← Chapters

ဆုလာဘ်ကြီး

Vol. 67 Ch. 924

ဆုလာဘ်ကြီး

Vol. 67 Ch. 924

စီနီယာအစ်ကိုသေမင်းကို သတ်ပြီးသည့်နောက်တွင် မိုဝူကျိက ကျောက်စိမ်းသေတ္တာကို ထုတ်၍ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်အား ထည့်သိမ်းထားလိုက်သည်။

မိုဝူကျိက ရှစ်မြှောင့်ထောင့်ကျောက်ကို ထည့်သိမ်းထားလိုက်သည်နှင့် သူ့ဘေးပတ်လည်ရှိ တည်နေရာတစ်ခုလုံးမှာ ဗြောင်းဆန်လာသည်။

မကောင်းတော့ဘူး …. ဒီနေရာက ပြိုကျတော့မယ်

မိုဝူကျိက ထိုအတွေး တွေးမိစဉ် ကျောက်ခဲများက ဆက်တိုက်ဆိုသလို ပြိုကျလာတော့သည်။ သူ့ဘေးပတ်လည်မှာ ဖရိုဖရဲ ဖြစ်ကုန်လေ၏။

မိုဝူကျိက သက်ပြင်းချလိုက်ပြီး ထာဝရကမ္ဘာငယ်လေးအတွင်း မြန်မြန် ဝင်လိုက်တော့သည်။ သူက ထိုပြိုကျမှု၌ ဒဏ်ရာမရလိုပေ။

မိုဝူကျိ၏ တည်နေရာတစ်ခုလုံး ပြိုကျလာသည်နှင့် ချောက်အပြင်ဘက်ရှိ လူများကလည်း ခံစားမိကြသည်။ သူတို့အောက်ရှိ မြေကြီးမှာလည်း စတင် အက်ကွဲလာလေ၏။ သူတို့ဘေးပတ်လည်ရှိ စည်းမျဉ်းများမှာလည်း ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကာ သဲများနှင့် ကျောက်ခဲများမှာလည်း အမြောက်အမြား စုပ်ယူခံလိုက်ရသည်။ ချောက်နက်အတွင်း ဝဲကတော့ ပေါ်လာသည့်အလား ဘေးပတ်လည်ရှိ အရာအားလုံးမှာ ထိုဝဲကတော့အတွင်း ကျဆင်းသွားကြသည်။

ဤသို့မျိုး ဖရိုဖရဲစည်းမျဉ်းများနှင့် ရင်ဆိုင်သည့်အခါ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူပင် နောက်တွင် ကျန်နေရဲမည် မဟုတ်ပေ။ အကယ်၍ သူတို့သာ ဆွဲခေါ်ခံလိုက်ရလျှင် မသေဆုံးလျှင်ပင် သူတို့အရည်ပြားက တစ်စစီ ဖြစ်ကုန်မည် ဖြစ်သည်။

ယခင် မထွက်သွားသေးသည့် ကျင့်ကြံသူများလည်း ထွက်သွားကုန်ကြပြီး ခုံဖေးပင် နောက်ဆုတ်လိုက်လေ၏။

“စီနီယာအစ်မချု … ကျုပ်တို့လည်း ထွက်သွားသင့်ပြီ။ စည်းမျဉ်းတွေ ပျက်စီးလာတာမျိုးနဲ့ဆိုရင် ကျုပ်တို့ ရတနာကို ရှာတွေ့မှာလည်း မဟုတ်ဘူး။ တကယ်လို့ ရှိတယ်ဆိုရင်လည်း နတ်ဘုရားဘုရင် ကိုယ်တိုင် ဝင်မှပဲ ရတော့မယ် ” လူအုပ်ကြီး ထွက်သွားသည်ကို မြင်လိုက်သည့်အခါ ချူယို့နှင့် အတူတူ ရှိနေသည့် အမျိုးသားနှင့် အမျိုးသမီးတို့က အကြံပေးလိုက်ကြသည်။

ချူယို့က တွန့်ဆုတ်နေမိကာ  “မင်းတို့တွေ အရင်သွားနှင့်ပါ။ ငါ ထပ်စောင့်ကြည့်ချင်သေးတယ် ”

