင်းက ငါ့ကို အထင်သေးလှချည်လား...... " လို့ ပြောလိုက်ပြီး "ကျားရဲဘုံ ကျားရဲသဏ္ဍာန်ပြောင်းလဲခြင်း ကျင့်စဥ် " လို့ ​ရေရွတ်လိုက်တဲ့အခါ

ဟယ်ကျိုရဲ့ ခန္ဓာကိုယ်သည် ကျားတစ်ကောင်ကဲ့သို့ အကွက်အစင်းများ ပေါ်လာလေသည်။

ထို့နောက် ဟယ်ကျိုသည် လျင်မြန်သော အရှိန်ဖြင့် မိန်းမပျိုကို ခုန်အုပ်လိုက်ပြီး သူရဲ့သံလက်အိတ်ဖြင့် ကုတ်ချလိုက်တဲ့အချိန်မှာ ဓားတစ်ချောင်းသည် သူ့သံလက်အိတ်ရှိသို့ ရောက်ရှိလာတဲ့အတွက် နောက်သို့ ပြန်ဆုတ်လိုက်ရသည်။

ဟယ်ကျိုတို့သည် လေပေါ်မှ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖွဲ့တစ်ဖွဲ့သည် လျင်မြန်သော အရှိန်ဖြင့် ပျံသန်းလာတာကို မြင်နေရလေသည်။

ထို့နောက် လျူယာနန်လို့ခေါ်သည့် ချောမောလှပ​ေ

သည့် မိန်းမပျိုတစ်ဦး ထပ်ရောက်ရှိလာပြီး သူဓားကို ပြန်ယူလိုက်ကာ "ဟယ်ကျို ၊ ခန်းဟွေ့...... နင်တို့ တစ်ဖွဲ့လုံး သေချင်နေတာလား " လို့ ပြောလိုက်သည်။

လျူယာနန်ကို မြင်သောအခါ ဟယ်ကျိုတစ်ဖွဲ့လုံးသည် ဒူးများထောက်ပြီး ဟယ်ကျိုသည်"သခင်မလေး.......ဘယ်လိုလုပ်ပြီး ဒီကို ရောက်ရှိလာတာလဲ " ဟု ကြောက်ကြောက်လန့်လန့်ဖြင့် မေးလိုက်သည်။

ထိုအခါ လျူယာနန်သည် "ငါဒီကို ဘာကိစ္စနဲ့ လာတဲ့အကြောင်း နင်ကို တင်ပြဖို့ လိုသေးတာလား " ဟု ဒေါသထွက်စွာနဲ့ ပြောလိုက်တဲ့အခါ ဟယ်ကျိုသည် ကြောက်လန့်၍ သွားပြီး မြေကြီးနဲ့ ခေါင်းနဲ့စောင့်ကာ တောင်းပန်နေတော့သည်။

All Chapters