အခန်း (၁၃၈)
Vol. 10 Ch. 138
"ဟမ်..."
"နင်ဘာပြောလိုက်တယ်...ဒီဟိုတယ်က နင့်အပိုင်..."
ရှောင်ထျန်သူမ၏ လှပသောမျက်လုံးများဖြင့် မယုံနိုင်စရာကောင်းသည့် တစ်ခုခုကို တွေ့လိုက်ရသကဲ့သို့ ကြည့်မိလိုက်သည်။
"တကယ်လို့ ငါ့ဟော်တယ်သာ မဟုတ်ဘူးဆိုရင် မင်းကို ခုလို ဈေးကြီးတဲ့ နေရာ ခေါ်လာမယ်များ မှတ်နေလား..ငါ့ပိုက်ဆံတွေက ကောင်းကင်ပေါ်က ကျလာတာလည်း မဟုတ်...."
"ဒါ....."
ရှောင်ထျန် မငြင်းဆိုခဲ့ပေ။ လင်းရီ၏ စကားလုံးများလည်း အဓိပ္ပာယ်ရှိလှ၏။ အဘယ်ကြောင့်ဆိုသော် သူမ ပန်နီဆူလာ ဟိုတယ်၏ တစ်ညတာ တည်းခိုစရိတ်ကို သိနေသောကြောင့်ပင်။
"ပန်နီဆူလာဟိုတယ်က နင့်အပိုင်ဆိုတော့ မနေ့ညက ပြိုင်ကားကလည်း....."
"အဲ့တာလည်း ငါ့ကားပဲ..."လင်းရီ ရှောင်ထျန်ကိာ ထူးဆန်းသလိုကြည့်လိုက်ပြီး "ဘာလဲ မင်းက ငါကားငှားလာတယ်လို့ ထင်နေတာတော့ မဟုတ်ဘူးမလား..."
"ဘယ်သိမှာလဲဟဲ့..နင်ကချင်းဟန်နဲ့ မတရားရင်းနှီးတော့ သူ့နား ငှားခဲ့တာလည်း ဖြစ်ရင်ဖြစ်မှာပေါ့..."
"အဲ့ကောင်နား ငှားဖို့တော့ဝေးစွ...အဲ့ကောင်ကတောင် ငါ့နား ကားပြန်ငှားနေရတဲ့ ဘ၀ပါဆိုနေမှ...."
ရှောင်ထျန် ရှော့ခ်ရသွားခဲ့သည်။
ဒဏ္ဍာရီလာ ချင်းဟန်က သူ့နား ကားငှားစီးရတယ်တဲ့လား....
အဲ့လိုဆို ဘယ်လောက်ထိ ချမ်းသာဖို့ လိုလိုက်မလဲ...သူက ကျောင်းမှာကျ ဘာလို့ သူ့ပုံစံအမှန်ကို ထုတ်မပြတာလဲတဲ့..
"နင်က ဒီလောက်ထိ ချမ်းသာနေတာတောင်မှ ဘာလို့ ကျောင်းမှာ အလုပ်လာလျှောက်နေသေးလဲ..."
"ဘ၀အတွေ့ကြုံရအောင်လို့လေ...ငါက ဒီတိုင်း ထိုင်ပြီး ဘာမှမလုပ်ဘဲ သေမင်းအခေါ်ကို စောင့်နေရမှာလား..."
"နင်...နင်တကယ်ကြီး ဘ၀အတွေ့ကြုံလိုချင်လို့ ကျောင်းမှာ အလုပ်လာလျှောက်တာပေါ့လေ...."
ရှောင်ထျန် အံ့အားသင့်သွားပြီး သူမကိုယ်သူမတောင် အနည်းငယ် အရှက်ရသွားခဲ့သည်။
လက်ရှိ အခြေနေကို သုံးသပ်ကြည့်မည် ဆိုပါက လင်းရီမှာ ချမ်းသာသည့် ဒုတိယမျိုးဆက် သခင်လေးတစ်ယောက်ဖြစ်ကြောင်း အရူးပင် သိပေသည်။
ဘ၀အတွေ့ကြုံခံစားရန် အလုပ်လာလျှောက်ခြင်း ဖြစ်သော်လည်း သူမက အလကားနေအလကား ပညာတွေ ပြချင်နေမိခဲ့၏။
အိုက်ယား ရှက်လိုက်တာနော်...
