အမှောင်ထု စည်းမျည်း ထွက်ပေါ်လာခြင်း
Vol. 66 Ch. 911
“မင်း အဲလို မလုပ်ရဘူးနော် ” ဝေကျဲက မိုဝူကျိ မေးလိုက်သည်နှင့် တန်းသတိပေးလိုက်သည်။
“ ဘာကို မလုပ်ရမှာလဲ ” မိုဝူကျိက ထပ်မေးလိုက်လေ၏။
ဝေကျဲက ပြန်ဖြေပေးလိုက်သည် “ မင်းက ငါ့ဆီမှာ ရုပ်ဖျက်လို့ ရတဲ့ ဆေးလုံးတွေ ဘာတွေ မေးနေတာဆိုတော့ မင်းလည်း နတ်ဘုရားသိုက်မြုံအစွန်းဆီ သွားပြီး ကံစမ်းကြည့်မလို့မလား ”
မိုဝူကျိက ရယ်မောလိုက်ပြီး “ ကျုပ်ရဲ့ ကျင့်ကြံဆင့်နိမ့်နိမ့်လေးနဲ့ ဘာလို့ သွားရမှာလဲဗျာ။ ကျုပ်က နတ်ဘုရားသိုက်မြုံထဲ နည်းနည်း လျှောက်ကြည့်ရုံလေးပါ။ ကျင့်ကြံသူအများစုက အဲဒီနေရာ သွားနေကြမှာဆိုတော့ နတ်ဘုရားသိုက်မြုံက အခု ဘေးကင်းနေတယ်လေ။ ဒါပေမဲ့ ကျုပ်က ဇာမဏီနတ်ဝိညာဉ် ပရဝဏ်က လူတွေနဲ့ ပြဿနာ ဖြစ်မှာ စိုးရိမ်လို့ပါ။ အဲဒါကြောင့် ရုပ်ဖျက်သွားတာက ပိုကောင်းလာလို့လေ ”
မိုဝူကျိက နတ်ဘုရားသိုက်မြုံ ထွက်ပေါ်လာမှုဆီ မသွားဘူးဆိုတာကို ကြားပြီး ဝေကျဲက စိတ်သက်သာရာ သက်ပြင်းချလိုက်တော့၏။ ထို့နောက် သူက မျက်နှာဖုံး တစ်ခု ထုတ်ပေးကာ ပြောလိုက်သည် “ ရုပ်ဖျက်တဲ့ ဆေးလုံးက အရမ်းဈေးကြီးတယ်။ ငါ့ဆီမှာ တစ်လုံးမှ မရှိဘူး။ ဒါပေမဲ့ ဒီအဆင့်နိမ့် မျက်နှာဖုံးလေးတော့ ရှိတယ်။ မင်း သုံးပြီးသွားရင် ပြန်ပေးဖို့ မမေ့နဲ့နော်။ ဒီပစ္စည်းက ငါ့အတွက် အရမ်းအရေးကြီးတယ် ”
“ အကြီးအကဲဝေကျဲက ဘာလို့ ကပ်စေးနှဲနေတာလဲဗျာ ” မိုဝူကျိက မျက်နှာဖုံးကို လက်ခံလိုက်ရင်း ရယ်ရယ်မောမော ပြောလိုက်သည်။
“ကောင်လေး ငါ့ကို အကြီးအကဲဆိုပြီး ကြည့်မနေနဲ့ဦး။ ငါက မင်းထက်တော့ ချမ်းသာပေမဲ့ …” ဝေကျဲက ပြောလိုက်ရင်း မိုဝူကျိ၏ သိုလှောင်အိတ်လေးကို ကြည့်မိသွားကာ နောက်စကားကို ဆက်မပြောဘဲ နေလိုက်တော့၏။
မိုဝူကျိက နတ်ဘုရားနယ်မြေ ရောက်လာကတည်းက ထိုသိုလှောင်အိတ်လေးကို အစားမထိုးသေးပေ။ တည်ထောင်သူဘိုးဘေးက သူ့အား ကျင့်ကြံရေး အရင်းအမြစ်များ အလိုရှိသလောက် ယူနိုင်ကြောင်း ပြောထားသေး၏။
အကြီးအကဲဝေကျဲ ထွက်သွားပြီးနောက်တွင် မိုဝူကျိက အရင်ဦးစွာ အသွင်ပြောင်းဆေးလုံးကို သောက်သုံးလိုက်သည်။ အသွင်ပြောင်းဆေးလုံးမှာ အင်မော်တယ်လောက၌ အင်မော်တယ် အဆင့် ၈ ဆေးလုံး ဖြစ်ကာ ရုပ်ဖျက်ဖို့ရာအတွက် အကောင်းဆုံး ဆေးလုံး ဖြစ်၏။
ဤသည်မှာ နတ်ဘုရားနယ်မြေ ဖြစ်၍ မိုဝူကျိက သူ့အသွင်ပြောင်းဆေးလုံးမှာ အားနည်းနေပြီး တခြားသူများ၏ စိတ်စွမ်းအားများအား ကာဆီးမပေးထားနိုင်မည်ကို စိုးရိမ်မိပေသည်။
