← Chapters

chapter(136)

Vol. 10 Ch. 136

chapter(136)

Vol. 10 Ch. 136

အသန့်စင်ဆုံးစနစ် အခန်း(136)

လျူယာနန်သည် ခမောက်ဆောင်းထားသော မိန်းမပျိုအား ကြည့်ကာ "ဟွမ်ထင်........နင်ထိခိုက်မိတာ ရှိသေးလား " ဟု မေးလိုက်သည်။ထိုအခါ လျူထင်ဟွမ်သည် ခါးမောက်ကို ချွတ်လိုက်ပြီး "မမယာနန်......နင်သူတို့ကို ဒီတိုင်းပဲ ဆက်လွှတ်ထားမလို့လား " ဟု မေးလိုက်သည်။

ထိုအခါ ဟယ်ကျိုသည် ခါးမောက်ချွတ်လိုက်သော လျူထင်ဟွမ်ကို တွေ့တဲ့အခါ "နင်က သခင်လေးနဲ့စေ့စပ်ထားတဲ့ မိန်းကလေးလား " ဟု မေးလိုက်သည်။

ရုတ်တရက် လျူယာနန်သည် ဒေါသထွက်သွားပြီး "ဟယ်ကျို......နင်သိထားဖို့က ဟွမ်ထင်က နင်တို့သခင်လေးနဲ့ မစေ့စပ်ထားရင်တောင် နင်တို့ သူ့ကို စော်ကားဖို့ အခွင့်အရေး မရှိဘူး " လို့ ပြောလိုက်သည်။

ဟယ်ကျိုသည် လျိူဟွမ်ထင်သည် သူတို့သခင်လေးနဲ့ စေ့စပ်ထားသော မိန်းမပျိုဟု သိသွားတဲ့အခါ သေချင်စိတ်ဖြစ်သွားပြီး "သခင်မလေးယာနန်......ငါ့ကို မင်းကြိုက်တဲ့အပစ်ပေးပါ ၊ ဒါပေမယ့် ဒီကိစ္စသခင်လေးကို ပြန်မပြောပါနဲ့ " ဟု ပြောကာ အနူးအညွတ်တောင်းပန်လေသည်။

လျူယာနန်သည် "ငါက ပြသာနာကို အချိန်အကြာကြီး ဆွဲထားတဲ့လူမဟုတ်တဲ့အတွက် နင်တို့အဆင်သင့် ဖြစ်ပြီလား "ဟု မေးလိုက်သည်။ဟယ်ကျိုသည် တစ်ခွန်းမှ မဟလိုက်ရခင်မှာ နတ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများ၏ ကိုယ်ပိုင်လက်သီး

တိုက်ခိုက်ချက်များသည် သူတို့တစ်ဖွဲ့လုံး၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားလေသည်။

ဟယ်ကျိုတို့သည် မြေပြင်ပေါ်တွင် သွေးများပင်ထွက်ကာ အန​်လိုက်ကြရသည်။လျူယာနန်သည် "နောက်တစ်ကြိမ်ဆိုရင်တော့ နင်တို့အသက်ရှင်ဖို့ မစဥ်းစားနဲ့ " လို့ ပြောလိုက်ပြီး လျူဟွမ်ထင်ကို ခေါ်ကာ ပျံသန်းထွက်ခွာသွားလေသည်။

ချောင်ဖုန်းမှ သူတို့ကို ကြည့်၍ ပြုံးတာကို မြင်လိုက်ရတဲ့အတွက် ဟယ်ကျိုးသည် အတင်းထ၍ တိုက်ခိုက်တော့မယ့် ချိန်မှာ ချောင်ဖုန်းသည် ရုတ်တရက် ပျောက်ကွယ်သွားတဲ့အတွက် "ငါနေ့ခင်းဘက် သရဲမြင်လိုက်ရတာလား " ဟု ​ရေရွတ်လိုက်သည်။

ချောင်ဖုန်းသည် သူသွားနေသော လမ်းတွင် မင်္ဂလာဆောင် ဝေါ်ယာဥ်တစ်စီးနဲ့အတူ ရတနာများထည့်ထားသော သေတ္တာပုံးကြီးများကို သယ်၍ သွားနေသော လူအုပ်စုကြီးကို တွေ့လိုက်ရသည်။

