← Chapters

ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအတွက် ကံကောင်းမှု

Vol. 66 Ch. 915

ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအတွက် ကံကောင်းမှု

Vol. 66 Ch. 915

မိုဝူကျိ၏ စိတ်စွမ်းအားဖြင့် ပင်လယ်အနက်ပိုင်းသို့ ဖြန့်ကျက်ကြည့်လိုက်သည့်အခါ ရေမျက်နှာပြင်ကို မဖြတ်ကျော်နိုင်မှန်း သိလိုက်သည်။ မိုဝူကျိက ပင်လယ်ထဲ လျှောက်လာလိုက်ပြီးနောက် ဝေကျဲ ပြောထားသည့်အတိုင်း ပင်လယ်၏ ရေပေါ်နေနိုင်နှုန်းမှာ အားကောင်းကြောင်း သိလိုက်၏။ ကောင်းသည့်အချက်မှာ နတ်စွမ်းအားများကို အသုံးပြု၍ ရနေသေးသောကြောင့် မိုဝူကျိက ရေအောက် ငုပ်လိုက်နိုင်သည်။

နတ်ဘုရားသိုက်မြုံပင်လယ်ဘေးတွင် လူများစွာ မရှိနေသည့်အတွက် မိုဝူကျိ တစ်ယောက် ရေငုပ်သွားသည်ကို မည်သူကမှ မမြင်လိုက်ကြပေ။ တစ်ယောက်ယောက်က မြင်သွားမည်ဆိုလျှင်လည်း မည်သူကမှ အာရုံစိုက်ကြမည် မဟုတ်ပေ။

မိုဝူကျိက ပင်လယ်အနက်ပိုင်းသို့ ဆက်သွားလိုက်ရင်း စိတ်စွမ်းအားကို ထပ်သုံးဖို့ ကြိုးစားလိုက်သည်။ တူညီလှစွာ သူ့စိတ်စွမ်းအားကို ဖြန့်ကျက်က၍ မရသေးပေ။ မိုဝူကျိက စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်းလိုက်လျှင်ပင် သူ့အနီးအနား သုံးမီတာ ပတ်လည်ကိုသာ မြင်ရပေသည်။ အကယ်၍ သူသာ စိတ်စွမ်းအားကို အတင်းကျပ် သုံးဖို့ ကြိုးစားမိလျှင် သူ့အသိစိတ်ပင်လယ်မှာ နာကျင်လာလိမ့်မည်။

သူ့ဆီတွင် စိတ်ဝိညာဉ်မျက်လုံး ရှိနေသည့်အတွက် ကံကောင်းသွားတော့သည်။ သူက သုံးပေလောက် ရောက်လာနိုင်သော်လည်း သူ့လက်ဖြင့် စမ်းတဝါးဝါး လုပ်နေခြင်းထက် ပိုကောင်းပေသေးသည်။

မိုဝူကျိတွင် စိတ်ဝိညာဉ်မျက်လုံး ရှိရုံသာမက သူ့တွင် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းလည်း ပိုင်ဆိုင်သေး၏။ မိုဝူကျိက သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ ဖြန့်ကျက်လိုက်သည့်အခါ အံ့ဩမိပြီး ပျော်ရွှင်မိသွားသည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းက နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာစဉ်အချိန်အခါကလည်း သက်ရောက်မှု မခံခဲ့ရပေ။

မိုဝူကျိက စိတ်စွမ်းအားဖြင့် နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာမှုအတွင်း အရာအားလုံးကို အကုန်မြင်နိင်ပေသည်။ မည်သည့်အရာမှာ သူ့ဆီမှ ဖုံးကွယ်ထား၍ မရပေ။

နတ်ဘုရားသိုက်မြုံ ဖြစ်တည်မှုသည် တနည်းနည်းနှင့် နတ်ဘုရားသိုက်မြုံ ပေါ်ထွက်လာမှုနှင့် ပတ်သတ်နေနိုင်သည်။ မဟုတ်လျှင် သူ့အသိစိတ်ပင်လယ်မှ စိတ်စွမ်းအား အသုံးမဝင်ဖြစ်နေရခြင်းမှာ အရမ်းတိုက်ဆိုင်လွန်းနေသည်။ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ စိတ်စွမ်းအားကို အသုံးပြုလိုက်သည့်အခါ မည်သည့်အရာမှ သူ့မျက်စိရှေ့မှ ဖုံးကွယ်မထားနိုင်ပေ။

