← Chapters

chapter(138)

Vol. 10 Ch. 138

chapter(138)

Vol. 10 Ch. 138

အသန့်စင်ဆုံးစနစ် အခန်း(138)

ထိုအခါ ရန်ယိုသည် "ရန်ယို......တိုက်ခိုက်ဖို့အဆင်သင့် မဖြစ်သေးဘူးနော် " ဟု စိတ်ဓာတ်ကျစွာနဲ့ ပြောလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် ရန်ယိုအတွက် သန့်စင်ရေခဲကိုလဲ ရအောင် ရှာဖွေပေးမယ်လို့ ပြောလိုက်သည်။

လွင်ကျန့်ချွင်သည် ချောင်ဖုန်းအား သတ်ဖြတ်ရန် နတ်နယ်ပယ်အဆင့်ကျင့်ကြံသူများကို သတ်ခိုင်းတော့မယ်အချိန်တွင် လေဟာနယ် အက်ကွဲကြောင်းထဲမှ လူတစ်ယောက်သည် လျူချောင်းစုန့်အနားကိုရောက်ရှိလာပြီး လျူဂိုဏ်းချုပ် မလာနိုင်အောင် သူတားပေးထားမဟ့် အကြောင်းကို ပြောလိုက်သည်။

ထိုချိန်မှာပဲ ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲတစ်ယောက်သည် ငရဲမီးတောက်ဂိုဏ်း lရောက်ရှိလာခြင်းကို ပြောလိုက်သည်။ထိုအခါ လွင်ကျန့်ချွင်သည် "အချိန်ကောင်းမဟုတ်သေးတဲ့အတွက် မင်းခဏလိုက်အသက်ဝအောင်ရှုထားလိုက်အုံး" လို့ ပြောကာ သူ့လူတွေနဲ့ ထွက်ခွာသွားလေသည်။

ရေခဲသူတော်စင်ဂိုဏ်းမှ လူများ ထွက်ခွာသွားတာနဲ့ လျူချောင်းစုန့်ရဲ့ မျက်နှာသည် ချက်ချင်းပင် စိတ်ပျက်သလို ဖြစ်သွားပြီး လူတစ်ယောက်ကို မျက်စပစ်လိုက်သည်။

ထိုအခါအနက်ရောင်မျက်နှာဖုံး တပ်ဆင်ထားသော တစ်ယောက်သည် "အရိပ်မဲ့သတ်ဖြတ်ခြင်းလမ်းစဥ် " ဟု ရေရွတ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အလျင်နှုန်းဖြင့် ချောင်ဖုန်းအား လျပ်စီးတစ်ဖွယ် တိုက်ခိုက်လိုက်လေသည်။

အားလုံးသည် ချောင်ဖုန်းကို သတ်ဖြတ်ချင်သောသူ များနေလိမ့်မယ်လို့ မထင်ထားခဲ့ချေ။ထိုလူသည် လျှပ်စီးဝိညဥ်စွမ်းအင် ရှိသောဓားမြှောင်တိုဖြင့် ချောင်ဖုန်းကို သတ်ဖို့ ကြံစည်ခဲ့ပင်မယ် အနားသို့ ရောက်တဲ့အခါ ဟွမ်ထင်ရဲ့ဘေးတွင် ချောင်ဖုန်းသည် ရုတ်တရက် ပျောက်ကွယ်သွားတဲ့အခါ သူရဲ့ခြေလှမ်းများသည် ရပ်တန့်သွားခဲ့သည်။

ထိုချိန်မှာ လောင်ကျွမ်းနေသော မီးတောက်လက်ဝါးအကြီးကြီးသည် အနက်ရောင်မျက်နှာဖုံး တပ်ဆင်ထားသော လူ၏ နောက်ကျောမှ ရောက်ရှိလာတဲ့အခါ ထိုလူသည် "လျှပ်စီးဓားဆင့်ခေါ်ခြင်းကျင့်စဥ် " လို့ ရေရွတ်လိုက်ပြီး သူ့လက်ထဲဓားဖြင့် မီးတောက်လက်ဝါးကြီးကို ပစ်သွင်းလိုက်သည်။

ထိုအခါ မိုးပြာရောင်လျှပ်စီးဓားမြှောင်နဲ့ အပြာနုရောင် မီးတောက်လက်ဝါးကြီးသည် ထိပ်တိုက်တွေ့ဆုံနေလေသည်။သို့သော် စက္ကန့်အနည်းငယ်အတွင်းမှာပဲ မီးတောက်လက်ဝါးကြီးသည် လျှပ်စီးဓားမြှောင်တို ကို ကြေမွအောင် ဖျက်စီးပစ်လိုက်နိုင်သည်။

