← Chapters

Chapter(142)

Vol. 10 Ch. 142

Chapter(142)

Vol. 10 Ch. 142

အသန့်စင်ဆုံးစနစ် အခန်း(142) end

ချောင်ဖုန်းသည် ဝတ်ရုံနီဂိုဏ်းရဲ့ တည်နေရာ သိရှိနိုင်ဖို့အတွက် နည်းလမ်းမျိးစုံဖြင့် ကြိုးစားစုံစမ်း ခဲ့ပေမယ့် မသိရှိနိုင်ခဲ့ပေ။

ချောင်ဖုန်းသည် လျူဂိုဏ်းတွင် ရက်အနည်းငယ်နေပြီးနောက် ထွက်ခွာတော့မယ့်အချိန်တွင် လျူဟောင်တု ရောက်ရှိလာကာ ရေခဲသူတော်စင်နတ်သမီးအား ဂိုဏ်း၏အကြီးအကဲ ရာထူးပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်ကြားလွှာ ရောက်ရှိလာကြောင်း တင်ပြလိုက်သည်။

ချောင်ဖုန်းသည် ရေခဲသူတော်စင်ဂိုဏ်းရဲ့ အမွေ့ခံသားတော် သေဆုံးတာတောင် သူ့အား လာရောက် ကလဲ့စားမချေတဲ့အပြင် အခမ်းအနားကိုပါ ဖိတ်ကြားလိမ့်မယ်လို့ ထင်မထားခဲ့ချေ။ချောင်ဖုန်းသည် ထိုအကြောင်းနဲ့ ပက်သက်ပြီး လျူဟောင်တုကို မေးမြန်းကြည့်လိုက်သည်။

ရေခဲသူတော်စင်ဂိုဏ်းရဲ့ အမွေခံသားတော်ဖြစ်သော လွင်ကျန့်ချွင်သည် အမည်မသိသော နေရာတွင် ရှိနေသောကြောင့် သူအဖေဖြစ်သော ရေခဲသူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တောင် မသိရှိပေ။

သို့သော် သူရဲ့စွမ်းအင်ဖြစ်သော လွင်ကျန့်ချွင်သည် ဂိုဏ်းကို ရုတ်တရက်ရောက်ရှိလာကာ အမွေခံသားတော်ဆိုသော အမည်ခံနဲ့အတူ ရေခဲသူတော်စင်ဂိုဏ်းကို သူ့စိတ်ကြိုက်ခြယ်လှယ်နေခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက လွင်ကျန့်ချွင်သည် ရေခဲသူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော လွင်ကုံသွေနဲ့ပြသာနာဖြစ်ကာ သုံးနှစ်သာရှိသော သူ့ညီမလေးကိုခေါ်ကာ ရေခဲသူတော်စင်ဂိုဏ်းမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့၏။

သို့သော် လွင်ကျန့်ချွင်သည် ရုတ်တရက် သူ့ညီမလေးနဲ့အတူ ရေခဲသူတော်စက်ဂိုဏ်းကို ပြန်လည်ရောက်ရှိလာခဲ့၍ သူရဲ့အ​ခြေအနေကို ပြောပြခဲ့သည်။လွင်ကုံသွေသည် အသက်နှစ်ဆယ်ကျော်မှ ပြန်ရောက်လာသော သူ့သမီးရဲ့ ထူခြားသော အမှတ်အသားကို စစ်ဆေးတဲ့အခါ အမှန်တကယ် ဖြစ်နေတဲ့အတွက် ဝမ်းသာသွားခဲ့၏။

လွင်ကျန့်ချွင် ပြန်ရောက်လာတဲ့အချိန်ကစပြီး ရေခဲသူတော်စင်ဂိုဏ်းသည် နာမည်ဆိုးများထွက်ပေါ်လာတဲ့အတွက် လွင်ကုံချွင်သည် စိတ်ပျက်နေခဲ့ပြီး သူ့သားရဲ့ စွမ်းအင်ကိုယ်ပွားဟု ပြောသော လွင်ကျန့်ချွင်အား အလိုမရှိတော့ပေ။

ထိုချိန်မှာ ငရဲမီးတောက်ဂိုဏ်းမှ ရုတ်တရက် ပေါ်ထွက်လာသော ဘိုးဘေးရဲ့လက်အောက်မှာ လွင့်ကျန့်ချွင်ရဲ့ စွမ်းအင်ကိုယ်ပွားသည်သေဆုံးသွားပြီ ဟု သတင်းကြားသောအခါ ရေခဲသူတော်စင်ဂိုဏ်းရှိလူအများစုသည် ဝမ်းသာသွားခဲ့၏။

ထိုအခါ ချောင်ဖုန်းသည် သူသတ်ပစ်ခဲ့သော လွင်ကျန့်ချွင်မှာ လူအစစ်မဟုတ်ဘဲ စွမ်းအင်တစ်မျိုးဖြစ်နေတဲ့အတွက် အံ့အားသင့်သွားခဲ့သည်။ထို့ကြောင့် ရေခဲသူတော်စင်ဂိုဏ်းသည် သူ့အားအပစ်မတင်ခြင်းကို နားလည်သွားခဲ့၏ ။