ယခု သူက စိတ်စွမ်းအားကို တဖန်ဖြန့်ကျက်လိုက်သည့်အခါ မိုဝူကျိအတွက် လွယ်ကူသွားပေ၏။ မကြာခင် သူ့စိတ်စွမ်းအား၌ ပင်လယ်ကြမ်းပြင်တွင် မမြင်စမ်းကမ်း ရှာနေကြသည့် ကျင့်ကြံသူတချို့ကိုလည်း မြင်လိုက်ရသည်။ သူတို့က ဘာကိုမှ မမြင်နိုင်သည့်အတွက် သူတို့လက်နှင့်သာ စမ်းကြည့်နေရသည်။

စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းမှာ အင်မတန် အသုံးဝင်သော အရာ ဖြစ်ပြီး သူ့အား နတ်ဘုရားသိုက်မြုံ၌ နှစ်ကြိမ် ကူညီပေးပြီးလေပြီ။ မိုဝူကျိက ဘာကိုမှ မကြောက်ရွံ့နေတော့ဘဲ စိတ်စွမ်းအားကို တတ်နိုင်သမျှ များများ ဖြန့်ကျက်လိုက်တော့သည်။

အချိန်တိုလေးအတွင်း သူ့စိတ်စွမ်းအား၌ ရေအမျိုးအစား သဘာဝဓာတ်ငါးမျိုး သဲ နှစ်ခုနှင့် မြေအမျိုးအစား သဘာဝဓာတ်ငါးမျိုး သဲတစ်မျိုးကို တွေ့လိုက်သည်။

မိုဝူကျိ၏ ပင်လယ်ထဲ ဆက်လက် သွားလာနေစဉ်အတွင်း သဘာဝဓာတ်ငါးမျိုး သဲ တစ်ခုပြီး တစ်ခု တွေ့ကာ ကောက်ယူနိင်ခဲ့သည်။ ထို့အပြင် မိုဝူကျိက တူညီသော အမျိုးအစား သဲပင် ကောင်းသည့်အရာနှင့် ဆိုးသည့်အရာဆိုပြီး အဆင့်ပြန်ခွဲထားနိုင်ကြောင်း သိလိုက်သည်။

ကောင်းသည့် သဘာဝဓာတ်ငါးမျိုး သဲအတွင်းမှ အရည်အသွေးမှာ ကလေး လက်သီးတစ်ဆုပ်စာလောက် ကြီးမားပြီး ကြည်လင်လှသည်။ အရည်အသွေးဆိုးသည့် အရာမှာ အင်မတန် အားနည်းနေပြီး ပို၍ သေးငယ်ပေသည်။ အသေးဆုံးအရာမှာ ငုံးဥလောက် ရှိပြီး အကြီးဆုံးအရာမှာ ကြက်ဥလောက်သာ ရှိပေသည်။

ရက်ပိုင်းလေးအတွင်း မိုဝူကျိက သဘာဝဓာတ်ငါးမျိုး သဲကို ထောင်ချီ၍ စုဆောင်းနိုင်ခဲ့သည်။ သဘာဝဓာတ်ငါးမျိုး သဲ အမျိုးအစားမှာ ကွဲပြားသောကြောင့် မိုဝူကျိက စီထုတ်လိုက်ပြီးနောက်  ပြီးပြည့်စုံသည့် အစုံ ၁၅၀ ကျော်ကိုသာ စုဆောင်းထားကြောင်း သတိပြုမိလိုက်သည်။

မိုဝူကျိက ပြီးပြည့်စုံသည့် သဘာဝဓာတ်ငါးမျို သဲတို့ကို သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီးနောက် ဆက်မရှာရန် ဆုံးဖြတ်လိုက်သည်။ သဘာဝဓာတ်ငါးမျိုး သဲမှာ အတော်လေး ကောင်းမွန်သော်လည်း သူက ပစ္စည်း ထုလုပ်ဖို့ရာ လုံလုံလောက်လောက် စုဆောင်းမိပြီးလေပြီ။ ကျန်သည့်အရာများမှာ အပိုသာ ဖြစ်ပေမည်။

