← Chapters

အပိုင်း(၄၉၀)

Vol. 33 Ch. 490

အပိုင်း(၄၉၀)

Vol. 33 Ch. 490

ရတနာများနားခိုအိမ်သို့လျှောက်လှမ်း

လာသော ပုဂ္ဂိုလ်မှာ   အဖြူရောင်ဆံပင်နှင့် အဖြူရောင်ဝတ်ရုံအား ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်ဖြစ်သည်။ သူ့၌ နီမြန်းသောအသားအရေရှိပြီး  အားမာန်တက်ကြွမှုတို့ဖြင့် ပြည့်နှက်နေ၏။  ပုလဲနက်အားဝယ်ရန်အတွက် ရွှေဒင်္ဂါးတစ်ထောင်ပေးမည်ဟု အော်သော ပုဂ္ဂိုလ်မှာ  ဤအဘိုးအိုဖြစ်သည်။

အဘိုးအို၏အသံအားကြားလိုက်ရ

သောအခါတွင် ရှစ်ဖုန့်ကလည်းလှည့်လိုက်ပြီး    သူ၏အကြည့်တို့က   အဘိုးအိုအပေါ်သို့ ကျရောက်သွားသည်။အဘိုးအို၏   သိုင်းပညာကျင့်ကြံမှုအဆင့်က သိပ်မမြင့်မားပေ။ သူက ကြယ်သုံးပွင့်စိတ်ဝိညာဉ်နယ်ပယ်သာရှိသည်။   သို့သော် သူ၏ဝိညာဉ်စွမ်းအားကတော့ အဆင့်ခုနှစ်သူတော်စင်နယ်ပယ်သို့

ရောက်ရှိနေပြီဖြစ်၏။အဆင့်ခုနှစ် စိတ်ဝိညာဉ်သန့်စင်သူအဂ္ဂရိတ်ဆရာသခင်တစ်ယောက်ဖြစ်သည်။

ရှစ်ဖုန့်က အဘိုးအို၏ သရုပ်အားအသိအမှတ်ပြုလိုက်သည်။

သို့သော်အဘိုးအိုအား အားလုံးက ကြည့်နေကြသော်လည်း မည်သူကမျှသူ့အားသိခြင်းမရှိကြချေ။အဆင့်ခုနှစ်အဂ္ဂရိတ်သမားတစ်ယောက်ဖြစ်သော ဤအဘိုးအိုမှာ  သူကဲ့သို့ ဤမြို့မှမဟုတ်သည်ဖြစ်လိမ့်မည်ဖြစ်သည်။

ထို့နောက်   အဘိုးအိုက ရတနာများနားခိုအိမ် ပိုင်ရှင်ဖြစ်သော ချောင်းချန်ထံသို့လာပြီး အေးအေးဆေးဆေးပင် ချောင်းချန်အားပြောလိုက်သည်။

“ရွှေဒင်္ဂါးတစ်ထောင်ပေးမယ်..

ငါ့ကိုအဲ့ပုလဲနက်ပေး”

“အား..ကောင်းတယ်..ကောင်းတယ်. ကျုပ်အခုပဲလုပ်ပေးပါ့မယ်”

ရွှေဒင်္ဂါးတစ်ထောင်ဟူသော ဈေးနှုန်းအားကြားလိုက်ရသောအခါတွင်   ချောင်းချန်မှာ လွန်စွာ ပျော်ရွှင်သွားသည်။ သူက ဤပုလဲနက်ကို ရွှေဒင်္ဂါးနှစ်ရာဖြင့်သာဝယ်ခဲ့ရပြီး၎င်းအား ရွှေဒင်္ဂါးတစ်ထောင်ဖြင့်ရောင်းချကာ  ရွှေဒင်္ဂါးရှစ်ရာအား အမြတ်ရရှိတော့မည်ဖြစ်သည်။  သူဘယ်လိုလုပ်မပျော်ပဲနေပါမည်နည်း။

“နေအုံး”