အမျိုးသားနှင့် အမျိုးသမီးတို့က သက်ပြင်းချလိုက်ကြသည်။ သူတို့က နောက်ဆုတ်ရုံသာ တတ်နိုင်ကြ၏။ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်၌ ရတနာ ပေါများလေရာ ဤရတနာတစ်ခုအတွက် စောင့်ဆိုင်းနေသည်က ဆုံးရှုံးမှု ကြီးမားပေမည်။

လူအုပ်ကြီးက နောက်ဆုတ်ပြီးသည့်နောက်တွင် ချူယို့က ဝဲကတော့အနား ချဉ်းကပ်ဖို့ ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုဝဲကတော့မှာ အတော်လေး ကြောက်ဖို့ ကောင်းလှ၏။ လူကိုယ်တိုင် သွားသည့်အကြောင်းကို ထည့်မပြောလျှင်ပင် စိတ်စွမ်းအား ထုတ်လွှင့်မိပါက ဆွဲခေါ်ခံရမည် ဖြစ်သည်။ ဤနေရာရှိ စည်းမျဉ်းများမှာ ရုတ်ရင်းဆန်ခတ် ဖြစ်နေပြီး ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူအနေနှင့် ချဉ်းကပ်သွားနိုင်သည့်နေရာမျိုး မဟုတ်ပေ။

နောက်ထပ် ဆယ်ရက်ကျော် စောင့်ဆိုင်းပြီးနောက် အကြိမ်ရေ တစ်ရာမက ကြိုးစားပြီးသောအခါ ချူယို့က သက်ပြင်းချပြီး ထွက်သွားလိုက်တော့သည်။

………….…

ထိုဝဲကတော့ စတင် ဖြစ်ပေါ်လာစဉ်က မိုဝူကျိသည် သူ့စိတ်စွမ်းအားပင် မထုတ်လွှင့်နိုင်ပေ။ လဝက်တာ ကုန်ဆုံးသွားပြီးနောက် ထိုဝဲကတော့၏ အင်အားမှာ အားလျော့သွားဟန် မပေါ်သေးဘဲ စည်းမျည်းများက ပို၍ ဖရိုဖရဲ ဖြစ်လာလေ၏။ မိုဝူကျိက သူ့ဘေးပတ်လည်ကို မစူးစမ်းတော့ဘဲ ထာဝရကမ္ဘာငယ်အတွင်း၌ စောင့်နေရန် ဆုံးဖြတ်လိုက်သည်။

သူ့ထာဝရကမ္ဘာငယ်အတွင်း မိုဝူကျိက စီနီယာအစ်ကိုသေမင်း၏ လက်စွပ်ကို ထုတ်ယူလိုက်သည်။

မိုဝူကျိက ဝူလျန့် လက်စွပ်အား အရမ်းမျှော်လင့်ထားမိ၏။ ပြောရမည်ဆိုလျှင် ဝူလျန့်က ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း အရမ်းအားကောင်းပေသည်။ ပို၍ အရေးကြီးသည်က နတ်ဘုရားသိုက်မြုံ နယ်မြေအသစ် ဖွင့်လှစ်ခဲ့သည်မှာ နှစ်ဝက်ကြာမြင့်နေပြီ ဖြစ်ရာ ထိုအချိန်လေးအတွင်း သူနှင့် ကူချိုက်က ထောင့်တစ်နေရာ၌ ကျင့်ကြံဖို့ရာသာ အာရုံစိုက်ထားကြသည်။ တစ်ဖက်တွင် ဝူလျန့်က နေရာအနှံ့ သွားလာနေခဲ့၏။ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်မှာ ရတနာများနှင့် ပြည့်နှက်နေလေရာ ဝူလျန့်က သူ့ထက် ပစ္စည်းကောင်းများ တွေ့မထားကြောင်း မယုံပေ။

သူ နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်ထဲ ဝင်လာသည်မှာ ကြာမြင့်နေပြီ ဖြစ်သော်လည်း သူ ရရှိထားသော ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်မှ လွဲ၍ သူက ဆေးပင် တစ်ရာကျော်မျှသာ ရရှိထားသည်။

ထို့အပြင် မိုဝူကျိက ဤကျောက်သည် ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန် ဖြစ်ကြောင်း မသေချာသေးပေ။ ထိုအရာမှာ ဝူလျန့် ပြောလိုက်တာမျှသာ ဖြစ်ပြီး အမှန်လားဆိုတာ မသိချေ။

