အပိုင်း(၄၉၁)
Vol. 33 Ch. 491
အဘိုးအိုမှာ သူ၏ ဝိညာဉ်တိုက်ခိုက်မှုအားတန်ပြန်မှု
ကိုခံလိုက်ရသည်။ လေသင်တုန်းဖြတ်သကဲ့သို့ မြေပြင်ထက်၌ ဆန့်ငင်ဆန့်ငင်ဖြစ်နေ၏။ ရှစ်ဖုန့်အား၎င်းအားအာရုံ့စိုက်ခြင်းမရှိတော့ပေ။ ဤအဘိုးကြီးအသက်ရှင်နိုင်
သည်မရှင်နိုင်သည်က ၎င်း၏ဝိညာဉ်တိုက်ခိုက်မှုပေါ်တွင်
သာမူတည်သည်ဖြစ်၏။
“ဘာ.. ဒီအဘိုးကြီးကဘာတွေဖြစ်သွားတာလဲ... သူကြည့်ရတာ ဝက်ရူးပြန်နေတဲ့ပုံပဲ. သူအဆင်ပြေပြေရှိနေရာကနေ ဘယ်လိုဖြစ်ပြီးတော့ဒီလိုဖြစ်ရတာလဲ”
“အာ… ငါကသူတို့ဆက်ပြီး တော့ယှဉ်ပြိင်ပြီး ပုလဲနက်ကိုဘယ်လောက်ပမာဏ
အထိဈေးမြှင့်ကြမလဲဆိုတာကိုမြင်ရမယ်ထင်နေတာ.. ဒါပေမဲ့ အခုကအဘိုးကြီးကတကယ်ကို မေ့လဲသွားတာပဲ..နှမြောစရာကွာ”
“ဒီအဘိုးကြီး ဘာမှတော့မဖြစ်ဖူးမလား”
ပွဲကြည့်ပရိတ်သတ်များက အဘိုးအိုအားကြည့်လိုက်ပြီး စတင်ဆွေးနွေးပြောဆိုနေကြသည်။ အချို့ကနှမြောစရာကောင်းသည်ဟုပြောကြပြီး အချို့ကြင်နာတတ်သောနှလုံးသားရှိသူအချို့ကတော့ အဘိုးအိုအား စိုးရမ်နေကြသည်။
ရှစ်ဖုန့်က ဈေးဆိုင်ပိုင်ရှင်ချောင်းချန်အား ကြည့်လိုက်ပြီး ပြောလိုက်သည်။
“အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး သုံးထောင် သွားပြီးတော့ပုလဲနက်ကို ဒီသခင်လေးအတွက်ယူလာခဲ့”
ချောင်းချန်မှာ သူတို့နှစ်ယောက် ဈေးနှုန်းအားဆက်လက်မြှင့်သည်ကို စောင့်နေသေးသော်လည်း အဘိုးအို၏ အပြင်းအထန်ဖြစ်နေမှုအားတွေ့
လိုက်ရသောအခါတွင် ခေတ္တခဏ တုန့်ဆိုင်းသွားပြီး ရှစ်ဖုန့်အား အားနည်းသောလေသံဖြင့်ပြောလိုက်သည်။
“အရင်ဆုံးတစ်ချက်လောက်ကြည့်ပြီးတော့ အဘိုးအိုးနိုးလာတာကိုငါ့တို့ဘာ
လို့မစောင့်တာလဲ”
ချောင်းချန်၏ စကားအားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့် ဤအမြတ်ကြီးစားသမားအား အေးစက်စွာစိုက်ကြည့်လိုက်သည်။
ချောင်းချန်မှာ သူ၏တစ်ကိုယ်လုံးက အေးစက်မှုအဖြစ်ပြောင်းသွားပြီး သူ၏ အမွှေးများအဆုံးအထိထောင်
မတ်သွားသည်ကို ရုတ်တရက်ခံစားလိုက်ရသည်။
“ကျုပ်.. ကျုပ်သွားပြီးယူပေးပါ့မယ်. ကျေးဇူးပြုပြီးခဏလောက်စောင့်ပေးပါ”
ရှစ်ဖုန့်၏ မမြင်နိုင်သောဖိအားအောက်တွင် ချောင်းချန်မှာ အလျှင်အမြန်ခေါင်းညိမ့်လိုက်ပြီး ရှစ်ဖုန့်အား ဦးညွှတ်ဂါရဝပြုလိုက်သည်။
ထို့နောက်သူအလျှင်အမြန်ပုလဲနက်အားသွားယူလိုက်၏။
“နေအုံး. ချောင်းချန်..အဲ့တာ
ကငါ့ရဲ့ပုလဲနက် .. မင်းထိပိုင်ခွင့်မရှိဘူး”
လီကောင်းကအော်ဟစ်လိုက်ပြီး ရူးသွပ်သွားသကဲ့သို့ ချောင်းချန်ထံတစ်ဟုန်ထိုးသွားလိုက်သည်။