အသွင်ပြောင်းဆေးလုံးဖြင့် သူ့ကိုယ်သူ အသားညိုညို မျက်လုံးမှေးမှေး လူတစ်ယောက်အဖြစ် ရုပ်ဖျက်ပြီးနောက် မိုဝူကျိက ကောင်းကင်လူသားဂိုဏ်း နေရာမှ ထွက်သွားတော့သည်။ ထို့နောက် သူက မျက်နှာဖုံး တပ်လိုက်ကာ အသားဖြူဖြူ စိတ်အနှောင့်အယှက် ပေးတတ်သည့် အမျိုးသားတစ်ယောက်ဟန် ပြောင်းလဲလိုက်သည်။
သူက တကယ်ရုပ်ဖျက်ချင်သည့် အကြောင်းအရင်းမှာ နတ်ဘုရားသိုက်မြုံ၌ လျှောက်ကြည့်ချင်လို၍ မဟုတ်ဘဲ အကြီးအကဲဝေကျဲ စိုးရိမ်နေသည့်အတိုင်း သူက နတ်ဘုရားသိုက်မြုံ အစွန်းဆီ သွားရောက် ကံစမ်းကြည့်ချင်လို၍ ဖြစ်သည်။
…………………
မိုဝူကျိက နတ်ဘုရားသိုက်မြုံမှ ထွက်လာသည်နှင့် ပတ်ဝန်းကျင်ရှိ မိုးမြေစည်းမျည်းများမှာ အစီအစဉ်မကျ ဖြစ်နေသည်ကို ခံစားမိလိုက်၏။ ထို့အပြင် ဘေးပတ်လည်ရှိ နတ်ဝိညာဉ်စွမ်းအားများက ရောက်ယက်ခတ်နေပြီး သိပ်သည်းမှုလည်း မရှိနေချေ။
မိုဝူကျိက ဤအခြေအနေကို ကောင်းကောင်း သိထားသည်။ အာကာပြင်ထဲ၌ ဖြစ်လေ့ဖြစ်ထရှိသော အရာသာ ဖြစ်ပေသည်။ အဓိက အကြောင်းအရင်းမှာ မိုးမြေ စည်းမျည်းများက မပြီးပြည့်စုံသောကြောင့် ဖြစ်၏။
နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာမှုက ဆက်လက် ပေါက်ကွဲနေဆဲ ဖြစ်ကာ ကျင့်ကြံသူအများအပြားကလည်း မိုဝူကျိ နေရာသို့ ရောက်လာကြသည်။ ထိုလူများက မိုဝူကျိကဲ့သို့ အပြေးအလွှား ရောက်လာကြခြင်း ဖြစ်ပြီး မည်သူကမှ တခြားသူများကို သတိမပြုမိပေ။
မိုဝူကျိက သူ့လေလွတ်မြောက်ရေး နည်းစနစ်ကို ထုတ်သုံးလိုက်သည့်အခါ ရုတ်ချည်း မြန်ဆန်သွားလေသည်။ သူက အရှိန်ကို ဆက်မြင့်လိုက်သည့်အခါ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူအချို့ပင် လိုက်မမှီတော့ပေ။
တစ်ရက်တာ သွားလာပြီးနောက် မိုဝူကျိက ရပ်တန့်လိုက်လေ၏။ ထိုစဉ် ဤနေရာတွင် လူအများအပြား ရှိနေပေသည်။ အားလုံးက မနီးမဝေးမှ ပေါက်ကွဲမှုများကို တုန်လှုပ်တကြီး ကြည့်နေကြသည်။
အဝေးမှ တည်နေရာမှာ တစစီ ဖြစ်နေသည့်အလား ဒါမှမဟုတ် မိုးမြေစည်းမျည်းများမှာ စမ်းတဝါးဝါး ဖြစ်နေသည့်အလား တူနေသည်။ ထိုစည်းမျည်းများက ဆက်တိုက် ဖွဲ့စည်းနေပြီး စည်းမျည်းအသစ်များ ဆက်တိုက် ဖြစ်ပေါ်နေသည်။
