← Chapters

အခန်း (၁၄၀)

Vol. 10 Ch. 140

အခန်း (၁၄၀)

Vol. 10 Ch. 140

အခန်း (၁၄၀)

၎င်းကိုကြားတော့ လူတိုင်း ကြက်‌သေသေသွားကြသညါ။

"ဘာပြောလိုက်တယ်...ဒီရဲ့ မော်တော်ဆိုင်ကယ်က ၆.၅ မီလီယမ်တန်ကြေးရှိ‌တယ်ဟုတ်လား...."

လင်းရီ ပခုံးတွန့်လိုက်ပြီး "မယုံလည်း အင်တာနက်ပေါ်မှာ ရှာကြည့်လေ..T12ဆိုပြီးတော့ ရိုက်ရှာလိုက်..."

"နှစ်ယောက်စလုံး အံ့အားသင့်သွားပြီး အလျင်အမြန် ဖုန်းထုတ်၍ ရိုက်ရှာလိုက်ကြတော့၏။ "

တစ်ချိန်တည်းတွင် လမ်းသွားလမ်းလာ ရပ်ကြည့်နေကြသူများလည်း သိချင်စိတ်ဖြင့် သူတို့ဖုန်းကို ထုတ်ကာ ရှာကြည့်လိုက်ကြတော့သည်။

သို့သော်လည်း တစ်ခဏမျှကြာပြီးနောက် သူတို့အားလုံး တောင့်တင်းသွားကြပြီး မြေပြင်ပေါ်၌ လဲလျောင်းနေသော ပျက်စီးနေသည့် ဆိုင်ကယ်ကြီးကို မတိုင်ပင်ဘဲ ပြိုင်တူ ကြည့်မိလိုက်ကြ၏။

အင်တာကနက်ပေါ်တွင် ဈေးနှုန်ူး ၆.၅ မီလီယမ်ဟု ရှင်းလင်းစွာ ရေးသားထားသည်။

ထို့ပြင် အကန့်နှင့် ထုတ်ထားသည့် မော်ဒယ်လ်လည်း ဖြစ်နေသေး၏။ ကမ္ဘာတစ်၀န်းရှိ စုဆောင်းသူများပင် တွေ့နိုင်ခဲသော မော်ဒယ်လ်ကြီးဖြစ်ပြီး ၆.၅ မီလီယမ်ဖြင့် ရောင်းချသည်ကပင် အနိမ့်ဆုံးဈေး ဖြစ်နေလေသည်။

"ခုနတုန်းက ခင်များ အော်ဒီနဲ့ဆိုရင် ကျုပ်ဆိုင်ကယ်အစီးတစ်ရာလောက် အသာလေး ၀ယ်လို့ရတယ်လို့ပြောထားတယ်မလား..အော်ဒီကို သန်း၁၀၀ကျော် ရောင်းလို့ရတာ ခု ပထမဆုံး အကြိမ် ကြားဖူးတာပဲ... "လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

စုံတွဲနှစ်ဦး၏ မျက်နှာ ဖြူစုတ်သွားပြီး သေးထွက်မတတ် ကြောက်လန့်သွားကြ၏။

သူတို့ အထင်အမြင် သေးနေခဲ့သော ဆိုင်ကယ်မှာ ထိုမျှ ဈေးကြီးနေလိမ့်မည်လို့ လုံး၀ ထင်မထားခဲ့ချေ။

"ညီကို ခုနတုန်းကဟာက မတော်တဆ အထင်လွဲသွားတာပါကွာ..ငါတို့ တမင်သက်သက် လုပ်တာ မဟုတ်ပါဘူးဟ..."

လင်းရီ : "....."

"ခင်များခေါင်းကို မြည်းကန်သွားတာလား ..ဂွရှင်ကြီးနဲ့ တဖုန်းဖုန်း ရိုက်တာ မြင်နေတာတောင်မှ ရည်ရွယ်ချက်ချက် လုပ်တာ မဟုတ်ပါဘူးလို့ လာပြောနေသေးတယ်..."

"မဟုတ် မဟုတ်ဘူး..ငါ..ငါ မှားပြောတာ..အဲ့..အဲ့လောက်ထိ ‌ဈေးကြီးမယ်မှန်းသိရင် မလုပ်ရဲဘူးလို့ ပြောတာ..."

ချန်တိကျွင်း အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြောလိုက်ပြီး ချွေးအေးများမှာလည်း ကျောပြင်တစ်ခုလည်း စိုရွှဲနေတော့သည်။

၆.၅ မီလီယမ်ကျော်တဲ့ ဆိုင်ကယ်ကို ၀ယ်နိုင်ဖို့ဆိုရင် သေချာပေါက် ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေး တစ်ယောက်ပဲ ဖြစ်ရမယ်...