ချောင်ဖုန်းသည် လမ်းမပေါ်တွင် ရောက်နေတဲ့အတွက် မိန်းမပျိူတစ်ယောက်သည် ချောင်ဖုန်းလက်ကို ဆွဲလိုက်ပြီး ဘေးသို့ ရပ်ခိုင်းလိုက်သည်။

ထိုမိန်းကလေးသည် လျူဟွမ်ထင်ဖြစ်နေသောကြောင့် ချောင်ဖုန်းသည် " မိန်းကလေး......ခုနက ငါမင်းကို ကျေးဇူးမတင်လိုက်ရဘူး " ဟု လက်နှစ်ဖက်ဆုပ်၍ ရိုရိုသေသေ ပြောလိုက်သည်။ထိုအခါ လျူဟွမ်ထင်သည် "သခင်လေး......ရှင်ကြည့်ရတာ ကျုံးအင်ပါယာတိုင်းပြည်ကို ပထမဆုံးရောက်ဖူးတာ ထင်တယ်" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ခေါင်းငြိမ့်ပြလိုက်တဲ့အခါ လျူဟွမ်ထင်သည် ကျုံးအင်ပါယာတိုင်းပြည်တွင် ရေခဲသူတော်စင်နတ်သမီး ပေါ်ထွက်လာတဲ့အတွက် အင်ပါယာသုံးခုရှိ မင်းညီမင်းသားများ ၊ အင်ပါယာဂိုဏ်းများရှိ အင်အားကြီးမားသော ဂိုဏ်းများ၏ သခင်လေးများ ၊ မှော်ဆေးအဂ္ဂိရတ်ပညာများ ၊ အစီအရင်ဆရာများ သည် ရေခဲသူတော်စင်နတ်သမီးကို တောင်းရမ်းနေခြင်းကို ပြောပြလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် ရေခဲသူတောင်စင်နတ်သမီးဆိုတာ ရေခဲသူတော်စင်ဂိုဏ်းနဲ့ ပက်သက်နေမလားဟု တွေးလိုက်သည်။ရုတ်တရက် လျူဟွမ်ထင်သည် အတွေးတစ်ခု ရသွားပြီး "သခင်လေး.......ရှင်က ဒီမြို့ကို ပထမဆုံးရောက်ဖူးတာဆိုတော့ ဟွမ်ထင်နဲ့ အတူ လိုက်ခဲ့မလား " ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ငြင်းလိုက်ပြီး သူသည် ငရဲမီးတောက်ဂိုဏ်းကို သွားဖို့အကြောင်း ပြောလိုက်သည်။ထိုအခါ လျူဟွမ်ထင်သည် ချက်ချင်း ​ပုံစံပြောင်းသွားကာ "နင်က ငရဲမီးတောက်ဂိုဏ်းကလား....." ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ခေါင်းကုတ်၍ ပြုံးလိုက်ပြီး "မိန်းကလေး ငါ့အဆင့်နဲ့ ဘယ်လိုလုပ်ပြီး ငရဲမီးတောက်ဂိုဏ်းကဖြစ်နိုင်မှာလဲ " ဟု ပြောလိုက်သည်။ထိုအခါမှ ဟွမ်ထင်သည် သူမှေးစေ့ကို ပွတ်လိုက်ပြီး "ဒီလိုလုပ်လေ......ရှင်ကျွန်မနဲ့ အတူလိုက်ခဲ့ ပြီးရင် ကျွန်မကိုယ်တိုင်ရှင့်ကို ငရဲမီးတောက်ဂိုဏ်းကို လိုက်ပို့ပေးမယ် " လို့ပြောလိုက်သည်။

ချောင်ဖုန်းသည် အရေးကြီးကိစ္စမရှိတဲ့အတွက် "သွားကြတာပေါ့......" လို့ ပြောကာ လျူဟွမ်ထင်နဲ့အတူ ထွက်ခွာ၍ လာလေသည်။လျူအိမ်တော်ဟု ရေးထားသော အိမ်တော်တစ်ခုသို့ ရောက်တဲ့အခါ လျူဟွမ်ထင်သည် ချောင်ဖုန်းကို အထဲသို့ ခေါ်သွားလေသည်။

လျူအိမ်တော်ထဲသို့ ရောက်တဲ့အခါ စေ့စပ်ပွဲကျင်းပရန် အိမ်တော်တစ်ခုလုံးကို ပြင်ဆင်နေတာကို ချောင်ဖုန်းသည် တွေ့လိုက်ရသည်။

