← Chapters

chapter(137)

Vol. 10 Ch. 137

chapter(137)

Vol. 10 Ch. 137

အသန့်စင်ဆုံးစနစ် အခန်း(137)

ချောင်ဖုန်းသည် ပုံစံသွင်းအစီအရင်ကို ရေးဆွဲပြီးတာနဲ့ သဘာဝမီးတောက်ဖြင့် သန့်စင်ထားသော နတ်နယ်ပယ်ခန္ဓာကိုယ်အလောင်းရဲ့ နဖူးအတွင်းသို့ အစီအရင်ကို ထည့်သွင်းလိုက်သည်။ထို့နောက် ချောင်ဖုန်းသည် အဆင့်ရှစ်သားရဲအမြူတေ ၊ စုန့်ဝိညဥ်စွမ်းအင် နဲ့ အဆင့်ခြောက်ဆေးလုံး ကို ထည့်သွင်းလိုက်ပြီး သူရဲ့သွေးနဲ့ တစ်ခါထဲ ချိတ်ဆက်လိုက်သည်။

ထိုအခါ အလောင်းခန္ဓာကိုယ်ထဲတွင် အစီအရင်၏ အကူအညီ၏ အရာအားလုံးသည် စတင်လှုပ်ရှား၍ နေပြီဖြစ်သည်။

ချောင်ဖုန်းသည် အချိန်အနည်းငယ်ကြာတဲ့အထိ ရုပ်သေးရုပ်သည် မလှုပ်ရှားသေးတဲ့အတွက် သူမျှော်လင့်ထားသလို ဖြစ်လာဖို့ စောင့်ဆိုင်းနေလေသည်။ထိုချိန်မှာပဲ ရုပ်သေးရုပ်၏ မျက်လုံးများသည် ပွင့်လာလေသည်။

ချောင်ဖုန်းသည် ရုပ်သေးရုပ်က သူ့ကို ကြည့်နေသဖြင့် သူထင်ထားသလို ဖြစ်လာသည်ကို သိရှိလိုက်ရပြီး ဝမ်းသာသွားလေသည်။ထိုအရာကတော့ နတ်ဘုရားအဆင့်ရုပ်သေးရုပ်တစ်ခုပင် ဖြစ်ပြီး ကိုယ်ပိုင်အသိစိတ်ရှိတဲ့အပြင့် သိုင်းကျင့်စဥ်တွေပါ အသုံးပြုနိုင်တဲ့ ရုပ်သေးရုပ်ပင် ဖြစ်သည်။

ချောင်ဖုန်းသည် သူတက်မြောက်ထားသော ကျင့်စဥ်တွေကို ထိုရုပ်သေးရုပ်ထဲသို့ ထည့်သွင်းလိုက်ပြီး "ခုချိန်ကစပြီး မင်းနာမည်က ရီဟန်ဖြစ်ပြီး ငါရဲ့သက်တော်စောင့်ပဲ " လို့ ပြောလိုက်သည်။ထိုအခါ နတ်ဘုရားအဆင့် ရုပ်သေးရုပ် ဖြစ်သော ရီဟန်သည် "ဟုတ်......သခင်" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် ရီဟန်ရဲ့ စွမ်းအားသည် ဘယ်အဆင့်ရောက်ရှိနေခြင်းကို မသိရှိသေးချေ။ထို့နောက် ချောင်ဖုန်းသည် ဆေးလုံးတစ်လုံးအား သောက်လိုက်သည် ကျင့်ကြံခြင်းကို လျင်မြန်စွာ တိုးတက်အောင် ကျင့်ကြံနေခဲ့သည်။

နောက်တစ်နေ့ မနက်ရောက်သောအခါ အစေခံများသည် ချောင်ဖုန်းကို လာနိူးကာ လျူဂိုဏ်းကို သွားဖို့ အချိန်နီးကပ်နေပြီဟု တံခါးအပြင်ဘက်မှ ပြောကာ ထွက်ခွာသွားကြသည်။ချောင်ဖုန်းသည် ယန်အစီအရင် ရတနာကို ထည့်သိမ်းလိုက်ပြီး ရီဟန်နဲ့အတူ အပြင်သို့ ထွက်လာခဲ့သည်။

လျူချောင်းစုန့်သည် ချောင်ဖုန်းနဲ့ အတူလာသော ရီဟန်ကို မြင်သောအခါ "ကောင်လေး......သူက ဘယ်သူလဲ"ဟု ပြောလိုက်သည်။ချောင်ဖုန်းသည် "အကြီးအကဲ.....သူက ကျွန်တော်ရဲ့ ဝမ်းကွဲအကိုပါ" ဟု ဖြေကြားလိုက်သည်။

