ဒီဟိုတယ်က ငါ့အပိုင်လေ..ဘာကိစ္စက ပေးရမှာ..
Vol. 10 Ch. 137
"လင်း...လင်းရီ..."
ကားမောင်းသူမှာ လင်းရီ ဖြစ်ကြောင်း သိသွားတော့ သုံးယောက်လုံး အလန့်တကြား အော်ဟစ်မိလိုက်ကြသည်။
ဘာ..ဘာတွေလဲ..သူက ရှာရီ အစုတ်လေး မောင်းနေတာ မဟုတ်ဘူးလား...ဘာလို့ခုကျ စူပါကားကြီး မောင်းနေတာလဲတဲ့...
မဟုတ်မှလွဲရော ချင်းဟန်ဆီက ငှားခဲ့တာများလား...
"ခဲအို...နင်ရောက်လာတာ အတော်ပဲ..ကျွန်မတို့ ခုလေးတင်စားပြီးလို့ ပြန်တော့မှာ..."
စုန့်ကျား လျင်မြန်စွာ တုန့်ပြန်လိုက်သည်။ လင်းရီကို ခဲအိုဟု ခေါ်လိုက်ခြင်းက ရှောင်ထျန်နှင့် လင်းရီတို့ နှစ်ဦးကြားရှိ ဆက်ဆံရေးကို ဖော်ပြရန် လုံလောက်ပေသည်။
"သူ..သူက တကယ်ကြီး ရှောင်ထျန်ရဲ့ ကောင်လေးလား..."
ရှောင်ထျန်ကတော့ ကြက်ေ-သေ-သနေလေ၏။ လင်းရီ စူပါကားမောင်းလာသောကြောင့်တော့ မဟုတ်ပဲ သူမှဘက်မှ ယခုလို ရပ်တည်ပေးလိမ့်မည်လို့ မထင်ထားသောကြောင့်ပင်။
"ဘာလို့လဲ..နင်တို့ မယုံကြည်နိုင်ဘူးမလား.."စုန့်ကျား ဂုဏ်ယူစွာပြောလိုက်ပြီး သူမ၏ ရင်ဘက်ထဲတွင် ပီတိများ ဝေဖြာလို့နေ၏။
ကားကတော့ ဘယ်သူ့ကားဖြစ်ဖြစ်၊ လင်းရီမှာ အချိန်ကိုက် ရောက်လာခဲ့၏။ထိုအတွက် သူမ လင်းရီကို ဘောနပ်တောင် ပေးချင်မိသွားသည်။
"အစ်မထျန် ခဲအိုက လာကြိုနေပြီဆိုတော့ အစ်မတို့ပဲ သွားနှင့်ကြတော့နော်..ညီမကတော့ တက္ကစီ ငှားပြီး ပြန်လိုက်မယ်..."
စုန့်ကျား ရှောင်ထျန်ကို ကားထဲသို့ တွန်းပို့လိုက်သည်။ လင်းရီကတော့ များများစားစား မတွေးပဲ ရှောင်ထျန်နှင့်အတူ ထိုနေရာမှ ထွက်လာခဲ့လိုက်၏။
"ကျေးဇူးပဲ..."
ရှောင်ထျန်၏ မျက်နှာ အမူအရာမှာတော့ ယခုထိအောင်ကို ခက်ထန်နေဆဲပင်။ လင်းရီသာ ရောက်မလာခဲ့ပါက သူမ ဘိုးဘေး ဆယ့်ရှစ်ဆက်လောက်ထိပါ စိတ်တိုနေချေဦးမည်။
"အသေးမွှားလေးပါ..."လင်းရီ သာမန်လေသံဖြင့် ပြောလိုက်ပြီး "မင်းအိမ်က ဘယ်မှာလဲ..ငါလိုက်ပို့ပေးမယ်..."
"ငါခုလောလောဆယ် အိမ်ပြန်ချင်စိတ် မရှိသေးဘူး..."ရှောင်ထျန် ပြောလိုက်ပြီး "ဘားကို သွားရအောင် နင်ကြိုက်တဲ့နေရာ ရွေးလိုက်..."