နတ်ဘုရားဘုရင် ဆယ်ယောက်ကျော်ကလည်း မိုးမြေစည်းမျည်း စမ်းတဝါးဝါး ဖြစ်နေသည့် အစွန်းအဖျားနေရာများ၌ အစီအရင်အလံများ ဆက်တိုက် ပစ်လွှတ်နေကြသည်။ ထိုပညာရှင်များက အစီအရင် ခင်းကျင်းနေမှန်း သိသာလှ၏။ ထိုပညာရှင်များကြား မိုဝူကျိက ကူညီပေးနေသည့် တည်ထောင်သူ ဘိုးဘေး ဖန်းကျဲကိုလည်း သတိပြုမိလိုက်သည်။
မိုဝူကျိဘေးမှ စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရ၏။ နောက်အခိုက်အတန့်လေး၌ မိုဝူကျိက သွေးများအန်နေသည့် ဖြူဖျော့ဖျော့ မျက်နှာနှင့် ကျင့်ကြံသူ လူငယ်လေးကို မြင်လိုက်ရသည်။
“ အဲဒီ အရူးကတော့ … နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာတာကို သူ့စိတ်စွမ်းအားနဲ့ သွားစမ်းကြည့်တာပဲ နေမယ်။ အဆုံးကျ သူ့အသိစိတ်ပင်လယ်သူ ဖျက်စီးမိသွားတာပဲ။ ငါကတော့ အဲလိုဟာမျိုးကို ကိုယ့်ဘာသာ သတ်သေဖို ကြိုးစားတယ်လို့ပဲ ခေါ်မယ်” နောက်တစ်ယောက်က ထပ်ပြောလိုက်၏။
မိုဝူကျိက ထိုအရာကို ကြားသောအခါ နောက်ကျောမှ ချွေးအေးများပင် ထွက်လာလေ၏။ သူက စိတ်စွမ်းအားသုံး၍ မိုးမြေစည်းမျည်း အပြောင်းအလဲအား အာရုံခံကြည့်ဖို့ရာ ပြင်ဆင်ထားခဲ့သေး၏။ အကယ်၍ သူသာ မိုးမြေစည်းမျည်း ဖွဲ့စည်းလာမှုအကြောင်းနှင့် စည်းမျည်း အသစ် ဖြစ်တည်လာပုံကို အရိပ်အယောင် ဖမ်းဆုပ်မိပါက သူ့အတွက် အင်မတန် အကျိုးရှိပေမည်။ ဘေးနားမှ စကားများကို ကြားပြီးနောက် စိတ်စွမ်းအား ဖြန့်ကျက်ခြင်းက ကိုယ့်သေတွင်းကို တူးနေသလို ဖြစ်ကြောင်း သတိပြုမိလိုက်သည်။
အဝေးမှ စည်းမျည်းများမှာ မငြိမ်မသက် ဖြစ်လာရင်း အလင်းတန်းများလည်း တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။ ပေါက်ကွဲမှုများလည်း ဆက်တိုက် ဖြစ်ပေါ်နေပြီး ရံဖန်ရံခါ၌ တာအိုအရှိန်အဝါများလည်း ထွက်ပေါ်လာသည်။ ဤတာအိုအရှိန်အဝါမှာ အားလုံး အလိုရှိနေကြသည့် မဟာတာအိုစွမ်းအင်မှ ဖြစ်တည်လာခြင်း ဖြစ်၏။
“ ကြည့်ရတာ အသစ်ဖန်တီးမှုတစ်ခုလိုပဲ … မဟာတာအိုက အရမ်းရမ်းကို စိတ်ဝင်စားဖို့ ကောင်းတာပဲ ” တစ်ဖက်မှ ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။
“ အသစ်ဖန်တီးမှုပဲလေ။ ငါ ကြားတာတော့ နတ်ဘုရားသိုက်မြုံ စတင် ဖြစ်ပေါ်လာတော့ အပြည့်အဝ မဟုတ်ဘူးတဲ့။ နောက်ပိုင်းကျ နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာတဲ့ အကြိမ်တိုင်း အစကနေ အသစ်ဖြစ်လာသလို အတူတူပဲ။ မိုးမြေစည်းမျည်းတွေက မငြိမ်မသက် ဖြစ်ပြီးတော့ စည်းမျည်းအသစ်တွေ ထွက်ပေါ်လာလိမ့်မယ်။ အဲဒီအခါကျ မိုးမြေကြားက နယ်မြေအသစ်တစ်ခု ဖြစ်ပေါ်လာမယ် ”
