← Chapters

ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်

Vol. 67 Ch. 933

ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်

Vol. 67 Ch. 933

နတ်ဘုရားသိုက်မြုံအတွင်း သွားလာနေရင်း မိုဝူကျိက သားရဲများစွာနှင့်လည်း တွေ့ခဲ့ရသည်။ သူက သူတို့ကို တွေ့သည်နှင့် လေရွှေ့ပြောင်းစွမ်းရည် ဆက်ကာ ဆက်ကာ သုံးရင်း ထွက်လာခဲ့သည်။ လေးလကြာမြင့်ပြီးနောက် သူက နတ်ဘုရားသိုက်မြုံမှ ထွက်လာနိုင်ပြီ ဖြစ်၏။

နတ်ဘုရားသိုက်မြုံမှ ထွက်လာပြီးနောက် သူ့ဒဏ်ရာများမှာ ပြန်ကောင်းလုနီးပါး ဖြစ်နေလေပြီ။ ထိုသို့ဆိုလျှင်ပင် သူက မပျော်နိုင်သေးပေ။ ဤလများတစ်လျှောက်လုံး မိုဝူကျိက ပြေးလွှားရင်း သူ့ကျင့်ကြံဆင့် တိုးလာစေဖို့ရာလည်း လျစ်လျူရှုမထားခဲ့ပေ။ လေးလကြာမြင့်ပြီးနောက် သူ့ကျင့်ကြံဆင့်မှာ တိုးတက်လာခြင်း မရှိပေ။ တစ်ခုတည်းသော ခြွင်းချက်မှာ သူ့နတ်စွမ်းအားများ ပို၍ သိပ်သည်းလာခြင်းသာ ဖြစ်၏။

သူ့အင်မော်တယ် မော်တယ်ကျင့်စဉ်မှာ အချိန်မရွေး၊ နေရာမရွေး ကျင့်ကြံလို့ ရကြောင်း သိထားသင့်ပေသည်။ သူ့ချီသွေးကြော ၁၀၈ ခုလုံး အတူတကွ လှည့်ပတ်နိုင်သရွေ့ ကျင့်ကြံနိုင်ပေသည်။

မိုဝူကျိ၏ အစီအစဉ်အရ ကနဦး နတ်ဘုရား အဆင့် ၃ အလယ်အလတ်အဆင့်သို့ ရောက်ဖို့ရာ ပြဿနာ မဟုတ်ပေ။ သို့သော်လည်း စိတ်ကူးနှင့် လက်တွေ့မှာ ခြားနားလွန်းပေသည်။ လများစွာ ကြာမြင့်ပြီးသွားသော်လည်း သူက ကနဦး နတ်ဘုရားအဆင့် ၃ ကနဦးအဆင့်၌သာ သောင်တင်နေဆဲ ဖြစ်၏။

နတ်ဘုရားသိုက်မြုံမှ ထွက်လာပြီးနောက် မိုဝူကျိက ကျင့်ကြံရေးကို ရပ်တန့်လိုက်သည်။ အကြောင်းအရင်းကို ရှာမတွေ့ခင် ဆက်လက် ကျင့်ကြံနေခြင်းက အချိန်ဖြုန်းတီးရုံမျှ ဖြစ်ပေမည်။ သူ့အနေနှင့် နောက်တဆင့် တက်ဖို့ရာ နှစ်ရာချီ သို့မဟုတ် နှစ်ထောင်ချီ လိုအပ်နေသည်ဆိုလျှင် သေချာပေါက် ပျော်ရွှင်နိုင်မည် မဟုတ်ပေ။

နောက်ထပ် တစ်လကြာမြင့်ပြီးနောက် မိုဝူကျိက ပါးရေနားရေတွန့်နေပြီး မုတ်ဆိတ်မွေးနှင့် နယ်လှည့်ကျင့်ကြံသူ သွင်ပြင် ပြောင်းလဲလိုက်သည်။ ထို့နောက် သူက မြို့ရင်ပြင်တစ်ခုဆီ လမ်းလျှောက်ကာ ဝင်သွားလိုက်သည်။

