← Chapters

အရက်စက်ဆုံး ကျင့်ကြံသူဆယ်ဦး

Vol. 66 Ch. 914

အရက်စက်ဆုံး ကျင့်ကြံသူဆယ်ဦး

Vol. 66 Ch. 914

“ တတိယနည်းလမ်းက တိုက်ခိုက်ရမဲ့ ဟာလား” မိုဝူကျိက အနည်းငယ် စိုးရိမ်မိလာသည်။ ရှေ့နည်းလမ်း နှစ်ခုမှာ တိုက်ရမည့် အရာမျိုး မဟုတ်သော်လည်း နည်းလမ်းနှစ်ခုလုံးမှာ ကံကောင်းမှုများ လိုအပ်ပေသည်။ သူ့အတွက် ကံကောင်းသည်က သူ့တွင် တာအိုအသိဉာဏ်ပွင့် လမ်းကြောင်း ရှိနေပေသည်။ သူက နတ်ဘုရားသိုက်မြုံပင်လယ်၌ သဘာဝဓာတ်ငါးမျိုး သဲအား ရှာမတွေ့ခဲ့လျှင် သူ့အနေနှင့် နတ်ဘုရားသိုက်မြုံ၏ ထန်းတိရင်ပြင်ဆီ သွားရောက်၍ စည်းမျည်းအသိဉာဏ်ပွင့်လာဖို့ရာ စမ်းသပ်၍ ရသေးသည် မဟုတ်ပါလော။

ဝေကျဲက ခေါင်းခါကာ “ တတိယနည်းလမ်းက တိုက်ပွဲ မဟုတ်သေးဘူး။ တာအိုပြိုင်ပွဲပဲ ”

“ တာအိုပြိုင်ပွဲလား …. တိုက်ခိုက်တာနဲ့ အတူတူ မဟုတ်ဘူးလား ”

ဝေကျဲက ပြုံးကာ  “ တိုက်ခိုက်တာက တာအိုပြိုင်ပွဲရဲ့ တစိတ်တဒေသပေါ့။ ဒါပေမဲ့ ကမ္ဘာမှာ တာအိုအမျိုးအစားပေါင်း သန်းချီပြီး ရှိနေတာလေ။ အဲအထဲမှာ ပစ္စည်းတာအို၊ ဆေးလုံးတာအို၊ အစီအရင်တာအို၊ အဆောင် တာအို အစရှိသဖြင့် အကုန်ပါဝင်နေတယ် ”

နောက်ဆုံးတွင် မိုဝူကျိက အရိပ်အခြည်ကို သဘောပေါက်သွားတော့သည်။ အကယ်၍ သူသာ အင်မော်တယ်လောကတွင် ဖြစ်နေပါက တာအိုပြိုင်ပွဲ၌ သေချာပေါက် ဝင်ရောက်ယှဉ်ပြိုင်မိလိမ့်မည်။ ထိုအခါ နေရာများစွာ ရလာနိုင်ပေ၏။ သို့သော်လည်း သူက နတ်ဘုရားနယ်မြေသို့ ရောက်နေပြီ ဖြစ်ရာ သူ့လက်ရှိ ဆေးလုံး၊ ပစ္စည်း၊ အဆောင်တာအိုများမှာ သာမာန်အဆင့်ပင် မရောက်ရှိသေးပေ။ သူ့အစီအရင်တာအိုမှာ ယှဉ်ပြိုင်၍ ရနိုင်သော်လည်း လက်ရှိအနေအထားဖြင့် အဆင့် ၂ နတ်ဘုရားအစီအရင်မျှသာ လုပ်ဆောင်နိုင်သေးသောကြောင့် နေရာ ရဖို့ရာ သိပ်မသေချာပေ။

“ လေးခုမြောက် နည်းလမ်းက တိုက်ပွဲပဲ။ အဲဒီပြိုင်ပွဲက ပါဝင်ယှဉ်ပြိုင်သူ အများဆုံးပဲ။ လူအများကြီး ဝင်ပြိုင်ကြတာဆိုတော့ ရှင်ခြင်း သေခြင်းကို လျစ်လျူရှုထားတယ်။ ရှုံးထွက် ပွဲစဉ်ပေါ့

ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် အယောက် တစ်ထောင်က နေရာတစ်နေရာစီ ရလိမ့်မယ်။ ထိပ်တန်း အယောက် တစ်ရာထဲ ပါရင် နေရာ ဆယ်နေရာစာ ရပြီးတော့ ထိပ်ဆုံး ဆယ်ယောက်ထဲ ပါနေရင် နေရာ အယောက် တစ်ရာစာ ရလိမ့်မယ်။ ပြီးတော့ နေရာတွေက အဆင့်ဆင့်ဆိုတော့ မင်းသာ ထိပ်တန်းဆယ်ယောက်ထဲ ပါနိုင်ခဲ့ရင် စုစုပေါင်း ၁၁၁ နေရာ ရလိမ့်မယ် ”

“ ထိပ်ဆုံး အယောက် တစ်ထောင်တဲ့လား ” မိုဝူကျိက တအံ့တဩ ရေရွတ်မိလိုက်သည်။ အကယ်၍ နေရာများစွာ ပေးစရာ ရှိနေလျင် မိုဝူကျိအနေနှင့် အယောက် တစ်ရာထဲ ဝင်ဖို့ရာ ပြဿနာ မဟုတ်လောက်ချေ။ ဖန်းကျဲက ဤတစ်ကြိမ်၌ နေရာများစွာ ရနိုင်ကြောင်း ပြောသည်မှာ မထူးဆန်းတော့ပေ။ သို့သော်လည်း သူတို့ ကောင်းကင်လူသားဂိုဏ်း၌ နေရာငါးခုစာသာ ရထားသည်။ သို့သော်လည်း ထိုနေရာငါးခုစာမှာလည်း နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ လုယူမှုကို ခံလိုက်ရသည်။

ဝေကျဲက အေးစက်စက် ရယ်မောကာ  “ ထိပ်ဆုံး အယောက်တစ်ထောင်ထဲ ပါဖို့ လွယ်တယ်လို့ ထင်မနေနဲ့ဦး။ တိုက်ပွဲမှာ ပါတဲ့သူတွေက နတ်ဘုရားနယ်မြေရဲ့ ပါရမီရှင်တွေထဲက ပါရမီရှင်တွေပဲ။ ပြီး‌တော့ မင်း စင်ပေါ်ကို တက်သွားရင် နောက်တစ်လှည့်တက်ဖို့ သုံးပွဲဆက်တိုက် နိုင်ရမယ်။ တစ်ပွဲလောက် ရှုံးနိမ့်သွားတာနဲ့ မင်းက စိမ်ခေါ်သူ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကျရှုံးပြီးသားပဲ ”

မိုဝူကျိက ဝေကျဲ၏ ရှင်းပြချက်ကို ကြားလိုက်သည့်အခါ စာရင်းသွင်းစရာ မလိုသည့် အကြောင်းအရင်းကို တန်းသိလိုက်၏။ အလှည့်ကျလာသည်နှင့် စင်ပေါ်သို့ သွားလိုက်ရုံသာ ဖြစ်၏။

အနိုင်ယူပြီး စင်မြင့်ကို စောင့်ရှောက်ထား …

ရှုံးနိမ့်ပါက အဖြုတ်ခံရမည် ဖြစ်ပြီး အားလုံးတွင် အခွင့်အရေး တစ်ကြိမ်သာ ရှိ၏။

နှစ်ယောက်သား စကားပြောနေရင်း နတ်ဘုရားသိုက်မြုံ၏ ထန်းတိရင်ပြင်အစွန်းသို့ ရောက်လာကြပြီ ဖြစ်၏။ များပြားလွန်းသည့် လူအုပ်ကြီးကို ကြည့်ကာ မိုဝူကျိက ငါးသေတ္တာလိုမျိုး ပိတ်တည်းနေသည့် အခြေအနေအကြောင်းကို သေချာနားလည်သွားတော့သည်။

ထန်းတိရင်ပြင်ကို နှစ်ပိုင်း ခြားထားပြီး တစ်ဖက်တွင် လူများက တရားမှတ်နေသည့်အလား ငြိမ်သက်စွာ ထိုင်နေကြသည်။ မိုဝူကျိ၏ မျက်လုံးဖြင့် ဘာမှမမြင်နိုင်သော်လည်း ထိုရင်ပြင်တစ်ဝက်၌ တာအိုအငွေ့အသက်များနှင့် ပြည့်နေသည်ကို ခံစားမိပေသည်။ ပြောရမည်ဆိုလျှင် မိုးမြေစည်းမျည်းများ၏ အဆုံးမဲ့စွမ်းအင်များနှင့် ပြည့်နေခြင်း ဖြစ်၏။

