Chapter(141)
Vol. 10 Ch. 141
အသန့်စင်ဆုံးစနစ် အခန်း(141)
ချောင်ဖုန်းသည် နတ်ဆိုးသင်္ကေတကျင့်စဥ်ကို တစ်ရက်ထဲနဲ့ပင် နားလည်မှုအဆင့်သို့ ရောက်ရှိသွားခဲ့၏။ ချောင်ဖုန်းသည် ပြုံးလိုက်ပြီး နတ်ဆိုးသင်္ကေတ ကျင့်စဥ်ကို သန့်စယ်ဟု ရေရွတ်လိုက်လေသည်။
ထိုအခါ " ဂုဏ်ယူပါတယ် စနစ်ရှင်သည် စွမ်းအားအရင်းအမြစ်ကို ရှာဖွေနိုင်သော နတ်ဆိုးသင်္ကေတကျင့်စဥ်အား အနိူင်းမဲ့အဆင့်ထိ တက်မြောက်သွားပါပြီ ထိုအတွက် သန့်စင်ခွင့်၁၀ကြိမ်အား စနစ်မှ နှုတ်ယူသွားပါပြီ" ဟုသော အသံထွက်ပေါ်လာလေသည်။
ထိုအခါ ချောင်ဖုန်းသည် "ဒီကျင့်စဥ်နဲ့ဆို ငါရတနာပစ္စည်းတွေရဲ့ စွမ်းအား အရင်းအမြစ်ကို အလွယ်တကူသိနိုင်တော့မယ်ပဲ... "ဟု ရေရွတ်ရင်း ပြုံးပျော်ရွင်နေလေသည်။
ချောင်ဖုန်းသည် ပထမဆုံးအနေနဲ့ လွင်ကျန့်ချွင် ရှိမှ ရထားသော ရေခဲကျောက်ပွင့်ရတနာကို သူစိတ်ဝိညဥ်စွမ်းအား ထည့်ကာ စစ်ဆေးလိုက်သည်။ထိုအခါ ချောင်ဖုန်းရဲ့စိတ်ဝိညဥ် ခန္ဓာကိုယ်ကြီးသည် ရေခဲကျောက်ပွင့် ရတနာအတွင်းသို့ ရောက်ရှိသွား၏။
ရေခဲကျောက်ပွင့်ရတနာထဲတွင် ချောင်ဖုန်းရဲ့ စိတ်ဝိညဥ်သည် အေးခဲ၍ ခဲသွားတာကြောင့် ချောင်ဖုန်းသည် သဘာဝမီးတောက်ရဲ့ စွမ်းအားကို ထုတ်သုံးလိုက်မှသာ ပြန်လည်လှုပ်ရှား၍ ရသွားသည်။
ချောင်ဖုန်းသည် ရေခဲကျောက်ပွင့်ရတနာအတွင်းရှိ စွမ်းအင်များကို လိုက်လံကြည့်ရှုလိုက်တဲ့အခါ အရာအားလုံးသည် ရေခဲနဲ့ပက်သက်သော စွမ်းအင်အရင်းအမြစ်များကိုသာ တွေ့ရှိလိုက်ရပြီး နတ်ဆိုးသားရဲမျိူး၏ စွမ်းအင်ရတနာတစ်ခုမှန်းသိလိုက်ရ၏။
ချောင်ဖုန်းသည် စိတ်ဝိညဥ်ကို ပြန်သိမ်းလိုက်ပြီး ရေခဲ ကျောက်ပွင့်ရတနာကို ကြည့်ကာ " ရန်ယို...... မင်းဒီရတနာပက်သက်ပြီး ခံစားရတာ တခုခုမရှိဘူးလား "လို့ မေးလိုက်သည်။ထိုအခါ ရန်ယိုသည် သူစိတ်ထဲတွင်လဲ ထိုရေခဲကျောက်ပွင့်က သူရဲ့ သန့်စင်ရေခဲဖြစ်နေမလားဟု ပြောလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် ရေခဲကျောက်ပွင့် ရတနာကို ရန်ယို ဟုတ်မဟုတ် စစ်ဆေးကြည့်ခိုင်းလိုက်လေသည်။ရန်ယိုသည် ရေခဲကျောက်ပွင့်ရတနာကို စစ်ဆေးကြည့်ချင်နေတာကြောင့် ဝမ်းသာသွားလေသည်။
