← Chapters

chapter(140)

Vol. 10 Ch. 140

chapter(140)

Vol. 10 Ch. 140

အသန့်စင်ဆုံးစနစ် အခန်း(140)

ချောင်ဖုန်းသည် ကိုယ်ပွား၍ ထွက်ပြေးသွားတဲ့အခါ ထိုလေးယောက်သည် ခွဲ၍ ချောင်ဖုန်းနောက်ကို ဆက်လိုက်ပါတော့သည်။

ချောင်ဖုန်းသည် လျူဂိုဏ်းနဲ့ အလွန်ဝေးကွာသော နေရာတစ်ခုကို ရောက်တဲ့အခါ ရပ်နားလိုက်သည်။

ထိုအခါ ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားသည် အေးဆေးဆေးဆေးပင် "မင်းဘာလို့ ဆက်မပြေးတော့တာလဲ " ဟု မေးလိုက်သည်။ထိုအခါ ချောင်ဖုန်းသည် အေးစက်သောအကြည့်နဲါအတူ နတ်ဆိုးတစ္ဆေအရှိန်အဝါစွမ်းအားကို ထုတ်လွင့်လိုက်ပြီး အပြာနုရောင်မီးတောက်ကို လက်ဖဝါးမှ ထုတ်လိုက်သည်။

ချောင်ဖုန်းရဲ့တစ်ကိုယ်လုံး အနက်ရောင်အငွေ့အသက်များထွက်ပေါ်နေပြီး လက်ဖဝါးမှာတော့ အပြာနုရောင်မီးတောက်လေး တောက်လောင်နေလေသည်။

လျူဂိုဏ်းမှ ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားသည် "မင်းက ငါ့ကို ပြန်တိုက်ခိုက်ဖို့ ကြိုးစားနေတာလား" ဟု ပြောလိုက်ပြီး သူလက်ဖဝါးမှ အနီရောင်သွေးစွမ်းအင်အငွေ့အသက်များစုစည်းလိုက်ပြီး ချောင်ဖုန်းကို တိုက်ခိုက်လိုက်သည်။

အနီရောင်သွေးစွမ်းအင်အလင်းတန်းကျရောက်လာတဲ့အခါ ချောင်ဖုန်းသည် "စကြာမီးတောက်ကျင့်စဥ်" လို့ ရေရွတ်ပြီး မီးတောက်ဖြင့် တိုက်ခိုက်လိုက်တဲ့အခါ စကြာပုံစံအသွင်မီးတောက်များသည် အနီရောင်သွေးစွမ်းအင်အလင်းတန်းကြီးအား တစ်စချင်းစီ ဖျက်ဆီးပစ်လိုက်သည်။

ဝိညဥ်နယ်ပယ်အဆင့်ကျင့်ကြံသူသည် လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး အနီရောင်သွေးစွမ်းအင်ဖြစ်သော အကာအကွယ်ကြီးဖြင့် သူ့အနားရောက်ရှိလာသော စကြာမီးတောက်ကို ကာကွယ်လိုက်သည်။

သို့သော် စကြာမီးတောက်သည် သူ့ အကာအကွယ် စွမ်းအင်အား တစချင်းစီး ထိုးဖောက် လောင်ကျွမ်းသွားစေပြီး သူခန္ဓာကိုယ်အား ဝင်ရောက်သွားတဲ့အခါ ထိုလူသည် ​အော်ဟစ်လိုက်ကာ သူရဲ့စွမ်းအင်များဖြင့် ရမ်းတိုက်ခိုက်လိုက်သည်။

ထိုချိန်မှာ ချောင်ဖုန်းသည် ယင်ယန်သတ်ဖြတ်ခြင်းကျင့်စဥ်ဖြင့် ထိုလူရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို စုပ်ယူပစ်လေသည်။ခဏအတွင်းမှာပဲ ထိုလူသည် အသက်မဲ့သော ခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲသွားလေသည်။