ရင်ပြင် တစ်ဖက်၌ အသံများ ဆူညံပွက်လောရိုက်နေပြီး တိုက်ပွဲစင်မြင့်များစွာ တန်းစီလျက် ရှိနေသည်။ စင်မြင့်သို့ လူအတန်းလိုက် ရှိနေပြီး စင်ပေါ်မှ ဆင်းလာသည့် လူများလည်း မနည်းလှပေ။ ကျင့်ကြံသူအများအပြားမှာ စင်မြင့်ပေါ်တွင် အသတ်ခံလိုက်ရသည်။

မိုဝူကျိက ကောင်းကင်လူသားဂိုဏ်းသားများလည်း တန်းစီနေသည်ကို သတိပြုမိလိုက်ပြီး ဖူယင်သည်လည်း ပါဝင်နေသည်။ သူ့မျက်ဝန်း၌ ဆုံးဖြတ်ချက် ပြတ်သားကာ စိတ်ဓာတ်ခိုင်မာမှုအရ မိုဝူကျိက  ဖူယင်သည်လည်း ကံစမ်းရန် ရောက်လာကြောင်း တန်းသိလိုက်သည်။

“ ဝူကျိ … မင်းရော မိုးမြေစည်းမျည်းအပေါ် ကံစမ်းမှာလား ဒါမှမဟုတ် တိုက်ပွဲမှာ ဝင်ပြိုင်မှာလား ” ဝေကျဲက မိုဝူကျိသည် တိုက်ပွဲစင်မြင့်ကို ကြည့်နေကြောင်း သတိထားမိ၍ မေးလိုက်သည်။ သူ့အမြင်၌ မိုဝူကျိက တိုက်ပွဲစင်မြင့်ကို ဝင်ပြိုင်မည့်အစား စည်းမျည်း အသိဉာဏ်ပွင့် ပြိုင်ပွဲအား ရွေးချယ်လျှင် အခွင့်အရေး ရဦးမည် ဖြစ်ကြောင်း တွေးနေမိသည်။

ဝေကျဲက မေးလိုက်စဉ် မိုဝူကျိက  မျောက်တစ်ကောင်ကဲ့သို့ ပိန်ပါးနေသည့် အမျိုးသားတစ်ဦးကို မြင်လိုက်ရသည်။ ထိုလူက ကနဦး နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူကို လွှင့်စင်သွားအောင် တိုက်ခိုက်နိင်လိုက်သည်။ ကနဦး နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူမှာ လေထဲ လွှင့်သွားပြီး သွေးမြူအဖြစ် ပြောင်းလဲသွားတော့သည်။

မိုဝူကျိက သူ့ဘာသာ တွေးတောလိုက်မိ၏။ ဤလူက အမှန်တကယ် ရက်စက်လွန်းပေသည်။ ဤပိန်ကပ်ကပ် မျောက်တစ်ကောင်၏ အင်အားဖြင့် ကနဦး နတ်ဘုရားအဆင့် ၉ ကျင့်ကြံသူအား သွေးမြူအဖြစ် ပြောင်းလဲမပစ်ဘဲဖြင့် အလွယ်လေး အနိုင်ရနိုင်၏။

“ ဟားဟား မင်း အခုလန့်နေပြီမလား ” ဝေကျဲက မိုဝူကျိ၏ အထိတ်တလန့် အမူအယာကို မြင်လိုက်ပြီး ရယ်မောကာ  “ အဲလူကို မြင်တယ်မလား။ သူက မျောက်တစ်ကောင်လိုပဲ ပိန်ကပ်နေတာ။ သူက နတ်ဘုရားနယ်မြေမှာ စီနီယာအစ်ကို သေမင်းဆိုပြီး နာမည်ကြီးတယ်ကွ ”

“ စီနီယာအစ်ကိုသေမင်းတဲ့လား ” မိုဝူကျိက ထပ်ကာ မေးလိုက်သည်။

ဝေကျဲက ခေါင်းညိတ်ကာ  “ ဟုတ်တယ် … စီနီယာအစ်ကိုသေမင်းတဲ့။ ပြောရရင် နတ်ဘုရားသိုက်မြုံရဲ့ ကြောက်စရာအကောင်းဆုံး ကနဦး နတ်ဘုရားအဆင့်ထဲက တစ်ယောက်ပဲ။ သူက ကနဦး နတ်ဘုရားအဆင့် ၉ ဆိုပေမဲ့ သာမာန်ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတွေတောင် သူ့ကို ရန်စမရဲဘူး ”