“ ငါတို့စိတ်စွမ်းအားတွေ ပို့လွှတ်လို့ မရတာ နှမြောစရာပဲ။ မဟုတ်ရင် ဉာဏ်အလင်းပွင့်လာတာမျိုး ဒါမှမဟုတ် ကောင်းကင်ဘုံကိုတောင် ထက်ခြမ်းခြမ်းပစ်နိုင်တဲ့ တာအိုအရှိန်အဝါတွေကို ခံစားလာမိလောက်တယ် ”
“ ငါ ကြားတာတော့ နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာတဲ့အခါကျ နတ်ဘုရားဘုရင်ရဲ့ စိတ်စွမ်းအားတောင် မိုးမြေစည်းမျည်းတွေရဲ့ ကန့်သတ်မှုကို ခံရတယ်တဲ့။ ပြီးတော့ သူတို့ရဲ့ အသိစိတ်ပင်လယ်က ဖြည်းဖြည်းချင်း နာလာလိမ့်မယ် ”
“ ဟုတ်တယ် … စကြဝဠာတစ်ခု ဖန်တီးမှုနဲ့ ယှဉ်ရင် နတ်ဘုရားဘုရင်ဆိုတာက ပင်လယ်ထဲက ရေစက်လေးလောက်ပဲ ရှိတာ ”
လူအုပ်ကြားမှ ဆွေးနွေးသံများကို ကြားကာ မိုဝူကျိက တုန်လှုပ်မိနေ၏။ အသိစိတ်ပင်လယ်၏ စိတ်စွမ်းအားက ထိုးဖောက်ဝင်ရောက်နိုင်စွမ်း မရှိလျှင်ပင် သူ့အပေါ်တွင် သက်ရောက်မှု မရှိချေ။ သူ့တွင် စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအား ရှိနေသေး၏။ အကယ်၍ ပြန်လည် တုံ့ပြန်မှု ရှိလာခဲ့လျှင် အများဆုံး သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းသာ ပျက်စီးသွားလိမ့်မည်။ ဆိုလိုသည်မှာ သူ့အသိစိတ်ပင်လယ်ပေါ် သက်ရောက်မှု လုံးဝ ရှိမည် မဟုတ်ပေ။
မိုဝူကျိက ဂရုတစိုက်ဖြင့် သူ့စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။ အမွေးတိုင် တစ်ဝက်စာလောက်ကြာပြီးနောက် မိုဝူကျိ၏ စိတ်စွမ်းအားက မိုးမြေစည်းမျည်းများ မငြိမ်မသက် ဖြစ်နေသည့် နေရာသို့ ရောက်ရှိသွားသည်။
မိုးမြေစည်းမျည်း၏ ကြီးကျယ်ခမ်းနားမှုက လွှမ်းခြုံသွားကာ မိုဝူကျိက သူ့ကိုယ်ပိုင် တာအိုပင် ရှုံးနိမ့်သွားကြောင်း ခံစားမိနေ၏။ ယခုအထိ သူ ကျင့်ကြံခဲ့သမျှ အရာအားလုံးက လုံးဝ ဖျက်စီးခံလိုက်ရသလို ခံစားနေရသည်။
မိုဝူကျိက သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းကို ချက်ချင်း လှည့်ပတ်လိုက်သည်။ သူ့စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားမှ တဆင့် ဖမ်းဆုပ်ထားသော မိုမြေစည်းမျည်များက သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းထဲ ရောက်ရှိလာသည်။ ဆက်တိုက်ဆိုသလို သူ့ချီသွေးကြော ၁၀၈ ခုလုံးက လှည့်ပတ်မှု ဖြစ်ပေါ်လာသည်။