ချောင်ဖုန်းသည် သူရောက်ရှိနေသော နေရာကို ရီဟန်ကို ဆင့်ခေါ်လိုက်ပြီး သူစွမ်းအားများ စုပ်ယူနေချိန်မှာ ကာကွယ်ပေးဖို့ စေခိုင်းလိုက်သည်။ချောင်းဖုန်းသည် သူရရှိထားသော ကျင့်ကြံခြင်း စွမ်းအင်များကို ဒန်ထျန်ထဲသို့ စုပ်ယူကာ သန့်စင်လိုက်သည်။

အချိန်အနည်းငယ် ကြာပြီးတဲ့နောက်မှာ ချောင်ဖုန်းသည် နတ်နယ်ပယ်အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိသွားလေသည်။ချောင်ဖုန်းသည် ယင်ယန်သတ်ဖြတ်ခြင်းကျင့်စဥ်ကြောင့် ကျင့်ကြံစရာမလိုဘဲ တရှိန်ထိုးတိုးတက်လာတဲ့အတွက် ရှယုကို သတိရနေခဲ့သည်။

ထို့နောက် ချောင်ဖုန်းသည် ကိုယ်ပွားများရှိနေသော နေရာများကို သွားကာ သူနောက်လိုက်နေသော ဝိညဥ်နယ်ပယ်အဆင့် ကျင့်ကြံသူများကို တစ်ယောက်ပြီးတစ်ယောက်လိုက်လံ သတ်ဖြတ်လေသည်။

ချောင်ဖုန်းသည် ဝိညဥ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားကို ထပ်မံသတ်ဖြတ်ပြီးတဲ့အခါ ကျင့်ကြံခြင်းစွမ်းအားကို ရရှိယုံတင်မက နတ်ဆိုးတစ​္ဆေစွမ်းအားအရှိန်မှ မကြာခင် နတ်ဘုရားပလ္လင်အလင်းတန်း ကို ရရှိတော့မည် ဖြစ်သည်။

နတ်ဘုရားပလ္လင်အလင်းတန်းသည် နတ်နယ်ပယ်အဆင့် တိုက်ခိုက်ရေးသမားကို လက်ဖျောက်တီးယုံနဲ့ သတ်နိုင်တဲ့အပြင် ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားကို ချုပ်နှောင်ထားနိုင်သော စွမ်းအင်ပင်ဖြစ်သည်။

လျူချွန်သည် သူလူတွေရဲ့ စွမ်းအားအငွေ့အသက် ပျောက်ဆုံးသွားတဲ့အခါ သူ့ကိုယ်တိုင် ချောင်ဖုန်းအား သတ်ရန် ထွက်ခွာလာလေသည်။ချောင်ဖုန်းသည် နေရာတစ်ခုတွင် စောင့်ကာ ကျင့်ကြံ၍ လျူချွန်တို့ အဖွဲ့အားစောင့်နေလေသည်။

လျူချွန်သည် သေဆုံးသွားသော သူ့တပည့်များရဲ့ စွမ်းအင်အငွေ့အသက်ကို ရှာဖွေပြီးတဲ့နောက် သူတပည့်တစ်ယောက် အလောင်းခန္ဓာကိုယ် အနီးတွင် ရှိနေသော ချောင်ဖုန်းရဲ့ အငွေ့အသက်ကို ခံစားမိလိုက်သည်။

ထိုအခါ ချောင်ဖုန်း ရှေ့မှ လေဟာနယ်အက်ကွဲကြောင်းများ ဖြစ်ပေါလာပြီး လျူချွန်တို့ အဖွဲ့သည် ပေါ်လာလေသည်။လျူချွန်သည် ဝိညဥ်နယ်ပယ်အဆင့်ရှိသော သူတပည့်ဆုံးရှုံးသွားခြင်းကို နောင်တမရဘဲ ချောင်ဖုန်းကို သူ့နောက်လိုက် လုပ်ရန် ကမ်းလှမ်း လိုက်လေသည်။