လင်းရီကတော့ အများကြီး တွေးတောမနေဘဲ ရှောင်ထျန်နှင့်အတူ ကားထဲသို့ ၀င်လိုက်၏။
ပထမ အနေဖြင့် သူကျောင်းသို့ သွားရမည်။ ဒုတိယကတော့ နှုတ်ထွက်စာ တင်ဖို့ပင်။
အလုပ်အသစ်ကို အသက်သွင်းပြီးဖြစ်သောကြောင့် ကျောင်းကော်မတီ၀န်ထမ်း ဆက်လက် လုပ်ကိုင်စရာ မလိုအပ်တော့ချေ။
လင်းရီ၏ကားထဲတွင် ထိုင်နေရင်း ရှောင်ထျန် ပြောမှယုံ ကြုံမှသိ ဆိုသကဲ့သို့ အဘယ်ကြောင့် အမျိုးသမီးများ ပြိုင်ကား စီးရခြင်းကို နှစ်သက်ရသလဲဆိုတာကို နားလည်သွားတော့၏။
အရမ်းကြီး သက်တောင့်သက်သာ မရှိသော်လည်း လူအများ၏ မနာလိုအားကျသည့် အကြည့်များမှာ အမျိုးသမီးတစ်ယောက်ကို လုံလောက်စွာ ဘ၀င်မြင့်သွားဖို့ရာတော့ လုံလောက်၏။
"ညက ကိစ္စအတွက် ကျေးဇူးပဲနော်..."
"ကျေးဇူးတင်မနေနဲ့..ငါက လုပ်သင့်လုပ်ထိုက်လို့ လုပ်လိုက်တာ..."
" နင်မသိလို့ ..ငါ့ဒေါသက ဗိုက်ထဲမှာ လေခံနေသလိုမျိုးပဲ ဘယ်လို ထုတ်လို့ ထုတ်ရမှန်း မသိဘူး..တကယ်လို့ ငါသာ အဲ့ကောင်မကို ပါးရိုက်မိမယ်မှန်းသိရင် ဒေါသတွေကို အဲ့ရိုက်ချက်ထဲမှာ သွန်ချပစ်လိုက်ပါတယ်ဟယ်... "ရှောင်ထျန် အားမလို အားမရ ဖြစ်စွာ ပြောလိုက်၏။
"ဟူး...ဒီတိုင်း ပျော်ပျော်ရွှင်ရွှင် လာစားပါတယ်ဆိုမှ အဲ့အမင်္ဂလာကောင်ကြီးနဲ့ လာတိုးမယ်လို့တောင် ထင်မထားဘူး..."
လင်းရီကတော့ ပြုံးရုံသာပြုံးပြီး သူမ ပေါက်ပေါက် ဖောက်သမျှကို နားထောင်ပေးနေခဲ့၏။ ထိုကောင်မလေးမှာ တကယ်ကြီး ကျားသစ်မလေးကဲ့သို့ပင်။
သူသွားပြီးတော့ မစနောက်ရဲချေ။
တက္ကသိုလ်၀င်းထဲသို့ Koenigsegg ၀င်ရောက်လာသောအခါ ထိတ်လန့်တကြား အော်ဟစ်သံများ ဆူညံသွားတော့၏။
ကျောင်းသား/သူများအားလုံး သူတို့ မျက်လုံးများ အံ့ဩလွန်း၍ ပြူးကျယ်နေကြသည်။
ပင်းချန်ကဲ့သို့သော သာမန် တက္ကသိုလ်လေး၌ အတော်အသင့် ချမ်းသာသော မိသားစုသေးသေးလေးများကပင်လျင် အကောင်ကြီးကြီးဟု ပြော၍ရသည်။ ယခုကဲ့သို့ ယွမ် သန်း၃၀ ကျော် တန်ကြေးရှိသော ပြိုင်ကားကြီး ကျောင်း၀န်းထဲသို့ ရောက်လာသည်ကို မြင်တော့ ထိတ်လန့်အံ့ဩသွားကြသည်မှာ သဘာ၀ပင်။
လင်းရီနှင့် ရှောင်ထျန်တို့ ကားထဲမှ ထွက်လာခဲ့ကြသည်။
ကျောင်းသူလေးများ၏ အကြည့်ကတော့ လင်းရီထံတွင်သာ။
"မဖြစ်နိုင်လိုက်တာ...အဲ့ကားက ငါတို့ အိုင်ဒေါတီချယ်ရဲ့ ကားတဲ့လား..."