“ငါ့လမ်းကဖယ်စမ်း လီကောင်း”
ဤအချိန်တွင် ချောင်းချန်က အလျှင်အမြန်အော်ဟစ်လိုက်ပြီး ရုတ်ခြည်းခုန်အုပ်လာသော လီကောင်းထံသို့ လက်ဝါးရိုက်ချက်တစ်ခုထုတ်လွှတ်လိုက်ကာ ၎င်းက လီကောင်း၏ ရင်ဘက်အားတိုက်ရိုက်ထိမှန်သွားသည်။
“အား”
လီကောင်းမှာ ဝက်တစ်ကောင်အသက်ခံရသကဲ့သို့ အော်ဟစ်လိုက်သည်။ ရုတ်တရက် လီကောင်း၏ ကြီးမားတုတ်ခိုင်သန်မာသောကိုယ်က ယိုင်တိုင်တိုင်ဖြစ်နေသော ချောင်းချန်၏ လက်ဝါးရိုက်ချက်ကြောင့် လွင့်ပျံသွားသည်ကို အားလုံးမြင်တွေ့လိုက်ကြရသည်။
“ဝုန်း”
လီကောင်းမှာမြေပြင်ပေါ်သို့ ပြင်းထန်စွာကျသွားပြီး ဖုန်မှုန်များထသွားစေသည်။ သူ၏ ကိုယ်က ဖုန်ထုအတွင်းခံစားချက်မဲ့စွာလဲလျောင်းနေ၏။ ၎င်းသေလားရှင်လားဆိုသည်ကို မည်သူကမျှမသိကြချေ။
“ဟမ့်”
သတိလစ်နေသောလီကောင်းကိုကြည့်၍ ချောင်းချန်က ပြင်းပြင်းထန်ထန်နှာမှုတ်လိုက်သည်။ အစောပိုင်းကတည်းနေ၍ သူသည်းခံခဲ့သည်မှာ
တော်တော်ကြာခဲ့ပြီဖြစ်သည်။
ဤလီကောင်းကသူ့အားပုလဲနက်
ကိုရောင်းခဲ့သည်။ နောက်ပိုင်း ပုလဲနက်၏ဈေးနှုန်းက အရမ်းမြင့်မားနေသည်ကို မြင်သွားသောအခါတွင် ၎င်းက သူ့ဆိုင်သို့လာပြီးပြဿနာရှာတော့သည်။ ယခုလည်း တစ်စုံတစ်ယောက်က မိုးကောင်းကင်လောက်မြင့်မားသော ပမာဏအား ကမ်းလှမ်းသည်ကိုသူမြင်တွေ့သောအခါတွင် တကယ်ရူးသွပ်သွားပြီး သူ့ထံသို့ ခုန်အုပ်လာ၏။
ထို့နောက်ချောင်းချန် ကလှည့်လိုက်ပြီး ဝက်သေတစ်ကောင်ကဲ့သို့ဖြစ်နေသောလီကောင်းအား လျစ်လျူရှုလိုက်သည်။ သူက ပုလနက်ထံသို့လက်လှမ်းလိုက်၏။
“ဒီချောင်းချန်က အရမ်းကိုပိန်တာလေ. ဘယ်လိုဖြစ်ပြီး သန်မာတဲ့ လီကောင်းကိုလက်ဝါးတစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင်လုပ်နိုင်ရတာလဲ.. သူဘယ်လိုလုပ်ခဲ့တာလဲ”
ချောင်းချန်ကြောင့် လီကောင်းလွင့်ထွက်သွားသည်ကိုမြင်ရသောအခါတွင် ကြည့်ရှုနေကြသူအားလုံးမှာ ဖြစ်နိုင်ချေမရှိဟုထင်ကာ မေးမြန်းနေကြ၏။
“မင်းရူးနေလား. လီကောင်းကငါတို့နဲ့အတူတူပဲ . သူက ဆင်းရဲတဲ့မိသားစုကလာတာ ..ပင်ကိုယ်အားဖြင့်သူက သိုင်းပညာတွေကိုမသိဘူး. ဒါပေမဲ့ ချောင်းချန်ကတော့မတူဘူး. သူက နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့ပြီးတော့ ငွေကြေးတော်တော်များများကို ရှာနိုင်ပြီးနေပြီ.. သူ့အတွက် ငွေကြေးကိုအသုံးချပြီးတော့ တပည့်တစ်ယောက်အဖြစ်နဲ့ သိုင်းပညာကိုသင်ကြားဖို့ဆိုတာ သာမန်ပဲ”
“အိုး.မင်းပြောတဟုတ်သားပဲ”
………………….