ဤအချိန်တွင် ရှစ်ဖုန့်ကပြေလိုက်သည်။ သူက လက်ကိုဆန့်ထုတ်ကာ ချောင်းချန်ကိုတားလိုက်ပြီး   အဘိုးအိုထံကြည့်၍ပြောလိုက်သည်။

“ဒီသခင်လေးက  ဒီပုလဲနက်ကို အရင်လိုချင်ခဲ့တာ.. ခင်ဗျားဒါကိုလိုချင်တယ်ဆိုရင်

ဒီသခင်လေးကို အရင်ဆုံးမေးမှရမယ်”

“ဟမ်”

ရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် အဘိုးအို က မျက်မှောင်ကြုတ်လိုက်ပြီး  ရှစ်ဖုန့်အား  မကျေမနပ်ဖြင့်ကြည့်လိုက်သည်။

“မင်းက ရွှေဒင်္ဂါးသုံးရာနဲ့ကမ်းလှမ်းပြီး ငါက ရွှေဒင်္ဂါးတစ်ထောင်နဲ့ကမ်းလှမ်းခဲ့တာ.  ပို့မြင့်မားတဲ့ဈေးနှုန်းပေးနိုင်တဲ့သူက   အဲ့တာကိုရမှာပဲ. ဒီပစ္စည်းက ပိုင်ရှင်ရဲ့လက်ထဲမှာပဲရှိနေသေးတယ်.. ရောင်းမလားမရောင်းဘူးလားဆိုတာက ပိုင်ရှင်ဆုံးဖြတ်ရမဲ့အလုပ်ပဲ.. ပထမရောက်လာသူကို အရင်ကမ်းလှမ်းစရာဘာမှမလိုဘူး”

အဘိုးအိုက ရှစ်ဖုန့်အားပြောပြီးနောက်တွင်   သူ့ခေါင်းကိုလှည့်လိုက်ပြီး  ဆိုင်အတွင်းမှ ချောင်းချန်ကိုကြည့်၍ ပြောလိုက်သည်။

“ငါပြောတာမှန်တယ်လို့မင်းထင်လား”

“ဟုတ်တာပေါ့..ဟုတ်တာပေါ့”

အဘိုးအို၏ စကားအားကြားလိုက်ရသောအခါတွင်  ချောင်းချန်က  ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ကျုပ်တို့က စီးပွားရေးလုပ်နေကြတာ  အမြင့်ဆုံးဈေးပေးတဲ့သူကိုပဲကျုပ်ရောင်းမှာပေါ့”

ချောင်းချန် ၏ စကားအားကြားလိုက်ရသောအခါတွင် အဘိုးအိုက စိတ်ကျေနပ်စွာဖြင့်ခေါင်းညိမ့်လိုက်သည်။  ထို့နောက် သူက ရှစ်ဖုန့်အားကြည့်လိုက်ပြီး မောက်မာစွာပြောလိုက်၏။

“မင်းကြားတယ်မလား”

“ဟမ့်.ရွှေဒင်္ဂါးတစ်ထောင်လား”

ရှစ်ဖုန့်ကနှာခေါင်းရှုံ့လိုက်ပြီးပြောလိုက်သည်။

“ဒီသခင်လေးက အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး

တစ်ထောင်ပေးမယ်လို့ ကမ်းလှမ်းတယ်.. ဒီသခင်လေးကိုအဲ့ပုလဲနက်ပေး”

“ဘာ.. အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးတစ်‌ထောင်တောင် “

“ဒါကအမှန်ပဲလား.. ဒီပုလဲနက်က သာမန်ပစ္စည်းတစ်ခု တကယ်ပဲ မဟုတ်တာများလား.ဒါပေမဲ့ ငါဘယ်လိုပဲကြည့်ကြည့် ဒါက သာမန်ပုလဲနက်တစ်လုံးပါပဲ ..အဲ့တာက ရွှေဒင်္ဂါး ရာဂဏန်းအချို့လောက်ပဲတန်တဲ့ဟာ..အဲ့တာနဲ့ပက်သက်ပြီး ဘာမှထူးခြားတာမရှိပါဘူး”