နတ်ဘုရားနယ်မြေမှာ ကျယ်ပြန့်လွန်းပြီး အဆုံးအစ မဲ့ပေသည်။ နတ်ဘုရားသိုက်မြုံမှ ထွက်လာပြီးနောက် တစ်လအကြာတွင် သူ ရောက်လာသည့် မြို့ရင်ပြင်ကို  သိုက်မြုံနီး မြို့ရင်ပြင်ဟု ခေါ်ဆိုပေသည်။ ဤသည်မှာ နတ်ဘုရားသိုက်မြုံနှင့် နီးကပ်နေသော မြို့ရင်ပြင်တစ်ခု ဖြစ်ပေသည်။

မြို့ရင်ပြင်၌ လူများစွာ မရှိနေပေ။ သို့သော်လည်း မိုဝူကျိက မြို့ရင်ပြင်သို့ မဝင်ခင် သူ မြင်လိုက်သည့်အရာကြောင့် ကျေနပ်မိသွားသည်။ သူက မြို့ရင်ပြင် အပြင်ဘက်၌ ကူးသန်းရေး အစီအရင်များအကြောင်း ရေးသားထားသည့် ဆိုင်းဘုတ်ကို မြင်လိုက်၍ ဖြစ်သည်။

ဆိုလိုသည်မှာ ဤမြို့ရင်ပြင်တွင် တခြားနေရာသို့ သွားလာစေနိုင်သည့် ကူးသန်းရေး အစီအရင်များ ရှိနေသည်။

မိုဝူကျိအတွက် နတ်ဘုရားနယ်မြေမှာ အလွန်ကျယ်ဝန်းပေသည်။ သူ့လေရွှေ့ပြောင်းစွမ်းရည်နှင့်ပင် နတ်ဘုရားနယ်မြေမှ အပြီးအပိုင် ထွက်သွားနိုင်ဖို့ရာ နှစ်ချီ ကြာမြင့်လောက်၏။ အကယ်၍  သူသာ နှစ်များစွာ အချိန်ယူနေရလျှင် နတ်ဘုရားဘုရင်များက သူ့ကို သေချာပေါက် စရှာနေလောက်လေပြီ။

မိုဝူကျိက နတ်ဘုရားနယ်မြေ ပိုင်နက်ထဲမှ တတ်နိုင်သမျှ မြန်မြန် ထွက်သွားသင့်ကြောင်း ခံစားမိနေသည်။

…………..…

နတ်ဘုရားသိုက်မြုံ နယ်မြေအသစ်အတွင်း နတ်ဘုရားဘုရင် လီထန်း ဦးဆောင်၍ နတ်ဘုရားဘုရင် ဆယ်ယောက်ကျော်မှာ မိုဝူကျိ ယခင် တိုက်ပွဲ ဖြစ်ခဲ့သည့် နေရာသို့ ရောက်ရှိလာကြသည်။

မိုဝူကျိနှင့် အခြားကျင့်ကြံသူများ တိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာ၌ ရေသလင်းကျောက်များစွာ ရှိနေခဲ့သည်။ ထိုရေသလင်းကျောက်များမှာ မိုဝူကျိ တိုက်ပွဲကို မှတ်တမ်းတင်ထားသော ဘေးမှ လေ့လာကြည့်ရှုသူများဆီမှ ကျန်နေခဲ့ခြင်း ဖြစ်သည်။

ထိုသလင်းကျောက်များ၏ ပါဝင်အကြောင်းအရာကို နတ်ဘုရားဘုရင် လီထန်းက အကြိမ်များစွာ ကြည့်ရှုပြီးပြီ ဖြစ်၏။ လက်ရှိ သူက တိုက်ပွဲနယ်မြေ၌ တာအိုအငွေ့အသက် အကြွင်းအကျန်များကို စစ်ဆေးကြည့်နေသည်။

ထိုနတ်ဘုရားဘုရင်များအပြင် အပြင်ဘက်၌ စောင့်ဆိုင်းနေကြသော တပည့်များစွာလည်း ရှိနေသေးသည်။ ထိုတပည့်အများစုမှာ မိုဝူကျိ၏ တိုက်ပွဲအား မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူများ ဖြစ်၏။