သူ အဲ့လို လူမျိုးကို စော်ကားမိလို့ မရဘူး

ယခုတော့ မော်တော်ဆိုင်ကယ်မှာ ပုံပျက်ပန်းပျက် ဖြစ်နေပြီး ရောင်းမည်ဆိုလျင်တောင် မည်သို့မျှ ရောင်းချလို့ရတော့မည် မဟုတ်တော့ချေ။

"ဘာတုန်းကွ..ခုလေးတင် ခင်များက သောက်ရမ်းတွေ မိမိုက်သလို လုပ်နေတာ မဟုတ်ဘူးလား..ခုကျဘာလို့ အဲ့လောက်တောင် လန့်နေရတာလဲဟ...."

"ဒီတိုင်း လန့်သွားတာပါ..ဈေးမြင်ပြီး လန့်သွားတာ..,"ချန်တိကျွင်း အားတင်းပြုံးပြီး ပြောလိုက်၏။

"အေးဆေးပြောကြတာပေါ့..ဒေါသမထွက်နဲ့..."

"ကျုပ်မှာ တခြားလုပ်စရာတွေ ရှိသေးတယ်..ခင်များတို့လို ကျပ်မပြည့်တဲ့ကောင်တွေနဲ့ ပြိုင်မငြင်းချင်ဘူး..ကျုပ်လူကပဲ ခင်များတို့နဲ့ ဆက်ပြီး ဆွေးနွေးလိမ့်မယ်..."

ထို့နောက် လင်းရီ တံခါး၀ရှိ လုံခြုံရေး၀န်ထမ်းကို ခေါ်ကာ "၀မ်ထျန်းလုံကို သွားခေါ်လာခဲ့...."

"ဟုတ်ကဲ့..."

ဆွေးနွေးလို့ မရတော့သည်ကို မြင်တော့ မိတ်ကပ်အထူကြီးနှင့် အမျိုးသမီးမှနေ၍ "ဒါလင် သူ့ဆိုင်ကယ်က သန်းအနည်းငယ်လောက် တန်ကြေးရှိတယ်

ဆိုရင်တောင်မှ ရှင်ကလည်း မီလီယမ်နာကြီးပဲ မဟုတ်လား...ယွမ် သုံးလေးသန်းလောက် လျော်ပေးဖို့ဆိုတာက ပြဿနာ မရှိဘူးမလား...."

"ဒါပေါ့ ဒါပေါ့ ဘယ်ပြဿနာဘယ်ရှိမှာ.."ချန်တိကျွင်း ချွေးအေးများ တိတ်တဆိတ် ခိုးသုတ်လိုက်ပြီး "မပူနဲ့ ငါတို့ ဆွေးနွေးလို့ ရပါသေးတယ်..."

"ကောင်းတာပေါ့..."

ချန်တိကျွင်း လင်းရီကို ကြည့်လိုက်ပြီး "ညီကို မင်း ဒီဟိုတယ်ရဲ့ မန်နေဂျာ ၀မ်ထျန်းလုံနဲ့ သိတယ်မလား...."

"ဘာလို့လဲ...ခင်များက သူနဲ့ ရင်းနှီးလို့လား..."

"ဒါပေါ့...ငါကတော့ မန်နေဂျာ၀မ်နဲ့ မသိဘူးဆိုပေမယ့် ငါ့အစ်ကိုကြီးနဲ့ အစ်ကို၀မ်က ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိတယ်..ပြောရရင် ငါတို့က တစ်လှေတည်း စီးနေကြတဲ့လူတွေပဲလေ.....မျက်နှာသာ နည်းနည်းလောက် ပေးလို့မရဘူးလားကွာ.."

"၀မ်ထျန်းလုံလာမှ ဆက်ပြောကြမယ်...အဲ့ကောင်မင်းဘက်ကနေ ပြောပေးရဲလား ကြည့်ကြသေးတာပေါ့..."

ထိုအချိန်တွင် ၀မ်ထျန်းလုံ ဟိုတယ်ထဲမှ ရေးကြီးသုတ်ပျာဖြင့် ထွက်လာခဲ့ပြီး ချန်တိကျွင်းလည်း သူ့ကိုမြင်တော့ ကမန်းကတမ်း ပြေးသွားကာ "အစ်ကို၀မ် ကျွန်တော် ခု ဒုက္ခရောက်နေလို့ အစ်ကို၀မ်ရဲ့ အကူညီလိုတယ်..."