"ငါက သူ့ကို စွဲမက်ဖွယ် မင်းသားလေးလို့ ထင်နေခဲ့တာ ခုလို ကြွယ်၀ခြင်းနတ်ဘုရားလေး ဖြစ်နေမယ်လို့တော့ ထင်မထားဘူး..."
"ငါလည်း ဆရာလင်းရဲ့ ကားထဲ လိုက်စီးချင်လိုက်တာနော်..ဒါပေမယ့် ငါ့ရဲ့ ယုန်တွေက ဒါရိုက်တာထျန်လောက် မကြီးတာ ရင်နာစရာပဲ..."
ကျောင်းသားများ၏ ထိတ်လန့်တကြား ရေရွတ်သံကိုကြားတော့ ရှောင်ထျန် လင်းရီကို အကြည့်တစ်ချက်ပေး၍ "ငါလည်းနင့်ကို မေးချင်နေတာကြာပြီ ..နင့်မှာ ပြိုင်ကားရှိရဲ့သားနဲ့ ဘာလို့ ရှာရီအစုတ်ကြီးမောင်းပြီး ကျောင်းလာခဲ့တာလဲ...အဲ့တာကြီးက နင့်အဆင့်အတန်းကို မနိမ့်ကျလွန်းစေဘူးလား..."
"ကျောင်းဆိုတာက သင်ယူတဲ့နေရာလေ..ပစ္စည်းချင်း ယှဉ်ရမယ့်နေရာမှ မဟုတ်တာ..အဲ့လိုမျိုး ပြိုင်ကားကြီးစီးပြီး ရုံးလာတက်လို့ကတော့ သောက်ရမ်း ဘ၀လေဟပ်နေတဲ့ကောင်ကြီး ဖြစ်သွားမှာပေါ့ဟ မင်းမျက်လုံးထဲမှာ ငါက အဲ့လိုကောင်ကြီး ဖြစ်နေလို့လား..."
"အွန်း..ဟုတ်သားပဲနော်..."
လင်းရီပြောသည်ကို သဘောတူသည့်အနေဖြင့် ရှောင်ထျန် ခေါင်းညိမ့်လိုက်သည်။
ယခုလို နိမ့်ချတတ်သည့် ဒုတိယမျိုးဆက် သခင်လေးကတော့ ရှားမှရှားပင်။
"အဲ့ဒါဆို ဒီနေ့ကျတော့ကော ဘာလို့ မောင်းလာတာလဲ...နင့်မှာ လဲဖို့ အချိန်မရှိတော့လို့လား.."
"မဟုတ်ဘူး..ဒီနေ့က ငါပစ္စည်းတွေ လာသိမ်းပြီးတော့ နှုတ်ထွက်တော့မလို့..အဲ့တာကြောင့် ငါဘာကားမောင်းလဲဆိုတာ ဂရုစိုက်နေစရာ မလိုတော့ဘူးလေ.."
"ဘာပြောလိုက်တယ်...နှုတ်ထွက်တော့မယ် ဟုတ်လား..."
၎င်းကိုကြားတော့ရှောင်ထျန် အသံမြင့်လိုက်ပြီး လင်းရီကို နားမလည်စွာဖြင့် ကြည့်မိလိုက်သည်။
"ဘာလို့ နှုတ်ထွက်မှာလဲဟဲ့..."
"ငါမင်းကို ပြောဖူးတယ်လေ..ငါက ဒီကို အတွေ့ကြုံရအောင်လို့ လာလုပ်ပါတယ်ဆိုနေမှ...ခု တော်တော်လေး အတွေ့ကြုံရသွားလို့ အလုပ်ထွက်ပြီး နောက်တစ်ခု ပြောင်းတော့မယ်...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ပြီးတော့ မင်းလည်း ငါ့ကို တော်တော် လေး အမြင်ကပ်နေတာ မလား...ငါထွက်သွားရင် မင်းလည်း စိတ်ချမ်းသာတာပေါ့..မဟုတ်ဘူးလား"
ရှောင်ထျန်ကတော့ တိတ်ဆိတ်နေပြီး သူမ လုပ်ခဲ့မိသမျှကို နောင်တရနေလေ၏။
"လင်းရီ..ငါတောင်းပန်ပါတယ်ဟာ..နင်ငါတောင်းပန်တာကို လက်ခံမယ်မလား..."