နှစ်နာရီကြာမြင့်ပြီးနောက် နတ်ဘုရားဘုရင် လီထန်းသည် ခက်ထန်သည့် မျက်နှာနှင့် ထရပ်လိုက်သည်။ သူက လူအုပ်ကြီးကို ကြည့်ကာ  “ ဝမ်ချွမ်းတာအိုကျောင်းတော်ရဲ့ လင်းဖုန်း ပြောတာ မှန်တယ်။ အဲဒီလူက ကနဦး နတ်ဘုရားအဆင့် ၃ ပဲ ရှိသေးတယ်။ ပြီးတော့  … ”

နတ်ဘုရားဘုရင် ဝူကျဲက မျက်မှောင်ကြုတ်ကာ ဝင်ပြောလိုက်သည်  “ ကနဦး နတ်ဘုရားအဆင့် ၃ လား။ သူက ကနဦး နတ်ဘုရားအဆင့် ကျင့်ကြံသူ အယောက် ၄၀ ကျော်နဲ့ ကောင်းကင်နတ်ဘုရားအဆင့် ငါးယောက် ဝိုင်းထားတာ ခံရတာတောင် အသက်ရှင်တယ်တဲ့လား။ သူတို့ထဲက ၄၇ ယောက်ကို သတ်ပြီးတော့ တစ်ယောက်ကို ဒဏ်ရာအပြင်းအထန် ရစေခဲ့ပြီးတော့ တစ်ယောက်ရဲ့ ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်နိုင်ခဲ့တာတဲ့လား … အဲဒါက … ”

သူက တိုက်ပွဲမြင်ကွင်းကို စစ်ဆေးကြည့်သော်လည်း သူ့ခန့်မှန်းချက်၌ ကန့်သတ်ချက် ရှိနေပေသည်။ သူက နတ်ဘုရားဘုရင် လီထန်းလောက် လေ့လာအား မကောင်းပေ။

နတ်ဘုရားဘုရင် လီထန်းက သက်ပြင်းချကာ ပြောလိုက်လေ၏။“ အဲဒါက အဓိက အချက် မဟုတ်သေးဘူး။ နတ်ဘုရားနယ်မြေမှာ သူ့လိုမျိုး ကောင်းကင်ဘုံ သွေဖည်နေတဲ့ ပါရမီရှင်တွေ ရှိခဲ့ဖူးတာပဲလေ။ ကြောက်စရာအကောင်းဆုံးက  ကျုပ်တောင် သူ့တိုက်ကွက်တွေရဲ့ စည်းမျဉ်းကို ကောင်းကောင်း မမြင်နိုင်ဘူး။ တကယ်လို့ ကျုပ်သာ မမှားရင် သူ့တိုက်ကွက်တွေက သူ့ကိုယ်ပိုင် တာအိုကနေ ဖြစ်တည်လာပြီးတော့ ကောက်ချက်ချ ဖော်ထုတ်ထားတာပဲ ”

“ မဖြစ်နိုင်တာ …” နတ်ဘုရားဘုရင်များက ဆက်တိုက် ရေရွတ်လိုက်ကြသည်။

ကိုယ်ပိုင်တာအိုမှ ကောက်ချက်ချနိုင်သည့် အဆင့်မှာ နတ်ဘုရားဘုရင်များပင် ပြုလုပ်ဖို့ရာ ခက်ခဲသောအရာ ဖြစ်၏။ နတ်ဘုရားဘုရင်အဆင့် ကျော်လွန်သွားသော လူများအတွက် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။ နတ်ဘုရားဘုရင်၏ တိုက်ကွက်စည်းမျည်းများပင် မိုးမြေစည်းမျဉ်းအလိုက် ဖြစ်တည်နေခြင်း ဖြစ်သည်။ မည်သူပင် ဖြစ်စေကာမူ သူတို့၏ တိုက်ကွက်များမှာ မိုးမြေစည်းမျဉ်းများအပေါ် သူတို့၏ ထိုးထွင်းသိမြင်နိုင်စွမ်းအပေါ် အခြေခံထားခြင်းသာ ဖြစ်၏။

ကိုယ်ပိုင်တာအိုမှ ကောက်ချက်ချထားသော တိုက်ကွက် ဆိုသည်မှာ ဘာအဓိပ္ပာယ်လဲ ….