ရှစ်ဖုန့်၏ စကားသံထွက်လာပြီးပြီးချင်း  ပတ်ဝန်းကျင်၌ရှိနေသောလူအုပ်ထံမှ  ဆူညံပွက်လောရိုက်သံများထွက်ပေါ်လာသည်။

ရွှေဒင်္ဂါးများမှာ သာမန်လူတန်းစားများ၏လက်ထဲ၌လည်ပတ်စီးဆင်းနေသော အရာဖြစ်သော်လည်း ကမ္ဘာဦးကျောက်တုံးများကတော့ ကွဲပြားသည်ဖြစ်သည်။ ၎င်းတို့က ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းပြုလုပ်ရာ၌  မရှိမဖြစ်လိုအပ်သော ပစ္စည်းဖြစ်ရုံသာမက ရွှေထက်လည်းရှားပါးသည်ဖြစ်သည်။ အခြားစကားဖြင့် ပြောရလျှင်  အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးတစ်တုံးက   ရွှေဒင်္ဂါးတစ်ရာနှင့်ညီမျှသည်ဖြစ်သည်။

အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး တစ်ထောင်က ရွှေဒင်္ဂါးတစ်သိန်းနှင့်ညီမျှသည်ဖြစ်၏။

ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် လီကောင်းနှင့် ချောင်းချန်အပြင် ပုလဲနက်အားကောက်ယူရန်ပြန်ဆင်

နေသေသူတို့ပါကြက်သေသေသွားသည်။

အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးတစ်ထောင်။

“ချောင်းချန် ငါ့ရဲ့ပုလဲနက်ကိုပြန်ပေးစမ်း. ငါမင်းကို ရွှေဒင်္ဂါးနှစ်ရာပြန်ပေးမယ်.မဟုတ်ရင် ငါမင်းနဲ့သေတဲ့အထိတိုက်ခိုက်ရလိမ့်မယ်..”

လီကောင်းမှာ ချောင်းချန်အား အမောတကော‌အော်ပြောလိုက်သည်။

၎င်းက အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးတစ်ထောင်ဖြစ်၏။ ရွှေဒင်္ဂါးတစ်သိန်းဖြစ်၏။ သူကဲ့သို့သာမန်လူတစ်ယောက်အတွက်   သက်တောင့်သက်သာဖြစ်သော ဘဝ၌ နေထိုင်ရင်လုံလောက်သည်ဖြစ်သည်။

“နေအုံး”

ချောင်းချန်မှာ လီကောင်းထက်များစွာတည်ငြိမ်မှုရှိသည်ဖြစ်သည်။  သူ၏ ဝမ်းတွင်းအသိက  သူ့အား ဤပုလဲနက်သည်သေချာပေါက်  တစ်ခုခုထူးခြားသည်ဟု ပြောနေသည်ဖြစ်သည်။

ချောင်းချန်အနေဖြင့် ငွေတော်တော်များများကို ရရှိနိုင့်မည့်အခွင့်အရေးကိုအနံ့ခံမိလိုက်သည်။

ထို့နောက်ရှစ်ဖုန့်နှင့်အဘိုးအိုတို့အားကြည့်၍ ချောင်းချန်၏မျက်လုံးတို့အရောင်

လက်သွားသည်။ သူကပြောလိုက်၏။

“ခင်ဗျားတို့နှစ်ယောက် ကျုပ်စောစောကပြောခဲ့သလိုပဲ ဈေးကို ပိုမြင့်မြင့်ပေးနိုင်တဲ့သူကို ဒီပုလဲနက်ကို  ရောင်းမယ်”

“အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး နှစ်ထောင်”

အဘိုးအိုကပြောလိုက်သည်။

“ဟမ့်”