ယခု သူ့တွင် ပြီးပြည့်စုံသည့် သဘာဝဓာတ်ငါးမျိုး သဲများ ရှိနေပြီ ဖြစ်၍ မိုဝူကျိအနေနှင့် တိုက်ပွဲ၌ ဝင်ပြိုင်စရာ မလိုတော့ပေ။

ပြင်းထန်သည့် တုန်ခါမှုကြောင့် မိုဝူကျိက ရပ်တန့်လိုက်လေသည်။ သူ့စိတ်စွမ်းအားကို သူနင့် ဆယ်ပေစက်ဝန်းအထိ  ထုတ်လွှင့်ထားလိုက်ပြီး ဖြည်းဖြည်းချင်း ဖြန့်ကျက်လိုက်သည်။

မိုဝူကျိ၏ အတွေ့အကြုံအရ နတ်ဘုရားသိုက်မြုံသည် ကျယ်ဝန်းသော်လည်း အန္တရာယ်မရှိပေ။ ပင်လယ်ကြမ်းပြင်မှ တုန်ခါမှုသည် ပြင်းထန်သည့် သဘာဝစွမ်းအားများ တိုက်ခိုက်မှုကြောင့်သာ ဖြစ်ပေမည်။ သိသာလှစွာ တိုက်ပွဲကြောင့် ဖြစ်လာခြင်းသာ ဖြစ်၏။

မိုဝူကျိ၏ စိတ်စွမ်းအားကို မီတာ သုံးဆယ်အထိ ဖြန့်ကျက်လိုက်ပြီးသည့်နောက်တွင် သူက ရင်းနှီးသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ ဤသူမှာ ချူယို့ ဖြစ်နေသည်။

မိုဝူကျိက ထိုအမျိုးသမီးကို မှတ်မိသည်မှာ သူမ၏ အလှတရားကြောင့် ဖြစ်၏။ မကြာသေးခင်က သူမသည် သူ့ဆီမှ အကူအညီတောင်းရန် ကောင်းကင်လူသားဂိုဏ်း နေရာသို့ ရောက်လာခဲ့သေးသည်။ ထိုအချိန်က သူက သူမ၏ တောင်းဆိုချက်အား ငြင်းပယ်ခဲ့၏။

ထိုစဉ် ချူယို့က အင်မတန် အန္တရာယ်များသည့် အခြေအနေအတွင်း ကျရောက်နေပြီး သူမ ရင်ဘတ်မှ ဒဏ်ရာနှင့် သွေးများမှာ ပင်လယ်အတွင်း ပျံ့နေလေ၏။ ထိုသို့ဆိုလျှင်ပင် ချူယို့က သတိကြီးကြီး ထားလျက် ရှိနေဆဲ ဖြစ်သော်လည်း မိုဝူကျိက သူမသည် ဘာအန္တရာယ်ကိုမှ သတိမထားမိကြောင်း သိလိုက်သည်။ သူမက သတိကြီးနေဟန် ပေါ်သော်လည်း သူမသည် သူမအနီးသို့ ချည်းကပ်လာသည့် အရာများကို မြင်နိုင်စွမ်း မရှိပေ။

မိုဝူကျိက ဤသို့အခြေအနေမျိုး၌ ထွက်မသွားနိုင်သေးပေ။ ယခင် သူက ချူယို့အား မကူညီပေးခဲ့သော်လည်း ချူယို့အပေါ်တွင် သူ့အမြင်မှာ မဆိုးလှပေ။ ဤအမျိုးသမီးသည် အင်မတန် လှပချောမောပြီး ဂိုဏ်းကြီးမှ ဖြစ်သော်လည်း မောက်မာနေခြင်း မရှိပေ။ သူတို့နှစ်ယောက်လုံးမှာ ဝမ်ချွမ်းတာအိုကျောင်းတော်မှ ဖြစ်သော်လည်း မိုဝူကျိက လန်အိုထက်စာလျှင် ချူယို့အား ပို၍ အကောင်းမြင်ပေသည်။

မိုဝူကျိ၏ စိတ်စွမ်းအားက ဆက်လက် ဖြန့်ကျက်ထားဆဲ ဖြစ်ကာ မိုဝူကျိကို သတိကြီးကြီး ထားမိသွားစေသည်က သူသည်လည်း ချူယို့အား တိုက်ခိုက်နေသည့် တည်ရှိမှုမျိုးကို မမြင်ရပေ။

