Chapter(139)
Vol. 10 Ch. 139
အသန့်စင်ဆုံးစနစ် အခန်း(139)
ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲများသည် တိုက်ခိုက်ရေး နတ်နယ်ပယ်အဆင့် စွမ်းအားအရှိန်အဝါကို ထုတ်လွင့်လိုက်ပြီး သူတို့ဓားများကို ရေခဲဝိညဥ်စွမ်းအင်အသက်သွင်းကာ "သွားသေလိုက်တော့ "လို့ အော်ဟစ်ကာ ချောင်ဖုန်းကို ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။
ချောင်ဖုန်းသည် "ဆောက်ရူးတွေ......" လို့ ပြောကာ နတ်ဆိုးတစ္ဆေစွမ်းအား အရှိန်အဝါကို ရာနှုန်းပြည့် ထုတ်လွင့်လိုက်တဲ့အခါ ပြေးဝင်လာသော နတ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများသည် ချောင်ဖုန်း အနားကို မရောက်ခင်မှာ နတ်ဆိုးတစ္ဆေစွမ်းအား အရှိန်အဝါကြောင့် ရပ်တန့်၍ သွားကြသည်။
နတ်ဆိုးတစ္ဆေစွမ်းအားအရှိန်အဝါ ဖိအားကြီးသည် သူတို့အပေါ်ကိုကျရောက်လာတဲ့အခါ အကြီးအကဲများသည် လှုပ်ရှားလို့ မရတော့တဲ့အတွက် တုန်လှုပ်ခြောက်ခြားသွားလေသည်။ချောင်ဖုန်းသည် အချိန်ဆွဲမနေဘဲ ယင်ယန်သတ်ဖြတ်ခြင်းကျင့်စဥ်ဖြင့် သူတို့ အားလုံးရဲ့ကျင်ကြံခြင်းကို စုပ်ယူပစ်လိုက်လေသည်။
ထိုအခါ ရေခဲသူတောင်စင်ဂိုဏ်းမှ အကြီးအကဲများရဲ့ ခန္ဓာကိုယ်အတွင်းမှ ကျင့်ကြံခြင်းစွမ်းအင်များသည် ချောင်ဖုန်းရဲ့ သွေးကြောအသစ်ထဲသို့ တလဟောစီးဝင်နေကြပြီး အကြီးအကဲများသည် သေလုမတက်နာကျင်ကာ အော်ဟစ်နေကြလေသည်။
လျူချောင်းစုန့်သည် ရီဟန်နဲ့ တိုက်ခိုက်နေရင်း ရေခဲသူတော်စင်ဂိုဏ်းမှ အကြီးအကဲများသေဆုံးသွားတာကို မြင်လိုက်ရတဲ့အတွက် ချောင်ဖုန်းအား မကောင်းဆိုးဝါးတစ်ကောင်လို့ပင် ထင်သွားလေသည်။
ထိုချိန်မှာတော့ လွင်ကျန့်ချင်သည် သူရတနာကို ထုတ်သုံး၍ နတ်ဆိုးတစ္ဆေစွမ်းအားအရှိန်အဝါစွမ်းအားကို ခုခံ၍ ထွက်ပြေးသွားတာကို ချောင်ဖုန်းသည် မြင်တွေ့လိုက်လေသည်။
လွင်ကျန့်ချွင်သည် သူရဲ့အမွေခံရတနာကို ထုတ်သုံးကာ ချောင်ဖုန်း၏ နတ်ဆိုးတစ္ဆေစွမ်းအားအရှိန်အဝါအောက်မှ လွတ်မြောက်၍ ထွက်ပြေးဖို့ ကြိုးစားနေသော်လည်း ချောင်ဖုန်းက လျှပ်တစ်ပြက်အတွင်း သူရှေ့ကို ရောက်ရှိလာတဲ့အခါ ဒေါသ ထွက်သွားလေသည်။
လွင်ကျန့်ချွင်သည် သူကိုယ်ပိုင်ဝိညဥ်စွမ်းအားကို ရတနာထဲသို့ ထည့်သွင်းလိုက်ပြီး လက်ချောင်းများကို လှုပ်ရှားရင်း "ရေခဲသူတော်စင်ရဲ့ အကာအကွယ်" လို့ ရေရွတ်လိုက်တဲ့အခါ လွင်ကျန့်ချွင်သည် ရေခဲအကာအကွယ် အစီအရင်တစ်ခုအတွင်းသို့ ရောက်ရှိသွားလေသည်။