"တောင်းပန်ဖို့ မလိုပါဘူးဟ..ငါက အဲ့လောက်ထိ စိတ်သဘောထား ကျဉ်းမြောင်းတဲ့သူလည်းမဟုတ်..ပြီးတော့ ငါလည်း သိချင်နေတာ...ငါတို့ တစ်ခါမှလည်း မဆုံဖူးတာတောင်မှ ဘာလို့ ငါ့ကို ပစ်မှတ်ထားနေရတာလဲ..."
ရှောင်ထျန် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး လွန်ခဲ့တဲ့ တစ်ပတ်တုန်းက ဘာဘီကျူးဆိုင်ရှေ့တွင် မြင်ခဲ့သမျှက်ု လင်းရီအား ပြောပြလိုက်တော့၏။
"တကယ်ကြီးလားကွ...မင်းက အဲ့တာကြောင့် ငါ့ကို မကောင်းတဲ့ကောင်ဆိုပြီးတော့ တစ်ချိန်လုံး အမြင်မကြည် ဖြစ်နေတာပေါ့..."လင်းရီ စနောက်သလို ပြောလိုက်၏။
"အဲ့လောက်ကြီးလည်း မဟုတ်ပါဘူးဟဲ့.."ရှောင်ထျန် စူပုပ်၍ ပြောလိုက်ပြီး "ဒါပေါမယ့် ခုတော့ ငါတော်တော်လေး လွန်သွားတယ်ဆိုတာ သိသွားပြီလေ...ဒီတော့ တောင်းပန်ပါတယ်နော်..."
"ငါရှင်းအောင် ပြောပြလိုက်မယ်...ငါတကယ်ကြီး အဲ့ ကောင်မလေးကို ဘာမှ မလုပ်ခဲ့တာ..သူက မူးနေတယ်ဆိုပေမယ့် ငါ့သူငယ်ချင်းကြီးလေ..ဘာမှကို မလုပ်လိုက်ရဘူး..."
"ပြီးတော့ ဆေးဆိုင်သွားတယ်ဆိုတာကလည်း မကောင်းတဲ့ပစ္စည်းတွေ ၀ယ်ဖို့မဟုတ်ဘူး..ဒီတိုင်း အရက်မူးပြေတဲ့ဆေးနဲ့ အားရှိစေမယ့် သောက်စရာ နည်းနည်းပါးပါး သွား၀ယ်တာ စဉ်းစားကြည့်လေကွာ...ငါ့လို ဥစ္စပေါ ရုပ်ချောတဲ့ကောင်က ကောင်မလေးကို ဆေးခပ်ပြီး ဟိုတယ်ခေါ်သွားရလောက်တဲ့အထိ လုပ်ဖို့ လိုမယ်လို့ ထင်လား..."
"ယုံလားတော့ မသိဘူး...ငါက ဟိတ် ဆိုတာနဲ့ ငါ့ကို ရှင့်လို့ ထူးမယ့် ကောင်မလေးတွေ တန်းစီရင် ကျောင်းပေါက်၀ကနေ မြို့ပြင်ထိတောင် ရောက်လောက်တယ်..."
ရှောင်ထျန်ကတော့ ခုမှ အကြောင်းစုံကို နားလည်သွားပြီး သူမလုပ်ရပ်အတွက် စိတ်မကောင်းဖြစ်ကာ အတော်လေး ခံစားနေရ၏။
လင်းရီ ပြောသည့် အတိုင်းပင်။ သူ၏ အနေအထားကြီးဖြင့် ထိုသို့ လုပ်ရန်တောင် မလိုအပ်ပေ။
ထို့ပြင် ထိုနေ့က သူမတို့ တွေ့ခဲ့သည့် မိန်းကလေးမှာလည်း လင်းရီ အတင်းအဓမ္မ သိမ်းပိုက်ရလောက်အောင် နတ်သမီးတမျှ လှပနေသည့် ကောင်မလေးမျိုး မဟုတ်ပေ။ သူမ တကယ့်ကို အထင်လွဲသွားခဲ့ခြင်းပင်။
"ပြီးတော့ တွေးကြည့်လိုက်လေ..မနေ့ညတုန်းက အခြေနေကလည်း လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းကနဲ့ အတူတူပဲ မဟုတ်လား...မင်းလည်း အရက်တွေ အရမ်းမူးနေပြီးတော့ ငါပဲ ဟိုတယ် လိုက်ပို့ပေးခဲ့တာလေ...ငါမင်းကို တစ်ခုခု လုပ်လို့လား..."