ထိုအခါ အနက်ရောင်မျက်နှာဖုံးနဲ့ လူသည် ထွက်ပြေးဖို့ ကြိုးစားလိုက်ပင်မယ့် မြေအောက်ထဲမှ ကြိုးသဏ္ဍာန်မီးတောက်ကြီးသည် သူ့အားချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး မီးတောက်လက်ဝါးကြီးအောက်သို့ ကျရောက်သွားလေသည်။

ထိုလူသည် တစ်ကိုယ်လုံး လောင်ကျွမ်းသွားပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာရသွားပြီး မတ်တပ်ရပ်ဖို့ပင် မဖြစ်နိုင်တော့ပေ။

အားလုံးသည် မီးလောင်ကျွမ်းနေသော လူတစ်ယောက်နဲ့အတူ

လက်ဖဝါးတွင် တောက်လောင်နေသော အပြာနုရောင် မီးတောက်ကို ထိန်းချုပ်နေသော ချောင်ဖုန်းကို တွေ့လိုက်ရသည်။

ထိုအခါ အကုန်လုံးသည် သဘာဝမီးတောက်ကို တွေ့တဲ့အခါ စိတ်ဝင်တစားပင် ဖြစ်သွားကြလေသည်။လျူချောင်းစုန့်သည် သေလောက်အောင်ပေါက်ကွဲထွက်သွားပြီး သူ့ကိစ္စအားလုံး ပျက်စီးသွားလိမ့်မယ်လို့ မထင်ထားခဲ့ချေ။

သူသည် ချောင်ဖုန်းကို သာမာန်လူလို့ ထင်ထားခဲ့သောကြောင့် သူ့ရဲ့ သူရဲ့အကြံအစည် အောင်မြင်လိမ့်မယ်ဟု သေချာစီစဥ်ခဲ့ခြင်းပင်ဖြစ်သည်။

လျူချောင်းစုန့်သည် ချောင်ဖုန်းကိုသူသမီးနဲ့ မင်္ဂလာဆောင်ခိုင်းခဲ့ခြင်းမှာ လီဟွားနဲ့မပေးစားခြင်းကြောင့်ဖြစ်ပြီး ငရဲမီးတောက်ဂိုဏ်းက မကျေနပ်လို့ ချောင်ဖုန်းအား သတ်လိုက်မယ်ဆိုရင်

စေ့စပ်စာချုပ်မှာ ဖျက်သိမ်းပြီးသားဖြစ်တဲ့အပြင် လက်ထပ်ဖို့ သတို့သားလဲ သေဆုံးသွားတဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်ဖြစ်သည်။

ထို့အပြင် ငရဲမီးတောက်ဂိုဏ်းမှ မသတ်ဖြတ်ရင်တောင် ချောင်ဖုန်း

ကို သတ်ဖြတ်ဖို့ စီစဥ်ထားခဲ့ခြင်းဖြစ်သည်။သို့သော် ယခုအခါမှတော့ သူ့အစီအစဥ်အားလုံးပျက်စီးသွားတဲ့အတွက် သူ့သမီးအား ချောင်ဖုန်းလက်ထဲ ထည့်ပေးရမယ်ကို သိသွားသော်အခါ စိတ်ပျက်နေလေသည်။

ချောင်ဖုန်းသည် ယင်ယန်သတ်ဖြတ်ခြင်းကျင့်စဥ်ကို သုံးကာ သူရှေ့မှလူရဲ့ ကျင့်ကြံခြင်းစွမ်းအင်များ အားလုံးကို စုပ်ယူလိုက်လေသည်။ထိုနောက် နာကျင်အော်ဟစ်ကာ သေဆုံးသွားသော အသက်မရှိသောခန္ဓာကိုယ်ကြီးအား သဘာဝမီးတောက်ဖြင့် လောင်ကျွမ်းစေလိုက်တဲ့အခါ ပြာမှုန့်များ အဖြစ် ပြောင်းလဲသွားခဲ့သည်။

ချောင်ဖုန်းသည် သူ့မီးတောက်ကို ပြန်သိမ်းလိုက်ပြီး မျက်နှာပျက်နေသော လျူချောင်းစုန့်ကို တချက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။ထိုအခါ လျူချောင်းစုန့်သည် သူ့အကြံအစည်များကို ချောင်ဖုန်းသည် ကြိုသိနေတာလားတွေးကာ