ခဏအကြာတွင် မိုဝူကျိက ချူယို့သည် ဖြည်းဖြည်းချင်း ရေပေါ် ပြန်တက်လိုကြောင်း သတိထားမိလိုက်သည်။ ချူယို့၏ ခြေထောက်မှာ ပင်လယ်ကြမ်းပြင်တွင် မရှိတော့သည့်အချိန်လေး၌ သတ်ဖြတ်ငွေ့ တစ်ခုက ပင်လယ်ရေကို ဖြတ်ကာ ချူယို့၏ နဖူးဆီ ကျရောက်လာသည်။

မိုဝူကျိက ချူယို့သည် ဘာမှမခံစားမိကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သည်။ ချူယို့ဆီ ထုတ်လွှင့်နေသော ထိုသတ်ဖြတ်ငွေ့မှာ ပြင်ပ၌ ဘာစွမ်းအားမှ ထွက်ပေါ်မနေပေ။ သတ်ဖြတ်ငွေ့ မရောက်လာခင်အထိ ပင်လယ်ရေပြင်၌ လှုပ်ရှားမှု လုံးဝ မရှိပေ။ ထို့ကြောင့် ချူယို့သည်လည်း ဘာကိုမှ မခံစားမိပေ။

ထိုသတ်ဖြတ်ငွေ့ကြောင့် မိုဝူကျိက ချူယို့အား တိုက်ခိုက်ဖို့ ကြိုးစားနေသူကို မြင်လိုက်ရသည်။ ဤလူက သူ့တစ်ကိုယ်လုံးကို ပင်လယ်ရေနှင့် တစ်ရောင်တည်း အတူတူ ဖြစ်နေစေသည့် သီးသန့် မှော်ရတနာတစ်ခုကို သုံးထားဟန် ပေါ်၏။ သူက သူကိုယ်သူ ရေထဲ၌ သေချာပုန်းအောင်းနေပြီး သေချာမကြည့်ပါက တစ်ယောက်ယောက် ရှိနေကြောင်း သတိပြုမိမည် မဟုတ်ပေ။

မိုဝူကျိက ခဏတာ ရပ်တန့်လိုက်၏။ သူက ချူယို့အား လုပ်ကြံသည့် ထိုလူသည် ချူယို့ တည်နေရာအား မည်သို့ ရှာတွေ့သည်ကို မသိသော်လည်း သူက သူမကို ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။

မိုဝူကျိက ဝင်နှောင့်ယှက်တော့မည့်ဆဲဆဲတွင် ချူယို့သည်လည်း ထိုသတ်ဖြတ်ငွေ့ကို ခံစားမိသည့်အလား ရှောင်ရှားလိုက်ရင်း ဓားမြှောင်ကို ထုတ်လိုက်သည်။ သူမက သူမစိတ်စွမ်းအားကို မထုတ်လွှင့်နိုင်သေးသည့်အတွက် ဓားမြှောင်သာ ထုတ်ထားနိုင်လိုက်သည်။

“ ဝုန်း ” ဓားမြှောင်က သတ်ဖြတ်ငွေ့ကို ခုခံထားနိုင်လိုက်၏။ ထိုသို့ဆိုလျှင်ပင် တိုက်ခိုက်မှု၏ တန်ပြန်သက်ရောက်မှုကြောင့် ချူယို့ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာမှာ ပိုပွင့်သွားလေသည်။ သူမ ဘေးနားမှာ ပင်လယ်ရေများမှာ နောက်တစ်ကြိမ် အပြင်းအထန် တုန်ခါသွားပြန်သည်။

မည်သို့ပင်ဆိုစေကာမူ ချူယို့က သူမအသက်လေးကို ကာကွယ်နိုင်လိုက်၏။

ထိုတိုက်ခိုက်မှုအပြီးတွင် ချူယို့က သတိကြီးကြီး ပိုထားလိုက်၏။ ရေမျက်နှာပြင်သို့ ပြန်သွားမည့်အစား ဂရုတစိုက် နောက်ဆုတ်လိုက်သည်။

ဤချူယို့သည်လည်း အရည်အချင်း ပြည့်ဝမှန်း သိသာလှသည်။ သူမသည် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ပင်မတပည့် ဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။ မိုဝူကျိ ဆက်မစောင့်တော့ဘဲ စိတ်စွမ်းအင်မြှားကို ချက်ချင်း ပစ်လွှတ်လိုက်သည်။