သူ့ဆီသို့ ဘလိုင်းကြီး လာအကူညီတောင်းနေသည့် ချန်တိကျွင်းကို ကြည့်ရင်း ၀မ်ထျန်းလုံ ကြောင်အသွားပြီး "မင်းက ဘယ်ကောင်တုန်း..."

"ကျွန်တော်က ချန်တိကျွင်း ၊ကျွန်တော့်အစ်ကိုကြီး ချန်တိဟိုင်ရဲ့ ညီငယ်လေးလေ...တလောတုန်းကတောင်မှ သူ အစ်ကို၀မ်နဲ့ ထမင်းအတူစားခဲ့သေးတယ်လို့တောင် ပြောဖူးသေးတယ်..."

"အိုး..သူလား မှတ်မိပြီ မှတ်မိပြီ..."ထျန်းလုံ ပြောလိုက်၏။

ထျန်းလုံ သူ့ကို မှတ်မိတယ်လို့ ပြောသံလည်း ကြားရော ချိန်တိကျွင်း ပျော်ရွှင်သွားပြီး "ကျွန်တော်ခု ဒီကောင်နဲ့ အထင်လွဲနေတာလေးတွေ ရှိနေလို့..မရည်ရွယ်ပဲနဲ့ စိတ်လိုက်မာန်ပါ သူ့ဆိုင်ကယ်ကို ရိုက်မိသွာတယ်..အဲ့တာ အစ်ကို၀မ် ကျွန်တော့်ကို ကူပြီး ညှိနှိုင်း ပေးလို့ရမလား...ကျုပ်တကယ်ကြီး ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူးဆိုတာ ကျိန်ပြောရဲပါတယ်ဗျာ... "

"ငါ့ဖင်ကြီးကိုပဲ ညှိနှိုင်း ခိုင်းလိုက်လေ..."

ထျန်ူလုံ လင်းရီ လေသံကို အတုခိုး၍ ငေါက်လိုက်ပြီး "မင်းဘယ်လောက်တောင် ကြီးတဲ့ ပြစ်မှု ကျူးလွန်လိုက်လဲဆိုတာ ခုထိ မသိသေးဘူးလား...."

ချန်တိကျွင်း ကိုးရို့ကားယား ပြုံးလိုက်ပြီး "ကျွန်တော်လည်း ကိုယ့်အမှာကို သိပါတယ်ဗျ...ဘာပဲပြောပြော အစ်ကို၀မ်နဲ့ ကျွန်တော့်အစ်ကိုကြီးက သူငယ်ချင်းတွေဆ်ုတော့ ကူညီပေးမယ်မလား..."

"မင်းအစ်ကိုကလည်း ဘာကောင်မှ မဟုတ်ဘူး..ပြီးတော့ မင်းသိအောင် ပြောပြလိုက်မယ်...,မင်းရိုက်ချိုးလိုက်တဲ့ မော်တော်ဆိုင်ကယ်ရဲ့ ပိုင်ရှင်က ဟော့ဒီ ပန်နီဆူလာ ဟိုတယ်ကြီးရဲ့ ပိုင်ရှင်ပဲ ဟိုတယ်တစ်ခုလုံးကို သူတစ်ယောက်တည်းက ပိုင်တာကွ..မင်းက ငါ့သူဌေးနဲ့ ငါ့ကို ညှိနှိုင်းစေချင်နေတယ်ပေါ့..ငါ့ထမင်းအိုး လာရိုက်ခွဲနေတာလားဟျောင့်..."

၎င်းကိုကြားတော့ ချန်တိကျွင်း အံ့အားသင့်သွားပြီး ဒူးများ ယိုင်နဲ့လာကာ မြေပြင်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့၏။

"အစ်ကို၀မ် ဘာပြောလိုက်တယ်..သူက ပန်နီဆူလာဟိုတယ်ရဲ့ ဘော့စ်..."

"ငါနောက်နေတယ် ထင်နေတာလား..."

"ကျ...ကျွန်တော် တကယ်ကြီး မရည်ရွယ်ပါဘူးဗျာ..."

"ကောင်းပြီ မင်းသူနဲ့ သောက်ရေးမပါတာတွေ ပြောမနေနဲ့တော့ ..ငါလုပ်စရာလေးတွေ ရှိသေးတယ် ကျန်တာကို မင်းပဲ ကိုင်တွယ်ထားလိုက် ပြီးရင် မင်း ဆိုင်ကယ်ကို ကျိုးဟိုင် နိုင်ငံတကာ ပြိုင်ပွဲကွင်းဆီ ပို့ထားလိုက်ကွာ"

"ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်း..."၀မ်ထျန်းလုံ ကြက်သေသေသွားပြီး "ဒါရိုက်တာလင်းက အဲ့ဒီမှာ အသိရှိတာလားဗျ..."