ထို့နောက် ချောင်ဖုန်းသည် ထိုနေရာမှ ထွက်ခွာလာပြီး လျူဂိုဏ်းတော်သို့ လျှပ်စီးသဖွယ် အရှိန်နှုန်းဖြင့် ပျံသန်းထွက်ခွာလာခဲ့၏။ချောင်ဖုန်းသည် လျူဂိုဏ်းရဲ့ မြေပြင်ပေါ်သို့ ဆင်းသက်လာတာကို တွေ့လိုက်ရတဲ့အခါ ကြောက်လန့်သွားပြီး ထွက်ပြေးဖို့ ကြိုးစားချိန်မှာ ချောင်ဖုန်းသည် သူ့ရှေ့ကို လျှပ်တစ်ပြက်အတွင်း ရောက်ရှိလာလေသည်။
ထိုလူသည် ကြောက်ကြောက်လန့်လန့်ဖြင့် သူ့ကို မသတ်ဖို့ပြောနေတဲ့အခါ ချောင်ဖုန်းသည် သူထွက်ခွာသွားပြီနောက် ဘာတွေဖြစ်ပျက်သွားလဲ မေးလိုက်၏။ထိုအခါ ကြောက်လန့်နေသော အကြီးအကဲသည် တုန်တုန်ယင်ယင်နဲ့ပင် ပြောပြလိုက်သည်။
ချောင်းဖုန်း ထွက်ပြေးသွားတဲ့အခါ လျူဟောင်တုသည် လျူအိမ်တော်လို့ သတ်မှတ်ထားသော လျူချောင်းစုန့်ရဲ့ အိမ်တော်ရှိ လူအားလုံးကို ဖမ်းဆီးထားတဲ့ အပြင် လျူဂိုဏ်းကို ရောက်ရှိနေသော ငရဲမီးတောက်ဂိုဏ်းမှ လူများကိုလဲ ဖမ်းဆီးထားကြောင်း ပြောပြလိုက်သည်။
ထိုအခါ ချောင်ဖုန်းသည် လျူဟောင်တုရှိနေသော နေရာအား လမ်းပြခိုင်းလိုက်သည်။လျူဟောင်တုသည် လျူဂိုဏ်းရဲ့ဘဏ္ဍာရေးကို စီမံရသော အကြီးအကဲတစ်ယောက် ဖြစ်တာကြောင့် ဘဏ္ဍာရေးခန်းတွင် သိုလှောင်ကွင်းလက်စွပ်ထဲမှ ရွှေဒင်္ဂါးသေတ္တာပုံးများကို ထုတ်ကာ တွက်ချက်နေလေသည်။
ထိုချိန်မှာ အခန်းထဲကို လူတစ်ယောက်ထဲဝင်လာတဲ့အခါ လျူဟောင်တုသည် ရွှေဒင်္ဂါးများကို တွက်ချက်နေသေးသည့်အတွက် လှည့်မကြည့်နိုင်ဘဲ "ငါခွင့်ပြုချက်မရဘဲ.......ဘယ်သူက အခန်းထဲဝင်လာရဲတာလဲ " လို့ အေးဆေးပင် မေးလိုက်သည်။
လျူဟောင်တုသည် ရုတ်တရက် တိုက်ခိုက်ခြင်း အရှိန်အဝါကို ခံစားလိုက်ရတဲ့အတွက် ကိုယ်ပိုင်လက်သီးစွမ်းအင်ဖြင့် တစ်ဖက်လူကို လျင်မြန်စွာ တုံပြန်လိုက်သည်။သို့သော် ကိုယ်ပိုင်လက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားတဲ့အခါ လျူဟောင်တု၏ သွေးကြောများ ပျက်ဆီးသွားကာ လျူဟောင်တုသည် နောက်သို့ပင် လွင့်ပြန်ထွက်သွား၏။