စိတ်စွမ်းအင်မြှားသည် တစ်ဖက်လူ၏ သတ်ဖြတ်ရေး အလင်းတန်းထက် အားပိုကောင်းပြီး အငွေ့အသက်မှာလည်း ပို၍ အားပြင်းပေသည်။ ဤသည်မှာ ပင်လယ်ရေကို ဖြတ်၍ ချူယို့အား လုပ်ကြံဖို့ ကြိုးစားနေသည့် လူဆီ ဝင်ရောက်သွားသည်။

“ အား ” စိတ်စွမ်းအင်မြှားက ထိုလူ၏ ရင်ဘတ်အတွင်း ဝင်ရောက်သွားသည်နှင့် ပင်လယ်ရေအတွင်း ဆက်လက် ပုန်းအောင်းမနေနိုင်တော့ပေ။ သွေးများလည်း စိမ့်ထွက်လာပြီး ပင်လယ်ရေနှင့် ရောနှောသွားသည်။ ထို့ကြောင့် ထိုလူက နောက်ဆုတ်လိုက်ရသည်။ သိပ်မကြာခင် နတ်ဘုရားသိုက်မြုံအတွင်း ပျောက်ကွယ်သွားတော့သည်။

မိုဝူကျိက ဤလူ၏ မှော်ရတနာအား အမှန်ပင် လေးစားမိပေသည်။ သူ့စိတ်စွမ်းအင်မြှားသည် ထိုလူ၏ ခန္ဓာကိုယ်အတွင်း ဖောက်ဝင်သွားသော်လည်း သတ်ဖြတ်ငွေ့များက ဆက်လက် မပေါက်ကွဲထွက်သွားပေ။

ချူယို့ကလည်း အရူး မဟုတ်သည့်အတွက် မိုဝူကျိ၏ တိုက်ခိုက်မှု အင်အားကို ခံစားမိလိုက်၏။ ထို့အပြင် သူမက တစ်ယောက်ယောက် သူမကို ကူညီလိုက်ကြောင်း သိလိုက်သည်။ သူမကို ကူညီပေးသည့်သူမှာ သူမကို လုပ်ကြံဖို့ ကြိုးစားသည့်သူအား ဒဏ်ရာရစေခဲ့၏။ သူမက မိုဝူကျိ မည်သည့်နေရာတွင် ရှိနေမှန်း မသိသော်လည်း စိတ်မှန်း၍ လက်နှစ်ဖက်ယှက်ကာ အရိုအသေပေးလိုက်ပြီးနောက် အလျှင်အမြန် ထွက်ခွာသွားတော့သည်။

မိုဝူကျိက ပင်လယ်ကြမ်းပြင်၌ စိတ်စွမ်းအား အသုံးပြုနိုင်လေရာ ချူယို့ ပင်လယ်ထဲမှ ထွက်မလာခင် သူက  ရွေ့ပြောင်းစွမ်းရည်ဖြင့် အပြင်သို့ ထွက်လာပြီးပြီ ဖြစ်၏။

မိုဝူကျိ ထွက်သွားပြီးနောက်  သွေးသံရဲရဲ ခန္ဓာကိုယ်နှင့် ချူယို့က ကမ်းစပ်သို့ ရောက်ရှိလာသည်။ သူမက ကုသဆေးလုံးတချို့ကို သောက်သုံးလိုက်ပြီး နတ်ဘုရားသိုက်မြုံပင်လယ်သို့ ကြည့်လိုက်သည်။

ထိုစဉ် မိုဝူကျိနှင့် သူမကို လုပ်ကြံခဲ့သော ထူးဆန်းသော သူတို့ နှစ်ယောက်လုံးမှာ ပေါ်မလာကြပေ။

……………….…

မိုဝူကျိက တန်းမပြန်သေးဘဲ အဝတ်အစား ပြောင်းကာ နတ်ဘုရားသိုက်မြုံ၏ ထန်းတိရင်ပြင်သို့ လာလိုက်သည်။

ထန်းတိရင်ပြင်၏ တိုက်ပွဲစင်မြင့်မှာ အပြင်းအထန် တိုက်ခိုက်နေကြဆဲ ဖြစ်၏။ မိုဝူကျိက စိတ်မဝင်စားသည့်အတွက် နတ်ဘုရားသိုက်မြုံ၏ တာဝန်ရေးရာခန်းမဆီ သွားလိုက်သည်။