တခြားသူများက မသိကောင်း မသိနိုင်သော်လည်း နတ်ဘုရားဘုရင်အဆင့်မှ လူများက ကောင်းစွာ သိပေသည်။ နတ်ဘုရားဘုရင်အဆင့် ကျော်လွန်သွားသောသူများအတွက် ဖြစ်နိုင်ချေရှိ၏။

ဟုတ်တယ် …

နတ်ဘုရားနယ်မြေရှိ အားအကောင်းဆုံး ကျင့်ကြံသူမှာ နတ်ဘုရားဘုရင်အဆင့်သာ ဖြစ်၏။ နတ်ဘုရားနယ်မြေ၌ နတ်ဘုရားဘုရင်ထက် မြင့်မားသော တည်ရှိမှုမျိုး မရှိနေချေ။ သို့သော်လည်း စကြဝဠာတစ်ခုလုံး၌ ထိုသို့ ပါရမီရှင်မျိုး မရှိဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။ ကောလဟာလများအရ နတ်ဘုရားဘုရင်များထက် အားကောင်းသော အဆင့်မြင့် ကျင့်ကြံသူများ ရှိပေသည်။ သူတို့သည် နတ်ဘုရားနယ်မြေ၌ ပေါ်မလာခြင်းမှာ နတ်ဘုရားနယ်မြေက ထိုသို့အဆင့်မြင့် ကျင့်ကြံသူမျိုး မမွေးထုတ်ပေးနိုင်၍ ဖြစ်သည်။

နတ်ဘုရားဘုရင် လီထန်းက ခေါင်းခါလိုက်ရင်း  “ ပိုပြီး ကြောက်စရာကောင်းတာက သူ့တာအိုစွမ်းအားနဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကိုတောင် ကျုပ် မခံစားမိဘူး။ တကယ်လို့ ကျုပ်သာ မမှားရင် သူ့ကို သေမျိုး တစ်ယောက် ဒါမှမဟုတ် ဆိုးရွှားတဲ့ ဝိညာဉ်ကြောနဲ့ ကျင့်ကြံသူလို့ ထင်မိလိမ့်မယ် … ”

နတ်ဘုရားဘုရင် တစ်ယောက်ချင်းစီက ရုတ်ခြည်းဆိုသလို မှုန်မှိုင်းလာကြသည်။

ကမ္ဘာဦး စိတ်ဝိညာဉ် မရှိသည့် သေမျိုးက ကနဦး နတ်ဘုရားအဆင့် ၃ အထိ ကျင့်ကြံနိုင်သည်လား ….

သေမျိုးတစ်ယောက်က သူ့ထက် အားကောင်းတဲ့ ကျင့်ကြံသူများ အဝိုင်းခံထားရချိန် အသက်ဆက်ရှင်နိုင်မည်လား ….

သူတို့ကို သတ်ပြီးတော့  ထွက်ပြေးသွားနိုင်သေးသည်လား …

“ သူက နယ်ခြားကျင့်ကြံသူများ ဖြစ်နေမလား ” မေးခွန်းတစ်ခု ထွက်ပေါ်လာသည်။

မည်သူကမှ ဖွင့်ဟ သဘောမတူကြသော်လည်း အများစုက ထိုသို့ ဖြစ်နိုင်ကြောင်း ခံစားနေမိသည်။

နတ်ဘုရားဘုရင် လီထန်းက ခေါင်းခါလိုက်ပြီး  “ မဟုတ်ဘူး။ သူက နယ်ခြားကျင့်ကြံသူတော့ မဖြစ်နိုင်ဘူး။ နယ်ခြားကျင့်ကြံသူတွေက အမှောင်ထု စည်းမျဉ်းကို ကျင့်ကြံကြတာလေ။ သူ့တိုက်ကွက်တွေမှာ အမှောင်ထု အမျိုးအစား အရိပ်အယောင် ပါဝင်နေပေမဲ့ တခြားစွမ်းအင်တွေလည်း ပါနေတယ်။ ပြီးတော့ နယ်ခြားကျင့်ကြံသူတွေလည်း ဝိညာဉ်ကြော ရှိကြတယ်လေ … ”