ငေးမိုင်သွားလေသည်။

ထိုချိန်မှာ နတ်နယ်ပယ်အဆင့်ကျင့်ကြံသူများသည် လျင်မြန်စွာ အရှိန်နှုန်းနဲ့ လျူဂိုဏ်းရှိ ရောက်ရှိလာလေသည်။ထိုလူတွေကတော့ ငရဲမီးတောက်ဂိုဏ်းမှ သခင်လေးနှစ်ယောက်နဲ့ အတူ ဂိုဏ်း၏အကြီးအကဲများပင် ဖြစ်လေသည်။

လီဟွားသည် သူရဲ့အကိုဖြစ်သော ငရဲမီးတောက်ဂိုဏ်းရဲ့ သခင်လေးအား လျူဂိုဏ်းကို ပြသာနာရှာဖို့အတွက် ခေါ်လာခြင်းဖြစ်သည်။ငရဲမီးတောက်ဂိုဏ်းမှ လူများထပ်မံရောက်ရှိလာတဲ့အခါ လျူချောင်းစုန့်သည် ဝမ်းသာသွားလေသည်။

လီဟွားသည် ချောင်ဖုန်းကို တွေ့တာနဲ့ "အကိုလွေ့.......ငါပြောတာ အဲ့တစ်ယောက်ပဲ " လို့ပြောလိုက်သည်။သွမ်ယွမ်လွေ့သည် ချောင်ဖုန်းကို မကြည့်ဘဲ "အဲ့ကိစ္စနဲ့ပက်သက်ပြီး မင်းဘာမှ စိတ်ပူစရာမလိုဘူး ငါကိုယ်တိုင်သူကို....."လို့ ပြောနေရင်း ချောင်ဖုန်းအမှတ်မထင်တွေ့သွားတဲ့အခါ ဝမ်းသာသွားလေသည်။

သွမ်ယွမ်လွေ့အနားမှာ အမြဲ ကာကွယ်လေ့ရှိသော ငရဲမီးတောက်ဂိုဏ်းမှ အကြအကဲများသည်လည်း ချောင်ဖုန်းကို တွေ့သွားတဲ့အခါ "အဲ့တာဘိုးဘေးမလား......" ဟု သူတို့စိတ်ထဲတွင် တွေးနေစဥ်မှာ သွမ်ယွမ်လွေ့သည် အောက်သို့ ခုန်ဆင်းသွားပြီး "အကြီးအကဲတို့ ဘာလုပ်နေကြတာလဲ ၊ ဘိုးဘေးကို တွေ့တာတောင် အရိုအသေမပြုကြသေးဘူးလား...." လို့ အားလုံးကို ဆူဟောက်လိုက်လေသည်။

သွမ်ယွမ်လွေ့နဲ့ အကြီးအကဲများသည် မြေပြင်ပေါ်သို့ ချက်ချင်းပင် ဆင်းသက်လိုက်ပြီး ဒူးတစ်ဖက်ထောက်ကျကာ ချောင်ဖုန်းအား "ဘိုဘေးကို အရိုအသေပြုပါတယ် "ဟု ပြောကာ နှုတ်ဆက်လိုက်ကြသည်။

ထိုအခါ လျူချောင်းစုန့်အပါအဝင် ထိုနေရာတွင် ရှိနေသော အဆင့်မြင့် တိုက်ခိုက်ရေးသမားအားလုံးသည် ချောင်ဖုန်းသည် ငရဲမီးတောက်ဂိုဏ်းရဲ့ ဘိုးဘေးဖြစ်နေလိမ့်မယ်လို့ မထင်ထားတဲ့အတွက် ရူးခါ၍ သွားလေသည်။

လီဟွားသည် ချောင်ဖုန်းက သူ့တို့ဂိုဏ်း၏ ဘိုးဘေးဆိုတာ သိသွားတဲ့အတွက် ​ကြောက်လန့်၍ သွားလေသည်။ရှေးခေတ်ဂိုဏ်းများ၏ ဘိုးဘေးများသည် ဝိညဥ်နယ်ပယ်အဆင့်ကို ရောက်ရှိနေတာ နှစ်ပေါင်းအတော်ကြာနေတဲ့အပြင် သူတို့ရဲ့ကျင့်စဥ်တွေသည် ​အလွန်ပင်ကြောက်စရာ ကောင်းလှသည်။