ချောင်းချန်က ပုလဲနက်အား ယူဆောင်ပြီး ရှစ်ဖုန့်ထံသို့လာ၏။ ထို့နောက် သူက ဘာမှရှိမနေသော အစိမ်းရောင်သိုလှောင်လက်စွပ်တစ်
ကွင်းအားရှစ်ဖုန့်ကိုပေးလိုက်ပြီး အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးသုံးထောင်အား သူပေးသော သိုလှောင်လက်စွပ်အတွင်းထည့်ရန်ရှစ်ဖုန့်အား အချက်ပြလိုက်သည်။
ရှစ်ဖုန့်က ပုလဲနက်နှင့် သိုလှောင်လက်စွပ်အားယူလိုက်သည်။ အဆင့်နိမ့်ကမ္ဘာဦးကျောက်တုံးသုံးထောင်အား ချောင်းချန်၏ သိုလှောင်လက်စွပ်အတွင်းသို့
လျှင်မြန်စွာလွှဲပြောင်းထည့်လိုက်၏။ထို့နောက် ၎င်းအား ချောင်းချန်ထံသို့ ပြန်လည်လွှဲပေးလိုက်သည်။
ပုလဲနက်အားသိုလှောင်လက်စွပ်
အတွင်းထည့်ပြီးနောက် ရှစ်ဖုန့် က ဆိုင်အတွင်း ဘာမှပြောခြင်းမရှိတော့ဘဲ လျှောက်လှမ်းထွက်လိုက်သည်။ ရှစ်ဖုန့်ဆိုင်မှလျှောက်လှမ်းထွက်သွားသည်အားတွေ့ရသောအခါတွင် ဆိုင်၏ ပြင်ပပ စောင့်နေသော ကျားဖြူက ဟိန်းလိုက်ပြီး ရှစ်ဖုန့်ထံသို့ပြေးလာ၏။ ၎င်းက ရှစ်ဖုန့်၏ ဘေး၌ ဝပ်လိုက်သည်။
ရှစ်ဖုန့်က သူ၏ ညာခြေထောက်နှင့်ကျားဖြူပေါ်လှမ်းတက်လိုက်ပြီးနောက် ကျားဖြူ၏ကျောပေါ်၌ တင်ပျဉ်ခွေထိုင်လိုက်သည်။ ကျားဖြူကလျှောက်လှမ်းရင်း ရတနာများနားခိုအိမ်မှထွက်ခွာလာ၏။
ရှစ်ဖုန့်ထွက်ခွာသွားသည်နှင့် ပုလဲနက်ကိစ္စက အဆုံးသတ်လာသည်။
နောက်ထပ်ကြည့်စရာ ဘာဇတ်လမ်းမှ မရှိတော့သည်ကိုတွေ့ရသောအခါတွင် လူအုပ်မှာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။
သို့သော် ဤအချိန်တွင် ရတနာများနားခိုအိမ်အတွင်းမြေပြင်ထက်၌ ဆန့်ငင်ဆန့်ငင်ဖြစ်နေသော အဘိုးအိုမှာရုတ်တရက် မျက်လုံးတို့ပွင့်လာပြီး သူ၏ကိုယ်ကလည်းဆန့်ငင်ဆန့်ငင်
ဖြစ်နေရာမှ ရပ်တန့်သွားသည်။
အစောပိုင်းကဖြစ်ပျက်ခဲ့သည်များအား အမှတ်ရသွားသောအခါတွင်အဘိုးအို၏ မျက်နှာက ပို၍ ကြမ်းကြုတ်ခက်ထန်လာ၏။ လျှင်မြန်စွာလှုပ်ရှားလိုက်ပြီး မြေပြင်ပေါ်သို့ ထရပ်လိုက်သည်။