ဝေကျဲ၏ စကားများအရ နတ်ဘုရားသိုက်မြုံ အသစ်ပေါ်ထွက်လာမှု နေရာသို့ ဝင်နိုင်မည့် ကျောက်စိမ်းပြားများအား တာဝန်ရေးရာခန်းမ၌ လဲလှယ်ယူနိုင်ပေသည်။

တာဝန်ရေးရာခန်းမအတွင်း လူများက ဝင်လိုက်ထွက်လိုက် အလုပ်ရှုပ်နေကြပြီး  ကောင်တာတစ်ခုချင်းစီတွင် လူများတန်းစီလျက် ရှိနေသည်။ တချို့လူများမှာ အလုပ် ရှုပ်ယှက်ခတ်နေကြသော်လည်း  နတ်ဘုရားသိုက်မြုံ ဝင်ခွင့် ကျောက်စိမ်းပြား  လဲလှယ်ပေးမည့်သူ မရှိနေပေ။

မိုဝူကျိက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ့ကိုယ်သူ ရုပ်ဖျက်ဖို့ရာ လက်လျော့လိုက်တော့သည်။ အဓိကအကြောင်းအရင်းမှာ သူ့တွင် ရုပ်ဖျက်နိင်သည့် နည်းလမ်းကောင်းများ မရှိနေပေ။ အသွင်ပြောင်းဆေးလုံးမှာလည်း နတ်ဘုရားနယ်မြေ၌ အမှိုက်သာသာမျှသာ ဖြစ်နေ၏။

အကယ်၍ မီးပြင်းကျောက် ကိစ္စသာ မဖြစ်ပျက်ခဲ့လျှင် မိုဝူကျိက ကျောက်စိမ်းပြား မလဲလှယ်ခင် ရုပ်ဖျက်ဖို့ ဆေးလုံး ဝယ်ယူဖို့ရန် လုပ်မိပေလိမ့်မည်။ မီးပြင်းကျောက်ကိစ္စကြောင့် မိုဝူကျိက နတ်ဘုရားနယ်မြေတစ်ခုလုံးက ရုပ်ဖျက်ဆေးလုံး ဝယ်ယူသည့်သူများအား သတိကြီးကြီးထားလိမ့်မည် ဖြစ်၏။ အကယ်၍ သူသာ ရုပ်ဖျက်ဆေးလုံး သွားဝယ်ခဲ့လျှင် သူ့ကိုယ်သူ ပိုက်ကွန်ထဲ ဝင်တိုးသလို ဖြစ်နေပေမည်။

“ မင်းက နတ်ဘုရားသိုက်မြုံ ဝင်ခွင့်အတွက် လာလဲတာလား ” ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးက မိုဝူကျိအား တအံ့တဩ ကြည့်ကာ မေးလိုက်သည်။

သဘာဝဓာတ်ငါးမျိုး သဲနှင့် နတ်ဘုရားသိုက်မြုံ ဝင်ခွင့် လဲလှယ်နေသည့် နေရာတစ်ခု  ရှိနေသော်လည်း လူများစွာ ရှိမနေပေ။ ထိုနေရာဝင်ခွင့်မှာ အဖိုးမတန်၍ မဟုတ်ဘဲ သဘာဝဓာတ်ငါးမျိုး သဲကို ရှာတွေ့ဖို့ရာ အလွန်ခက်ခဲသည့်အတွက်ကြောင့် ဖြစ်၏။ တခြားနည်းဖြင့်ဆိုရလျှင် လူများက လဲလှယ်ဖို့ ရောက်ရှိကြလျှင်ပင် ဤမျှ မြန်ဆန်မည် မဟုတ်ပေ။

ဘယ်လောက်ကြာသေးလို့ တစ်ယောက်ယောက်က သဘာဝဓာတ်ငါးမျိုးသဲကို တွေ့သွားပြီတဲ့လား ….