မိုးမြေစည်းမျည်းများကို မိုဝူကျိ၏ စိတ်စွမ်းအားက ဆက်တိုက် စုပ်ယူနေပြီး တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းဆီ ပို့ဆောင်ပေးနေသည်။ မိုဝူကျိ၏ တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းအတွင်း စည်းမျည်းများ သန်းချီ၍ ဝင်လာစေကာမူ တစ်ခု၊ နှစ်ခုမျှသာ စွဲကိုင်ထားနိုင်၏။ မိုဝူကျိ တစ်ယောက် စွန့်လွှတ်လိုက်ရသည့် မိုးမြေစည်းမျည်း၏ စွမ်းအားများက လက်တွေ့ဘဝနှင့် ကင်းကွာနေသည့်အရာမျိုး ဒါမှမဟုတ် အလွန်ထူးဆန်းနေတာမျိုး ဖြစ်၏။
အကယ်၍ ရှုပ်ယှတ်ခတ်နေသော စည်းမျည်းများကို ချက်ချင်း မစွန့်ပစ်လိုက်လျှင် မိုဝူကျိ၏ ချီသွေးကြောများကို ထိခိုက်စေလိမ့်မည်။
သူက တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းအတွင်း ဝင်ရောက်လာသည့် စည်းမျည်းသန်းချီအနက် စည်းမျည်း တစ်ခု၊ နှစ်ခုမျှသာ ဖမ်းဆုပ်မိသော်လည်း မိုဝူကျိက ကျေနပ်မိနေသေး၏။ သူက မကျင့်ကြံနေသော်လည်း သူ့ကျင့်ကြံဆင့်မှာ ဆက်တိုက် တိုးတက်နေကြောင်း ခံစားမိနေသည်။ သူက ထိုစည်းမျည်းများအပေါ် ဉာဏ်အလင်းပွင့်သွား၍ သူ့လျို့ဝှက်တိုက်ကွက်များမှာလည်း ပို၍ ထင်ရှားလာသည်။
အချိန်က ဖြည်းဖြည်းချင်းနှင့် ကုန်ဆုံးသွားပြီး အားလုံးကလည်း စိတ်အားထက်သန်စွာဖြင့် မိုးမြေစည်းမျည်း အပြောင်းအလဲကို ဆက်ကြည့်နေကြဆဲ ဖြစ်သည်။ အားလုံးက ရတနာ ထွက်ပေါ်မလာခင် နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာမှု အဆုံးသတ်သွားဖို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေကြ၏။
အခြားသူများကဲ့သို့ မိုဝူကျိလည်း ဘေးနား ရပ်နေလိုက်သည်။ တခြားသူများနှင့် မတူသည်က သူက စောင့်ဆိုင်းနေခြင်း မဟုတ်ဘဲ ကျင့်ကြံရင်း အလုပ်ရှုပ်နေခြင်းသာ ဖြစ်၏။ သူက ကနဦး နတ်ဘုရားအဆင့်သို့ ရောက်သည်မှာ တစ်နှစ်ကျော်သွားလေပြီ။ ဤနှစ်အတွင်း သူ့ကျင့်ကြံဆင့်၌ တိုးတက်လာမှု မရှိခဲ့ပေ။ နတ်ဘုရားသိုက်မြုံ စည်းမျည်းများ မငြိမ်မသက် ဖြစ်မှုက သူ့ကျင့်ကြံဆင့်အား အဆများစွာ မြန်ဆန်လာစေသည်။ ရက်ပိုင်းလေးအတွင်း သူက ကနဦး နတ်ဘုရား အဆင့် ၁ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး ကနဦး နတ်ဘုရားအဆင့် ၂ သို့ တက်လှမ်းဖို့ရာ ခြေတစ်လှမ်းမျှသာ ကွာဝေးတော့၏။
မိုဝူကျိက ကနဦး နတ်ဘုရားအဆင့် ၂ သို့ တက်လှမ်းရမလား တွေးတောမိနေစဉ် စည်းမျည်း၏ ထူးထူးခြားခြား စွမ်းအားတစ်မျိုးကို မိုဝူကျိက ဖမ်းဆုပ်မိလိုက်၏။ သူက တုံ့ဆိုင်းခြင်းမရှိ သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းအား တခြားစည်းမျည်းများကို လွှတ်ချကာ ထိုထူးခြားသည့် တစ်ခုကိုသာ အမိဖမ်းဆုပ်ထားဖို့ ထိန်းချုပ်ထားလိုက်သည်။