“အာ အဘိုးကြီး ခင်ဗျားသတိရလာပြီလား”
အဘိုးအိုထလာသည်အားတွေ့ရသောအခါတွင် ချောင်းချန်က အလျှင်အမြန်လာ၍ အဘိုးအိုကို ပြောလိုက်သည်။
အဘိုးအိုက ပတ်ဝန်းကျင်အားတစ်ချက်ကြည့်
လိုက်ပြီးနောက် ပုလဲနက်ကိုထားထားခဲ့သောနေရာအားကြည့်လိုက်သည်။ ချောင်းချန်မှာ ထိုနေရာ၌ အစိမ်းရောင် ကျောက်စိမ်းဆွဲသီးတစ်ခုကိုထားထား၏။
“ပုလဲနက်ဘယ်မှာလဲ”
အဘိုးအိုက ရုတ်တရက်သူ့ခေါင်းကိုလှည့်လိုက်ပြီး ချောင်းချန်အား ခက်ထန်စွာကြည့်၍ ဒေါသတကြီးအော်ပြောလိုက်သည်။
ချောင်းချန်မှာ အဘိုးအို၏ စိုက်ကြည့်ခြင်းကိုခံနေရသည်။ သူ့အား ဒေါသထွက်နေသော ကြမ်းကြုတ်သည့်သားရဲတစ်ကောင်က ကြည့်နေသကဲ့သို့ သူ၏ကိုယ်က လုပ်မယူရပါဘဲ တုန်ယင်နေ၏။
ချောင်း ချန်မှာ ပေါ့ဆရဲခြင်းမရှိချေ။ အဘိုးအိုအားလျှင်မြန်စွာ အဖြေပေးလိုက်သည်။
“ခင်ဗျားခုဏက မေ့လဲသွားတော့.. ပုလဲနက်က အဲလူငယ်လေးဝယ်သွားတယ်”
အဘိုးအို၏ရှေ့တွင် ၎င်းပေးသောဖိအားအောက်၌ ချောင်းချန်မှာ မတက်နိုင်ဘဲ အောက်ကျို့သောလေသံဖြင့်ပြောလိုက်သည်။
ချောင်းချန်၏ စကားအားကြားပြီးနောက် အဘိုးအိုက ဒေါသတကြီးထပ်မံအော်ဟစ်လိုက်သည်။
“ဘာကွ.ဝယ်သွားတယ်.. သူမင်းကို ဝယ်ဖို့အတွက် ကမ္ဘာဦးကျောက်တုံးဘယ်လောက်ပေးသွားလဲ”
“ခင်ဗျား မမေ့သွားခင်က ကမ္ဘာဦးကျောက်တုံး ကမ်းလှမ်းတဲ့ သုံး.သုံးထောင်နဲ့ပါ”
ချောင်းချန်က အမှန်အတိုင်းပြောလိုက်သည်။
“အရူးကောင်”
ချောင်းချန်က ကမ္ဘာဦးကျောက်တုံးသုံးထောင်ဟုပြောသည်အားကြားလိုက်ရသောအခါတွင် ထိုလူငယ်သူ့အပေါ်လုပ်ခဲ့သော ယုတ်မာသည့်ကိစ္စများအား သူပြန်အမှတ်ရသွားသည်။ ဒေါသထွက်စွာဖြင့် ချောင်းချန်၏မျက်နှာအား ခပ်မြန်မြန်ရိုက်လိုက်ပြီး ၎င်းအား မြေပြင်ပေါ်သို့ပစ်လဲသွားစေသည်။
“အရူး. အရူးကောင် .. အဆင့်ရှစ်အဆင့် သွေးပုလဲနက်ကိုအဆင့်နိမ့်ကမ္ဘာဦးကျောက်တုံး သုံးထောင်တည်းနဲ့ မင်းတကယ်ရောင်းပစ်လိုက်တယ်..