အဘိုးအိုက နှာခေါင်းရှုံ့လိုက်သည်. သူက ရှစ်ဖုန့်အားကြည့်၍ ခြိမ်းခြောက်လိုက်၏။

“ကောင်လေး.. ငါမင်းကိုအခွင့်အရေးတစ်ကြိမ်ထပ်ပေးမယ်.. မင်းအတွက် ဘာကကောင်းတယ်ဆိုတာမသိဘူးဆိုရင်   ငါမင်းကို အခုလုပ်သမျှအရာအားလုံးအတွက် နောင်တရအောင်လုပ်ပစ်မယ်”

အဘိုးအို၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်၏မျက်နှာကအေးစက်သွားသည်။သူကအဘိုးအိုကိုပြောလိုက်၏။

“ဒီသခင်လေးဘဝမှာ အမုန်းဆုံးက တစ်ခြားသူတွေအပေါ်မှာခြိမ်းခြောက်တဲ့သူတွေကိုပဲ. အထူးသဖြင့် ခင်ဗျားလို သက်ကြားအိုကြီးတွေကိုပဲ”

ထို့နောက်ရှစ်ဖုန့်က အေးစက်စွာပြောလိုက်သည်။

“အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးသုံးထောင်”

“အား..အဆင့်နိမ့်ကမ္ဘာဦးကျောက်

တုံးသုံးထောင်  အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးသုံး

ထောင်တောင်ဟ.ဒီ..ဒီပုလဲနက်က ဘယ်လိုရတနာအမျိုးအစားမျိုးမို့လဲ”

“အား..”

ရှစ်ဖုန့်၏ဈေးပေးမှုအားကြားလိုက်ရသောအခါတွင် သက်လတ်ပိုင်းအရွယ်လူမှာ ရူးသွပ်သွားသည်။အဆင့်နိမ့်ကမ္ဘာဦး

ကျောက်တုံးသုံးထောင် ။ သူက ၎င်းအား ဤခေါင်းပုံဖြတ်အမြတ်ကြီးစား ချောင်းချန်ထံ ရွှေဒင်္ဂါးနှစ်ရာဖြင့်ရောင်းမိခဲ့သည်ဖြစ်၏။

‌

“ချောင်းချန်.. မင်းငါ့ကိုဒီပုလဲနက်ကိုပြန်ပေးရင်ကောင်းမယ်. မဟုတ်ရင် ငါ့အသက်ကိုစွန့်လွှတ်ရရင်တောင် ငါမင်းကို အရင်သတ်ပစ်မယ်.. အဆုံးဆိုးအနေနဲ့ငါတို့ဘယ်သူမှအသက်ရှင်မှာမဟုတ်ဖူး”

လီကောင်းက ချောင်းချန်အား နီရဲသောမျက်လုံးတို့ဖြင့် ကြည့်ကာ ကြမ်းကြမ်းတမ်းတမ်းခြိမ်းခြောက်လိုက်ပြီး   သူ၏မျက်နှာပေါ်၌ကြမ်းကြုတ်ခက်ထန်မှု

တို့ဖြင့်ပြည့်နေသည်။

အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးသုံးထောင်အတွက်သူဘာလို့မလုပ်ပဲနေရမည်နည်း။

လီကောင်း၏အသွင်အပြင်အားကြည့်၍ အကယ်၍ အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး သုံးထောင်ကိုသာသူ့လက်နှင့်ကိုယ်တိုင်လက်ခံခဲ့လျှင် ဤကဲ့သို့ သောလူစားမျိုးက ပြောသည့်အတိုင်းလုပ်မည့်လူဖြစ်သည်ကို ချောင်းချန်သိလိုက်သည်။

ငွေဆိုသည်ကားက နတ်ဆိုးကိုပင် ကြိတ်ဆုံကျောက်အဖြစ်ပြောင်းလဲနိုင်သည်။ ငွေက လူတို့အား သူတို့၏ စိတ်များလွတ်သွားအောင်ပြုလုပ်နိုင်၏။ ဤငွေကြေးအတွက် နှင့်ရာဇဝတ်မှုမည်မျှများ ဆောက်တည်ဖြစ်ပေါ်ခဲ့ပြီးဖြစ်သနည်း။

“ဟမ့်”