“ ကောင်းကင်လူသားဂိုဏ်းက အမြဲတမ်းလိုလို အဆင့်နိမ့် ဝိညာဉ်ကြော ပိုင်ရှင်တွေကို  လက်ခံလေ့ ရှိတယ်။ ကောင်းကင်လူသားဂိုဏ်းသား တစ်ယောက်အနေနဲ့ သူက  …” နတ်ဘုရားဘုရင် ဝူကျဲက ထပ်ရှင်းပြလိုသော်လည်း ဘာဆက်ပြောရမှန်း မသိတော့ပေ။

“ ကောင်းကင်လူသားဂိုဏ်းက အဆင့်နိမ့် ဝိညာဉ်ကြော ပိုင်ရှင်တွေကို လက်ခံဖို့ စိတ်ထဲ မထားဘူးဆိုပြီး ခဏတိုင်း ပြောတယ်။ အဲလိုဆိုရင်တောင် သူတိုက ဝိညာဉ်ကြော ရှိတဲ့ လူတွေကိုပဲ ရွေးချယ်ကြတာပါ။ သူတို့လည်း ပါရမီအလားအလာကောင်းတဲ့ တပည့်တွေကို ရွေးချယ်ချင်ကြမှာပဲ  ”

“ အဲဒီလူက ရက်စက်လွန်းပြီးတော့ အရမ်းကို အားကောင်းလွန်းတယ်။ သူ ဆက်ပြီး အားကောင်းလာရင် ကျုပ်တို့အတွက် ကောင်းမှာ မဟုတ်ဘူး ”

“ အရင်တုန်းက ဝမ်ချွမ်းတာအိုကျောင်းရဲ့ ချူယို့က သူ့ကို ကယ်ခဲ့ဖူးတယ်လို့ တစ်ယောက်ယောက် ပြောခဲ့သေးသလားလို့ … ဒီမှာ ချူယို့ ရှိလား ” နတ်ဘုရားဘုရင် လီထန်းက ရုတ်ခြည်း မေးလိုက်သည်။

မုတ်ဆိတ်မွေးအပြည့်နှင့် အမျိုးသားက ရှေ့ထွက်လာကာ လက်နှစ်ဖက်ယှက်လိုက်ပြီး  “ ချူယို့လည်း ဂိုဏ်းက အကြောင်းကြားစာကို ရထားတာ ဆိုတော့ ဒီကို လာနေလောက်ပါပြီ ”

ထိုမုတ်ဆိတ်မွေးအပြည့်နှင့် အမျိုးသားမှာ ဝမ်ချွမ်းတာအိုကျောင်းတော်၏ နတ်ဘုရားဘုရင် မော့ဟိုင် ဖြစ်၏။ သူက မဟာနတ်ဘုရားဘုရင် ဆယ်ဦးအနက် နံပါတ်လေး နေရာတွင် ရှိသည်။ ယနေ့ကဲ့သို့ ဝမ်ချွမ်းတာအိုကျောင်းတော် ဂုဏ်သတင်းကြီးမားသည့် အကြောင်းအရင်းမှာ နတ်ဘုရားဘုရင် မော့ဟိုင် ရှိနေ၍ ဖြစ်သည်။

နတ်ဘုရားဘုရင် ယီမင်က မျက်နှာထားတည်တည်ဖြင့်  “ ချူယို့က နတ်ဘုရားနယ်မြေ ထိပ်သီးဂိုဏ်းရဲ့ တပည့် ဖြစ်နေရက်နဲ့ ကျုပ်တို့ တပည့်တွေကို သတ်ပစ်တဲ့ ဒီလို မိစ္ဆာလို လူမျိုးကိုမှ ကူညီပေးခဲ့သေးတယ်။ တကယ်လို့ ဒီလိုတပည့်မျိုးကို အပြစ်မပေးရင် ကျုပ်တို့ နတ်ဘုရားနယ်မြေက ဘယ်လိုလုပ် တစ်သားတည်း ရှိတော့မှာလဲ ”