ချောင်ဖုန်းသည် လက်ရှိမှာ နတ်နယ်ပယ် အထွဋ်အထိပ်ကို ရောက်ရှိနေပြီဖြစ်၍ လျူချွန်တို့ အဖွဲ့ကို တိုက်ခိုက်မည်ဆိုရင် အားသာနေတဲ့အတွက် အားလုံးကို အဆုံးသတ်ဖို့ ထိုင်စောင့်နေခြင်းပင်ဖြစ်သည်။ချောင်ဖုန်းသည် လျူချွန်စကားကို ငြင်းပယ်လိုက်ပြီး ၁လက်ချောင်းများကို လှုပ်ရှားလိုက်ပြီး "စင်္ကြဝဠာအလှည့်အပြောင်း အစီအရင် " ဟု ရေရွတ်လိုက်လေသည်။

ထိုအခါ အနီရောင်အခိုးအငွေ့အသက်များစွာသည် ရုတ်တရက် ထွက်ပေါ်လာလေသည်။ လျူချွန်တို့သည် တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်၍ မရတော့တဲ့အခါ သူတို့ရဲ့ ဝိညဥ်နယ်ပယ်အဆင့် အရှိန်အဝါကို ထုတ်လွင့်ကာစွမ်းအင်များဖြင့် အနီရောင်အခိုးအငွေ့များကို လိုက်လံ တိုက်ခိုက်နေလေသည်။

ချောင်ဖုန်းရဲ့ အစီအရင်သည် သူတို့အားလုံးရဲ့ မြင်ကွင်းကို လှည့်စားလိုက်ခြင်းပင်ဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် အကန့်ချလိုက်ခြင်းပင် ဖြစ်သည်။ချောင်ဖုန်းသည် တစ်ယောက်ခြင်းစီ ဖြစ်သွားတဲ့ အေးဆေးပင် တိုက်ခိုက်လိုက်ပြီး ကျင့်ကြံခြင်းစွမ်းအားများကို စုပ်ယူလိုက်လေသည်။

လျူချွန်သည် သူ့လူတွေရဲ့ သတ်ဖြတ်ခံရခြင်း အသံကို ကြားနေသော်လည်း သူကိုယ်တိုင်ပင် ထိုအစီအရင်ကို ဖောက်ထွက်နိုင်ဖို့ ကြိုးစားနေလေသည်။လျူချွန်သည် သူ့၏ ဝိညဥ်နယ်ပယ်အလယ်အလတ်အဆင့် စွမ်းအားအရှိန်အဝါကို ထုတ်ကာ ဝတ်ရုံနီဂိုဏ်းရဲ့ ကျင့်စဥ်တစ်ခုဖြစ်သော နတ်ဆိုးအင်္သချေကျင့်စဥ် ကို အသုံးပြုလိုက်သည်။

နတ်ဆိုးအင်္သချေကျင့်စဥ်သည် ဖုံးကွယ်ထားသော စွမ်းအားအရင်းအမြစ်တွေကို အလွယ်တကူ ရှာဖွေပေးနိုင်သော ကျင့်စဥ်တစ်ခုပင် ဖြစ်သည်။လျူချွန်သည် ထိုကျင့်စဥ်ကို အသုံးပြုပြီးတဲ့နောက် မှာတော့ ချောင်ဖုန်းရဲ့အစီအရင်ထဲမှ အလွယ်တကူ ပင် လွတ်မြောက်သွားလေသည်။

လျူချွန်သည် သေဆုံးနေသော သူ့လူတွေကို ကြည့်လိုက်ပြီး " လက်စသတ်တော့ မင်းက အစီအရင်ဆရာ တစ်ယောက်ကို ၊ ဆိုးတာက မင်းရဲ့ လှည့်ကွက်သေးသေးလေးတွေနဲ့ ငါ့ကို လှည့်စားလို့ ရမယ်ထင်နေတာလား "ဟု ရယ်မောလိုက်ပြီး သူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှ အနီရောင်အခိုးအငွေ့များ ထွက်လာလေသည်။