"ငါ့ဖင်ကြီးကိုပဲ အသိရှိပါလားကွ..အဲ့ဒီ ပြိုင်ပွဲကွင်းဆိုတာကလည်း ငါ့ဥစ္စာပဲ...ငါ့နာမည်ကို ပြောလိုက် ..."

၀မ်ထျန်းလုံ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။

ဘော့စ်က အံ့ဩဖို့ ကောင်းလိုက်တာဗျာ..

ဘုန်း

ချန်တိကျွင်း ခြေချော်ပြီး မြေကြီးပေါ်သို့ လဲကျသွားခဲ့၏။

သူဘယ်လို ပုဂ္ဂိုလ်ကြီးကိုမှ သွားပြစ်မှားမိပါလိမ့်ကွာ...

ပန်နီဆူလာ ဟိုတယ်တောင်မကသေးဘူး ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းကိုပါ ပိုင်ထားတယ်တဲ့လား...

သူတကယ်ကြီး အဲ့လို ပုဂ္ဂိုလ်ထူးကြီးကို စော်ကားခဲ့မိတယ်ပေါ့

မိုးနတ်မင်းကြီးရေ...ကျွန်တော့်ကို သေတွင်း အရောက်ပို့နေတာလားဗျာ....

လင်းရီကတော့ အော်ဒါလက်ခံထားသောကြောင့် ကြာကြာဆက်မနေတော့ဘဲ Koenigsegg Rs ကိုမောင်းကာ မှော်ဂီတ စတိုးသို့ မောင်းသွားလိုက်သည်။

လင်းရီ မောင်းနေသည့် ကားကိုပါ မြင်တော့ ချန်တိကျွင်း ထိခိုက်မှု တစ်ဘီလျံလောက် ရရှိသကဲ့သို့ ခံစားလိုက်ရသည်။

ထိုကားမျိုး မောင်းချင်ပါက ၀ယ်ရန်ပင် အပထား ငှားဖို့ရာ သူ့ကျောက်ကပ် ထုတ်ရောင်းလျင်တောင်မှ ‌လုံလောက်လိမ့်မည်မဟုတ်။

လင်းရီ မှော်ဂီတ စတိုးဆိုင်သို့ လျင်မြန်စွာ မောင်းသွားလိုက်၏။

နုပ်စ်တင်သည့်ခုံ မှာ ဈေးမကြီးပေ။ 128 ယွမ်မျှသာ ပေးရ၏။ ၀ယ်ပြီးနောက် လင်းရီ အော်ဒါပါ လိပ်စာအတိုင်း ပို့ပေး‌ရမည့် နေရာသို့ မောင်းသွားလိုက်၏။

ရှန်ချိန် နိုင်ငံတကာအဆောက်အဦး A,ယူနစ် ၃ ၊အခန်း ၂၁၀၁။

"အမေကလည်း သားတို့မှာ နုပ်စ်တင်တဲ့ခုံတောင် မရှိတာ ဘာကြည့်ပြီးလေ့ကျင့်ရမှာလဲလို့.."

ပြောလိုက်သူမှာတော့ အသက် ၁၂၊၁၃ အရွယ်၀န်းကျသ်ရှိ ပါးဖောင်းဖောင်းနှင့် ဖက်တီးလေး တစ်ဦးပင်။

ထိုအရွယ်၌ကျောင်းတက်မည်ဆိုပါက အလယ်တန်းသို့ ရောက်နေပြီး ဖြစ်လောက်၏။

"ဘာမှမပူနဲ့တော့ အမေ တစ်ယောက်ယောက်ကို ၀ယ်ခိုင်းထားတယ် ခဏနေဆိုရင် လာတောင် ပို့တော့မှာ..အဲ့ခါကျမှ ရိုးရှင်းတဲ့ သီချင်းလေးတွေနဲ့ လက်သားကျအောင် လေ့ကျင့်ကြတာပေါ့ မဟုတ်ဘူးလား..."