လျူဟောင်တုသည် ဒဏ်ရာသက်သာစေသော ဆေးလုံးကို အမြန်ထုတ်သောက်လိုက်ပြီး ကြည့်လိုက်တဲ့အခါ ချောင်ဖုန်းနဲ့ရီဟန်ကို တွေ့လိုက်ရတဲ့အခါ မျက်လုံးများပြူးသွားပြီး ကြောက်ကြောက်လန့်လန့် ဒူးနှစ်ဖက်ထောက်ကာ ခေါင်းနဲ့ မြေကြီး ဆောင့်၍ တောင်းပန်နေလေသည်။
လျူဟောင်တုသည် သူစိတ်ထဲတွင် လျူချွန်တို့ တစ်ဖွဲ့လုံးကို ချောင်ဖုန်းသတ်ဖြတ်လိုက်တာလား စိုးရိမ်၍ သွားလေ၏။ ချောင်ဖုန်းသည် ဖမ်းဆီးထားသော လူများကို သူဆီခေါ်လာဖို့ လျူဟောင်းတုကို စေခိုင်းလိုက်သည်။
ထိုအခါ လျူဟောင်းတုသည် ထွက်ပြေးရင်တောင် မလွတ်မြောက်နိုင်မှာ သိတဲ့အတွက် လျူချွန်တို့ အမြန်ရောက်လာဖို့ စောင့်ဆိုင်းနေလေသည်။
ချောင်ဖုန်းအခန်းထဲရှိနေစဥ်မှာ "မင်းတို့လျူဂိုဏ်း တစ်ခုလုံးကို ဖျက်ဆီးပစ်ဖို့ ငါ့အဖေကိုပြောပစ်မယ် ၊ ငါ့ကိုလွှတ်ပေးကြစမ်း ငါ့ကိုလွှတ်ပေးကြ " ဟုသော လီဟွားရဲ့ဒေါသထွက်သံသည် ချောင်ဖုန်းရဲ့ အခန်းရှေ့တွင် ထွက်ပေါ်လာလေသည်။
ငရဲမီးတောက်ဂိုဏ်းမှ လူများနဲ့ လျူချောင်းစုန့်တို့သည် အခန်းထဲကို ဝင်ပြီးနောက် ထိုင်ခုံပေါ်တွင် ရှိနေသော လူသည် လျူချွန်မဟုတ်ဘဲ ချောင်ဖုန်းကို တွေ့လိုက်ရတဲ့အခါ မယုံနိုင်ဖြစ်သွားကြလေသည်။
လျူဟောင်တုသည် ချောင်ဖုန်းက ငရဲမီးတောက်ဂိုဏ်းရဲ့ ဘိုးဘေးဖြစ်မှန်း သိရှိထားတဲ့အတွက် လက်နှစ်ဖက်ဆုပ်၍ ခေါင်းငုံကာ ချောင်ဖုန်းအား "ဘိုးဘေး.......ကျွန်တော် သူတို့အားလုံးကို ခေါ်ဆောင်လာပြီးပါပြီ " ဟု ပြောလိုက်ပြီး အားလုံးကို ချုပ်နှောင်ထားတဲ့ အစီအရင် နွယ်ကြိုးတွေက လျူချွန်ကိုယ်တိုင် ချုပ်နှောင်ခဲ့တဲ့အတွက် သူမဖြည်ပေးတက်ဘူး ဟု တောင်းပန်၍ ပြောလိုက်သည်။
ချောင်ဖုန်းသည် ထိုအစီအရင်နွယ်ကြိုးများကို တွေ့တဲ့သဘောကျသွားပြီး လျူချွန်သည်လည်း အစီအရင်ဆရာတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရ၏။ ချောင်ဖုန်းသည် နတ်ဆိုးသင်္ကေတကျင့်စဥ်ဖြင့် အစီအရင်နွယ်ကြိုးရဲ့ စွမ်းအင် အရင်းအမြစ်ကို ရှာဖွေလိုက်သည်။