“ ကျုပ်ကြားတာတော့  ထန်ဝူကျန်းက နတ်ဘုရားသိုက်မြုံမှာ ကနဦး နတ်ဘုရားအဆင့်ထဲ ကြောက်စရာအကောင်းဆုံးဆို … ” မိုဝူကျိက ရယ်မောရင်း ပြောလိုက်သည်။ ထိုပိန်ကပ်နေသည့် မျောက်က ရက်စက်ကာ အကြင်နာတရား ကင်းမဲ့သော်လည်း ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများပင် သူ့ကို ရန်မစရဲကြောင်းကို‌တော့ မယုံပေ။ ကနဦး နတ်ဘုရားအဆင့် ၂ တွင် ရှိနေသော သူ ကိုယ်တိုင်ပင် ထိုပိန်ကပ်ကပ် မျောက်အား မကြောက်ပေ။

ဝေကျဲက အားရပါးရ ရယ်မောလိုက်ပြီး

“ ဝူကျိ … မင်း အဲလို မတွေးသင့်ဘူး။ ထန်ဝူကျန်းမှာ အားကောင်းတဲ့ လျို့ဝှက်တိုက်ကွက်တွေ ရှိတယ်တဲ့။ ပြီးတော့ သူ့ကြယ်တာရာကောင်းကင် မှော်ရတနာကလည်း ကြောက်စရာကောင်းတယ်ဆိုပြီး သတင်းတွေ ထွက်နေတာ။ ပြီးတော့ သူက ဇာမဏီနတ်ဝိညာဉ် ပရဝဏ်ရဲ့ အနာဂတ်မျိုးဆက် ဦးဆောင်သူလေ။ အဲလိုဆိုရင်တောင် သူက နတ်ဘုရားသိုက်မြုံရဲ့ အရက်စက်ဆုံး ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ဆယ်ယောက်နဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး။ သူက အားမကောင်းလို့ မဟုတ်ဘူးနော် … သူက လုံလုံလောက်လောက် မရက်စက်လို့ ”

“ အဲဒီ အရက်စက်ဆုံး ဆယ်ယောက်က ဘယ်သူတွေလဲ ”

“ စောစောက ပိန်ကပ်ကပ် မျောက်ကို မြင်တယ်မလား။ သူ့နာမည်က ဝူလျန့်တဲ့ … နာမည်ပြောင်က စီနီယာအစ်ကိုသေမင်းတဲ့။ သူတို့ အရက်စက်ဆုံး ကျင့်ကြံသူဆယ်ယောက်ထဲမှာ သူက လေးနေရာမြောက်မှာ ရှိတယ်။

နံပါတ်တစ်က ကျန့်ကျန့် … နာမည်ပြောင်က တတိယလက်။ ငါ သူ့ကို တစ်ခါမှ မမြင်ဖူးပေမဲ့ သူ့သတင်းတွေတော့ ကြားဖူးတယ်။ သူက အမြဲပြုံးနေပြီးတော့ အရပ်ရှည်ရှည်နဲ့ နည်းနည်း ဝတယ်တဲ့ … သူက ညှာတာခြင်းမရှိ တိုက်ခိုက်လေ့ ရှိတယ်။ သူက မင်းနဲ့ စက္ကန့်ပိုင်းလေးအတွင်း ပြုံးပြနေပေမဲ့ နောက်စက္ကန့်လေးမှာ မင်းကို အကြောင်းအရင်းမရှိ သတ်ပစ်လိုက်နိုင်တယ် …