အခန်းငယ်လေး အတွင်းတွင် ကျင့်ကြံနေသော လူတစ်ယောက်သည် ရုတ်တရက် မျက်လုံးများ ပြန်ပွင့်လာကာ ဒေါသတကြီးဖြင့်"ဆောက်ရူးကောင်.......မင်းမှာ ဘယ်လိုစွမ်းရည်မျိူးရှိနေရတာလဲ " ဟု ပြောလိုက်သည်။

ထို့နောက် ထိုလူသည် "ကြည့်ရတာ ငါမင်းကို အသက်ကြာကြာရှည်ခွင့် ပေးလို့ မရတော့ဘူး " လို့ ထင်တယ် ပြောကာ အခန်းငယ်ထဲမှ ထွက်ခွာ၍ လာပါတော့သည်။

ချောင်ဖုန်းသည် ရေခဲသူတော်စင်ဂိုဏ်းမှ ဖိတ်ခေါ်လာတဲ့အတွက် ရီဟန်နဲ့ အတူ နှစ်ယောက်ထဲ ထွက်ခွာ၍ လာလေသည်။ချောင်ဖုန်းသည် အနက်ရောင်အပေါ်ထပ် ဝတ်ရုံကို ဝတ်ဆင်ထား၍ သူ့စွမ်းအားအရှိန်အဝါကိုလဲ ဖုံးကွယ်ထားခဲ့၏။

ရေခဲသူတော်စင်ဂိုဏ်းရဲ့ ကြီးကျယ်ခမ်းနားသော ခန်းမထဲတွင် ဂိုဏ်းချုပ်အများအပြားသည် အနီရောင်ထိုင်ခုံလေးများတွင် ထိုင်နေကြ၏။

ရေခဲသူတော်စင်ဂိုဏ်းရဲ့ ဝင်ပေါက်ဝမှာသော ရေခဲသူတော်စင် နတ်သမီးကို မြင်ဖူးချင်သော ကျင့်ကြံသူအများအပြားပင် ရှိနေကြလေသည်။ထိုလူတွေသည် အထဲဝင်ချင်နေသော်လည်း ဖိတ်စာမရရှိတဲ့အတွက် အထဲသို့ ဝင်ခွင့်မရကြပေ။

ချောင်ဖုန်းသည် ဖိတ်စာလက်မှတ် စစ်ဆေးသော ဝင်ပေါက်နားသို့ ရောက်ရှိလာတဲ့အခါ လူတစ်ယောက်သည် "ကောင်လေး......

မင်းရေခဲသူတော်စင်နတ်သမီးကို မြင်ချင်ရင်တော့ ဒီနေ့တစ်ရက် ငါနောက်လိုက်ပြီး ငါ့အစေခံလုပ်ပါ " လို့ ပြောလိုက်သည်။

ထိုလူရဲ့နာမည်ကတော့ မိုယောင်ကူးဖြစ်ပြီး အဆင့်ခြောက်အဂ္ဂိရတ်ပညာရှင် တစ်ယောက်ပင်ဖြစ်သည်။မိုယောင်ကူသည် ချောင်ဖုန်းနဲ့ရီဟန် ရှိမှစွမ်းအင်အငွေ့အသက်မခံစားရတဲ့အတွက် တောက်တိုမယ်ရ ခိုင်းဖို့အတွက် ပြောလိုက်ခြင်း ဖြစ်သည်။

ထိုအခါ အနားတွင် ရှိနေသော ကျင့်ကြံသူအများအပြားသည် ချောင်ဖုန်းကို မနာလို ဖြစ်သွားကြလေသည်။ဖိတ်စာရရှိသော ဂိုဏ်းသည် လူသုံးယောက်စာ ဝင်ခွင့်ရရှိကြသည်။အပေါက်ဝတွင် ဖိတ်စာ မရရှိသော ကျင့်ကြံသူအများအပြားသည် ဖိတ်စာပါလာသော သူများအား သူတို့ကို ခေါ်ဆောင်သွားဖို့ တောင်းဆိုရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

သို့သော် ချောင်ဖုန်း၏ စိတ်မဝင်စားဘူးဆိုတဲ့ စကားကြောင့် မိုယောင်ကူသည် ဒေါသထွက်သွားကာ ဘာမှ ပြောမနေဘဲ ဖိတ်စာ စစ်ဆေးပေးသော လူထံသို့ သွားလိုက်သည်။

ထိုအခါ အနားမှာ ရှိန​ေသော သူများသည် အခွင့်အရေးကြီးကို လက်လွှတ်လိုက်တဲ့အတွက် ရူးနေတာလား ဟု လှောင်ပြောင်ပြောဆိုလိုက်ကြသည်။ ထိုချိန်မှ ဓားပျံဖြင့် လူတစ်ယောက်သည် လျင်မြန်စွာ ရောက်ရှိလာလေသည်။