နတ်ဘုရားဘုရင် မော့ဟိုင်က ထိုစကားများကို ကြားပြီး ဒေါသူပုန်ထလာသည်။ သူက မဟာနတ်ဘုရားဘုရင် ဆယ်ဦးမှ ဖြစ်ပြီး ယီမင်သည် နတ်ဘုရားဘုရင် အဆင့် ၄ ကျင့်ကြံသူမျှသာ ဖြစ်သည်။ ထိုသို့ဆိုလျှင်ပင် သူက သူ့ရှေ့မှောက်၌ ဤသို့မျိုး အမူအရာဖြင့် ပြောရဲသေးသည်

“ ယီမင် … ငါတို့ ဝမ်ချွမ်းတာအိုကျောင်းရဲ့တပည့်ကို ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာ ပြောပြနေစရာ မလိုဘူး။ အဲလိုပြောခွင့်လည်း မရှိဘူး ”

နတ်ဘုရားဘုရင် ယီမင်က ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။“ ပုံမှန်ဆိုရင် ခင်ဗျားကို ဘာလုပ်ဆိုပြီး ပြောနေစရာ မလိုပါဘူး။ ဒါပေမဲ့ ဒီကိစ္စက ခင်ဗျားတို့ ဝမ်ချွမ်းတာအိုကျောင်း တစ်ခုတည်း ကိစ္စ မဟုတ်ဘူး ”

နတ်ဘုရားဘုရင် မော့ဟိုင်က ရယ်မောကာ  “ မင်းတို့ လုပ်လိုက်တဲ့ စက်ဆုပ်ဖွယ် အပြုအမူတွေကို ဘယ်သူက မသိဘဲ နေလို့လဲ။ အပြုအမူတွေက မသတီစရာကောင်းပြီးတော့ လူကလည်း အထင်သေးစရာပဲ ”

“ ချူယို့ ရောက်လာပြီ” နတ်ဘုရားဘုရင် ယီမင်က ပြန်ပြောတော့မည့်ဆဲဆဲတွင် တစ်ယောက်က ဝင်ဖြတ်ပြောလိုက်သည်။

ဝမ်ချွမ်းတာအိုကျောင်းမှ တပည့် ချူယို့သည် မြန်မြန် ရောက်ရှိလာသည်။ သူမက  ရောက်လာသည်နှင့် နတ်ဘုရားဘုရင် မော့ဟိုင်အား  ဦးညွှတ်လိုက်ပြီး “ ချူယို့က တည်ထောင်သူဘိုးဘေးကို ဂါရဝပြုပါတယ်ရှင့် ”

“ မင်း …” နတ်ဘုရားဘုရင် မော့ဟိုင်က ချူယို့အား တအံ့တဩ ကြည့်ကာ တုန်တုန်ယင်ယင်ဖြင့်  “ မင်း း … ”

သူက ဆက်မပြောနိုင်တော့ဘဲ နတ်ဘုရားဘုရင် အားလုံးက ချူယို့အား တအံ့တဩ ကြည့်လိုက်ကြသည်။ နတ်ဘုရားဘုရင် လီထန်းပင် ပါးစပ်ဟောင်းလောင်းဖြင့် မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။

ချူယို့က သူမ နတ်ဘုရားအသွင်သဏ္ဌာန်ကို ဖွဲ့စည်းပြီးထားခါစ ဖြစ်၏။ သူမက ဖွဲ့စည်းပြီးခါစ ဖြစ်၍ သူမ နတ်ဘုရားအသွင်သဏ္ဌာန်မှ ခရမ်းတာအိုစွမ်းအားတချို့ ပါဝင်နေသေး၏။ မိုးမြေကြားရှိ အဆုံးမဲ့စွမ်းအားများက သူမ ဘေးပတ်လည်တွင် ဝန်းရံနေဆဲ ဖြစ်သည်။