ထိုအခါ ချောင်ဖုန်းသည် လက်ဖဝါးမှ သဘာဝမီးတောက်ကို ထုတ်လိုက်တဲ့အခါ အပြာနုရောင်မီးတောက်ကြီးထွက်ပေါ်လာပြီး ထိုမီးတောက်ကြီးဖြင့် လွင်ကျန့်ချွင်ရဲ့ ရေခဲ အကာအကွယ်အစီအရင်ကိုတိုက်ခိုက်လိုက်သည်။
သို့သော် ထိုရေခဲအကာအကွယ်အစီအရင်သည် အလွန်မာကျောနေတဲ့အတွက် သဘာဝမီးတောက်လို အပူမျိုးကို ခံနိုင်ရည်စွမ်းရှိနေတဲ့အခါ ချောင်ဖုန်းသည် ထိုရတနာအား စိတ်ဝင်စားသွားသည်။လွင်ကျန့်ချွင်သည် "ဟားဟား......မင်းရဲ့သဘာဝမီးတောက်က ငါရဲ့ဘိုးဘေး ရတနာကို ယှဥ်နိုင်မှာလား " လို့ ပြောလိုက်၍ ချောင်ဖုန်းကို လှောင်လိုက်သည်။
ထိုချိန်မှာ ချောင်ဖုန်းရဲ့ ခန္ဓာကိုယ်ထဲမှ ရီချုံ၏ စွမ်းအားဖြစ်သော အနီရောင်မီးတောက်ကြီး ထွက်လာကာ ရေခဲအကာအကွယ်အစီအရင်ကြီးကို လောင်ကျွမ်းစေလိုက်လိုက်လေသည်။
ထိုအခါ ရေခဲအကာအကွယ်အစီအရင်ကြီးသည် မီးတောက်နှစ်မျိုး၏ တိုက်ခိုက်မှုကြောင့် တဖြည်းဖြည်း ကွဲကြေလာတဲ့အခါ လွင်ကျန့်ချွင်သည် ခြေဖျားလက်ဖျားများပင် အေးစက်သွားကာ "မဖြစ်နိုင်တာ........မင်းမှာ ဘယ်လိုလုပ်ပြီး မီးတောက်နှစ်မျိုးရှိနေတာလဲ " ဟု ပြောလိုက်သည်။
ချောင်ဖုန်းသည် လျှပ်တစ်ပြက်အတွင်း လွင်ကျန့်ချွင် အနားကို ရောက်ရှိသွားပြီး အေးစက်သော အကြည့်ဖြင့် ကြည့်ကာ "မင်းလား....... ဒီအရည်အချင်းလောက်နဲ့ ငါ့ကို သတ်ဖို့အမိန့်ပေးရဲတာ" လို့ ပြောကာ လွင်ကျန့်ချွင်၏ ကျင့်ကြံခြင်းစွမ်းအားများကို စုပ်ယူပါတော့သည်။
စက္ကန့်ပိုင်းအတွင်းမှာပဲ အသက်မရှိသော လွင်ကျန့်ချွင်ရဲ့ ခန္ဓာကိုယ်ကြီးသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။ထိုချိန်မှာ အခန်းထဲတွင် ကျင့်ကြံနေသော လူတစ်ယောက်ရဲ့မျက်လုံးသည် ပွင့်လာပြီး "မဆိုးဘူး......ငါနဲ့တိုက်ခိုက်ဖို့ မင်းမှာအရည်အချင်းရှိသားပဲ ၊ မကြာခင်မှာ မင်းကိုသတ်ဖြတ်ပြီး ငါရဲ့ရတနာကို ပြန်လာယူမယ် " လို့ ပြောကာ မျက်လုံးမှိတ်သွား၍ ပြန်ကျင့်ကြံနေလေသည်။
ချောင်ဖုန်းသည် လွင်ကျန့်ချွင်သေဆုံးသွားတဲ့အခါ သူရဲ့ခန္ဓာကိုယ်နဲ့ချိတ်ဆက်ထားသော ရေခဲကျောက်ပွင့်ပုံစံအသွင် ရတနာစွမ်းအင်တစ်မျိုးသည် ပေါ်ထွက်လာတဲ့အခါ သိမ်းလိုက်ပြီး သိုလှောင်ကွင်းထဲသို့ သိမ်းထားလိုက်သည်။
လျူချောင်းစုန့်နဲ့နတ်ဘုရားအဆင့် ရုပ်သေးရုပ် ရီဟန်သည် သည် အရည်အချင်း ညီမျှနေတဲ့အတွက် တစ်ယောက်ကို တစ်ယောက် ထိခိုက်အောင်မလုပ်နိုင်ကြပေ။တိုက်ပွဲအကြီးအကျယ် ဖြစ်နေတာတောင် လျူဂိုဏ်းချုပ်သည် ထွက်ပေါ်မလာသောကြောင့် ချောင်ဖုန်း စိတ်ထဲတွင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။