ထိုအခါ ရီဟန်သည် "မင်္ဂလာပါအကြီးအကဲ......ငါ့နာမည်က ရီဟန်ပါ " ဟု နှုတ်ဆက်လိုက်သည်။လျူချောင်းစုန့်သည် ရီဟန်ခန္ဓာကိုယ်မှလဲ စွမ်းအင်အငွေ့အသက်ကို မခံစားရတဲ့အတွက်

ယုံကြည်၍ သွားသည်။

ထို့နောက် လျူချောင်းစုန့်သည် ထိမ်းမြှားလက်ထပ်ပွဲမှာ သေးငယ်သော လက်ထပ်ပွဲတစ်ခုမဟုတ်ဘဲ လျူဂိုဏ်းမှာ ခမ်းခမ်းနားနား ဆောင်မည်ဖြစ်တဲ့အတွက် အားလုံးကို သေသေချာချာ ပြင်ဆင်ထားဖို့ ပြောလိုက်သည်။

ထိုချိန်မှာ အနီရောင် သတို့သမီးဝတ်စုံနဲ့အတူ မျက်နှာကို ပုဝါအနီလေး ဖုံးထားသော လျူဟွမ်ထင်ရောက်ရှိလာခဲ့ပြီး "ရှင်က ခုချိန်ထိ ဘာမှမပြင်ဆင်ရသေးဘူးလား....." ဟု ပြောကာ အစေခံခေါ်၍ လျင်မြန်စွာ ပြင်ဆင်ခိုင်းလိုက်သည်။

ချောင်ဖုန်းသည် သတို့သားဝတ်စုံကို ဝတ်ဆင်ပြီးတဲ့အခါ ဝေါယာဥ်များ မြင်းများနဲ့ အတူ လျူဂိုဏ်းတော်ကို ထွက်ခွာ၍ လာပါတော့သည်။ချောင်ဖုန်းသည် မြင်းပေါ်ကစီး၍ လိုက်ပါလာခဲ့ပြီး

မြင်တွေ့နေရသော မြင်ကွင်းများအားလုံးသည် အသစ်အဆန်းပင် ဖြစ်နေကြသည်။

လျူဂိုဏ်းတော်၏ မင်္ဂလာပွဲခန်းမ စီစဥ်ထားသောနေရာတွင် ကျုံးအင်ပါယာအတွင်းရှိ ပြိုင်စံရှားငါးဂိုဏ်းနဲ့ တခြားဂိုဏ်းငယ်များ အပါအဝင် လျူဂိုဏ်းသူဂိုဏ်းသားများသည် ချောင်ဖုန်းတို့ကို စောင့်၍ တီးတိုးပြောဆိုနေကြသည်။

လျူချောင်းစုန့်သည် သူ့သမီးကို ငရဲမီးတောက်ဂိုဏ်းမှ သခင်လေးကို မပေးစားချင်သည်မှာ သိသာနေတဲ့အတွက် ချောင်ဖုန်းသည် အမည်ခံသက်သက် သတို့သားလောင်းဆိုတာ လိုက်မေးစရာပင် မလိုဘဲ သိရှိနေကြသည်။

ဘိုးဘေးများရဲ့ စေ့စပ်ထားတဲ့ စာချုပ်ထဲတွင် ကာယကံရှင်ထဲက အပြင်လူတစ်ယောက်နဲ့ ချစ်ကြိုက်မိမယ်ဆိုရင် စေ့စပ်စာချုပ်ကို အလိုက်သိစွာနဲ့ ဖျက်သိမ်းပေးရမှာ ဖြစ်တဲ့အတွက် ငရဲမီးတောက်ဂိုဏ်းသည် မကျေနပ်ဘဲ စာချုပ်ကို ဖျက်သိမ်းပေးခဲ့ရသည်။

ထိုချိန်မှာပဲ လျူဟွမ်ထင်သည် ပျံသန်းလာကာ အားလုံးရဲ့ရှေ့မှောက်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ထိုအခါ အားလုံးသည် သတို့သားကို ရှာမတွေ့သောကြောင့် ဆူညံသံလေးများ ထွက်ပေါ်လာလေသည်။

ထိုစဥ်မှာပဲ လေဟာနယ်အက်ကွဲကြောင်းထဲမှ ချောင်ဖုန်း ၊ လျူချောင်းစုန့်နဲ့ ရီဟန်တို့သည် ထွက်ခွာလာလေသည်။ချောင်ဖုန်းသည် ဘေးအမြင့်ကျောက်ခုံများတွင် ထိုင်နေသော နတ်နယ်ပယ်အဆင့်ကျင့်ကြံသူ အများအပြားကို တွေ့လိုက်ရသည်။