"အိုကေလေ..."
လင်းရီလည်း အများကြီး စဉ်းစားမနေတော့ပဲ ဂျီပီအက်စ်ကို ဖွင့်၍ နီးရာ ဘားတစ်ခုသို့ ခေါ်သွားလိုက်၏။
ဆူညံနေသော ဘား၏ သီချင်းသံနှင့်အတူ ရှောင်ထျန် အရက်ကို တစ်လုံးပြီး တစ်လုံး အမှောက်သောက်ရင်း သူမ ရင်ဘက်ထဲရှိ မကျေနပ်မှုများကို သွန်ချကာ ထိုနေရာမှ ထွက်လာခဲ့လိုက်၏။ အမှန်တော့ လင်းရီမှ တွဲခေါ်လာခြင်းပင်။
လင်းရီလည်း လူမှန်း သူမှန်း မသိအောင် သောက်ထားသည့် ရှောင်ထျန်ကို မည်သည့်နေရာသို့ ခေါ်သွားရမည်မှန်းမသိ ဖြစ်နေခဲ့သည်။ ကြံရာမရသည့်အဆုံး သူလည်း ပန်နီဆူလာဟိုတယ်သို့သာ ခေါ်သွားလိုက်တော့၏။
"ဘော့စ်..တလောက တစ်ယောက်ခေါ်လာတာတောင် မကြာသေးဘူး..ခု နောက်တစ်ယောက် ထပ်ရလာပြီပေါ့..ကျုပ်တို့ဘော့စ်ရဲ့ စွန်ချက်ကတော့ 9+ပဲဗျို့..."
လင်းရီ အရက်မူးနေသည့် ကောင်မလေးတစ်ယောက်ကို တွဲခေါ်လာသည်မြင်တော့ အပြုံးလေးဖြင့် ပြောလိုက်၏။
"ဘာတွေ လာပြောနေတာလဲကွ..သူ့ကို အခန်းတစ်ခန်းထဲ ပို့ထားလိုက်၊ ပြီးရင် မိန်းကလေး တစ်ချို့ခေါ်ပြီးတော့ အ၀တ်လဲထားပေးလိုက် "လင်းရီ ဟောက်လိုက်ပြီး "ကိုယ်ကြီးကလည်း လေးလိုက်တာကွာ ..ဒီရောက်အောင်ကို မနည်းခေါ်လာရတယ်..."
"ဟုတ် ဟုတ် ခုပဲ စီစဉ်လိုက်ပါ့မယ်ဗျ..."
မကြာမီ ထျန်းလုံ မိန်းကလေး ၀န်ထမ်းတစ်ချို့ ခေါ်ပြီး ရှောင်ထျန်အား အခန်းထဲသို့ ပို့ခိုင်းလိုက်သည်။ ထိုအခါမှသာ လင်းရီလည်း အနားယူနိုင်တော့သည်။
ပစ္စည်းများ သိမ်းဆည်းပြီးနောက် လင်းရီလည်း မောင်းပြန်နေရမှာ ပျင်းသောကြောင့် ဟိုတယ်၌သာ တစ်ညနေလိုက်၏။
လင်းရီ ရှောင်ထျန် အအခြေနေ ဘယ်လိုရှိလဲ မသိသော်လည်း သူကတော့ အတော်လေး စိတ်မတည်ငြိမ်နိုင်သေးချေ။
ညသန်းခေါင်အချိန်ခါကို ကျော်လွန်ပြီး မိနစ် ၂၀ တောင်ရှိနေပြီးဖြစ်၏။ ရက်သတ္တပတ်အသစ် စတင်တော့မည့် အချိန်အခါပင်။
လင်းရီ သူ့ဖုန်းရှိ အချိန်ကို ကြည့်ပြီးနောက် သူ၏ မျက်လုံးများမှာ ပြူးကျယ်သွားတော့၏။ စနစ်၏ အကြောင်းကြားစာမှာ ညသန်းခေါင် တိတိတွင် ရောက်လာခဲ့၏။
[အလုပ်ကိုင်အသစ် အသက်သွင်းခြင်း (လုပ်မည်/မလုပ်ပါ)]
[တွေ့ကြုံခံစားရမည့် အလုပ် : အီရန်ဘွိုင်း] (တောက်တိုမယ်ရ ၀ယ်ပို့ပေးရတဲ့ ကောင်လေးပါ)
[အလုပ်ပြီးမြောက်နှုန်း : ၀%]
[ပိုင်ရှင် ကျေးဇူးပြုပြီး လက်ဆောင်ထုပ်ကို လက်ခံပေးပါ ]
[ဆုလဒ် : ဆယ်မီလီယမ်]
[အကန့်သတ်ထုတ် တမ်ဘူရာနီ T12 မော်တော်ဆိုင်ကယ်,]
[ဆရာအဆင့် မော်တော်ယာဉ်မောင်းစကေး]
"အီရန်ဘွိုင်း..."
