အခန်း (၁၃၉)
Vol. 10 Ch. 139
လင်းရီ စားသောက်နေစဉ် အော်ဒါ ၀င်လာသောကြောင့် ကြောင်အသွားပြီး
"ငါမနေ့ညကမှ မှတ်ပုံတင်လိုက်တာကို နေ့လည်ကျ အော်ဒါက ရနေပြီတဲ့လား..နည်းနည်းလေး မမြန်လွန်းဘူးလားဟ..."
ဖုန်းကို ဖွင့်လိုက်ပြီး အော်ဒါမှာသည့် စာများကို ဖတ်ကြည့်လိုက်သည်။
ရေးထားသည်ကတော့ မှော်ဂီတစတိုးဆိုင်သို့သွားပြီး
စန္ဒယားနုပ်စ်တင်သည့် ခုံ၀ယ်ရန်ပင်။
ထို့အပြင် ၀ယ်ရမည့်မော်ဒယ်နှင့် ဈေးကိုလည်း ရေးထားပေးသေး၏။ စာပါအတိုင်း လင်းရီတထေရာတည်း ၀ယ်ယူ ပို့ပေးရပေမည်။
သို့သော်လည်း လင်းရီ ကိုယ့်အိတ်ကိုယ် စိုက်၀ယ်ပြီး အော်ဒါတင်သူထံရောက်မှ ၀န်တောင်ခနှင့် တန်ဖိုးကို ပေါင်းပြီး ယူရမည်ဖြစ်၏။
လင်းရီအတွက်တော့ ကိုယ့်အိတ်ကိုယ် စိုက်၀ယ်ရန်မှာ လုံး၀ ပြဿနာမရှိ။
ပညာရှိ၏ ဉာဏ်ပညာ ကျေးဇူးကြောင့် လင်းရီ ဂီတအကြောင်း အနည်းငယ် တီးမိခေါက်မိတော့ရှိ၏။
သီချင်းတင်သည့်ခုံမှာ ဖုန်းထောက်တိုင်နှင့် ဆင်တူပြီး ဒီတစ်ခါ ၀ယ်ယူရမည်မှာကတော့ စန္ဒယားအတွက်ပင်။
လင်းရီ ဖုန်းထဲတွင် မှော်ဂီတဆိုင်၏ လိပ်စာကို ကြည့်၍ အလုပ်စရန် ပြင်ဆင်လိုက်သည်။
ဤတစ်ကြိမ်တွင်တော့လင်းရီ Koenigsegg Rs ကို ဘေးချိတ်ထားပြီး အကန့်သတ်ဖြင့် ထုတ်ထားသည့် T12ကို လမ်းပေါ်တွင် ပွဲထုတ်တော့မည်။
နေ့လည်စာ စားပြီးနောက် လင်းရီ ပန်နီဆူလာ ဟိုဆယ်မှ ထွက်လာခဲ့လိုက်၏။
ထိုအချိန်တွင်တော့ လူအုပ်ကြီးမှာ သူ့ဆိုင်ကယ်ရှေ့တွင် ဝိုင်းအုံနေကြပြီး လက်ညိုးထိုး၍ တစ်ခုခုကို ပြောနေကြသည်။ ဘာဖြစ်နေလဲဆိုတာတော့ လင်းရီလည်း မသိ။
"ဘာလဲဟ..ဆိုင်ကယ်စုတ်ကြီးကို ဒီမှာလာရပ်ထားတယ်ပေါ့...ခုတော့ ငါ့ကား ပါကင်ထိုးဖို့ နေရာတောင် မရှိတော့ဘူး..."