ရန်ယိုသည် လျူဂိုဏ်းတော်သို့ ရောက်တဲ့အခါ သန့်စင်ရေခဲနဲ့ နီးစပ်နေသလိုပင် ခံစားနေရသော်လည်း ချောင်ဖုန်းတို့အား မပြောပြခဲ့ပေ။လျူချောင်းစုန့်သည် မိုးမြေကို ကန်တော့ဖို့ အတွက် ချောင်ဖုန်းကို ဟွမ်ထင်အနားကို သွားခိုင်းလိုက်ပြီး သူကတော့ ပျံသန်း၍ လျူဂိုဏ်းရဲ့ အကြီးအကဲ ထိုင်ခုံမှာ ထိုင်လိုက်သည်။

ချောင်ဖုန်းသည် လျူဟွမ်ထင်အနားသို့ ရောက်သွားတဲ့အခါ လျှပ်စီးသဖွယ်လှံချက်ပေါင်းများစွာသည် လျှပ်တစ်ပြတ်အတွင်း ရောက်ရှိလာတဲ့ လျူဟွမ်ထင်သည် သူ့ရဲ့ ဓားကို ထုတ်ကာ ချောင်ဖုန်းကို ကာကွယ်ပေးလိုက်သည်။

ထိုအခါ အားလုံးသည် ထိုင်နေရင်း လှံလာရာလမ်းကြောင်းကို ကြည့်လိုက်တဲ့အခါမှတော့ ထိုနေရာတွင် ရေခဲသူတော်စင်ဂိုဏ်းရဲ့ အမွေခံသားတော်ဖြစ်သော လွင်ကျန့်ချွင်ပင် ရှိနေသောကြောင့် အံ့အားသင့်သွားကြသည်။

လွင်ကျန့်ချွင်သည် ဘိုးဘေးများ၏ အမွေကို ဆက်ခံရရှိထားသော ပါရမီရှင်တစ်ယောက်ဖြစ်ပြီး ရေခဲသူတော်စင် ဂိုဏ်းရဲ့အနာဂတ်ဂိုဏ်းချုပ်လောင်းတစ်ဦးလဲ ဖြစ်သည်။အားလုံးသည် လွင်ကျန့်ချွင်ရဲ့ တိုက်ခိုက်ချက်ကြောင့် မကောင်းတာ တစ်စုံတစ်ရာ ဖြစ်တော့မည်လို့ ခံစားလိုက်ရသည်။

လွင်ကျန့်ချွင်သည် ထိုင်နေရာမှ ထလိုက်ပြီး "မင်းအသက်ရှင်ချင်သေးရင် ဒီနေရာက ထွက်သွားလိုက် " လို့ ချောင်ဖုန်းကို ပြောလိုက်သည်။ထိုအခါ လျူချောင်းစုန့်သည် "လွင်သခင်လေး.......ဒါက ဘာသဘောလဲ " လို့ ဒေါသသံဖြင့် မေးလိုက်သည်။

လွင်ကျန့်ချွင်သည် ပြုံးလိုက်ပြီး "အကြီးအကဲချောင်းစုန့်....... ဒီကိစ္စမှာ ကျွန်တော် မပါချင်ပါဘူး ၊ ဒါပေမယ့် သခင်လေးလီဟွားက သူ့အတွက် တရားမျှတအောင် အကူအညီတောင်းထားလို့ပဲ" ဟု ပြောလိုက်သည်။

လီဟွားကတော့ ငရဲမီးတောက်ဂိုဏ်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေသူ တစ်ဦးဖြစ်ပြီး လျူဟွမ်ထင်နဲ့ စေ့စပ်ထားသော တစ်ယောက်ပင်ဖြစ်သည်။

လျူချောင်းစုန့်သည် လက်ရှိမှာ ငရဲမီးတောက်ဂိုဏ်းသည် ရေခဲသူတော်စင်ဂိုဏ်းနဲ့ အဆင်ပြေနေလိမ့်မယ်လို့ မထင်ထားခဲ့ချေ။သူ့ရဲ့အစီအစဥ်အားလုံးသည် လက်ရှိအခါမှာ ပျက်စီးဖို့ သေချာနေပြီဖြစ်တဲ့ အကောင်းမွန်ဆုံး ဖြေရှင်းဖို့ စဥ်းစားလိုက်သည်။

လွင်ကျန့်ချွင်သည် သူရဲ့နတ်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်​ေ အရှိန်အဝါကို ထုတ်လွင့်လိုက်ပြီး "မင်းကို ထွက်သွားလို့ ပြောနေတာ မကြားဖူးလား....." ဟု ချောင်ဖုန်းကို ကြိမ်းဝါးလိုက်သည်။