“ ဟုတ်ကဲ့ ..” မိုဝူကျိက အသိပြန်ဝင်လာကာ ဘေးမှ ဆိုင်းဘုတ်အား ကြည့်လိုက်၏။

ဆိုင်းဘုတ်တွင် သဘာဝဓာတ်ငါးမျိုး သဲနှင့် နတ်ဘုရားသိုက်မြုံ အသစ်ပေါ်ထွက်လာသည့် နယ်မြေဝင်ခွင့် လဲလှယ်နိုင်သည့် အကြောင်း အသေအချာ ဖော်ပြထားလေ၏။ သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေ အမျိုးအစား သဘာဝဓာတ်ငါးမျိုး သဲက တစ်စုံစာ ဖြစ်၏။ တစ်စုံစာတိုင်းအတွက် ကျောက်စိမ်းပြားတစ်ခု ရရှိမည် ဖြစ်၏။ တစ်ချိန်တည်းဆိုသလို နှစ်စုံစာအတွက် ကျောက်စိမ်းပြား သုံးခု ရမည် ဖြစ်သည်။

မိုဝူကျိက ငါးစုံစာအတွက် ကျောက်စိမ်းပြား ဆယ်ခု ရမည့်အကြောင်းကို မြင်လိုက်သည့်အခါ ငါးစုံစာ ထုတ်၍ တုံ့ဆိုင်းခြင်းမရှိ ပေးလိုက်တော့သည်။

“ မင်းက အားလုံးကို တစ်ခါတည်း လဲမှာလား ” တအံ့တဩ ဖြစ်နေသည့် ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက မိုဝူကျိအား စိုက်ကြည့်လိုက်သည်။ သူက မိုဝူကျိ လက်ထဲမှ အရာများကို ယူဖို့ရာပင် မေ့လျော့နေမိသည်။

မိုဝူကျိက မေးလိုက်သည်  “ ပြဿနာများ ရှိလို့လားဗျ ”

မိုဝူကျိက ဤသို့ကိစ္စများနှင့် အသားကျနေပြီ ဖြစ်ရာ ငါးစုံစာလုံး ထုတ်လိုက်ခြင်းက အရမ်းကြီးကျယ်သွားမှန်း သိသော်လည်း သူ့တွင် ရွေးချယ်စရာ မရှိချေ။ သူက တာ့ရှီရှုန်းဖြစ်၍ သူ့ဂျုနီယာလေးများကို အပါခေါ်သွားရမည် ဖြစ်၏။ သူ ထုတ်ပေးလိုက်သည့် ငါးစုံစာအနက် လေးပုံတစ်ပုံစာက ထိပ်တန်းအဆင့် ဖြစ်ပြီ နောက်လေးပုံတစ်ပုံမှာ အဆင့်နိမ့် ဖြစ်ကာ ကျန်အရာများက အလယ်အလတ်အဆင့် ဖြစ်ပေ၏။

“ ပြဿနာ မရှိပါဘူး … မရှိပါဘူး ” ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူက တုံ့ပြန်လိုက်လေ၏။ သူက သဘာဝဓာတ်ငါးမျိုး သဲ ငါးစုံလုံးကို စစ်ဆေးပြီးနောက် မိုဝူကျိအား ကျောက်စိမ်းပြား ဆယ်ခုကို ထုတ်ပေးလိုက်သည်။

မိုဝူကျိက ခန်းမမှ ထွက်လာပြီးနောက် ထိုလူက အသိပြန်ကပ်လာသည်။ သူက မိုဝူကျိသည် နတ်ဘုရားသိုက်မြုံပင်လယ်၌ သဘာဝဓာတ်ငါးမျိုး သဲငါးစုံ တွေ့လာသည့် အကြောင်းအား သံသယဝင်လာမိသည်။ သူက အများကြီးကို တစ်ခါတည်း စုဆောင်းမိ၍လည်း ဖြစ်နိုင်ပေသည်။ ထိုအတွေးဖြင့် သူက ခေါင်းခါလိုက်တော့သည်။ ဤသို့မျိုး ဖြစ်ပျက်ဖူးသည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ချေ။ ယခင်ကလည်း လူတစ်ယောက်က နတ်ဘုရားသိုက်မြုံပင်လယ်၌ သဘာဝဓာတ်ငါးမျိုး တစ်ရာကျော်အား တစ်နေရာတည်း၌ တွေ့ခဲ့ဖူးသည်။ သူက ဤပေါက်စ ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတွင် ကံကောင်းလွန်းနေကြောင်းသာ ဖြစ်ကြောင်း ပြောလိုက်တော့၏။

***

All Chapters