ထိုအခါ ရီချုံနဲ့ရန်ယိုတို့သည် "အကိုကြီးငါတို့ တာဝန်ထားလိုက်တော့" လို့ ပြောကာ ခေါင်းနှစ်လုံးရှိသော နဂါးကြီးသည် ချောင်ဖုန်း ခန္ဓာကိုယ်ပေါ်ထွက်လာလေသည်။ထို့နောက် ထိုသားရဲကြီးသည် " အေးစက်သောနယ်မြေ ၊ တိတ်ဆိတ်သောပတ်ဝန်းကျင် ၊ လျင်မြန်ခြင်းမှ ရပ်တန်ခြင်းအဖြစ်သို့ ပြောင်းလဲစေခြင်း " လို့ ကြောက်မယ်ဖွယ်ရာ အသံကြီးဖြင့် အော်ဟစ်မြည်တမ်းလိုက်သည်။

ထိုအခါ အရာအားလုံးသည် လုံးဝရပ်တန့်သွားပြီး လျူချွန်သည် မျက်လုံးသာ လှုပ်ရှားနိုင်တော့လေသည်။လျူချွန်သည် နတ်ဆိုးသားရဲတို့ရဲ့ဧကရာဇ်ဖြစ်သော နတ်ဆိုးညီနှောင်နှစ်ပါးကို မြင်တွေ့လိုက်ရတဲ့အခါ တစ်ကိုယ်လုံး တုန်လှုပ်ခြောက်ခြားသွားလေသည်။

ချောင်ဖုန်းသည် လျူချွန်အနားကို သွားကာ သတ်ဖြတ်တော့မည့်ချိန်တွင် လျူချွန်သည် မသေချင်သေးသည် သူရဲ့အသံစွမ်းအင်ဖြင့် သူ့ကို ချမ်းသာပေးမည်ဆိုရင် ဝတ်ရုံနီဂိုဏ်းနဲ့ ပက်သက်သော သတင်းပြောပြမယ်ဟု ပြောလိုက်လေသည်။

ချောင်ဖုန်းသည် ဘာမှ တွေးမနေဘဲ ခေါင်းငြိမ့်ပြလိုက်တဲ့အခါ လျူချွန်သည် ဝတ်ရုံနီဂိုဏ်းရဲ့ ထူးခြားချက် တစ်ခုကို ပြောပြလိုက်သည်။

ဝတ်ရုံနီဂိုဏ်းတွင် အဆင့်ရှစ်အဂ္ဂိရတ်ပညာရှင် တစ်ဦးရှိပြီး ထိုအဂ္ဂိရတ်ပညာရှင်သည် လူသတ်ကာ စုပ်ယူ၍ ရလာသော ကျင့်ကြံခြင်းစွမ်းအားများကို စုပေါင်းကာ အဆင့်ခုနှစ်ဆေးလုံးအဖြစ် ဖန်တီးပြီး ထုတ်လုပ်နေပေးတဲ့အတွက် ဝတ်ရုံနီဂိုဏ်းရဲ့ အင်အားသည် နှစ်အနည်းငယ်အတွင်းမှာ အားလုံးကို ကျော်တက်ကာ တရှိန်ထိုး ထောင်တက်သွားမည်ဖြစ်သည်။

သို့သော်ဆေးလုံးတစ်လုံးရဖို့ လူအများအပြားရဲ့ ကျင့်ကြံခြင်းစွမ်းအားကို လိုအပ်လေသည်။ထို့ကြောင့် ဝတ်ရုံနီဂိုဏ်းသားများသည် ကျင့်ကြံသူများကို လိုက်လံသတ်ဖြတ်၍ ကျင့်ကြံခြင်းစွမ်းအား များကို လိုက်လံစုပ်ယူနေခြင်း ဖြစ်သည်။

သို့သော် ဝတ်ရုံနီဂိုဏ်းရဲ့ ရည်ရွယ်ချက်ကို သူမသိရှိဘူး လျူချွန်သည် ပြောပြလိုက်သည်။