ပြောလိုက်သည့် သူကတော့ အသက်လေးဆယ် အရွယ်ရှိသည့် လူကြီးတစ်ယောက်ဖြစ်ပြီး နာမည်ကတော့ ချန်တိကျွင်းပင်။ ၀တ်စုံအနက်ရောင်ကို ၀တ်ဆင်ထားပြီး အောင်မြင်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်အလား ထင်မှတ်ရစေ၏။
ထိုသို့ ကျိန်ဆဲရင်း ပတ်၀န်းကျင်ကို ကျီးကန်းတောင်မှောက်ကြည့်ကာ ပါကင်ထိုးလို့ရမည့်နေရာကို လိုက်ရှာနေလေ၏။
"ဒီ ဒီလီပို့တဲ့ကောင်တွေက လွန်လွန်းပါတယ်ဟယ်..ပန်နီဆူလာ ဟိုတယ်မှာက ပါကင်ထိုးတဲ့နေရာ ရှားပါတယ် ဆိုနေမှ သူတို့ ဆိုင်ကယ်စုတ်ကြီးကို လာရပ်ထားသေးတယ်တဲ့...ကိုယ့်အဆင့်နဲ့ကိုယ်မရှက်တတ်ဘူးလား မသိဘူး"
ပြောလိုက်သည့်သူကတော့ မိတ်ကပ်အထူကြီး လိမ်းခြယ်ထားသည့် အမျိုးသမီးတစ်ယောက်ပင်။ စတော်ကင်အနက်၊ မိနီစကတ်တို့ကို ၀တ်ဆင်ထားပြီး သူမ မျက်နှာထက်တွင်လည်း မောက်မာသည့် အသွင်က ကြီးစိုးထား၏။
"မော်တော်ဆိုင်ကယ်ရဲ့ ဒီဇိုင်းက မဆိုးပါဘူးကွာ..ဒီလီပို့တဲ့သူတော့ မဟုတ်လောက်ဘူး..ဒီတိုင်း
မော်တော်ခရေဇီ သမားတွေ စီးတာနေမှာပါဟ.."
"ငါတော့ ဆိုင်ကယ်မောင်းတဲ့ကောင်တွေကို အမုန်းဆုံးပဲ..သူတို့က ကားလေးကောင်းကောင်း ၀ယ်မစီးနိုင်တာနဲ့ပဲ ဆိုင်ကယ်တစ်စီးနဲ့ လမ်းပေါ်မှာ တစ်နေ့လုံး သလားနေတာ...ပြီးတော့ ပြောသေးတယ် ဘိုက်ကာ ဖြစ်ရတာ ဂုဏ်ယူတယ်ဆိုပဲ...ဖွီး..သောက်အဓိပ္ပာယ်မရှိတဲ့ စကားလုံးတွေ..."
"ငါလည်း အဲ့သောက် ဘိုက်ကာတွေဆိုလား..အဲ့ကောင်တွေကို တော်တေယ် သောက်မြင်ကပ်တယ်...တစ်ခါတည်း ဆိုင်ကယ်စုတ်ကြီးကိုများကွာ ဘိုးဘေးအစဉ်အဆက်က အမွေအနှစ်ကြီးလို ရေချိုးပေးနေတာ မပြီးနိုင် မစီးနိုင်ကြီး...ကြည့်ရတာ တော်တော် ကျက်သရေတုံးတဲ့ကောင်တွေ..."ချန်တိကျွင်း ကျိန်ဆဲလိုက်၏။
"အချစ်..ဘယ်လိုလုပ်ကြမလဲ... ပါကင်ထိုးဖို့ နေရာကလည်း ခုထိ ရှာလို့မတွေ့သေးဘူး..သဲထပ်မစောင့်နိုင်တော့ဘူးနော်..."
ချန်တိကျွင်း အမျိုးသမီး၏ တင်ပါးကို အသာယာ ပွတ်သပ်လိုက်ပြီး အပြုံးလေးဖြင့် "လူဆိုးမလေး မင်းက ဘာလို့ ငါ့ထက်တောင် အလျင်လိုနေတာလဲ.."
"အားလုံး ရှင့်ကြောင့်ပဲလေ..မြန်မြန်မလုပ်ရင် တောင်တွေ ရေကြီးကုန်မှာပေါ့လို့..."အမျိုးသမီးမှ သူမ ကိုယ်ရှိန်းတိန်းတိန်းဖြင့် နူးညံချိုအီစွာ ပြောလိုက်သည်။
"မပူနဲ့..ဒီလောက် အသေးမွှားလေးကတော့ မင်းရဲ့ ဟန်နီကို မရပ်တန့်စေရဘူး..ကိုယ်က ပိုက်ဆံရှိ လူတန်းစားလေ သဘောပေါက်တယ်မလား..."