ထိုချိန်မှာ ခုနမှ ထွက်ပေါ်လာသော ဝိညဥ်နယ်ပယ်အဆင့်မှ လူသည် လျူချောင်းစုန့်အနားမှာ ပြန်လည်ရောက်ရှိလာပြီး ရီဟန်ကို တိုက်ခိုက်လိုက်တဲ့အခါ ချောင်ဖုန်းသည် ရီဟန်ကို သူ့အနားကို ပြန်ခေါ်လိုက်သည်။
ထိုချိန်မှာ လောဟာနယ် အက်ကွဲကြောင်းထဲမှ ကြောက်မယ်ဖွယ်ကောင်းသော အရှိန်အဝါနဲ့အတူ လူတစ်ယောက်သည် ထွက်ပေါ်လာခဲ့သည်။
ထိုလူကတော့ တခြားလူမဟုတ်ဘဲ လျူချောင်းစုန့်ရဲ့ညီဖြစ်ပြီး လျူဂိုဏ်းချုပ်ဖြစ်သည့် လျူချွန်ပင် ဖြစ်လေသည်။သို့သော် ယခုထွက်ပေါ်လာသော လျူချွန်သည် တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေလေသည်။
လျူချွန်ကို မြင်တဲ့အခါ လျူချောင်းစုန့်သည် နဂိုနဲ့ မတူဘဲ လုံးဝပြောင်းလဲနေတဲ့အတွက် မူမမှန်တာ တစ်ခုခုရှိတာကို သိရှိနေလေသည်။ထိုချိန်မှာ လေဟာနယ်ထဲမှ ဝိညဥ်နယ်ပယ်အဆင့်ရှိသူ ဆယ်ယောက်သည် လျူချွန်ရဲ့ နောက်မှ ပေါ်ထွက်လာလေသည်။
လျူဂိုဏ်းတော်တွင် ဝိညဥ်နယ်ပယ်အဆင့်ရှိသော ငါးယောက်သာ ရှိသော်လည်း ယခုအခါ ထိုငါးယောက်အပြင် နောက်ထပ် နတ်နယ်ပယ်အဆင့် အကြီးအကဲများမှ ဝိညဥ်နယ်ပယ်အဆင့်ကို ရောက်ရှိသွားတာကို သိတဲ့အခါ လျူချောင်းစုန့်သည် ဘာတွေများ ဖြစ်သွားတာလဲ လို့သိချင်သွားသည်။
လျူချောင်းစုန့်သည် လျူချွန်ကို အံ့အားသင့်စွာဖြင့် ကြည့်နေစဥ်မှာ သူ့အနားတွင် ရှိသော ဝိညဥ်နယ်ပယ်အဆင့်အကြီးအကဲသည် ရုတ်တရက် သူ့အား တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ထိုလူသည် တိုက်ခိုက်ပြီးတာနဲ့ လျူချွန်အနောက်မှာ သွားရပ်နေလေသည်။
လျူချောင်းစုန့်သည် သွေးများအန်လိုက်ရတဲ့အတွက် ဆေးလုံးအား အမြန်ထုတ်သောက်လိုက်ပြီး "မင်းက ဘယ်ချိန်က သူ့ဘက်က ဖြစ်သွားရတာလဲ " လို့ လျူဟောင်တု ဆိုသော အကြီးအကဲကို မေးလိုက်သည်။
လျူချောင်းစုန့်သည် သူ့ညီ၏ အကြောင်းကို သိတဲ့အတွက် လျူဟောင်တုကို လျူချွန်ရဲ့ အနားမှာ သူလျှိူအဖြစ် ထားထားခြင်းဖြစ်သည်။
ဟွမ်ထင်သည် သူကြောင့်နဲ့ အခြေအနေသည် ခုလောက်ထိ ဖြစ်လာလိမ့်မယ်ထင်မထားတာကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေခဲ့လေသည်။
လျူချောင်းစုန့်သည် ဂိုဏ်းချုပ်ရာထူးကို တမင်ပေးချင်လို့ မဟုတ်ဘဲ နောက်ကွယ်ကနေ ထိန်းချုပ်ချင်တဲ့အတွက် ပေးခဲ့တာဖြစ်ပြီး ပြသာနာတစ်စုံတစ်ခု ဖြစ်ခဲ့ရင် ဂိုဏ်းချုပ်ဖြစ်သော လျူချွန်ကိုပဲ ထိုးကျွေးမလို့ပင် ဖြစ်သည်။