ချောင်းချန်က အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။  သူ၏စိတ်ထဲ၌ တွေးထားပြီးဖြစ်သည်။ အကယ်၍လီကောင်းကသာ သူ့အားရိုင်းပျရဲလျှင် သူက၎င်းအား သင်ခန်းစာပေးရလိမ့်မည်ဖြစ်သည်။  ၎င်းက သူကဲ့သို့စီးပွားရေးသမားတစ်ဦးအား  အလွယ်တကူအနိုင်ကျင့်လို့ရမည်ဟု တကယ်ထင်နေသည်လော။

“ဟမ့်”

ဤအချိန်၌  အဘိုးအိုမှာ သူ၏ခြိမ်းခြောက်မှုအောက်၌ပင် ရှစ်ဖုန့်က ဈေးမြှင့်ရဲသေးသည်ကိုကြားလိုက်ရပြီး   ချက်ချင်းဒေါသတကြီးနှာမှုတ်လိုက်သည်။အဘိုးအိုက ရှစ်ဖုန့်အားစိုက်ကြည့်လိုက်ပြီး ၎င်း၏ ဝိညာဉ်စွမ်းအားအားလှုပ်ရှားလိုက်သည်။ ရုတ်တရက် ရှစ်ဖုန့်ထံသို့ ဝိညာဉ်တိုက်ခိုက်မှုတစ်ခုအား ထုတ်ဖော်လိုက်၏။

“ဟမ့်”

ရှစ်ဖုန့်၏ ဝိညာဉ်က အရမ်း တုံ့ပြန်နိုင်မှုရှိသည်ဖြစ်သည်။ အဘိုးအို၏ ဝိညာဉ်ကလှုပ်ရှားလိုက်သောအခါတွင် ၎င်း၏ ဝိညာဉ်တိုက်ခိုက်မှုက   သူ့ထံသို့ လာနေသည်ကို ရှစ်ဖုန့်ခံစားမိလိုက်သည်။  ရုတ်ခြည်း သူ၏ဝိညာဉ်စွမ်းအားအား  လှုပ်ရှားလိုက်ပြီး စိတ်ထဲမှအော်လိုက်သည်။

“ဝိညာဉ် တုံ့ပြန်မှု”

ဝိညာဉ်တုံ့ပြန်မှုမှာ   ရန်သူ၏ဝိညာဉ်တိုက်ခိုက်မှုအားတန်ပြန်ရန်အတွက်  သူ၏ဝိညာဉ်စွမ်းအားဖြင့် ဖွဲ့စည်းထားသော  ဆန်းကြယ်သည့် ဝိညာဉ်စွမ်းအင်တစ်ခုဖြစ်သည်။အကြွင်းမဲ့ ဝိညာဉ်ဖိနှပ်မှုအောက်တွင် သူ၏ ဝိညာဉ်တုံ့ပြန်မှုက  ရန်သူမှ  သူ့ထံပစ်လွှတ်သော ဝိညာဉ်တိုက်ခိုက်မှုကဲ့သို့ စွမ်းအားကြီးသည်ဖြစ်၏။

“အာ”

သူ၏ဝိညာဉ်တိုက်ခိုက်မှုက တစ်စုံတစ်ခုမှားယွင်းနေသည်အား  အာရုံခံမိသောအခါတွင်   အဘိုးအို၏ မျက်နှာမှာပြောင်းလဲသွားသည်။

“အား”

ထို့နောက် အဘိုးအိုက သူ၏ဦးခေါင်းအားခပ်တင်းတင်းဆုပ်ကိုင်ပြီး  နာကျင်စွာအော်ဟစ်နေသည်။သူ၏ကိုယ်ကမြေပြင်ပေါ်သို့လဲကျသွားကာ ဝက်ရူးပြန်သကဲ့သို့ မြေပြင်ထက်၌  ဆန့်ငင်ဆန့်ငင်ဖြစ်နေ၏။

ဆက်ရန်………….

ဘာသာပြန်သူ-ARISE

All Chapters