ထိုသို့ပြောပြီးနောက် ချန်တိကျွင်း သူ့ ပိုက်ဆံအိတ်ထဲမှ ယွမ်နှစ်ရာထုတ်ကာ လမ်းဘေးရှိ ဖြတ်သွားဖြတ်လာများကို ကြည့်၍ "ဒီဆိုင်ကယ်ကို ရွေ့ပေးမယ်ဆိုရင် ဒီရဲ့ ယွမ်နှစ်ရာက ရွေ့ပေးတဲ့သူအတွက်ပဲနော်...ဘယ်သူရွေ့ပေးမလဲ..."
ပိုက်ဆံယူ ဟူသောအသံကိုကြားတော့ ဖြတ်သွားဖြတ်လာများမှာ မျက်လုံးအရောင် တောက်ပလာခဲ့ကြ၏။
"ဘောစိ ခင်များ ဒီယွမ်နှစ်ရာ ပေးမယ်ဆိုတာ သေချာရဲ့လား..ရွေ့ပြီးမှ ရော့တစ်ရာပဲယူ လာမလုပ်နဲ့နော်..."
"ဒါပေါ့ "ချန်တိကျွင်း သူ၏ ဗိုက်ပူပူကြီး တတုန်တုန်ဖြစ်အောင် ရယ်မောရင်း တစ်နေရာသို့ လက်ညိုးညွှန်၍ "ဟိုမှာ ငါစီးနေတဲ့ အော်ဒီ... ယွမ် တစ်မီလီယမ်ကျော်တယ်...ငါ့လို အဆင့်တန်းရှိတဲ့သူတစ်ယောက်က လိမ်မယ်လို့ ထင်လား..."
"အိုကေ ကောင်းပြီ ကျုပ်တို့ ကူရွေ့ပေးမယ်"
ဖြတ်သွားဖြတ်လာထဲမှ သန်မာထွားကျိုင်းသည့် အမျိုးသားနှစ်ဦး လင်းရီ၏ T12ကို တစ်ဖက်တစ်ချက်ဆီမှ မကာ ပါကင်ထိုးသည့်နေရာအား လွတ်လပ်အောင် ပြုလုပ်လိုက်၏။
ချန်တကျွင်း သူ၏အော်ဒီကို လွတ်နေသည့်နေရာ၌ ၀င်ရပ်လိုက်သည်။
"အချစ်ရဲ့ ရွှေဉာဏ်တော် စူးရောင်ပုံကတော့ သဲ မလေးစားပဲကို မနေနိုင်တော့ဘူးသိလား..ဒီလိုမျိုး ဖြေရှင်းလို့ရတယ် ဆိုတာတောင် မစဉ်းစားမိဘူး..."
"မြင်လား..အဲ့တာ ငွေရဲ့ စွမ်းအားတွေလေ..."ချန်တိကျွင်း ဂုဏ်ယူ၀င့်ကြွားစွာ ပြောပြလိုက်၏။
"တကယ်လို့သာ လမ်းဘေးမှာ ပါကင်ထိုးလိုက်မယ်ဆိုရင် ယွမ်တစ်ရာနဲ့ ဆိုရှယ်မှတ် သုံးမှတ် လျှော့ခံရမယ်လေ...အဲ့တာက ယွမ်နှစ်ရာထက် အများကြီး တန်ဖိုးကြီးတယ်...ကို့လိုလူတွေ ဘာလို့ ချမ်းသာလာလဲဆိုရင် တစ်ကွက်ကျော်ပြီး စဉ်းစားနိုင်လို့ပဲ...အဲ့ဒီ မော်တော်ဆိုင်ကယ် မောင်းတဲ့ကောင်တွေကတော့ ဆင်းရဲနွံထဲ နစ်ပြီးရင်း နစ်နေတာပေါ့ကွာ..."