"နင်ဘာတွေ လျှောက်ပြောနေတာလဲ နားရှက်စရာကြီးတွေ..."ရှောင်ထျန် မျက်နှာ ပန်းနုရောင် သန်းသွား၏။ "ငါမှားတယ်ဆိုတာ ၀န်ခံတယ်..တောင်းပန်ပါတယ်လို့..အဲ့တာကို မလုံလောက်သေးဘူးလား..."
"ငါလည်း မင်းကို စိတ်ထဲမထားဘူးလို့ ပြောနေတယ်လေ...ပြီးခဲ့တာတွေကို ပြီးလိုက်တော့..."
"အဲ့တာဆို နင်ငါ့ကို နောက်လည်း ဂိမ်းထဲမှာ ကယ်ရီပေးဦးမယ် မလား..."
"ဘာဆိုင်လို့...မင်းက ဒီလောက်နုတာကို ဘယ်သူက ကယ်ရီပေးရဲမှာ..မင်းကြောင့်သာ မဟုတ်ရင် ငါခုလောက်ဆို ရန့်အမြင့်ဆုံးတောင် ရောက်နေလောက်ပြီ..."
"ငါက နည်းနည်းလေး နုတယ်ဆိုပေမယ့် အဲေ့လာက်ကြီးနဲ့တော့ မပြောနဲ့လေဟယ်..."ရှောင်ထျန် မျက်နှာငယ်လေးနှင့် ပြောလိုက်၏။
"အိုး ဟုတ်သားပဲ..နင်ခုအလုပ် ထွက်ပြီးရင် ဘာဆက်လုပ်မှာလဲ အတွေ့ကြုံရအောင် ဆိုပြီးတော့ တခြားလုပ်တွေ ပြောင်းလုပ်မှာလား..."
လင်းရီ ခေါင်းကို ညိမ့်၍ "အင်း..ငါ အီရန်ဘွိုင်းလုပ်ဖို့ စီစဉ်ထားတယ်..အဲ့တာက ပိုပြီး လွတ်လွတ်လပ်လပ် ရှိသလားလို့..."
"မဖြစ်နိုင်တာ...နင့်လို သူဌေးသားကြီးက အဲ့ဒီ တောက်တိုမယ်ရ အလုပ်တွေ လုပ်တော့မယ်ပေါ့...အဲ့တာက နင့်အဆင့်နဲ့အတန်းဆို အဝေကြီးလေ..."
"ဟင်း ..မင်းကတော့ လူပြည်မှာ အတွေ့ကြုံခံစားခြင်းဆိုတာက ဘာလဲဆိုတာ မင်းနားမလည်သေးပါဘူးကွာ..."
"ဟုတ်တယ် ငါနားမလည်ဘူး..."ရှောင်ထျန် ပြုံးလိုက်ပြီး "ဒါပေမယ့် နင်က အီရန်ဘွိုင်း လုပ်တော့မယ်ဆိုတော့ နောက်ကျရင် ငါလည်း အော်ဒါတင်လို့ ရတယ်မလား..."
"အဲ့လိုကြီး မပြုံးစမ်းနဲ့ဟ..လန့်တောင် လန့်လာပြီ...ငါက ဒီတိုင်း အီရန်ဘွိုင်း လုပ်မလို့ပါဆို မင်းက ဘာတွေ စိတ်ဒုက္ခပေးချင်သေးတာလဲ...ကြိုပြောထားမယ် ပေါက်တတ်ကရတွေတော့ လျှောက်မ၀ယ်ခိုင်းနဲ့."