လျူဟွမ်ထင်သည် ချောင်ဖုန်းကို ခဏထိုင်စေခဲ့ပြီး ခဏအကြာတွင် သူ့၏ ဖခင်နဲ့အတူ အပြင်သို့ ထွက်လာလေသည်။

လူတစ်ယောက်သည် ချောင်ဖုန်းကို ကြည့်ကာ "ဟွမ်ထင်.......မင်းပြောတာ အမှန်ပဲလား....." လို့ ပြောလိုက်သည်။လျူဟွမ်ထင်သည်

ခေါင်းငြိမ့်ပြလိုက်တဲ့အတွက် လျူချောင်းစုန့်သည် ချောင်ဖုန်းရှိကို ရောက်ရှိလာပြီး ချောင်ဖုန်းရဲ့စွမ်းအား အငွေ့အသက်ကို စစ်ဆေးလိုက်သည်။

ချောင်ဖုန်း၏ စွမ်းအားအငွေ့အသက်သည် လျုဟွမ်ထင်ပြောသလိုပင် အနည်းငယ်မျှ မခံစားရသည်မို့ လျူချောင်းစုန့်သည် ချောင်ဖုန်းအား "လူငယ်လေး.....မင်းနာမည်ဘယ်လိုခေါ်လဲ " ဟု မေးလိုက်သည်။

ထိုအခါ ချောင်ဖုန်းသည် "မင်္ဂလာပါ အကြီးအကဲ......ကျွန်တော်နာမည် ရီချောင်ဖုန်းပါ " လို့ ပြန်လည်ဖြေကြားလိုက်သည်။

လျူချောင်းစုန့်သည် ကိစ္စတစ်ခုအား ချောင်ဖုန်းကို ပြောပြလိုက်လေသည်။

ထိုကိစ္စကတော့ လျူဂိုဏ်းရဲ့ ဘိုးဘေးနဲ့ ငရဲမီးတောက်ဂိုဏ်းရဲ့ ဘိုးဘေးသည် သူ့သမီးဖြစ်သူ လျူဟွမ်ထင်အား ငရဲမီးတောက်ဂိုဏ်းမှ သခင်လေးတစ်ယောက်နဲ့ စေ့စပ်လမ်းကြောင်းခဲ့တာကြောင့် ယခုအခါမှ ငရဲမီးတောက်ဂိုဏ်းမှ သခင်လေးသည် မကောင်းမှုများနဲ့ ကျော်ကြားနေတဲ့အတွက် သူ့သမီးနဲ့ မပေးစားချင်ကြောင်း ပြောလိုက်သည်။

ချောင်ဖုန်းသည် ထိုကိစ္စက သူနဲ့မသက်ဆိုင်တဲ့အတွက် "အကြီးအကဲ......ဘာလို့ကျွန်တော်ကို အဲ့အကြောင်းတွေပြောပြနေတာလဲ " ဟု ပြောလိုက်သည်။

လျူချောင်းစုန့်သည် ရယ်မောလိုက်ပြီး "ဟားဟားဟား.......ကောင်လေး ငါသမီးက မင်းကို မြင်မြင်ချင်း သဘောကျသွားတဲ့ အတွက် မင်းတို့နှစ်ယောက်ကို ငါကိုယ်တိုင် ပေးစားပစ်မယ် " ဟု ပြောလိုက်သည်။

ထိုချိန်မှာ လက်ခုပ်တီးသံနဲ့အတူ "ကောင်းတယ်.....သိပ်ကောင်းတာပေါ့ " ဟု အသံသည် ထွက်ပေါ်လာပြီး ဒေါသထွက်နေသော မျက်နှာထားနဲ့လူတစ်ယောက်သည် ချောင်ဖုန်းတို့ ရှေ့တွင် ပေါ်လာလေသည်။

ထိုအခါ လျူချောင်းစုန့်သည် "မင်းတို့ရောက်လာတာနဲ့ အတော်ပဲ......" လို့ အေးဆေးပင် ပြောလိုက်သည်။ထိုအခါ ဒေါသထွက်နေသော သူသည် "ကောင်းပြီလေ........လျူအကြီးအကဲ ကိုယ်တိုင်က ​ပြောမှာတော့ ကျွန်တော်က ဘာတက်နိုင်မှာလဲ ၊ ဒါပေမယ့် ဒီကိစ္စက အေးဆေးပြီးသွားမှာ မဟုတ်ဘူးနော် " လို့ ပြောကာ ထွက်ခွာသွားလေသည်။