အီရန်ဘွိုင်းအလုပ်မှာ အင်တာနက်ပေါ်တွင် ရေပန်းစားနေသော အလုပ်အကိုင်တစ်ခု ဖြစ်၏။
အော်ဒါတင်သူများမှာ အီရန်ဘွိုင်းလေးများကို သာမန်ရိုးစင်းသည့် ပစ္စည်းလေးများကို ၀ယ်ယူပို့ဆောင်ပေးရန် တောင်းဆို၍ရသည်။
ပမာအားဖြင့် ညသန်းခေါင်ယံ၌ ဆေး၀ယ်ရန် လိုအပ်နေသည် ဆိုပါတော့။ ဖုန်းတစ်ချက် နှိပ်၍ အီရန်ဘွိုင်းလေးများကို အော်ဒါတင်ပြီး လာပို့ခိုင်း၍ရသည်။
သို့သော်လည်း အော်ဒါလက်ခံသူနှင့် တင်သူတို့မှာ အကွာအဝေး မကွာခြားလွန်းဖို့ရာတော့ လိုအပ်ပေ၏။
လင်းရီ ဆေးရုံတွင် အီရန်ဘွိုင်း တစ်ယောက်ကို မြင်ဖူးခဲ့သည်။ထိုစဥ်အခါက သူ၏ မစ်ရှင်မှာ ဆေးစစ်ချက်ကို တစ်နေရာမှ ယူလာခဲ့ပေးခြင်းပင်။
အချုပ်အားဖြင့်ဆိုရသော် ပိုက်ဆံသာ လုံလောက်အောင် ပေးနိုင်ပါက အင်တာနက်ရှိ မည်သည့်အရာကိုမဆို အီရန်ဘွိုင်းတို့အား လာပို့ခိုင်း၍ရ၏။
ထိုအလုပ်အကိုင်မှာ တကယ့်ကို မဆိုးဟု ပြော၍ရသည်။ အနည်းဆုံးတော့ ကျောင်းတွင် ကျူတာ လုပ်ရသည်ထက်တော့ ပိုပြီး လွတ်လွတ်လပ်လပ်ရှိ၏။
"အလုပ်အသစ်ကို အသက်သွင်းမယ်..."လင်းရီ နှလုံးထဲမှ လာသော ခံစားချက်ဖြင့် ပြောလိုက်၏။
[အလုပ်ဟောင်းကို ခေတ္တ ရပ်ဆဲထားပါသည်(၇၀% ပြီးမြောက်နှုန်း) ]
[အလုပ်သစ်ကို အသက်သွင်းပြီးပါပြီ ]
[ပိုင်ရှင် ကျေးဇူးပြုပြီး လက်ဆောင်ထုတ်ကို လက်ခံပေးပါ]
"လက်ခံမယ်.."
[ယွမ် ၁၀ မီလီယမ်ကို ပိုင်ရှင်၏ ဘဏ်အကောင့်ထဲသို့ လွှဲပြောင်းပြီးပါပြီ]
[အကန့်သတ်ထုတ် T12မော်တော်ဆိုင်ကယ်ကို ဟိုတယ်ရဲ့ ပါကင်ထိုးတဲ့နေရာမှာ ရပ်ထားပြီးပါပြီ ..သော့များကိုတော့ အခန်းထဲရှိရွှင်ဖုန်း ဒီလစ်ဗာရီ အိတ်ထဲ ထည့်ထားပေးပါတယ် ]
[ဆရာအဆင့် မော်တော် ယာဉ်မောင်း စကေး ထည့်သွင်းပေးပြီးပါပြီ ..]