ချောင်ဖုန်းသည် ခေါင်းတငြိမ့်ငြိမ့်ဖြင့် "ကျေးဇူးတင်ပါတယ်......လျူဂိုဏ်းချုပ်" လို့ ပြောလိုက်တဲ့အခါ လျူချွန်သည် သူလွတ်မြောက်မည် ထင်ကာဝမ်းသာသွားခဲ့သည်။သို့သော ချောင်ဖုန်းသည် ယင်ယန်သတ်ဖြတ်ခြင်း စွမ်းအားဖြင့် လျူချွန်ရဲ့ ကျင့်ကြံခြင်းစွမ်းအားများကို စုပ်ယူလိုက်တဲ့အခါ လျူချွန်သည် " ငါ့ကို မသတ်ပါနဲ့.......ငါ့ကို မသတ်ပါနဲ့.......အား......."ဟု အော်ဟစ်လိုက်ရင်း စက္ကန့်ပိုင်းအတွင်း သေဆုံးသွားလေသည်။

ချောင်ဖုန်းသည် ထိုလူတွေကို သတ်ဖြတ်ပြီးတဲ့နောက် စနစ်မှ "ဂုဏ်ယူပါတယ်.......စနစ်ရှင်သည် သန့်စင်ခွင့် အကြိမ်ရေခြောက်ဆယ်ကျော်ကို ရရိသွားပါပြီ "ဟု အသံလေးတစ်ခုထွက်လာလေသည်။ချောင်ဖုန်းသည် ထိုလူတွေရဲ့ သိုလှောင်ကွင်း လက်စွပ်များကို ယူကာ လိုက်လံစစ်ဆေးကြည့်လိုက်သည်။

ချောင်ဖုန်းသည် လျူချွန်ရဲ့ သိုလှောင်ကွင်းလက်စွပ်ထဲမှ လင်းလက်နေသော စာလိပ်တစ်ခုနဲ့အတူ ရှိနေသော ပျက်စီးနေတဲ့ အနီရောင်ဝတ်ရုံကို တွေ့လိုက်ရသည်။

ချောင်ဖုန်းသည် သူဝတ်ထားသော ကာကွယ်ခြင်းဝတ်ရုံသည် အဆင့်ရှစ်ခြင်္သေ့ဘုရင်ရဲ့ တိုက်ခိုက်ခြင်းကို မခုခံနိုင်တဲ့အတွက် ပျက်စီးသွားခဲ့၏။

ထိုအခါ ချောင်ဖုန်းသည် ဝတ်ရုံနီကို သန့်စင်မယ်လို့ ရွတ်လိုက်တဲ့အခါ "စနစ်ရှင်အတွက် တိုက်ခိုက်ခြင်းနဲ့ခုခံခြင်း စွမ်းအားပါဝင်သော အဆင့်မြင့် မှော်ဝတ်ရုံနီအား သန့်စင်ပြီးပါပြီ ၊ ထိုအတွက် သန့်စင်ခွင့် အကြိမ်ငါးဆယ်ကို စနစ်မှ နုတ်ယူသွားပါမည် " ဆိုသော အသံလေး ထွက်ပေါ်လာလေသည်။

ချောင်ဖုန်းသည် ထိုမှော်ဝတ်ရုံနီကို အတွင်းမှ ဝတ်ထားလိုက်ပြီး အပေါ်မှ သူ့ဝတ်စုံကို ပြန်ဝတ်လိုက်ပြီး နောက်ထပ်ရတနာစာလိပ်ကို ဖွင့်ကြည့်လိုက်တဲ့အခါ နတ်ဆိုးအင်္သချေကျင့်စဥ်ဆိုသော လျူချွန်အသုံးပြုခဲ့သော ကျင့်စဥ်ကို တွေ့ရှိသွားခဲ့၏။

ချောင်ဖုန်းသည် ထိုကျင့်စဥ်ရဲ့ အကျိုးရလာဒ်ကို ဖတ်ကြည့်တဲ့အခါ သဘောကျသွားပြီး ချက်ချင်းပင် ထိုင်လေ့ကျင့်လိုက်လေသည်။

All Chapters