မိုဝူကျီ၏ အစီအရင်တာအိုမှာ အဆင့် ၂ အစီအရင်ဆရာသို့ ရောက်ရှိနေလေပြီ။ နှစ်နာရီအတွင်း သူက ဝူလျန့် လက်စွပ်ပေါ်မှ အတားအဆီးကို ဖယ်ရှားလိုက်နိုင်၏။

မိုဝူကျိက ဝူလျန့်လက်စွပ်အတွင်းမှ ပစ္စည်းများကို မြင်လိုက်သည့်အခါ သူက အမှန်တကယ် ကြောင်အမ်းသွားတော့သည်။

ဝူလျန့်နှင့် နှိုင်းယှဉ်ကြည့်လျှင် သူ့အနေနှင့် သူဖုန်းစားဟုပင် ယူဆ၍ မရသေးပေ။

ဝူလျန့် လက်စွပ်မှာ သာမန်မဟုတ်ပေ။ အထဲ၌ ဆေးစိုက်ခင်းပင် ပါရှိနေပြီး ထိုစိုက်ခင်းတွင် နတ်ဝိညာဉ်ဆေးပင်များ အမျိုးအစား စုံလင်စွာ ရှိနေသည်။

မိုဝူကျိက ဆေးပင်၏ ဆယ်ရာခိုင်နှုန်းလောက်ကို မမှတ်မိချေ။ သူ မှတ်မိသလောက် ဆေးပင်များမှာ အဆင့် ၂ နှင့်အထက် ဖြစ်ကြ၏။

သာမာန် အဆင့် ၂ ဆေးပင်များနှင့် အဆင့် ၁ ဆေးပင်များကို ဘေးဖယ်ထားလိုက်လျှင် တောင်တစ်လုံးစာ ရှိပေမည်။

ဆေးပင်များကို အလွန်တွင် မိုဝူကျိ၏ စိတ်စွမ်းအားက ကျောက်အပုံလိုက်ဆီ ကျရောက်လာသည်။

မိုဝူကျိ တစ်ယောက် နတ်ဘုရားနယ်မြေဆီ ရောက်ရှိလာစဉ်ကတည်းက နတ်ဘုရားကျောက်များစွာကို မြင်ဖူးခြင်းက ပထမဆုံးအကြိမ် ဖြစ်ပေသည်။ ပို၍ အတိအကျဆိုရလျှင် သူ့အနေနှင့် ဤမျှ နတ်ဘုရားကျောက်များကို ပိုင်ဆိုင်ဖူးသည်က ပထမဆုံးအကြိမ် ဖြစ်၏။ ယခင်က ရှီနန်မော့သည် ကူးသန်းရေး အစီအရင်များအတွက် နတ်ဘုရားကျောက်များစွာ ထုတ်ပေးခဲ့ရသော်လည်း ထိုကျောက်များက သူ့အပိုင် မဟုတ်ပေ။ သူက မြင်ခဲ့ရုံမျှသာ ဖြစ်၏။

ယခု သူက ဤနတ်ဘုရားကျောက် သုံးပုံ၏ ပိုင်ရှင် ဖြစ်နေလေပြီ။

မိုဝူကျိက အသေးဆုံး အပုံမှာ အဆင့်မြင့် နတ်ဘုရားကျောက် ဖြစ်မည်မှန်း မှန်းဆမိလိုက်၏။ အလယ်ရှိ အပုံမှာ အလယ်အလတ်အဆင့် နတ်ဘုရားကျောက် ဖြစ်ပြီး ဘေးရှိ ကျောက်ပုံမှာ အဆင့်နိမ့် နတ်ဘုရားကျောက် ဖြစ်လိမ့်မည်။

မိုဝူကျိက အဆင့်နိမ့် နတ်ဘုရားကျောက်များကို ကိုင်ကြည့်လိုက်သည်။ သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအားများနှင့် ထိုကျောက်အတွင်းမှ စည်းမျည်းများ ပြီးပြည့်စုံမှုသည် သူ ယခင်က ရရှိထားသော အစိမ်းရောင်ကျောက်များထက် အဆများစွာ ပိုကောင်းမွန်ပေ၏။