ပန်ဂနီဇွန်ဒါကို ရရှိတုန်းကကဲ့သို့ မော်တော်ဆိုင်ကယ်ကို ပါကင်ထိုးသည့်နေရာ၌ ရပ်ထားပေးပြီး သော့များကိုတော့ ဖိုင်အိတ်တစ်ခုနှင့် ထည့်ထားပေး၏။
လင်းရီ တွေဝေခြင်းမရှိ အခန်းတံခါးကို ဖွင့်လိုက်သောအခါ ရွှင်ဖုန်း ဒီလစ်ဗာရီ အိတ်မှာ ကြမ်းပြင်ပေါ်တွင် ထီးထီးကြီး လဲလျောင်းနေလေ၏။
လင်းရီ အိတ်ကို ဖောက်လိုက်ပြီး အထဲရှိသော့ကို ယူလိုက်၏။ လျှပ်တပြက်ကြည့်လိုက်ပါက သော့ဒီဇိုင်းမှာ အတော်လေး စွဲမက်ဖို့ ကောင်းလွန်းလှ၏။
တစ်ချိန်တည်းတွင် သူ၏ ဘဏ်အကောင့်ထဲသို့ ယွမ် ၁၀ မီလီယမ် ရောက်ရှိလာကြောင်း ဘဏ်မှ အသိပေးစာ ပို့လာခဲ့သည်။ လင်းရီကတော့ ဖုန်းထုတ်ကြည့်ဖို့တောင် ပျင်းနေပြီး ဒီတိုင်း ၁၀ မီလီယမ် တိုးလာသည်ဟုပင် သဘောထားလိုက်တော့၏။
ယခုသူ သော့များတော့ ရချေပြီ။ သို့သော်လည်း ဆိုင်ကယ်ကတော့ ကျန်နေသေး၏။
သူလျင်မြန်စွာဖြင့် ပိုင်သု၌ တစ်ချက် ရှာကြည့်လိုက်သည်။
အကယ်၍ သူသာ မရှာကြည့်လိုက်ပါက ရှော့ခ်ရမည်မှာတောင် မဟုတ်ချေ။
တမ်ဘူရာနီ T12မှာ အီတလီ ဒီဇိုင်နာ တစ်ဦးဖြစ်သည့် မက်ဆီမို တမ်ဘူရာနီ၏ နောက်ဆုံးထွင်ထားသည့် မာစတာပိ တစ်ခုဖြစ်ပြီး ဘော်ဒီမှာ အနက်ရောင် ဖြစ်သောကြောင့် မဟူရာနတ်သူငယ်ဟုလည်း တစ်မျိုးတစ်ဖုံ ခေါ်ဆိုကြသည်။
ဈေးကတော့ အလွန်အမင်း မြင့်မား၏။
ချိုင်းနားတွင်တော့ ၆.၅မီလီယမ်ဖြင့် ရောင်းချလျက်ရှိပြီးအခွန်ခများကြောင့် ထပ်ဆောင်း ဈေးကြီးသွားသော်လည်း မူလတန်ဖိုးကပင် မော်တော်ဆိုင်ကယ်တစ်စီးအတွက်ကတော့ မိုးလောက်မြင့်သည့် ဈေးနှုန်း ဖြစ်နေလေသည်။
မော်တော်ဆိုင်ကယ်၏ ခမ်းနားထည်ဝါသော အပြင်ပိုင်း ဒီဇိုင်းကိုကြည့်ရင်း လင်းရီ တစ်ဖန် သက်ပြင်းချမိသည်။
ဒီတစ်ခေါက်လည်း စနစ်ကတော့ ရက်ရောသွားပြန်ပြီပဲ။
လင်းရီ အီရန်ဘွိုင်း လုပ်ဖို့ရာအတွက် စနစ်မှ သောက်ရမ်းလန်းသည့် T12ကြီး ချီးမြင့်လာ၏။
၎င်းကိုမှ ရက်ရောသည်ဟု မခေါ်ပါက မည်သည်ကို ရက်ရောသည်ဟု ခေါ်ရမည်နည်း။