ထိုလူကတော့ ဓားဘုရင်ဂိုဏ်းရဲ့ သခင်လေးတစ်ယောက်ဖြစ်သော တင်းယောင်ထင်ပင်ဖြစ်သည်။တင်းယောင်ထင်သည် ဧကရာဇ်နယ်ပယ်အထွဋ်အထိပ်ကို မကြာသေးခင်ကမှ ရောက်ရှိထားပြီး ဓားဘုရင်ဂိုဏ်းချုပ်ရဲ့ တစ်ဦးထဲသော သားတစ်ယောက်ဖြစ်၏ ။

ထို့နောက် ဝေးလံသော အင်ပါယာတိုင်းပြည်များအတွင်းရှိ အင်အားကြီးမားသော ဂိုဏ်းများ၏ ဂိုဏ်းချုပ်များ ၊ဂိုဏ်းသခင်လေးပေါင်းများစွာသည် ရောက်ရှိလာကြလေသည်။

ထိုချိန်မှာ မိန်းကလေး တစ်ယောက်သည် လေထဲမှ ပျံသန်းလာရင်း တစ်စုံတစ်ရာကို ခံစားလိုက်ရတဲ့အတွက် "ရှင်လဲ ဒီရောက်နေတာလား......" လို့ ရေရွတ်လိုက်ရင်း ပျံသန်းလိုက်သည်။ချောင်ဖုန်းသည် သူ့အား ပြောနေသော လူများကို အာရုံထားမနေဘဲ ဖိတ်စာစစ်ဆေးပေးသော လူထံသို့ သွားလိုက်ပြီး သိုလှောင်ကွင်းလက်စွပ်ထဲမှ ဖိတ်စာကို ထုတ်ပေးလိုက်သည်။

ထိုအခါ ခုနမှ ပြောဆိုနေကြသော လူများသည် "ဟမ်......သူမှာလဲ ဖိတ်စာရှိနေတာလား " လို့ ပြောကာ ချောင်ဖုန်းကို ခေါ်ဆောင်သွားဖို့ မပြောကြလိုက်ရတဲ့အတွက် နောင်တရသွားကြလေသည်။

ချောင်ဖုန်းသည် အခန်းထဲသို့ ဝင်လိုက်တဲ့အခါ စားသောက်ဖွယ်ရာအစုံအလင်ရှိသော သီးသန့်ခုံလေးများကို တွေ့လိုက်ရသည်။ချောင်ဖုန်းနဲ့ ရီဟန် ဝင်လာတာကို တွေ့တဲ့အခါ မိုယောင်ကူးသည် "သူက ဂိုဏ်းတစ်ဂိုဏ်းက သခင်လေးတစ်ယောက်လား" ဟု ရေရွက်ကာ မျက်နှာပျက်သွားသည်။

ချောင်ဖုန်းသည် သီးသန့်ခုံလွတ်လေးတစ်ခုမှာ ရီဟန် အတူထိုင်လိုက်ပြီး ရှေ့မှာ ခင်းကျင်းထားသော အသားများနဲ့ဝိုင်အရက်များကို သောက်သုံးနေစဥ် မိန်းကလေးတစ်ယောက်သည် သူ့နားရောက်ရှိလာခဲ့၏။

ထိုမိန်းကလေးကတော့ တခြားလူမဟုတ်ဘဲ မဟာအင်ပါယာတိုင်းပြည်ရှိ ပါးရှန်းဂိုဏ်းမှ ရှယုပင် ဖြစ်သည်။ရှယုသည် "သခင်လေး.......ငါတို့ ထပ်တွေ့ကြပြန်ပြီးနော်" ဟု ပြောလိုက်သည်။

ချောင်ဖုန်းသည် သူ့မျက်နှာဘယ်လိုပြောင်းပြောင်း သူခန္ဓာကိုယ်ထဲက ယင်ယန်စွမ်းအားကြောင့် ရှယုကို လှည့်စားလို့ မရကြောင်း သိရှိထား၏။ ရှယုချောင်ဖုန်းကို နှုတ်ဆက်ပြီး ချောင်ဖုန်းဘေးမှ နေရာလေးမှာ ထိုင်လိုက်သည်။

ထိုချိန်မှာ ချောင်ဖုန်းသည် ဓားဘုရင်ဂိုဏ်းမှ တင်းယောင်ထင်နဲ့ ကုရှောင်သည် အတူရောက်ရှိလာတာကို တွေ့လိုက်ရသည်။ထို့နောက် ရေခဲနဂါးမင်းဂိုဏ်းမှ ရှောင်ရီနမ်နဲ့ရှောင်ရှုံးဟွေနဲ့ အကြီးအကဲရှုကျန်းကိုပါ တွေ့လိုက်ရသည်။

ချောင်ဖုန်းသည် သူ့မျက်နှာကို ဖုံးကွယ်ထားတာ မှန်သွားပြီလို့ ရေရွတ်ကာ တစ်ယောက်ထဲ ပြုံးနေခဲ့သည်။ထိုချိန်မှာ ရေခဲသူတော်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်သော လွင်ကုသွေသည် လမ်းလျှောက်လာခဲ့ပြီး သူရဲ့ ခုံပလ္လင်ထက်မှာ မထိုင်ခင် အားလုံးကို နှုတ်ဆက်လိုက်သည်။

All Chapters