မိုဝူကျိက သူ့ထာဝရကမ္ဘာအတွင်းမှ အစိမ်းရောင်ကျောက်များသည် ဤအဆင့်နိမ့် နတ်ဘုရားကျောက်များနှင့် မယှဉ်နိုင်ကြောင်း သိလိုက်တော့သည်။ သူတို့သည် နတ်ဘုရားကျောက် မဖြစ်လာသည့် ကျောက်အပိုင်းအစမျှသာ ဖြစ်၏။ အင်မော်တယ်လောကရှိ ကျင့်ကြံသူများသာ ဤအရာများကို ရတနာများအဖြစ် ယူဆကြလိမ့်မည်။

ဆေးပင်များနှင့် နတ်ဘုရားကျောက်များကို ထာဝရကမ္ဘာအတွင်း ပစ်ထည့်ထားလိုက်သည်။ သတ္တုများနှင့် ပစ္စည်းများ တောင်ပုံရာပုံကို မိုဝူကျိက သေချာပြန်စီစဉ်လိုက်ပြီး ပန်းပဲအတွက် သုံးဖို့ရာ ပြင်ဆင်လိုက်သည်။

ဝူလျန့်၏ ကျင့်စဉ်များနှင့် မှော်ရတနာများကို စီစဉ်ပြီးနောက် မိုဝူကျိက ကြိုးနက်သည် သဘာဝငါးသွယ် ကြိုးဖြစ်ကြောင်း သိလိုက်တော့၏။ ဤရတနာသည် ကမ္ဘာတစ်ခု ဖြစ်တည်လာအောင် အသုံးပြုလို့ ရပေသည်။ ဝူလျန့်က ကမ္ဘာဖြစ်တည်ဖို့ အသုံးမပြုသည့် အကြောင်းအရင်းမှာ ဝူလျန့်၏ ကျင့်ကြံဆင့်ကြောင့်သာ ဖြစ်ပေမည်။ ဝူလျန့်က သူ့နတ်ဘုရားအသွင်သဏ္ဌာန်ပင် မဖွဲ့စည်းရသေးပေ။

သူက ထန်ဝူကျန်း၏ ကြယ်တာရာ ရတနာနှင့် ဝူလျန့်၏ သဘာဝငါးသွယ်ကြိုး အကြောင်း တွေးမိလိုက်ပြီး မိုဝူကျိက သူ့မှော်ရတနာသည် အဆင့်တူ မဟုတ်သေးကြောင်း သိလိုက်သည်။

အင်မော်တယ်လောကတွင် ရှိစဉ်အခါက သူ့လခြမ်းကွေး ပုဆိန်လှံရှည်ကို ရှုစုရန် ဖန်တီးပေးထားခြင်း ဖြစ်သည်။ အင်မော်တယ်လောက၌ ထိပ်တန်းအဆင့် ရတနာအဖြစ် သတ်မှတ်နိုင်သော်လည်း နတ်ဘုရားနယ်မြေ၌မူ ကြက်ရိုးသဖွယ် အသုံးမဝင်လှပေ။

ကျင့်စဉ်များကိုတော့ မိုဝူကျိက ဂရုပင် မစိုက်ချေ။ သူက ဝူလျန့်၏ ကျင့်စဉ်များကို မျက်လုံးထဲပင် မထည့်ပေ။ တစ်ဖက်တွင် သဘာဝငါးသွယ်ကြိုးကိုမူ သဘောကျမိကာ သူ့မှော်ရတနာအဖြစ် သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။

ကျင့်စဉ်များအပြင် တခြားသော ပစ္စည်းများနှင့် ဆေးပုလင်းများကိုလည်း ဘေးဖယ်ထားလိုက်သည်။

သူက ကျင့်ကြံရေး၌ ဆေးလုံးများ အသုံးပြုလျှင်ပင် တခြားသူများ ဖော်စပ်ထားသည့် ဆေးလုံးကို အသုံးပြုမည် မဟုတ်ပေ။ ယခု သူတွင် ဆေးပင်များစွာ ရှိနေပေ၏။ ဆေးပင်များနှင့် ပတ်သက်သည့် အသိပညာကို ဆည်းပူးပြီးသည်နှင့် သူ့ဆေးလုံးသူ ဖော်စပ်နိုင်လေပြီ။