မိုဝူကျိက ပြောမပြတတ်လောက်အောင် စိတ်လှုပ်ရှားမိနေသည်။ သူက နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာသည့် နေရာ၌ အမှောင်ထုစည်းမျည်းကို အာရုံခံမိလိုက်ခြင်း ဖြစ်၏။ တခြားသူများက ထိတွေ့ကောင်း ထိတွေ့နိုင်သော်လည်း အမှောင်ထုစည်းမျည်းဖြစ်ကြောင်း သတိပြုမိမည် မဟုတ်ပေ။ သို့သော်လည်း သူက ကူချိုက် ပေးထားသော အမှောင်ထုစည်းမျည်းများအကြောင်း ရှိထားသောကြောင့် အာရုံခံမိလိုက်သည်နှင့် တန်းသိလိုက်သည်။
သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းအတွင်း အမှောင်ထုစည်းမျည်းက ပို၍ ထင်ရှားလာကာ မိုဝူကျိက ရုတ်ချည်းဆိုသလို မထိန်းချုပ်နိုင်သည့် စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာမိသည်။ သူက အမှောင်ထု ကျင့်စဉ်ကို ချက်ချင်း ကျင့်ကြံမိချင်လာ၏။
ကံကောင်းစွာဖြင့် သူက စိတ်ဆန္ဒကို ထိန်းချုပ်ထားနိုင်သေး၏။ သူ့စိတ်စွမ်းအားက အမှောင်ထုစည်းမျည်းကို ရရှိလိုက်သည်နှင့် တခြားစည်းမျည်းများအားလုံးကို ရရှိဖို့ရာ မကြိုးစားတော့ပေ။
နတ်ဘုရားသိုက်မြုံက ဆက်တိုက် ပေါ်ထွက်နေပြီး စည်းမျည်းအမျိုးမျိုးလည်း ဖြစ်တည်နေသည်။
မိုဝူကျိက သူ့စိတ်စွမ်းအားကို ထိန်းချုပ်ကာ နတ်ဘုရားသိုက်မြုံ အနက်ပိုင်းသို့ ပို့လွှတ်လိုက်လေ၏။ ပို၍ ကြောက်စရာကောင်းကာ ပြင်းထန်သော တာအိုစည်းမျည်းများ ထွက်ပေါ်နေသော်လည်း မိုဝူကျိက ယူဖို့ရာ မကြိုးစားဘဲ စွန့်လွှတ်ထားလိုက်သည်။ ထိုစဉ် သူ့ဦးစားပေးမှာ အသစ်ဖြစ်ပေါ်လာမည့် နတ်ဘုရားသိုက်မြုံ၌ ထိုအမှောင်ထုစည်းမျည်း၏ နေရာအတိအကျကိုသာ ဖြစ်၏။
အချိန်ကုန်လွန်သွားသည်နှင့် ပေါက်ကွဲမှုများက လျော့နည်းသွားသည်။
မိုဝူကျိ ဖမ်းဆုပ်မိသော အမှောင်ထုစည်းမျည်းမှာ အဆုံးမဲ့အာကာပြင်အတွင်း ပျောက်ကွယ်သွားလေ၏။ မိုဝူကျိက ထိုစွမ်းအား၏ အရိပ်အခြည်မျှ အာရုံမခံမိတော့ပေ။
“ ဝုန်း ဝုန်း ဝုန်း ” ပိုမို ပြင်းထန်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် အဆုံးမဲ့ သိပ်သည်းလှသော အလင်းတန်းများလည်း ထွက်ပေါ်လာသည်။
ထိုစဉ် မိုဝူကျိက ကနဦး နတ်ဘုရား အဆင့် ၁ မှ ကနဦး နတ်ဘုရားအဆင့် ၂ သို့ တက်လှမ်းနိုင်လိုက်၏။