အရူးကောင်..အရူး .. ဝက်လိုအရူးကောင် . မင်းအသက်ဆက်ရှင်ဖို့မလိုအပ်ဘူး”
စကားပြောရင်း အဘိုးအိုက ဝိညာဉ်စွမ်းအားကိုလှုပ်ရှားလိုက်သည်။ ရုတ်ခြည်းချောင်းချန်၏မျက်နှာမှာရှုံ့မဲ့လာပြီး သူ၏ကိုယ်ကပြင်းထန်စွာ တုန်ခါနေ၏။
“အား”
ချောင်းချန်၏ ပါးစပ်မှ ဝက်တစ်ကောင်အသတ်ခံရသကဲ့သို့ စိတ်မချမ်းမြေ့ဖွယ်ဟစ်အော်သံထွက်ပေါ်လာ၏။ ထို့နောက် ချောင်းချန်မှာ ဝက်သေတစ်ကောင်ကဲ့သို့တ
ကယ်ဖြစ်သွားပြီး မြေပြင်ပေါ်၌ခံစားချက်မဲ့စွာ
လဲလျောင်းနေသည်။
ချောင်းချန်မှာကြယ်နှစ်ပွင့်သိုင်းလက်သင့်အဆင့်သာရှိသည်။ အဆင့်ခုနှစ်သူတော်စင်နယ်ပယ် ဝိညာဉ်စွမ်းအားဖြင့် ဝိညာဉ်တိုက်ခိုက်မှုအောက်တွင် ချောင်းချန်၏ ဝိညာဉ်မှာ ချက်ချင်း ဖျက်ဆီးခံလိုက်ရပြီး လုံးဝ တစ်စဆီကွဲကြေသွားသည်။
ရတနာများနားခိုအိမ်၏ ပွက်လောရိုက်မှုများက များစွာသောသူများအား ကြည့်ရှုရန်ရုတ်ခြည်းစွဲဆောင်သွား၏။ ချောင်းချန်အား အဘိုးအိုသတ်ပြီးနောက် သူ၏ခေါင်းကို မော့၍ ပွဲအားစောင့်ကြည့်ကာ အုပ်စု လိုက်ဖြစ်နေသော လူအုပ်အားကြည့်လိုက်သည်။သူက ဒေါသတကြီး အလျှင်အမြန်ပြောဆိုလိုက်၏။
“ငါ့လမ်းကနေဖယ်ကြစမ်း. ငါ့လမ်းကိုတားရဲတဲ့ဘယ်သူမဆို အသနားအညှာအတာ မရှိ အသတ်ခံရမယ်”
အဘိုးအို၏ ဒေါသတကြီးအော်သံအောက်တွင် ရတနာများနားခိုအိမ်ရှေ့၌စုရုံးနေကြသော လူအုပ်မှာချက်ချင်းပျောက်ကွယ်သွားသည်။ အဘိုးအို၏ ကိုယ်ကလှုပ်ရှားသွားပြီး ရတနာများနားခိုအိမ်မှ ပျံသန်းထွက်လိုက်သည်။ အဘိုးအို၏ သိုင်းကျင့်ကြံမှုက စိတ်ဝိညာဉ်နယ်ပယ်အဆင့်တွင်သာရှိသော်လည်း သူ၏ဝိညာဉ်စွမ်းအားကတော့ အဆင့်ခုနှစ်သူတော်စင်နယ်ပယ်အဆင့်သို့ရောက်ရှိနေပြီးဖြစ်သည်။ပင်ကိုယ်အားဖြင့် သူသည်သည်လေအားထိုးခွင်းပျံသန်းနိုင်သည်ဖြစ်သည်။
အဘိုးအိုက လမ်းမထက်တွင်ပျံသန်းနေ၏။ သူ့မျက်နှာထက်ရှိဒေါသတရားတို့က ပျောက်ကွယ်သွား၏။လမ်းမပေါ်သို့သိမ်းကျုံးကြည့်ပြီး ရှစ်ဖုန့်၏ပုံရိပ်အားရှာဖွေနေသည်။သူက ကြမ်းကြုတ်ခက်ထန်စွာတီး
တိုးရေရွတ်လိုက်၏။
“သူတောင်းစားလေး..ဒီအဘိုးကြီးက သေဖို့အတွက် မင်းတောင်းပန်လာရအောင်လုပ်ပြမယ်”
ဆက်ရန်………….
ဘာသာပြန်သူ-ARISE