မိုဝူကျိက သိုလှောင်လက်စွပ်များကို ထောင့်တစ်နေရာသို့ ပုံထားလိုက်၏။ လက်စွပ်အရေအတွက်ကို ကြည့်ကာ မိုဝူကျိက ဤဝူလျန့်သည် လူများစွာ သတ်ခဲ့ကြောင်း ပြောနိုင်ပေသည်။

အရာအားလုံးကို စီစဉ်ပြီးနောက် မိုဝူကျိက သဘာဝငါးသွယ်ကြိုးကို စတင် သန့်စင်လိုက်သည်။

မိုဝူကျိ၏ အသိစိတ်ပင်လယ်မှာ အားကောင်းလှပြီး စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းလည်း ရှိနေသေး၏။ သို့သော်လည်း တစ်လကြာမြင့်ပြီးနောက် မိုဝူကျိက မသန့်စင်နိုင်တော့ပေ။ သူ့အား အနည်းငယ်စိတ်ပျက်သွားစေသည်က သဘာဝငါးသွယ်ကြိုးသည် အားကောင်းပြီး သတ္တုကောင်းနှင့် ပြုလုပ်ထားသော်လည်း အပြစ်အနာဆာ ရှိနေလေ၏။ ထိုအတွင်းမှ စည်းမျဉ်းများမှာ မပြီးပြည့်စုံသေးချေ။ အများဆုံး အလယ်အလတ် တစ်ပိုင်း နတ်ဘုရားအဆင့်မျှသာ ယူဆ၍ ယူပေသည်။

မိုဝူကျိက နတ်ဘုရားနယ်မြေရှိ ပစ္စည်းများကို အဆင့်နိမ့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်၊ ထိပ်တန်းအဆင့်ဟူ၍ သတ်မှတ်ထားကြောင်း သိပေသည်။ ထိပ်တန်းအဆင့် အထက်၌ ပို၍ အဆင့်မြင့်သော ပစ္စည်းများ ရှိနေကောင်း ရှိနေနိုင်သော်လည်း မိုဝူကျိက မသိထားပေ။

ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးအနေနှင့် အလယ်အလတ်တစ်ပိုင်း အဆင့် နတ်ဘုရားပစ္စည်း ပိုင်ဆိုင်ထားသည်ကိုက အံ့ဖွယ် ဖြစ်နေလေပြီ။

အနည်းဆုံးတော့ သူက သဘာဝငါးမျိုးကြိုးကို နတ်ဘုရားအုပ်စိုးသူအဆင့် တက်လှမ်းသည့်အခါ သုံးနိုင်ပေသည်။

သဘာဝငါးသွယ်ကြိုးကို သိမ်းဆည်းပြီးနောက် မိုဝူကျိက ဆက်လက် မကျင့်ကြံတော့ပေ။ သူ့ထာဝရကမ္ဘာအတွင်းရှိ စည်းမျဉ်းများက မပြီးပြည့်စုံလေရာ သူအနေနှင့် ကျင့်ကြံလျှင်ပင် နတ်သဘာဝစွမ်းအားများသာ ဖွဲ့စည်းနိုင်မည် ဖြစ်၏။ ထို့အစား မိုဝူကျိက ဝူလျန့် လက်စွပ်အတွင်းမှ သတ္တုများကို ထုတ်လိုက်သည်။ သူ့အနေနှင့် ပစ္စည်းထုလုပ်ဖို့ရာ အသုံးမချလျှင် ဤပစ္စည်းများက အလကား ဖြစ်ပေမည်။

မိုဝူကျိ၏ ပစ္စည်းတာအိုမှာ ရှုစုရန်၏ အမွေအနှစ်များအပြင် အများစုမှာ သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်အပေါ် အခြေခံထားခြင်း ဖြစ်၏။

အင်မော်တယ် မော်တယ်ကျင့်စဉ်က ကျင့်ကြံဖို့အတွက် အသင့်တော်ဆုံး မဟုတ်ဘဲ အမျိုးမျိုးသော တာအိုများအတွက် ဖြစ်ပေသည်။

ဆေးလုံးတာအို၊ ပစ္စည်းတာအို၊ အဆောင်တာအို၊ အစီအရင်တာအို ….