ဒုတိယမြောက်က ချိုင်ယန်လို့ ခေါ်တဲ့ မိန်းမလှလေး … နာမည်ပြောင်က နှလုံးစုဆောင်းသော နတ်မိမယ်လေးတဲ့။ သူမရဲ့ အပြစ်ကင်းတဲ့ပုံစံနဲ့ အလှတရားကြောင့် စိတ်ယိုင်မသွားစေနဲ့ဦး။ သူမက အဖြူစွတ်စွတ်ကို ဝတ်တယ်ဆိုပေမဲ့ ရက်စက်ခြင်းနဲ့ ပတ်သတ်လာရင် သူမက ကျန့်ကျန့်ထက် နည်းမှာ မဟုတ်ဘူး။ သူမရဲ့အဆိုးဆုံးအချက်က ကျင့်ကြံသူတွေရဲ့ နှလုံးသားကို ပူပူနွေးနွေး အစိမ်းလိုက် စားပစ်တာပဲ  … သူမက ကျန့်ကျန့်နားမှာ မကြာခဏ တွေ့ရလေ့ ရှိတယ်။ ကျန့်ကျန့်က လူသတ်ပြီးရင် သူမက အဲဒီနှလုံးသားကို စားပစ်လိုက်တာပဲ …

တတိယမြောက်ရဲ့ နာမည်ပြောင်က အရူးတဲ့ ။ သူ့ဆီမှာ တကယ့်နာမည် မရှိဘူး။ သူ့မုတ်ဆိတ်မွေးက တစ်မျက်နှာလုံးအပြည့်နီးပါး ဖြစ်နေတာ … အဲဒီလူကကျ တိုက်ခိုက်လိုက်တာနဲ့ ကမူးရူးထိုး အရူး တစ်ယောက်လို လုပ်တော့တာပဲ။ ဒါပေမဲ့ ဘယ်သူမှ သူ့ကို အနိုင်မရဖူးဘူး။ ပြီးတော့ ဘယ်သူကမှလည်း …..  ”

ဝေကျဲက ရုတ်တရက်ကြီး ရပ်တန့်သွားလေ၏။ မိုဝူကျိက ထိုပိန်ကပ်ကပ် မျောက်က သူတို့ကို ဖြတ်သွားကြောင်း မြင်လိုက်ရသည်။ ထိုပိန်ကပ်ကပ် မျောက်က ဝေကျဲအား သွားဖြဲပြနေသေး၏။ ဝေကျဲက ကြောက်လန့်တကြား ဖြစ်သွားဟန်ဖြင့် ဆက်မပြောတော့ပေ။

မိုဝူကျိက ဝေကျဲ၏ ပခုံးကို ပုတ်ပေးကာ နောက်ပြောင်လိုက်လေ၏ “ အကြီးအကဲဝေကျဲ … ခင်ဗျားက နည်းနည်း ပိုလွန်းနေတာ မဟုတ်ဘူးလား။ ခင်ဗျားက ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူလေ။ ဘယ်လိုလုပ် ကနဦး နတ်ဘုရားအဆင့်လေးကို ကြောက်နေရတာတုန်း။ နောင်ကျ ကျုပ်နဲ့ သိတာကို ထုတ်မပြောနဲ့နော် ”

ဝေကျဲက နေရခက်စွာ ပြုံးလိုက်ရင်း ဘာမှဆက်မပြောတော့ပေ။ ထိုပိန်ကပ်ကပ်မျောက်က ပြန်လှည့်လာကာ မေးလိုက်သည်  “ မင်းနာမည် ဘယ်သူလဲ ”

သူက မိုဝူကျိကို မေးနေခြင်း ဖြစ်၏။ ပိန်ကပ်ကပ် မျောက်က မေးခွန်းကို မေးလိုက်သည့်အခါ အားလုံးက လှည့်ကြည့်လိုက်ကြသည်။ စီနီယာအစ်ကိုသေမင်း၏ အာရုံစိုက်မှုကို ရသည်မှာ ကံမကောင်းခြင်းသာ ဖြစ်၏။

မိုဝူကျိက ပြုံးကာ  “ မိုဝူကျိ ”

“ အရမ်းကောင်းတယ် … မင်း နှစ်တစ်ရာအထိ နေရဖို့ မျှော်လင့်တယ် ” ထိုပိန်ကပ်ကပ် မျောက်က ပြုံးကာ ပြောပြီးနောက် လှည့်ထွက်သွားလေသည်။

“ မင်း ….” အကြီးအကဲဝေကျဲက ဆွံ့အစွာ ခေါင်းကိုသာ ခါလိုက်တော့သည်။

ဘေးနားရှိ လူများကလည်း မြန်မြန် ထွက်သွားကြလေ၏။

တစ်စုံတစ်ယောက်အား နှစ်တစ်ရာအထိ နေဖို့ရာ ဆုတောင်းပေးခြင်းသည် ထိုမျှအထိ နေပြီးပါက သေသင့်နေပြီ ဖြစ်ကြောင်း ပြောနေသည်နှင့် မတူနေဘူးလား။