ချောင်ဖုန်းသည် ဂရုမစိုက်တဲ့ဟန်ဖြင့် သတို့သားဝတ်စုံကို ချွတ်လိုက်ပြီး သူကို အမိန့်လာပေးနေသော လွင်ကျန့်ချွင်အား "ငါ့ကို အမိန့်ပေးဖို့ မင်းမှာအရည်အချင်းမရှိသေးဘူး.... " လို့ အားလုံးကြားအောင် ပြောလိုက်သည်။

ချောင်ဖုန်းသည် လွင်ကျန့်ချွင်လို လူမျိုးကို ပြန်ပြောရဲတဲ့အတွက် အားလုံးမှာ အံ့အားသင့်သွားကြပြီး ချောင်ဖုန်းကို ရူးနေသလားဟု ထင်သွားကြသည်။လျူချောင်းစုန့်ကတော့ သူဝင်တိုက်ပေးမယ်ထင်လို့ ချောင်ဖုန်းက လွင်ကျန့်ချွင်ကို ပြောရဲတာလားလို့ ထင်နေခဲ့သည်။

လွင်ကျန့်ချွင် " မင်းကများ သေချင်လို့လား......" လို့ ပြောကာ သူကို ကာကွယ်ပေးရန် လိုက်ပါလာသော အကြီးအကဲနှစ်ယောက်အား ချောင်ဖုန်းကို သတ်ဖို့ အမိန့်ပေးလိုက်သည်။ထိုအခါ အကြီးအကဲနှစ်ယောက်သည် လျင်မြန်သော အရှိန်နှုန်းဖြင့် ချောင်ဖုန်းနားကို ရောက်ရှိသွားပြီး ကိုယ်ပိုင်လက်သီးစွမ်းအားဖြင့် ထိုးချလိုက်လေသည်။

ထိုအခါ အားလုံးသည် ချောင်ဖုန်းသေသွားမယ်လို့ ယူဆလိုက်သော်လည်း ချောင်ဖုန်းရဲ့ ရှေ့မှ လူတစ်ယောက်ပေါ်လာခဲ့ပြီး အကြီးအကဲနှစ်ယောက်ရဲ့ ကိုယ်ပိုင်လက်သီးစွမ်းအင်ကို တစ်ယောက်ထဲနဲ့ အံတုလိုက်လေသည်။

လွင်ကျန့်ချွင်ရဲ့ အကြီးအကဲနှစ်ယောက်သည် လွင့်ပြန်ထွက်သွားပြီး သွေးကြောများ ပျက်စီးသွားတဲ့အတွင် သွေးများအဆက်မပြတ် အန်လိုက်ရတဲ့ အကုန်လုံးသည် မယုံကြည်နိုင်ဖြစ်ကုန်ကြလေသည်။

ထိုတစ်ယောက်ကတော့ ရီဟန်ဖြစ်နေတာကို တွေ့လိုက်ရတဲ့အခါ လျူချောင်းစုန့်သည် " မဖြစ်နိုင်တာ စွမ်းအားအရှိန်အဝါမရှိတဲ့လူတစ်ယောက်က ဘယ်လိုလုပ်ပြီး နတ်နယ်ပယ်အလယ်အလတ် အဆင့် တိုက်ခိုက်ရေးသမားကို အလွယ်တကူ တိုက်ထုတ်နိုင်မှာလဲ " ဟု ရေရွတ်လိုက်သည်။

လွင်ကျန့်ချွင်သည် သူ့လူတွေ ထိခိုက်သွားတာတွေ့တဲ့အခါ "မင်းမှာကာကွယ်ပေးနေတဲ့ အဆင့်မြင့်တိုက်ခိုက်ရေးသမားရှိနေလိမ့်မယ်လို့မထင်ထားမိဘူး ၊ ဒါပေမယ့် မကြာခင်မှာ မင်းတို့နှစ်ယောက်လုံး ကံကောင်းမှာ မဟုတ်တော့ဘူး " လို့ ပြောလိုက်ပြီး အစီအရင် တစ်ခုကို မိုးပေါ်သို့ ထောင်ပစ်လိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပဲ များစွာသောနတ်နယ်ပယ်အဆင့် ကျင့်ကြံသူများသည် လျူဂိုဏ်းတော်ရဲ့ ကောင်းကင်ယံအထက်မှာ စွမ်းအားအရှိန်အဝါအစုံအလင်ဖြင့် ပေါ်ထွက်လာလေသည်။ရီချုံသည် "အကိုကြီး.......ဒီကောင်တွေက အေးဆေးအသက်မရှင်ချင်မှာတော့ ရီချုံတို့ ဖြည့်ဆည်းပေးလိုက်တာပေါ့ " လို့ ပြောလိုက်သည်။

All Chapters