အင်မော်တယ် မော်တယ်ကျင့်စဉ်ကို ကျင့်ကြံသူများသာ အရန်တာအိုများအတွက် အသင့်တော်ဆုံး ဖြစ်နေသည့် အကြောင်းအရင်းကို နားလည်နိုင်ပေမည်။ သာမန်မှ ထူးခြားသည့် အရာသို့ ပြောင်းလဲပစ်ခြင်းမှာ အင်မော်တယ် မော်တယ်ကျင့်စဉ်သာ ဖြစ်၏။

ပန်းပဲပစ္စည်းအပုံလိုက်မှာ မကြာခင် ကုန်စင်သွားတော့သည်။

မိုဝူကျိဘေးတွင် အမှိုက်ပုံကြီး တစ်ခု ဖြစ်နေလေ၏။ သို့သော်လည်း တစ်ချိန်တည်းဆိုသလို မိုဝူကျိက အဆင့်နိမ့် နတ်ဘုရားပစ္စည်း တစ်ခုပြီး တစ်ခု ထုလုပ်ဖန်တီးနိုင်ခဲ့သည်။

ငါးလတာကြာမြင့်ပြီးနောက် မိုဝူကျိက တုနှိုင်းမဲ့ အဆင့်နိမ့် ပုဆိန်လှံရှည်အကြမ်းထည်ကို ထုဆစ်ခဲ့သည်။ နောက်ဆုံးတွင် သူက ပန်းပဲ ထုလုပ်ခြင်းအား ရပ်တန့်လိုက်တော့၏။

တောင်ပုံရာပုံ ရှိနေသည့်ပစ္စည်းများမှာလည်း ကုန်ပြောင်သွားလေပြီ။ သူ အရည်မဖျော်နိုင်သည့် ထိပ်တန်းအဆင့် သတ္တုတချို့မှလွဲ၍ အားလုံးကို ပန်းပဲလေ့ကျင့်ရာ၌ သုံးလိုက်ပြီ ဖြစ်သည်။

ငါးလတာအတွင်း သူက အဆင့်နိမ့် ပစ္စည်းများကို ထုဆစ်နိုင်ခဲ့သည်။ သို့သော်လည်း သူတို့၏ သွင်ပြင်မှာ ကျေနပ်ဖို့ရာ အလှမ်းကွာနေသေး၏။

မိုဝူကျိက စိတ်ထဲ မထားပေ။ သူက ကောင်းကင်နတ်ဘုရားအဆင့် မတက်လှမ်းရသေးသောကြောင့် သူ့အနေနှင့် နတ်ဘုရားနယ်မြေရှိ မိုးမြေစည်းမျည်း အမျိုးမျိုးကို အပြည့်အဝ နားမလည်သေးပေ။

ယခုကား သူ့အတွက် လုံလောက်နေလေပြီ။ ပုံဆိုးပန်းဆိုး ပုဆိန်လှံရှည်ကို ရပြီးနောက် သူက မီးပြင်းဖို ဖန်တီးဖို့ရာ ပြင်ဆင်လိုက်သည်။

မိုဝူကျိက သူ့မီးပြင်းကျောက်ကို စစ်ဆေးကြည့်လိုက်သည်။ ဤသည်မှာ ရှန်းထျန်း ရတနာ ဖြစ်ပြီး မီးပြင်းဖို ဖန်တီးဖို့ရာအတွက် အသုံးပြုကြပေသည်။

ထို့အပြင် ဆေးလုံးဆရာများအားလုံးကို အားကျစေသည့် မီးပြင်းကျောက်နှင့် ဖန်တီးထားသည့် မီးပြင်းဖိုတွင် ထူးခြားချက်တစ်ခု ရှိပြီး အဆင့်ဆက်လက် မြင့်လာစေနိုင်သည်။ အင်မော်တယ်အဆင့် မီးပြင်းဖိုကို ထုလုပ်လိုက်သည်ဆိုလျှင်ပင် ဆက်တိုက် ဆေးလုံးဖော်စပ်မှုများ၊ ဆေးလုံးတာအိုများနှင့်အတူ မိုးမြေစည်းမျဉ်းများ ပေါင်းစပ်မှုကြောင့် မီးပြင်းဖိုက ဖြည်းဖြည်းချင်းဖြင့် နတ်ဘုရားအဆင့် ဆင့်ကဲတိုးတက်‌ ပြောင်းလဲလာနိုင်သည်။