ဤနတ်ဘုရားနယ်မြေ၌ နှစ်တစ်ရာ မပြည့်သည့်သူ ရှိဦးမည်လား။

မိုဝူကျိက မေးကို ပွတ်ကာ သူ့ဘာသာ နှစ်တစ်ရာပြည့်ပြီလား စဉ်းစားမိနေသည်။ မိုဝူကျိ ကိုယ်တိုင်ပင် မမှတ်မိတော့ပေ။ ထိုဝူလျန့်၏ ခြိမ်းခြောက်မှုကိုတော့ မိုဝူကျိက စိတ်ထဲ မထားပေ။ အကယ်၍ သူ့ကို လာမရှုပ်လျှင် မေ့ပစ်ဦးမည် ဖြစ်၏။ အကယ်၍ ထိုဝူလျန့်က သူ့အား လာနှောင့်ယှက်ရဲလျှင်  ဤကမ္ဘာ၌ စီနီယာအစ်ကိုသေမင်းသည် ပျောက်ကွယ်သွားရမည်။

“ လာလာ ထန်းထိရင်ပြင်ကို သွားကြည့်ကြစို့ ” ဝေကျဲက ခေါင်းစဉ်ကို လုံးဝ ပြောင်းလဲလိုက်တော့သည်။

မိုဝူကျိက ခေါင်းခါကာ  “ ကျုပ်က စည်းမျည်းတွေ အသိဉာဏ်ပွင့်အောင် ကြိုးစားရမှာကို မကြိုက်ဘူး ”

“ အဲဆို တာအိုပြိုင်ပွဲမှာ ဝင်ပြိုင်မှာလား ” ဝေကျဲဥ တအံ့တဩ ဖြစ်ကာ မိုဝူကျိသည် ထိုသို့ လုပ်လိမ့်မည်ဟု မယုံကြည်နိုင်ပေ။ သူ့စွမ်းရည်ကန့်သတ်ချက်ဖြင့် မိုဝူကျိသည် အသက်ကိုးသက် ရှိလျှင်ပင် အသက်ရှင်နိုင်မည် မဟုတ်ပေ။

“ ကျုပ် တာအိုပြိုင်ပွဲလည်း မသွားပါဘူး။ ကျုပ်ကို နတ်ဘုရားသိုက်မြုံ ပင်လယ်ဆီ ခေါ်သွားပေးလို့ ရမလား။ ကျုပ် သဘာဝဓာတ်ငါးမျိုး သဲကို သွားရှာကြည့်ချင်တယ် ” မိုဝူကျိက နတ်ဘုရားသိုက်မြုံ ပင်လယ်၌ ကံစမ်းကြည့်ချင်မိသည်။ အကယ်၍ သူသာ သဘာဝဓာတ်ငါးမျိုး သဲကို ရှာမတွေ့ခဲ့လျှင် သူ့အနေနှင့် ပြန်လာပြီး တိုက်ခိုက်ရမည် ဖြစ်၏။

ရှုံးထွက်ပြိုင်ပွဲများမှာ ရက်အနည်းငယ်လေးအတွင်း အဆုံးသတ်သွားမည် မဟုတ်ချေ။ သဘာဝဓာတ်ငါးမျိုး သဲကိုမူ သူက အပိုရှာတွေ့ခဲ့လျှင် သူ့ကိုယ်ပိုင် အသုံးပြုဖို့အတွက် သိမ်းထားနိုင်သေး၏။

ဝေကျဲက မိုဝူကျိအား မရေမရာ ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်  “ ဟုတ်ပြီလေ။ မင်း ကံကောင်းပြီး‌တော့ သဘာဝဓာတ် ငါးမျိုး သဲကို တွေ့ပါစေလို့ မျှော်လင့်ပါတယ်ကွာ ”

သဘာဝဓာတ် ငါးမျိုး သဲကို ရှာတွေ့ဖို့ရာ ကံကောင်းမှုက အဓိက ဖြစ်၏။ စိတ်စွမ်းအား မသုံးနိုင်သည့် အဆုံးမဲ့ပင်လယ်ပြင်၌ သဲကို ရှာတွေ့ဖို့ရာ ကံကောင်းမှုအပြင် ဘာရှိဦးမည်နည်း။

ကြောက်စရာအကောင်းဆုံးအရာက လူတွေက ပင်လယ်ထဲ မနှစ်မြှပ်နိုင်ခြင်း ဖြစ်၏။ ပင်လယ်ကြမ်းပြင်သို့ သွားဖို့ရာ နည်းလမ်းရှိလျှင်ပင် ခန္ဓာကိုယ်က အပေါ်ပြန်တက်လာဦးမည်သာ ဖြစ်၏။

……………....