လျူချောင်းစုန့်သည် သူ့အစီအစဥ်တွေ ပျက်စီးယုံတင်မကပဲ ငရဲမီးတောက်ဂိုဏ်း၏ ဘိုးဘေးကိုမှ သတ်ရန်ကြံစည်ခဲ့မိတာတဲ့အတွက် အဆုံးထိတိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ချောင်ဖုန်းသည် သွမ်ယွမ်လွေ့တို့ကို ထခိုင်းလိုက်ပြီး လျူချောင်းစုန့်အား "ချောင်းစုန့်........မင်းရဲ့အကြံအစည် ဒါအကုန်ပဲလား " ဟု ပြောလိုက်သည်။

ထိုအခါ လျူဟွမ်ထင်သည် မျက်နှာပျက်သွား၍ သူ့အဖေအား မေးမြန်းကြည့်လိုက်လေသည်။လျူချောင်းစုန့်သည်ဟွမ်ထင်စကားကို ဂရုမစိုက်ဘဲ "ဟားဟားဟား........မင်းက ငရဲမီးတောက်ဂိုဏ်းရဲ့ ဘိုးဘေးဖြစ်တာနဲ့ မင်းကိုငါက ကြောက်မယ်ထင်နေတာလား " လို့ ပြောလိုက်သည်။

သွမ်ယွမ့်လွေ့သည် "ငါတို့ငရဲမီးတောက်ဂိုဏ်းရဲ့ ဘိုးဘေးကိုတောင် ခုလို​ပြန်ပြောရဲတယ်ဆိုတော့......မင်းတို့ လျူဂိုဏ်းက ငါတို့ငရဲမီးတောက်ဂိုဏ်းကို မျက်စိထဲမထားဘူးထင်တယ် " လို့ ပြောလိုက်သည်။

ထိုချိန်မှာ ရေခဲသူတော်စင်ဂိုဏ်းမှ နတ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားများသည် ပြန်လည်ရောက်ရှိလာခဲ့ပြီး လွင်ကျန့်ချွင်သည် "အကြီးအကဲချောင်းစုန့်......မင်း​ကမ်းလှမ်းထားတဲ့ ကိစ္စ ငါသဘောတူဖို့ ဆုံးဖြတ်လိုက်ပြီ" ဟု ပြောလိုက်သည်။

ထိုအခါ လျူချောင်းစုန့်သည် ချက်ချင်းပင် ဝမ်းသာသွားပြီး "သခင်လေးကျန့်ချွင်.......မင်းတကယ်ပြောတာလား"လို့ ပြောလိုက်သည်။

လွင်ကျန့်ချွင်သည် ရေခဲသူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကို လျင်မြန်စွာ ဆက်ခံချင်နေသော်လည်း ဂိုဏ်းရဲ့ အဓိက ပုဂ္ဂိုလ်နှစ်ယောက်သည် လက်မခံသေးသည့် ထိုနှစ်ယောက်ကို သတ်ဖြတ်ပေးမည်ဟု လျူချောင်းစုန့်သည် လွင်ကျန့်ချွင်ကို ကမ်းလှမ်းခဲ့ခြင်းပင် ဖြစ်သည်။

ငရဲမီးတောက်ဂိုဏ်းမှ အကြီးအကဲများသည် "ဘိုးဘေး.......ဒီနေရာက လျူဂိုဏ်းဖြစ်တဲ့အတွက် ကျွန်တော်တို့ နောက်ဆုတ်လိုက်ရင်ကောင်းမယ် " လို့ ပြောလိုက်သည်။ချောင်ဖုန်းသည် ခေါင်းခါလိုက်ပြီး "ခုချိန်မှ ထွက်ပြေးရင်ရော မင်းတို့လွတ်မယ်ထင်လို့လား..." လို့ ပြောလိုက်ပြီး လျူချောင်းစုန့်ကို တိုက်ခိုက်ဖို့ ရီဟန်ကို စေခိုင်းလိုက်သည်။

ရီချုံသည် ချောင်ဖုန်းရဲ့ အကြံအစည်ကို သိနေတဲ့အတွက် ထွက်မတိုက်သေးပေ။ချောင်ဖုန်းသည် နတ်ဆိုးတစ္ဆေစွမ်းအားအရှိန်အဝါကို ထုတ်လိုက်တဲ့အခါ အားလုံးသည် ကြောက်လန့်ကြသွားလေသည်။

ချောင်ဖုန်းသည် လျူဂိုဏ်းမှ အကြီးအကဲများကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပြီး ရေခဲသူတော်စင်ဂိုဏ်းကို သူရင်ဆိုင်ဖို့ ပြောလိုက်သည်။

All Chapters