ခဏအကြာမှာပင် ချောင်ဖုန်းသည် ထိုအစီအရင်နွယ်ကြိုးရဲ့ အသုံးဝင်ပုံကို သိရှိသွားပြီး လက်ချောင်းများ လှုပ်ရှားလိုက်တဲ့အခါ အားလုံးတွင် ချုပ်နှောင်ထားသော အစီအရင်နွယ်ကြိုးများသည် လျောကျ၍ သွားပြီး ချောင်ဖုန်းရဲ့ သိုလှောင်ကွင်း လက်စွပ်ထဲသို့ ရောက်ရှိသွားကြသည်။
ထိုအခါ ချောင်ဖုန်းသည် အဆင့်မြင့်တိုက်ခိုက်ရေးသမားတစ်ယောက်ဖြစ်ယုံသာမက အစီအရင်ဆရာတစ်ယောက်ပါ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ ထင်မထားခဲ့ချေ။
အစီအရင်နွယ်ကြိုးများ လွတ်မြောက်သွားတဲ့အခါ အားလုံးသည် ချိတ်ပိတ်ထားခံရသော သူတို့ရဲ့စွမ်းအင်များကို ပြန်လည် အသုံးပြုလို့ရသောအခါ ဝမ်းသာသွားကြ၏။ထိုအခါ သွမ်ယွမ်လွေ့တို့သည် ချောင်ဖုန်းကို ဒူးထောက်လိုက်ကြကာ ဂါဝါရပြုလိုက်ကြသည်။
ချောင်ဖုန်းသည် သွမ်ယွမ်လွေ့တို့အား ဂိုဏ်းကို ပြန်ခိုင်းလိုက်ပြီး မကြာခင်မှာ လျူဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုတင်ပြင်ဆင်ထားရန် စေခိုင်းလိုက်သည်။ထိုအခါ အားလုံးသည် ချောင်ဖုန်းမပြောဘဲနဲ့ လျူချွန်တို့တစ်ဖွဲ့လုံး သေဆုံးသွားပြီဆိုတာ သိရှိသွားကြ၏။
သွမ်ယွမ်လွေ့တို့သည် အံ့အားသင့်စွာနဲ့ပဲ ချောင်ဖုန်းအား နှုတ်ဆက်ကာ လျူဂိုဏ်းမှ ပျံသန်းထွက်ခွာသွားကြ၏။သွမ်ယွမ်လွေ့ ထွက်ခွာပြီးတာနဲ့ ချောင်ဖုန်းသည် ခုချိန်ကစပြီး လျူဂိုဏ်းချုပ်အသစ်သည် ရီဟန်ဖြစ်ပြီး အမိန့်ကို လွန်ဆန်တဲ့လူ သေဒဏ်ဆိုပြီး
လျူဂိုဏ်းတစ်ခုလုံးကို အမိန့်ထုတ်ပြန်ခိုင်းလိုက်သည်။
ဝိညဥ်နယ်ပယ်အဆင့်တိုက်ခိုက်ရေးသမားများဖြစ်သော လျူချွန်တို့အဖွဲ့တောင် သေဆုံးခဲ့တဲ့အတွက် လျူဂိုဏ်းမှ အကြီးအကဲများသည် ချောင်ဖုန်းရဲ့အမိန့်ကို တသွေမသိမ်းလိုက်နာဖို့သာ ဆုံးဖြတ်လိုက်ကြသည်။
လျူချောင်းစုန့်နဲ့ လျူဟောက်တု တို့ နှစ်ယောက်သည် သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ အစီအရင်တစ်မျိူးကို ထည့်သွင်းခံထားရတဲ့အတွက် ချောင်ဖုန်းရဲ့ အမိန့်မှန်သမျှကို မလွန်ဆန်ရဲကြချေ။