သို့သော် လျူချွန်သည် တိတ်တဆိတ် ဝတ်ရုံနီဂိုဏ်းနဲ့ ပူပေါင်းနေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ချေ။လျူချွန်သည် ဂိုဏ်းချုပ်ဖြစ်ခါစက နတ်နယ်ပယ်အထွဋ်အထိပ်ကိုသာ ရောက်ရှိသေးသော်လည်း ယခုအခါမှာ ဝတ်ရုံနီဂိုဏ်း၏ အကူအညီဖြင့် ဝိညဥ်နယ်ပယ်အလယ်အလတ် အဆင့်ကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
လျူချောင်းစုန့်သည် သူထွက်ပြေးလို့ လွတ်မြောက်နိုင်သော်လည်း သူ့သမီးနှစ်ယောက်သည် လျူချွန်လက်ထဲမှ မလွတ်မြောက်နိုင်တာ သိသောကြောင့် အညံခံကာ သူ့သမီးနှစ်ယောက်ကို ဘာမှမလုပ်ဖို့ ပြောလိုက်သည်။
ချောင်ဖုန်းသည် ထိုချိန်မှာ နတ်ဘုရားခြေလှမ်းကျင့်စဥ်ကို သုံးကာ ထွက်ပြေးပါတော့သည်။ထိုအခါ ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံသူတွေသည် "မင်းက ခုမှ ထွက်ပြေးဖို့ကြိုးစားနေတာလား " ဟု ပြောကာ ချောင်ဖုန်းရဲ့ ရှေ့မှ လျှပ်တစ်ပြက် ပေါ်လာလေသည်။
သို့သော် ရီဟန်သည် ချောင်ဖုန်းရှေ့မှ ပေါ်လာပြီး ဝိညဥ်နယ်ပယ်အစောပိုင်းအဆင့်တိုက်ခိုက်ရေးသမား နှစ်ယောက်ကို ကိုယ်ပိုင်လက်သီးစွမ်းအင်ဖြင့် တိုက်ခိုက်လိုက်သည်။
ထိုနှစ်ယောက်သည်လည်း သူတို့ရဲ့ဝိညဥ်နယ်ပယ်အစောပိုင်းအဆင့်စွမ်းအားကို ထုတ်လွင့်လိုက်၍ လက်သီးမှာ စွမ်းအင်စုစည်းလိုက်ပြီး ရီဟန်ကို တန်ပြန်ထိုးလိုက်သည်။သို့သော် သူတို့နှစ်ယောက်လုံး သည် လွင့်ထွက်သွားပြီး ဒဏ်ရာအနည်းငယ် ရရှိသွားလေသည်။
ထိုအခါချောင်ဖုန်းသည် "ခံစားချက်မဲ့သေခြင်းတရားကျင့်စဥ် " လို့ ရေရွတ်လိုက်ပြီး ထိုနှစ်ယောက်ကို တိုက်ခိုက်လိုက်သည်။အဖြူရောင် ချီစွမ်းအင်လှိုင်းကြီးကျရောက်လာတဲ့အခါ ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေး သမားများသည် လျင်မြန်စွာပင် ရှောင်လိုက်ရသည်။
ချောင်ဖုန်းသည် သူတို့ နှစ်ယောက်ရဲ့ကြားမှ ကြောက်စရာကောင်းသော အရှိန်ဖြင့် ပျံသန်းထွက်ပြေးသွားလေသည်။ထိုနှစ်ယောက်သည် ချောင်ဖုန်းနောက်ကို ထပ်လိုက်မယ့်ချိန်တွင် ရီဟန်သည် ထိုနှစ်ယောက်ကို ရှေ့မှ ပေါ်လာကာတိုက်ခိုက်လိုက်လေသည်။
ထိုအခါ နောက်ထပ် ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားလေးယောက်သည် "မင်းဘယ်ထိပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့ " လို့ ပြောပြီး ချောင်ဖုန်းနောက်ကို ဆက်လိုက်လေသည်။