ချန်တကျွင်းကတော့ အလွန်အမင်း ပျော်ရွှင်နေလေသည်။ သူမနှင့် တစ်လခန့် အီလီကလီ လုပ်ပြီးမှ ယနေ့လို ဟိုတယ်၌ အတူအချိန်ဖြုန်းရန် သဘောတူလာခဲ့ခြင်းဖြစ်၏။
ထို့အတွက် အော်ဒီA8 တစ်စီးကိုပင် အထူးတလှယ် ငှားရမ်းထား၏။ သူစီးလာသည့်ကားကိုလဲ မြင်တော့ ထိုကောင်မမှာ သူ့ခြေဖျားအောက်၌ ချက်ချင်း ၀ပ်တွားသွားကာ ပြသမျှ နုပါမယ်လို့ မပြောရုံတမယ်ဖြင့် တစ်လမ်းလုံး အထာတွေချည်း ဇွတ်ပေးနေခဲ့၏။
ယခု သူမရှေ့တွင် နောက်တစ်ကွက် ပြလိုက်ပြီဖြစ်သောကြောင့် အထင်တအားကြီးသွားပြီး တမ်းတမ်းစွဲ ဖြစ်သွားလောက်ချေပြီ။
"ဒါပေါ့ ဒါပေါ့သဲကလည်း ကိုကို့လို လူကို အရမ်းသဘောကျတာပဲ သိလား..."
"ဟားဟား ဟုတ်ပါပြီ..ခုတော့ အထဲ၀င်ရအောင် ကိုတို့ တန်ဖိုးရှိတဲ့ အချိန်တွေ အများကြီး ဖြုန်းမိသွားပြီ..ဒီနေ့သဲကို ဘာတွေ လုပ်မယ်ဆိုတာ သိတယ်မလား ..ဟွင်းဟွင်း..."
"ကောင်းပါပြီတဲ့ရှင်...ဒီကလည်း မစောင့်နိုင်တော့ပါဘူးနော်..."
ထို့နောက် လင်းရီ၏ မော်တော်ဆိုင်ကယ်ကို တစ်ချက်ကြည့်၍ "ဖီး ဆိုင်ကယ်စုတ်ကြီး သူ့ကြောင့် အချိန်တွေ အလကား ပုပ်သွားပြီ..."
"ဟုတ်ပါ့.."
ချန်တိကျွင်း လျှောက်သွားပြီး လင်းရီ၏ မော်တော်ဆိုင်ကယ်ကို လဲကျအောင် ကန်ချထည့်လိုက်သည်။
ပြင်းပြင်းထန်ထန် ထိခိုက်မှုများ မဖြစ်သွားသော်လည်း ဆေးသားတော့ အနည်းငယ် ပွန်းသွား၏။
သူတို့ ထွက်မသွားခင်လည်း ဘာမျှ မသိသည့် ဆိုင်ကယ်ကို ကြိမ်းမောင်းရန် မမေ့ခဲ့။
"ငါမင်းကို ဒီနေ့ သင်ခန်းစာကောင်းကောင်းပေးထားတာနော်...နောက်တစ်ခါ ငါ့မျက်စိရှေ့ ထပ်ပေါ်လာရဲလို့ကတော့ ဘာဖြစ်သွားမလဲဆိုတာ စောင့်ကြည့်နေလိုက်..."
ထိုသို့ ကြိမ်းမောင်းပြီးနောက် စုံတွဲနှစ်ယောက်ထံမှ ဒေါသများမှာ ပျောက်ရှလုနီးပါး ဖြစ်သွားပြီး ဟိုတယ်ထဲသို့ ပျော်ရွှင်စွာ သွားခဲ့ကြသည်။ သို့သော်လည်း သူတို့ ဒေါသနည်းနည်းတော့ ချန်ထားသေး၏။ အိပ်ရာပေါ်တွင် ထိုဒေါသများကို ပုံချပါက ပိုပြီး စိတ်၀င်စားဖို့ကောင်းပေလိမ့်မည်။
'စိတ်ကူးထဲတွင်တော့ ဖြန်းဖြန်း ...'