နတ်ဘုရားသိုက်မြုံပင်လယ်မှာ ထန်းတိရင်ပြင်နှင့် သိပ်မကွာဝေးပေ။ ဝေကျဲ၏ ဦးဆောင်မှုဖြင့် သူတို့နှစ်ယောက်လုံးက အမွေးတိုင် တစ်တိုင်စာအတွင်း ရောက်ရှိလာသည်။

မိုဝူကျိက နတ်ဘုရားသိုက်မြုံပင်လယ်အနားသို့ ရောက်လာသည့်အခါ ပင်လယ်နံ့ကို ရှုရှိုက်မိလိုက်၏။ ဤသည်မှာ စိတ်ကြည်လင်သည့် ခံစားချက်မျိုး ပေးစွမ်းပေသည်။

အဝေး၌ နတ်ဘုရားသိုက်မြုံတစ်ခုလုံးတွင် လူနည်းနည်းသာ သွားလာနေသည်နှင့် တူနေသည်။

“ ဘယ်သူမှ ဒီနေရာကို စောင့်ကြည့်မနေဘူးလား ” မိုဝူကျိက နားမလည်စွာ ထပ်မေးလိုက်သည်။ ပုံမှန်သဘောတရားအရပြောရလျှင် ပြိုင်ပွဲဝင်နေသည့် အချိန် ဖြစ်သောကြောင့် တစ်စုံတစ်ယောက်က ရလဒ်များကို မှတ်သားထားရမည် မဟုတ်ပါလော။

ဝေကျဲက ပြုံးကာ  “ အခုက ပြိုင်ပွဲအချိန်မလို့  ဒီနေရာမှာ ရောက်လာတဲ့သူတွေက များနေပြီလေ။ ပုံမှန်ဆိုရင် လူနည်းနည်းပဲ ရှိတာ။ မင်းလည်း သွားတော့ … ငါလည်း ထန်းတိရင်ပြင်ဆီ ပြန်ပြီးတော့ ကံစမ်းကြည့်လိုက်ဦးမယ် ”

မိုဝူကျိက ပြိုင်ပွဲများ၌ ကောင်းကင်နတ်ဘုရားအဆင့်များကိုလည်း ဝင်ခွင့်ပြုထားကြောင်း သတိရလိုက်သည်။ ဝေကျဲက ကောင်းကင်နတ်ဘုရား ပြီးပြည့်စုံခြင်းအဆင့် ဖြစ်၍ သူ့ကံသူ စမ်းကြည့်ချင်သည်မှာ ပုံမှန်သာ ဖြစ်၏။

ဝေကျဲ ထွက်သွားပြီးနောက် မိုဝူကျိက နတ်ဘုရားသိုက်မြုံ ပင်လယ် ကမ်းခြေဆီ လျှောက်လှမ်းလာလိုက်၏။ သူ ကမ်းခြေပေါ်တွင် ရပ်နေပြီးနောက် ကျင့်ကြံသူတချို့က ကမ်းခြေတစ်ဝိုက်၌ သွားသွားလာလာ လုပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူများက ကမ်းစပ်မှ သဘာဝဓာတ်ငါးမျိုး သဲကို ရှာတွေ့ဖို့ရာ ကံစမ်းကြည့်နေကြခြင်း ဖြစ်၏။

ဤသည်က မိုဝူကျိအား ဆွံ့အသွားစေသည်။ အကြောင်းမှာ သဘာဝဓာတ်ငါးမျိုး သဲမှာ ရတနာ မဟုတ်ပါလော။ နှစ်များစွာ ကြာသည့်တိုင် လူများစွာ ကောက်ယူပြီးပြီ ဖြစ်ရာ ကမ်းစပ်၌ မည်သို့ ကျန်ရှိတော့မည်နည်း။

***

All Chapters