ယခုတော့ လက်ဆောင်ကိုလည်း လက်ခံပြီးသွားသောကြောင့် တတိယမြောက်အလုပ်မှာလည်း ဖွင့်ပြီးချေပြီ။ သို့သော်လည်း လင်းရီ ဖြေရှင်းရန် ကျန်နေသေးသည့် ပြဿနာတစ်ရပ် ကျန်နေသေး၏။
ယခု အီရန်ဘွိုင်း အလုပ်၏ နောက်ဆုံးမစ်ရှင်မှာလည်း ယခင်အလုပ်အကိုင် နှစ်ခုကဲ့သို့ ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ယခု အလုပ်၏ နောက်ဆုံးမစ်ရှင်မတိုင်ခင် လင်းရီ အလုပ်ကို ရပ်တန့်ထားပြီး ရှေ့အလုပ်နှစ်ခု၏ နောက်ဆုံးမစ်ရှင် အသီးသီးကို ပြီးမြောက်အောင် လုပ်ရန် စီစဉ်ထား၏။
အချိန်အကြာကြီး ဆွဲထားပါက သိပ်ကောင်းမည် မဟုတ်ချေ။
ထိုသို့ ဆုံးဖြတ်ချက်ချပြီးနောက် လင်းရီ မျက်လုံးများမှိတ်လိုက်သော်လည်း အိပ်တော့ မပျော်ချေ။ T12 ၏ ပုံစံမှာ သူ့အတွေးထဲ တဝဲဝဲ လည်နေလေ၏။ ဆိုင်ကယ်သော့မှာလည်း လက်ထဲတွင် ရှိနေပြီးဖြစ်သောကြောင့် လင်းရီ ဆုလဒ်ကို တစ်ချက် သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် အ၀တ်စားများ ၀တ်ကာ သော့ကိုယူ၍ ဟိုတယ်၏ ကားပါကင်နေရာသို့ ရောက်လာခဲ့သည်။
၆.၅ မီလီယမ် တန်ကြေးရှိသည့် T12 ကိုမြင်တော့ လင်းရီ အနည်းငယ် စိတိလှုပ်ရှားလာခဲ့သည်။
သူတစ်ကြိမ်တစ်ခါမျှ ဆိုင်ကယ်မမောင်းခဲ့ဖူးသော်လည်း စနစ်မှ ဆရာအဆင့် မော်တော်ယာဉ်မောင်းစကေးအား ချီးမြင့်ထားသောကြောင့် မောင်းရန် ပြဿနာတော့ ရှိမည် မဟုတ်ပေ။
မော်တော်ဆိုင်ကယ်အနီးတွင် ဂျက်ဖာလေးတစ်ခုလည်း ရှိနေကြောင်း လင်းရီ သတိထားမိသွား၏။
ဖွင့်ကြည့်လိုက်သောအခါ သီးသန့်ထုတ်ထားသည့် T12 ဆိုင်ကယ် ဦးထုပ် ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ လင်းရီ ပိုင်သု၌ တစ်ဖန် ပြန်ရှာကြည့်လိုက်သောအခါ T12 ဦးထုပ်မှာ ရှားပါးလွန်းပြီး ရောင်းရန်ဝေးစွ စုဆောင်းသူတို့၏ ရတနာပြတိုက်ထဲတွင်ပင် မြင်ရခဲသည့် ပစ္စည်း ဖြစ်နေလေသည်။
အကယ်၍ ရောင်းချချင်ပါကလည်း ပေါက်ဈေးမှာလည်း ဒေါ်လာ ၅သိန်း၀န်းကျင်ရှိ၏။
ဆိုင်ကယ် ဦးထုပ်ကိုဆောင်း ၊ သော့ကို ထိုးလိုက်ပြီး လီဗာကို ဆွဲလိုက်သောအခါ ဆိုင်ကယ်မှာ သားရဲကောင်ကြီးကဲ့သို့ မြည်တမ်းလာခဲ့သည်။