သီအိုရီသဘောတရားအရ မီးပြင်းကျောက်ဖြင့် ဖန်တီးထားသော မီးပြင်းဖိုသည် ရှန်းထျန်းအဆင့်အထိ တက်လှမ်းနိုင်ပေသည်။ ဤသည်မှာ သဘောတရားအရသာ ဖြစ်၏။ ရှန်းထျန်းအဆင့်အထိ တက်လှမ်းနိုင်သည့် မီးပြင်းဖိုအတွက် အဆင့် ၉ နတ်ဘုရားဆေးလုံး အမြောက်အမြား ဖော်စပ်ရမည် မဟုတ်ပါလော။ ပို၍ အတိအကျပြောရလျှင် အဆင့် ၉ ဆေးလုံးထက်ပင် ပို၍ အဆင့်မြင့်သော ဆေးလုံးများကို ဖော်စပ်ဖို့ လိုအပ်ပေမည်။

ယခု မိုဝူကျိက အဆင့်နိမ့် ပစ္စည်းများကို ဖန်တီးနိုင်စွမ်း ရှိပြီ ဖြစ်ရာ မီးပြင်းကျောက်အား ဤအတိုင်း မထားနိုင်တော့ပေ။

မူလက မိုဝူကျိသည် သူ့နားလည်နိုင်စွမ်းနှင့် ပညာရှင်နှလုံးသားဖြင့် မီးပြင်းဖိုအား ထုဆစ်ဖို့ရာ မလုံလောက်သေးမည်ကို စိုးရိမ်မိခဲ့သည်။ သို့သော်လည်း မိုဝူကျိက မီးပြင်းကျောက်ကို သန့်စင်ဖို့ရာ ပညာရှင်နှလုံးသားကို သုံးလိုက်သည့်အခါ သူက အတွေးလွန်နေကြောင်း သတိထားမိလိုက်၏။ မိုဝူကျိအား  ပူပန်လာစေသည်။ မီးပြင်းကျောက်သည် ရှန်းထျန်း ပစ္စည်း ဖြစ်သော်လည်း ယခုတွင် အလွယ်လေး အရည်ပျော်သွားလေသည်။ မီးပြင်းဖိုအဖြစ် ဖန်တီးပြီးသည့်နောက်တွင် သူက အစီအရင်များ၊ သင်္ကေတများကို ထည့်သွင်းရမည်။ အကယ်၍ ထိုသင်္တေကများ ပျက်စီးသွားခဲ့လျှင် မီးပြင်းဖိုက မီးတောက်အတွင်း အရည်ပျော်သွားမည်လား။

မီးပြင်းကျောက်သည် မီးတောက်အတွင်း ဆက်တိုက် ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနေသည်။ ဖြည်းဖြည်းချင်း ပုံဆိုးပန်းဆိုး မီးပြင်းဖို ပုံစံ ရောက်ရှိလာ၏။ မီးပြင်းဖို ပုံသဏ္ဌာန်ပေါ်လာသည်နှင့် မိုဝူကျိက အသက်သွေးတစ်ပွက် သွန်းလောင်းလိုက်သည်။ မိုဝူကျိအား အံ့အားသင့်သွားစေသည်က သူက ထိုမီးပြင်းဖိုတွင် မည်သည့်သင်္တေတမှ မရေးထွင်းနိုင်ခြင်း ဖြစ်၏။

သူ့ ထုဆစ်မှု နောက်ဆုံးအဆင့်မှာ ပစ္စည်းတစ်ခု ပြီးပြည့်စုံသွားစေရန် သင်္ကေတများ ရေးထွင်းခြင်း ဖြစ်သည်။ သို့သော် ယခုတွင် သူက ထိုသင်္ကေတများကို ရေးထွင်းဖို့ မလိုအပ်သည့်အလား မီးပြင်းဖိုက အပြည့်အဝ ပုံပေါ်လာလေ၏။

မီးပြင်းဖို ပုံပေါ်လာသည်နှင့် မိုဝူကျိ၏ မီးတောက်မှာ မီးပြင်းဖိုအပေါ်တွင် ဘာအမှတ်အသားမှ မချန်ထားနိုင်တော့ပေ။

မိုဝူကျိက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။ ဤမီးပြင်းဖိုမှာ ပုံဆိုးပန်းဆိုး ဖြစ်နေသော်လည်း ဆေးလုံးဖော်စပ်ဖို့ရာ လုံလောက်ပေသည်။

All Chapters