လျူချောင်းစုန့်သည် လက်ရှိအချိန်တွင် သူ့ရဲ့ညီအား ဂိုဏ်းချုပ်အဖြစ် လွဲပြောင်းပေးခဲ့ပြီး သူသည် လျူဂိုဏ်းရဲ့ အကြီးအကဲ အဖြစ်နဲ့ ဂိုဏ်းကို အုပ်ချုပ်နေသေးသည်။ကျုံးအင်ပါယာတိုင်းပြည်တွင် ရေခဲသူတော်စင်ဂိုဏ်း ၊ ​အရိပ်နန်းတော်ဂိုဏ်း ၊ ငရဲမီးတောက်ဂိုဏ်း ၊ ဝင်္ကပါဓားအရှင်ဂိုဏ်းနဲ့ လျူဂိုဏ်းဆိုပြီး ပြိုင်စံရှားဂိုဏ်း ငါးခုသည် အင်အားအကြီးဆုံး ဖြစ်သည်။

ချောင်ဖုန်းသည် လျူချောင်းစုန့်ပြောနေသော စကားများမှာ စနောက်နေတာ မဟုတ်ဘဲ အတည်ဖြစ်နိုင်သောကြောင့် ချောင်ဖုန်းသည် သူ့မှာ ချစ်နှစ်သက်ရသော မိန်းမပျိူလေး တစ်ဦး ရှိတယ်လို့ ပြောလိုက်တဲ့အခါ လျူချောင်းစုန့်သည် မျက်နှာပျက်သွားလေသည်။

သို့သော်လျူချောင်းစုန့်သည် သူ့သမီးနဲ့ ဟန်ဆောင်လက်ထပ်ပွဲ ကျင်းပပေးနိုင်မယ်ဆိုရင် လျူဂိုဏ်းရဲ့ အကြီးအကဲရာထူးနေရာကို ရရှိမည်ဖြစ်ကြောင်း ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် အကြံတစ်ခုကို ရသွားပြီး သဘောတူလိုက်သည်။

ထိုချိန်မှာ လျူယာနန်ရောက်ရှိလာပြီး ချောင်ဖုန်းကို ကြည့်ကာ မှတ်မိသွားပြီး ငရဲမီးတောက်ဂိုဏ်းနဲ့ အတိုက်အခံလုပ်ဖို့ သေချာသွားပြီလားလို့ ပြောလိုက်သည်။လျူချောင်းစုန့်သည် သူ့အတွေးနဲ့သူ ​ပြုံးလိုက်ပြီး လျူယာနန်ကို ခေါင်းငြိမ့်ပြလိုက်သည်။

လျူချောင်းစုန့်သည် ချောင်ဖုန်းအတွက် အခန်းတစ်ခန်းကို အစေခံတွေအား စီစဥ်ခိုင်းလိုက်သည်။ချောင်ဖုန်းသည် လျူချောင်းစုန့်ရဲ့ အခြေအနေကို ကြည့်ပြီး သူ့အဖိုးကြီးမှာ အကြံအစည် တစ်ခုခုရှိနေမည်ဟု ထင်မိတာကြောင့် လက်ခံလိုက်ခြင်းဖြစ်သည်။

ချောင်ဖုန်းသည် ယန်အစီအရင် ရတနာကို ထုတ်ပြီး သူ့အခန်းအား အကာအကွယ် အစီအရင်နဲ့ ဆေးလုံးရဲ့ အရှိန်အဝါကို ဖျောက်ပေးနိုင်သော အစီအရင်ကို အသက်သွင်းထားလိုက်သည်။ထို့နောက် ဆေးမီးဖိုအား ထုတ်ကာ အဆင့်ခြောက်ဆေးလုံးကို စတင်ဖော်လိုက်သည်။

အချိန်ခဏအတွင်းမှာပဲ အဆင့်ခြောက်ဆေးလုံး ဖော်စပ်ပြီးတဲ့နောက် ချောင်ဖုန်းသည် အဆင့်ရှစ်မှော်အမြူတေ ၊ နတ်နယ်ပယ်အထွဋ်အထိပ်ခန္ဓာကိုယ်အလောင်း နဲ့ စုန့်ဝိညဥ်စွမ်းအား တို့ကို သန့်စင်လိုက်သည်။

All Chapters