သို့သော်လည်း သူတို့ လေးငါးလှမ်းခန့် လှမ်းပြီးကာရှိသေး၊ လင်းရီ သူတို့ရှေ့တွင် ပိတ်ရပ်ထားလိုက်၏။
"ဘာလာကြောင်နေတာလဲ ..ခွေးကောင်းဆိုတာလမ်းပိတ်မရပ်ဘူး..ငါ့ရှေ့ကနေ ထွက်သွားလိုက်စမ်း..."ချန်တိကျွင်း မောက်မာသည့်လေသံဖြင့် ပြောလိုက်၏။
"ဘာလားပဲ ခင်များတို့က ကျုပ်ဆိုင်ကယ်ကို ခြေထောက်နဲ့ ကန်ပြီး အေးဆေး ထွက်သွားချင်နေသေးတယ်ပေါ့..အိပ်မက်မက်နေတယ်များ မှတ်နေလား"
လင်းရီ မည်သည့်အမူအရာမျှ မဖော်ပြဘဲ အေးစက်စွာ ပြောလိုက် သည်။
"ဒီတော့ အဲ့ဆိုင်ကယ်စုတ်ကြီးက မင်းဟာပေါ့..."
ချန်တိကျွင်း နှာခေါင်းရှံ့လိုက်ပြီး "ငါမင်းကို တစ်ခုသင်ပေးလိုက်မယ်..နောက်ဆို ဆိုင်ကယ်ရပ်ချင်ရင် တွေ့ကရာနေရာ လျှောက်မရပ်နဲ့..ခုတစ်ကြိမ် ကန်တာက ပါးပါးလေး ရှိသေးတယ်..နောက်တစ်ခေါက်ဆိုလို့ကတော့ ကြေမွအောင် လုပ်ပစ်လိုက်မယ်...ငါ့လာမစမ်းနဲ့..."
"ဝေါင်း..သောက်ရမ်း အံ့ဩစရာကြီးပါလား..လုပ်လေ ခင်များလုပ်ရဲရင် ခုတစ်ခါတည်း လုပ်လိုက်စမ်း..."
လင်းရီ လှောင်ပြောင် ထေ့ငေါ့သည့် အပြုံးဖြင့် ပြောလိုက်၏။
"ဘာကွ...မင်းက ငါမလုပ်ရဲဘူးလို့ ထင်နေတာလား..."
"လုပ်ရဲရင် လုပ်လိုက်လို့..ဘာသောက်ပိုတွေ လာပြောနေတာလဲ..အေး ဒါပေမယ့် လုပ်ပြီးသွားတော့ အကျိုးဆက်တွေကို ခံဖို့ ပြင်တာထားလိုက်တော့..."
"ငိုးပဲ..ဆိုင်ကယ် စုတ်ကြီးကိုများကွာ...ငါ့ရဲ့ အော်ဒီက မင်းဆိုင်ကယ်စုတ်ကြီး အစီးတစ်ရာလောက် ၀ယ်ဖို့ လုံလောက်တယ်ကွ...."
"ကျုပ်ပြောစရာရှိတာ ပြောပြီးပြီပဲ...သတ္တိရှိရင် လုပ်လိုက်လို့....ကြေမွအောင် လုပ်ပြီးတော့မှပဲ ဒီလိုဆိုင်ကယ်မျိး အစီးတစ်ရာလောက် ၀ယ်လို့ရလား ကြည့်ရအောင်...."
"ဖက်ခ် ငါမလုပ်ရဲဘူးလို့ ထင်နေတာလားကွ..."
ထိုသို့ ကျိန်ဆဲပြီးနောက် ချန်တိကျွင်း ကားနောက်ဖုံးဖွင့်၍ ခွရှင်တစ်စုံကို ထုတ်ကာ လင်းရီ၏ ဆိုင်ကယ်ပေါ်သို့ အားရ ပါးရ ရိုက်ချလိုက်သည်။
ဆယ်ကြိမ်ခန့် ထုရိုက်ပြီးနောက် နည်းနည်းလေး မောလာပြီး အိတ်ဇောပိုက်များပင် ပြုတ်ကျနေပြီး ဖြစ်၏။
"တွေ့လား..ခုမင်းလိုချင်နေတဲ့ပုံရပြီ..ဒီတော့ ကျေနပ်လိုက်တော့..."
"ဟားဟား သောက်ရမ်းကျေနပ်တာပေါ့ကွာ.."လင်းရီ ပြုံး၍ လက်မထောင်ပြလိုက်ပြီး "မင်းခေါင်းကတော့ တကယ့်ကို သံမဏိနဲ့လုပ်ထားတာပဲ..."