ပြောလိုက်သူကတော့ ဖက်တီးလေး၏ မိခင်ဖြစ်ပြီး အသက် လေးဆယ် အရွယ်၀န်းကျင်ရှိ၏။ သို့သော်လည်း တစ်သားမွေး တစ်သွေးနုဟု ဆိုသကဲ့သို့ အသက်သုံးဆယ် ၀န်းကျင်ဟု သာ ထင်နေရပြီး ငယ်ရွယ်နုပျိုနေလေသည်။

အမျိုးသမီး၏ နာမည်ကတော့ ရန်ရွှယ်ဖြစ်ပြီး ကျိုးဟိုင်ဒရာမာ အကယ်ဒမီ၏ စန္ဒယားနည်းပြ ဆရာမ တစ်ဦးလည်း ဖြစ်၏။ ထူးချွန်ကျွမ်းကျင်သောကြောင့် ကျိုးဟိုင် နယ်တစ်ဝိုက်တွင် သတင်းမွှေးပြီး သူမထံ သင်ကြားသူ သင်တန်းသား အမြောက်အများလည်း ရှိလေသည်။

"မရဘူး... ကြည့်စရာမရှိပဲနဲ့ တီးလည်း ဘာမှ ခံစားလို့မှ မရတာ..အဲ့တာရောက်လာမှပဲ ဆက်ပြောကြတာပေါ့"

ကောင်လေး ဖုန်းကောက်ကိုင်လိုက်ပြီး ဂိမ်းကစားရန် ဟန်ပြင်လိုက်၏။ ပီယာနိုမတီးချင်၍ ဂျစ်နေသည်မှာ ထင်‌ရှားမြင်သာနေလေသည်။

တင်းတောင် တင်းတောင်

ထိုအချိန်တွင် တံခါးဘလ် မြည်လာခဲ့ပြီး ကောင်လေး၏ မိခင် ရန်ရွှယ်မှာ တံခါး၀သို့ သွား၍ တံခါးဖွင့်လိုက်သောအခါ အပြင်ဘက်၌ ရပ်နေသည့် လင်းရီကို တွေ့လိုက်ရ၏။

"ဟယ်လိုမမ်..ခင်များမှာတဲ့ ပီယာနိုစတန်းပါ ..ဈေးကတော့ ၁၂၈ ယွမ် ကျသင့်ပါတယ်..."

ပို့ခမှာတော့ အော်ဒါလက်ခံစဉ်ကတည်းက လက်ခံပြီးဖြစ်၏။ ၀ယ်ယူရမည့် ပစ္စည်း၏ တန်ဖိုးကိုသာ လင်းရီ စိုက်ထားရသောကြောင့် ပီယာနို စတန်း၏ ကျသင့်ငွေကိုသာ တောင်းခံလိုက်သည်။

"ဟုတ်ပြီ ခဏစောင့်နော် အန်တီ ပိုက်ဆံ သွားယူလိုက်ဦးမယ်.."

"ဟုတ်ကဲ့..ရပါတယ်ခင်ဗျ..."

"ဦးလေးကြီး ခင်များဘာလို့ ဒီရောက်တောင် အမြန်ကြီးလာတာလဲဗျ ကျွန်တော် ဂိမ်းတစ်ပွဲလောက် ဆော့ပြီးမှ လာလို့ မရဘူးလား..."ကောင်စုတ်လေးမှ မကျေမနပ် ဖြစ်နေသည့် လေသံဖြင့် အတွန့်တက်လိုက်၏။

"ဘာဆိုင်လို့ တုန်းကွ..မင်းဆော့နေတာကို ငါတားနေလို့လား..."လင်းရီ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။

"ဒါပေမယ့် ဦးလေးကြီးက ပီယာနိုစတန်း ၀ယ်လာခဲ့တာလေ..ခုတော့ ကျွန်တော် ပျင်းဖို့ကောင်းတဲ့ စန္ဒယားကြီးကို လေ့ကျင့်ရတော့မယ်..."

"အဲ့တာ မကောင်းဘူးလားကွ..ကောင်လေး မင်းအမေက မင်းကောင်းဖို့အတွက်ပဲလေကွာ ဘာတွေ လျှာရှည်နေတာတုန်းကွ..."

"ကျွတ် ခင်ညားတို့ အသက်ကြီးတဲ့လူတွေကတော့ ပြောလိုက်ရင် ကောင်းဖို့ ဆိုတာကြီးပဲ..တကယ်ကြီး ကောင်းတယ်ဆိုရင်လည်း ခင်များ လာလေ့ကျင့်ကြည့်ပါလားဗျ..ဘာလို့ ပစ္စည်းပို့တဲ့သူကြီး လုပ်နေသေးလဲ..."

လင်းရီ ရယ်ချင်မိသွားပြီး "ငါအရင်က မလေ့ကျင့်ခဲ့ဖူးဘူးဆိုတာ မင်းဘယ်လို သိလဲ"

All Chapters