အဆင့်နိမ့် ကျင်ကြံသူများက သတိမပြုမိကြသော်လည်း နတ်ဘုရားဘုရင် အားလုံးက ချူယို့သည် သူမ၏ နတ်ဘုရားအသွင်သဏ္ဌာန်ကို ဖွဲ့စည်းထားကြောင်းနှင့် ထိုအရာမှာ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန် ဖြစ်ကြောင်း ပြောနိုင်ကြသည်။

“နတ်ဘုရားအသွင်သဏ္ဌာန် … ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန် …” နောက်ထပ် နတ်ဘုရားဘုရင် တစ်ယောက်က ချူယို့အား ညွှန်ပြရင်း တုန်တုန်ယင်ယင် ရေရွတ်လိုက်သည်။

အံ့ဩမှု၊ အားကျမှု၊ မနာလိုမှု ….

နတ်ဘုရားဘုရင်များ၏ မျက်နှာပေါ်၌ အမူအရာအမျိုးမျိုး ထွက်ပေါ်လာလေ၏။

နတ်ဘုရားဘုရင် လီထန်းပင် ချူယို့အား အမောတကော မကြည့်ဘဲ မနေနိုင်တော့ပေ။ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်သည် ဒဏ္ဍာရီလာ တည်ရှိမှုမျိုး ဖြစ်၏။ ယနေ့တွင် သူတို့ရှေ့ရှိ တစ်စုံတစ်ယောက်က ထိုအရာဖြင့်  ဖွဲ့စည်းနိုင်သွားခဲ့သည်။

“ ချူယို့ … မိုဝူကျိ ဘယ်သွားလဲ သိလား ” နတ်ဘုရားဘုရင် မော့ဟိုင်က အရင်ဦးစွာ ချူယို့အား မေးလိုက်သည်။ ချူယို့က သူမ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက်ကို မဖွဲ့စည်းထားနိုင်လျှင်ပင် နတ်ဘုရားဘုရင် မော့ဟိုင်က တခြားနတ်ဘုရားဘုရင်များအား သူမကို မေးခွန်း မေးခွင့် ပြုမည် မဟုတ်ပေ။ သူက ချူယို့အား အဖြေ ပေးဖို့ရာသာ မျှော်လင့်မိသည်။ ထို့နောက် သူက သူမအား ဂိုဏ်းသို့ တတ်နိုင်သမျှ မြန်မြန် ပြန်စေလိုသည်။

ချူယို့က ခေါင်းခါကာ  “ ကျွန်မ မသိပါဘူး။ အဲဒီတုန်းက သူနဲ့ တွေ့ဆုံခဲ့ရုံလေးပါ။ သူက  ကျွန်မအသက်ကို တစ်ခါ ကယ်ထားဖူးလို့ အပြန်အလှန်အနေနဲ့ ကုသဆေးလုံးတချို့ ပေးခဲ့ရုံပါပဲ …. လမ်းခွဲပြီးနောက် သူ ဘယ်သွားတယ်ဆိုတာ ကျွန်မ မသိတော့ပါဘူး ”

“မင်းက ညာနေတာပဲ။ မင်းက မိုဝူကျိကို သယ်ပြီး ထွက်ပြေးသွားတာ ငါ သေချာမြင်လိုက်တယ် ” ယန်နန်က ဝင်ဖြတ်ပြောလိုက်သည်။

ချူယို့က ယန်နန်အား အေးစက်စွာ စိုက်ကြည့်လိုက်ပြီး  “ ကျွန်မက ဝမ်ချွမ်းတာအိုကျောင်းရဲ့ ပင်မတပည့်တစ်ဦး .. အဲဒါကို ရှင်က ကျွန်မကို အဆိပ်မြားနဲ့ ဒဏ်ရာပေးရဲသေးတယ်။ ကျွန်မ အသက်ဆုံးရှုံးလုမတတ် ဖြစ်တာတောင် အဲအတွက် ရှင့်ကို လာမရှာရသေးဘူး ”

နတ်ဘုရားအသွင်သဏ္ဌာန်ကို ဖွဲ့စည်းထားသော ချူယို့က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