ဆိုင်ကယ်မှာ စူပါကားများလောက် တန်ဖိုးမကြီးသော်လည်း ၎င်း၏ အသံကတော့ အလွန်အမင်း နား၀င်ချိုလှပြီး အမျိုးသားတိုင်း၏ စိတ်နှလုံးကို လှုပ်ခတ်စေဖို့ရာ လုံလောက်သည်ထက်ကို ပိုနေလေ၏။
ညနက်ချိန်ဖြစ်သောကြောင့် ကျိုးဟိုင်လမ်းမပေါ်တွင် လူကင်းစင်နေပြီး လင်းရီ T12 ဖြင့် ကျိုးဟိုင် မြို့ပြင် တစ်ဝိုက်တွင် နာရီ၀က်ခန့် စမ်းမောင်းကြည့်လိုက်သည်။
ထိုအခါမှပဲ လင်းရီလည်း အဘယ်ကြောင့် မော်တော်ဆိုင်ကယ်များမှာ ပြိုင်ကားကဲ့သို့ အလွန်အမင်း လူကြိုက်များနေလဲဆိုတာ နားလည်သွားတော့၏။
လီဗာကို အသားကုန်တင်၍ လေနှင့်အပြိုင်မောင်းရသည်မှာ စူပါကားများ ယှဉ်နိုင်သည့် ခံစားချက်မျိုး မဟုတ်ခဲ့။
T12 နှင့် လက်ရင်းတနှီး ရှိအောင် မောင်းကြည့်ပြီးနောက် လင်းရီ ဟိုတယ်သို့ ပြန်ကာ ရေမိုးချိုး၍ အနားယူလိုက်တော့သည်။
ညက အိပ်ရာ၀င် နောက်ကျထားသောကြောင့် ကိုးနာရီထိုးသည်အထိ အိပ်ရာမှ မထနိုင်သေးဘဲ ရှောင်ထျန် ဖုန်းခေါ်လာသည့် အချိန်မှသာ လန့်နိုးလာခဲ့၏။
"ငါ့ကို မနေ့ညက ဟိုတယ်လိုက်ပို့တဲ့သူက နင်မလား..."
"ငါကလွဲပြီး ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ မယ်မင်းကြီးမရယ်..."
"နင်....နင်ခု ဘယ်ခန်းမှာ..."
"မင်းနဲ့ မျက်နှာချင်းဆိုင် အခန်းထဲမှာပဲ..."
"အိုး...သိပြီ.."
ရှောင်ချန် ဖုန်းချပြီးနောက် မကြာမီ လင်းရီ တံခါးခေါက်သံကို ကြားလိုက်ရ၏။
လင်းရီ တံခါးသွားဖွင့်လိုက်သောအခါ အ၀တ်စားလဲပြီးထားသည့် ရှောင်ထျန်ကိုတွေ့လိုက်ရ၏။
"လင်းရီ...ကျေးဇူးပဲနော် "
"မင်း မနေ့ညကလည်း ပြောပြီးပြီ မဟုတ်လား "လင်းရီ အာသန်းလိုက်ပြီး "ခဏစောင့် ငါရေချိုးလိုက်ဦးမယ်...."
ဆယ်မိနစ်ကြာပြီးနောက် လင်းရီ ရေမိုးချိုးပြီးသွားပြီး နှစ်ယောက်သား ထွက်လာခဲ့ကြ၏။
"ဘယ်သွားမလို့လဲ..."
ရှောင်ထျန် ကောင်တာဘားသို့ သွားတော့မည့်ဟန်ပြင်တော့ လင်းရီ မေးလိုက်၏။
"ဘေလ်ရှင်းဖို့ပေါ့ဟဲ့..."ရှောင်ထျန် ဒါလေးတောင် မသိဘူးလားဟူသော အကြည့်ဖြင့် ကြည့်ရင်း ပြန်ဖြေလိုက်သည်။
"ဒီဟိုတယ်က ငါ့ဟာလေ...မင်းက ဘာကို ပေးချင်နေသေးတာ...."