“ ရတနာတွေ ပေါ်လာပြီ ” တအံ့တဩ အသံများကို ကြားလိုက်ရပြီး အားလုံးက ထိုအလင်းတန်းများဆီမှ မြောက်များစွာသော ရတနာများဆီ အပြေးအလွှား အလုအယက် ဝင်ရောက်သွားကြသည်။
အလင်းတန်းများနှင့် ပြည့်နှက်နေသော ကောင်းကင်အောက်တွင် ကျင့်ကြံသူများက စတင် တိုက်ခိုက်နေကြပြီ ဖြစ်၏။
မိုဝူကျိက ရတနာအတွက် တိုက်ခိုက်သည့်နေရာဆီ ဦးမတည်ပေ။ ထို့အစား သူက အမှောင်ထုစည်းမျည်း ပျောက်ကွယ်သွားသည့် အမှတ်အသား ချထားလိုက်သည်။ သူတို့တွေ နတ်ဘုရားသိုက်မြုံအနက်ပိုင်းအတွင်း ဝင်ခွင့်ပြုသည့်အခါ သူက ရတနာ သွားမရှာသေးဘဲ သူ ချန်ထားခဲ့သည့် အမှတ်အသားဆီ အရင် သွားကြည့်မည် ဖြစ်၏။ သူက အမှောင်ထုစည်းမျည်း ကျင့်စဉ်ကို ကျင့်ကြံချင်မိသည်။
ထိုအမှတ်အသားကို ချထားပြီးနောက် ကျင့်ကြံသူများ တိုက်ခိုက်နေကြသည့် နေရာဆီ ဝင်သွားလိုက်သည်။
နတ်ဘုရားသိုက်မြုံ ထွက်ပေါ်လာမှုမှာ ရတနာ တောင်ကြီးတစ်လုံး ထွက်လာသကဲ့သို့ ဖြစ်၏။ တချို့ရတနာများမှာ မိုင်ထောင်ချီအဝေးသို့ ကျရောက်သွားနိုင်သည်။
ရတနာများစွာ ရှိနေသော်လည်း တိုက်ခိုက်နေကြသည့် ကျင့်ကြံသူများက ပို၍ များပြားပေသည်။ ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခုခု သို့မဟုတ် နတ်ဝိညာဉ် ဆေးပင်တမျိုးမျိုး ပေါ်လာခဲ့လျှင် ကျင့်ကြံသူ ရာကျော်လောက်က ထိုအရာကို ရဖို့ရာ တိုက်ခိုက်ကုန်ကြသည်။
မိုဝူကျိ၏ စိတ်စွမ်းအားက သာမာန် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူထက် အားမနည်းပေ။ သူ ပထမဆုံး မြင်လိုက်သည့်အရာမှာ ထိပ်တန်းအဆင့် မြေအောက်နတ်ကျောက်တုံး ဖြစ်၏။ မြေအောက်နတ်ကျောက်တုံးမှာ သိုလှောင်လက်စွပ် ပြုလုပ်ဖို့ အသုံးပြုသော ပစ္စည်း ဖြစ်သည်။ လောကနတ်ဘုရားအဆင့်အောက်ရှိ ကျင့်ကြံသူများအတွက် ထိုအရာမှာ အလွန်အမင်း အဖိုးတန်လှသည်။ နတ်ဘုရားလောက၌ သိုလှောင်လက်စွပ်များစွာ ရှိကြသော်လည်း ကျင့်ကြံသူအနည်းငယ်မျှသာ အမည်မသိ ဇာစ်မြစ်များ ရှိသော သိုလှောင်လက်စွပ်များကို အသုံးပြုကြသည်။ ထိုလက်စွပ်များတွင် အမှတ်အသား ပါရှိနေမည်လားကို မည်သူမှ မသိကြပေ။
“ ထွက်သွားစမ်း ” နောက်ထပ် ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူက ထိုမြေအောက်နတ်ကျောက်တုံးကို မြင်လိုက်၍ မိုဝူကျိထံ လက်သီးတစ်ချက် ပစ်ခွင်းလိုက်သည်။ သူက မိုဝူကျိထက် နတ်ဘုရားသိုက်မြုံမှ ထွက်လာသော မြေအောက်နတ်ကျောက်တုံး၏ တန်ဖိုးအမှန်ကို သိထား၏။
***