ယန်နန်က ကောင်းကင်နတ်ဘုရားအဆင့် ၅ ဖြစ်နေတော့ရော ဘာအရေးလဲ …

“ နတ်ဘုရားဘုရင် လီထန်း … ချူယို့ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန်ကျောက် ရလာတာ မိုဝူကျိနဲ့ ပတ်သက်နေပါလိမ့်မယ်။ မိုဝူကျိ နေရာအကြောင်းကို ချူယို့ တစ်ယောက်တည်း ခေါ်ပြီး စစ်မေးသင့်ပါတယ် ” နတ်ဘုရားဘုရင် ယန်ထင်းက ဝင်ပြောလိုက်သည်။ သူက ချူယို့၏ ရှေးဦးမူလ နတ်ဘုရားအသွင်သဏ္ဌာန် အကြောင်း သိချင်နေမိသည်။

ချူယို့က နတ်ဘုရားအသွင်သဏ္ဌာန်ကို ဖွဲ့စည်းပြီးခါစ ဖြစ်၍ သူမဆီမှ ပြန်ဖြုတ်ချနိုင်ပေဦးမည်။ နှမြောစရာကောင်းသည်က သူမသည် ဝမ်ချွမ်းတာအိုကျောင်းတော်မှ ဖြစ်နေလေ၏။ မဟုတ်လျှင် သူကိုယ်တိုင် လုပ်ပြီးလောက်လေပြီ။

“ ဟားဟား ယန်ထင်း မင်းတို့ ဇာမဏီနတ်ဝိညာဉ် ပရဝဏ်က စမ်းကြည့်လိုက်လေ။ ငါတို့ ဝမ်ချွမ်းတာအိုကျောင်းက မင်းတို့ ဇာမဏီနတ်ဝိညာဉ် ပရဝဏ် တစ်ခုလုံးကို ရှင်းထုတ်နိုင်မလား ကြည့်ချင်သေးပါ့ … မင်းတို့ ဂိုဏ်းသားက ငါ့တပည့်ကို အမှောင်ထဲကနေ လုပ်ကြံခဲ့တဲ့အကြောင်းကိုတောင် ထည့်မပြောရသေးဘူးနော် ” နတ်ဘုရားဘုရင် မော့ဟိုင်က ရယ်ရယ်မောမော ပြောနေသော်လည်း သူ့မျက်နှာပေါ်၌ သတ်ဖြတ်ငွေ့များ ပြည့်နှက်နေသည်။ အပြုံးအရိပ်အယောင်ပင် မရှိနေချေ။

နတ်ဘုရားဘုရင် ယီမင်နှင့် နဝမဆင့်ကဲခြင်း နတ်ဘုရားဂိုဏ်း၏ နတ်ဘုရားဘုရင် ဗောဓိနက်တို့ကလည်း ဆက်တိုက် ဝင်ပြောလိုက်သည်

“ ခင်ဗျားတို့ ဝမ်ချွမ်းတာအိုကျောင်းက အားကောင်းပေမဲ့ ခင်ဗျားတို့ ဂိုဏ်းက ကြိုက်သလို သတ်ဖြတ်ရှင်းထုတ်နေလို့ မရဘူးလေ။ တကယ်လို့ နတ်ဘုရားနယ်မြေရဲ့ ထိပ်သီးဂိုဏ်းအားလုံးသာ ဒီလို အပြင်းအထန် အထိန်းအကွပ်မရှိ လုပ်ကုန်ရင် ကျုပ်တို့ နတ်ဘုရားနယ်မြေတော့ ပျက်စီးတော့မှာပဲ ”

“ အရှက်မရှိတဲ့ဟာတွေ … နတ်ဘုရားဘုရင် ဖန်းကျဲကို မင်းတို့တွေ သတ်လိုက်တာ မဟုတ်ဘူးလား။ မင်းတို့ရဲ့ ကိုယ်ကျိုးအတွက်နဲ့ လုပ်လိုက်တာလေ။ အခြားသူတွေက မသိဘူးများ ထင်နေလား ” နတ်ဘုရားဘုရင် မော့ဟိုင်က အနည်းဆုံးတော့ ထိုနတ်ဘုရားဘုရင် သုံးယောက်ဆီမှ ဖိအားကို မကြောက်ရွံ့ပေ။

***

All Chapters