"ဟမ့်...သိရင် ပြီးတာပဲမလား..."ချန်တိကျွင်း မောက်မာစွာ ပြောဆိုလိုက်၏။
ထို့နောက် အိတ်ထဲမှ ယွမ်တစ်ရာတန် အထပ်လိုက်ကို ထုတ်လိုက်သည်။ အတော်လေး ထူသောကြောင့် ယွမ်တစ်ထောင် နှစ်ထောင်ခန့်တော့ ရှိပေလိမ့်မည်။
"ရော့ မင်းဆိုင်ကယ် ပြန်ပြင်ဖို့..ငါ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်...မင်းတို့ ဘိုက်ကာတွေလို ဆီဖိုးတောင် အနိုင်နိုင်ဖြစ်နေတဲ့ကောင်များ မှတ်နေလား...ပြီးတော့ မင်းတို့လိုလည်း လမ်းပေါ် လေလွင့်နေဖို့ အချိန်မရှိဘူး...ဒီနေ့ညတော့ အားပြန်ပြည့်အောင် ကြက်ဆင်သားလေး ဘာလေး စားပေးဦးမှ...."
"အချစ်..ရှင်က သူ့ကို အသာလေး ပညာပြလိုက်တာပဲ...သူနောက်ဆိုရင် စည်းလွတ်ဝါးလွတ် ဆိုင်ကယ်ရပ်ရဲတော့မှာ မဟုတ်လောက်တော့ဘူး... "
"ခင်များက တယ်လည်း လျော်ချင်နေသကိုး..ဒါပေမယ့် ခင်များပေးလိုက်တဲ့ပိုက်ဆံက ဆေးပြန်တင်ဖို့တောင် မလောက်တဲ့ဟာကိုများ..."
"မလောက်သေးဘူးလားဟ..."
ချန်တိကျွင်း အေးစက်စွာ ရယ်မောလိုက်ပြီး "ဘာလဲ..မင်းငါ့ကို ငွေရိုက်ချင်နေတာဘား...ပြောလိုက်မယ်...ငါမင်းဆိုင်ကယ်စုတ်ကြီးလို ဆိုင်ကယ်မျိုးတွေ မြင်လာတာ မနည်းတော့ဘူး...ရောင်းတန်းဈေးကတောင် ယွမ်တစ်သောင်းလောက်ပဲ ရှိတာ...ငါမင်းကို ယွမ် ၂ထောင် ပေးပြီပြီလေကွာ..အဲ့တာတောင် မိုးလောင်မြင့်တဲ့ လျော်ကြေးလို့တောင် ပြောလို့ရတယ်...အရှက်မရှိ ရမ်းမပြောစမ်းနဲ့..."
"ဟုတ်တယ်...ငယ်ငယ်လေးနဲ့ လိမ်တတ် ဝှက်တန်နေတယ်ပေါ့...တစ်ခါတည်း ရဲစခန်း ပို့ပစ်လိုက်မယ် ဘာမှတ်..."အမျိုးသမီးမှလည်း ၀င်ပြောလိုက်၏။
"ဟမ့်..မင်တို့လို သွေးနထင်ရောက်နေတဲ့ကောင်က ငါ့ကို အဲ့လိုပြောဖို့အဆင့်မှီလို့လား.."လင်းရီ ပေါ့ပါးစွာပြောလိုက်ပြီး "ခင်များတို့လို အော်ဒီကို ဈေးကြီးတဲ့ ဘရန်းလို့ ထင်နေတဲ့ကောင်တွေကတော့ သိမှာ မဟုတ်ဘူး..ဒီဆိုင်ကယ်က ပေါပေါပဲပဲနဲ့ ၀ယ်လို့ရတယ်များမှတ်နေလား..T12လို့ခေါ်တယ် ချိုင်းနားမှာဆို တစ်စီးကို ၆.၅ မီလီယမ်တန်ကြေးရှိတယ်...ခုတော့ ဆေးတွေကလည်း ပွန်း အိတ်ဇောပိုက်တောင် အကောင်းမကျန်တော့တာတောင်မှ ယွမ်၂၀၀၀တဲ့လား..အဲလောက်ငွေလေးနဲ့တော့ ဆိုင်ကယ် မူလီခေါင်းတောင် ၀ယ်လို့မရဘူး "