ရှောင်ထျန် တခစ်ခစ် ရယ်မောလိုက်၏။
ထို့နောက် ရှောင်ထျန် လင်းရီကို ၀န်ထမ်းရေးရာဌာနသို့ ခေါ်သွားလိုက်ပြီး တရား၀င်နှုတ်ထွက်လို့ရအောင် စီစဉ်ပေးလိုက်၏။
ထွက်စာရပြီးနောက် လင်းရီ သူ၏ ပစ္စည်းများကို သိမ်းရန် ရုံးခန်းသို့ လာခဲ့လိုက်၏။
လင်းရီ နှုတ်ထွက်တော့မည်ကို ကြားသိတော့ တစ်ရုံးလုံးရှိလူများ သူနှင့် ခွဲခွာရန် တွန့်ဆုတ်နေကြ၏။
သို့သော်လည်း ရှောင်ထျန်ကတော့ လင်းရီ မည်သူမည်ဝါဆ်ုတာ ထုတ်မပြောခဲ့ပေ။ လင်းရီလည်း သူမကို မပြောစေချင်မှန်း နားလည်ပေသည်။
စုန့်ကျားလည်း နှုတ်ဆက်သည့်အနေနှင့် ထမင်း ဖိတ်ကျွေးချင်သော်လည်း ကံမကောင်းစွာဖြင့် အငြင်းခံလိုက်ရ၏။
အားလုံး သိမ်းဆည်းပြီးနောက် ထွက်သွားတော့မည့် အချိန်တွင် လင်းရီ ထံသို့ ကျောက်ချီ ဖုန်းဆက်လာခဲ့၏။
"ဆရာလင်း ..ဘာလို့ ထွက်တော့မှာလဲဗျ..တစ်ခုခု အဆင်မပြေတာများ ရှိလို့လား..ကျုပ်အားလုံး စီစဉ်ပေးမယ်လေ..."
"မဟုတ်ပါဘူးဗျာ...ကျေးဇူးတင်ပါတယ် ကျောင်းအုပ်ကျောက်...,"လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"အမှန်တော့ ကျွန်တော်က ဒီကို အလုပ်အတွေ့ကြုံရချင်လို့ပဲ လာခဲ့တာလေ..ခု အတွေ့ကြုံလည်း ရသင့်သလောက် ရပြီးသွားပြီဆိုတော့ အသစ်ထပ်ရှာတော့မလို့..."
"အဲ့တာဆိုလည်း အလုပ်ထွက် မနေနဲ့လေ..ဒီတိုင်း အမည်ခံရာထူး ပဲယူထားလိုက်..ကျောင်းကနေ လစာလည်း ယူလို့ရတယ်..ဘယ်လို သဘောရလဲ မသိဘူး..."
"အဲ့လိုဆို ကျွန်တော် ကျောင်းရဲ့ ဂုဏ်သရေရှိ ဒုကျောင်းအုပ်ရာထူးဆိုတာတော့ ထိန်းသိမ်းထားလိုက်မယ်ဗျာ..တကယ်လို့ တစ်ခုခု လိုအပ်သာရှိရင် ကျွန်တော့်ကို ပြောလိုက် ...ကူညိနိုင်တာဆို အားလုံး ကူညီပေးမယ်..."
ကျောက်ချီ သက်ပြင်းမောကြီး တစ်ချက်ချလိုက်ပြီး"အဲ့လိုဆိုရင်တော့ ကျွန်တော်ကပဲ ပင်းချန်တက္ကသိုလ်မှာရှိတဲ့ ကျောင်းသား ၇,၈၀၀ ကိုယ်စား ကျေးဇူးတင်ပါရစေ...."
"ရပါတယ် ကျောင်းအုပ်ကျောက်ကလည်း..အဲ့တာက ကျွန်တော်လုပ်ရမယ့် တာ၀န်တစ်စိတ်တစ်ပိုင်းပဲလေ..."
ကျောက်ချီနှင့် စကားအနည်းငယ် ပြောပြီးနောက် လင်းရီ ပန်နီဆူလာဟိုတယ်သို့ ပြန်လာခဲ့လိုက်၏။
နေ့လည်သို့ ရောက်နေပြီဖြစ်သောကြောင့် နေ့လည်စာ တစ်ခုခုစားရန် စီစဉ်လိုက်သည်။
ထိုအချိန်တွင်
"အော်ဒါအသစ်ရှိပါတယ်..ကျေးဇူးပြုပြီး အာရုံစိုက်ပေးပါ..."